【 အားကစား 】 ဘွန်ဒက်လီဂါ ဂိုးသွင်းစက်ကိုခေါ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာတဲ့ ဥရောပအသင်းကြီးများ

【 အားကစား 】 ဘွန်ဒက်လီဂါ ဂိုးသွင်းစက်ကိုခေါ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာတဲ့ ဥရောပအသင်းကြီးများ

စပိန်သတင်းစာ El Gol Digital အဆိုအရ ဂျာမဏီကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ဂိုးသွင်းစက် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီး ကို နွေရာသီအပြောင်းရွှေ့အတွင်း အရောင်းစာရင်းတင်လိုက်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးအတွက် ယူရို သန်း ၅၀ ဈေးသတ်မှတ်ထားတယ်လို့ သိရပြီး ဥရောပအသင်းကြီးတွေက စောင့်ကြည့်လျက်ရှိနေတာဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် နွေရာသီမှာ အသင်းကထွက်ခွာ‌လိုနေတာဖြစ်ပါတယ်။အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဂိုးသွင်းကောင်းတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ပြီး ဥရောပအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ မန်စီးတီးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီမာ တစ်ဦးတည်းဟာ အားကိုးနေရတဲ့ အသင်းရဲ့တိုက်စစ်အတွက် လီဝန်ဒေါစကီး ကို ရေတိုအင်အားဖြည့်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းက အသင်းရဲ့ ပုံမှန်ဂိုးသွင်းသူမရှိတဲ့ တိုက်စစ်အတွက် ဂိုးသွင်းကောင်းတဲ့ လီဝန်ဒေါစကီး ကို ခေါ်ယူလိုနေတာဖြစ်ပြီး၊ အဓိကပစ်မှတ် အာလင်း ဟာလန်း ကို ‌ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့တဲ့အတွက် လီဝန်ဒေါစကီးဘက်ကို ဦးတည်လာတာဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ၎င်းရဲ့အဓိကပစ်မှတ် ဟယ်ရီကိန်း ကို မရပါက လီဝန်ဒေါစကီး ကို နောက်ထပ်ဦးစားပေးပစ်မှတ်အဖြစ်ခေါ်ယူဖို့ ကြိုးပမ်းလာမှာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဘက်ကတော့ ဘိုင်ယန်အသင်းကနေ ထွက်ခွာ‌လို‌နေပြီး၊ သတင်းတွေအရ ဘိုင်ယန်အသင်းဘက်ကလည်း ‌ဈေးသတ်မှတ်ပေးထားပြီးပါပြီ။

ပွဲပေါင်း ၃၂၄ ပွဲ ကစားထားပြီး၊ ၂၉၄ ဂိုး သွင်းယူကာ ၆၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတဲ့ ထိပ်တန်းဂိုးသွင်းစက် လီဝန်ဒေါစကီးအနေနဲ့ စပိန်မှာ စိန်ခေါ်မှုအသစ်တွေရှာမလား၊ ဒါမှမဟုတ် အင်္ဂလန်မှာ စိန်ခေါ်မှုအသစ်တွေရှာမလား ဆိုတာကတော့ .....။

Linko
မြူးနစ်၊ ဇူလိုင် - ၂၃