【 အားကစား 】 ဘောလုံးသမားဟောင်းတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ လန်ဒန် မာရသွန်ပြိုင်ပွဲ

【 အားကစား 】 ဘောလုံးသမားဟောင်းတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ လန်ဒန် မာရသွန်ပြိုင်ပွဲ

လန်ဒန် မာရသွန်ပြိုင်ပွဲ (အပြေးပြိုင်ပွဲ) ကို တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး အပြေးသမား ၁၀၀,၀၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လန်ဒန် မာရသွန်ပြိုင်ပွဲအတွင်း ထူးခြားမှုကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးသမားဟောင်းတွေ ဝင်ရောက်ဆင်နွှဲခဲ့တာကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ လီဗာပူးလ်တို့ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ကမ္ဘာကျော်ခဲ့တဲ့ မိုက်ကယ် အိုဝင်ဟာ လန်ဒန် မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။မာရသွန်ပြိုင်ပွဲအတွင်း ၃ နာရီ၊ ၄၅ မိနစ်နဲ့ ၄၃ စက္ကန့်မှာ ပန်းဝင်ခဲ့ပြီး၊ မိုက်ကယ် အိုဝင်မှ "ကျနော့ဘဝတစ်လျှောက်လုံး အမြန်နှုန်းနဲ့ သက်လုံကို လေ့ကျင့်ခဲ့ပါတယ်၊ အခု အပြေးပြိုင်ပွဲကတော့ ကျနော့အတွက် ထူးခြားပြီး စိန်ခေါ်မှုအစစ်အမှန်တွေကို ကြုံတွေ့ခဲ့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အိုဝင်ကဲ့သို့ လန်ဒန် မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ နာမည်ကြီး ဘောလုံးသမားတစ်ဦးကတော့ မန်ယူအသင်းရဲ့ နာမည်ကျော် ကစားသမားကြီး ဒွိုင် ယော့ခ် ဖြစ်ပါတယ်။ဒွိုင်‌ ယော့ခ်ကတော့ ပြိုင်ပွဲအတွင်း ၃ နာရီ၊ ၃၁ မိနစ်၊ ၅၆ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့ပါတယ်။

မိုက်ကယ် အိုဝင်၊ ဒွိုင် ယော့ခ်တို့နဲ့အတူ ဂယ်ရီ စပိဒ်၊ စတိဗ်‌ ပေါ့စ်၊ မာ့ခ် ဘရိုက်၊ မူဇီ အဇ်ဇက်၊ ခရစ်စ် ပယ်ရီ၊ ကယ်ဗင် ကီလ်ဘိန်းနဲ့ ခရစ္စရှန် ဒေလီတို့လို နာမည်ကျော် ဘောလုံးသမားတွေလည်း လန်ဒန် မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

Linko
လန်ဒန်၊ အောက်တိုဘာ - ၄