【 အားကစား 】 မက်ဆီ တည်းခိုနေသည့် ပဲရစ်မြို့က ကြယ်ငါးပွင့်ဟိုတယ် ဖောက်ထွင်းခံရ

【 အားကစား 】 မက်ဆီ တည်းခိုနေသည့် ပဲရစ်မြို့က ကြယ်ငါးပွင့်ဟိုတယ် ဖောက်ထွင်းခံရ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၆ ကြိမ်ရရှိထားတဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာကနေ ပြင်သစ်ကလပ် PSG အသင်းကို ပြောင်းရွှေ့လာပြီးနောက် ပဲရစ်မြို့က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးမှာ တည်းခိုနေထိုင်နေတာဖြစ်ပါတယ်။
 
အဆိုပါဟိုတယ်မှာ မက်ဆီနဲ့အတူ ဇနီးသည် အန်တိုနယ်လာနဲ့ ကလေး ၃ ယောက်လည်း နေထိုင်လျက်ရှိတာဖြစ်ပါတယ်။
 
ယခုတော့ မက်ဆီတို့မိသားစု ‌တည်းခိုနေထိုင်နေတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဟာ ဖောက်ထွင်းခံလိုက်ရတယ်လို့ သိရပါတယ်။ဖောက်ထွင်းခံရပြီးနောက် လက်ဝတ်ရတနာများနဲ့ ငွေသားများကို မျက်နှာဖုံးစွပ် ဖောက်ထွင်းဝင်ရောက်သူများက ယူဆောင်သွားတာဖြစ်ပါတယ်။
 
မျက်နှာဖုံးစွပ် ဖောက်ထွင်းသူတွေဟာ ဟိုတယ်ရဲ့ ခေါင်မိုးကနေ ဖောက်ထွင်းလာခဲ့ပြီးနောက် ဟိုတယ်အတွင်းသို့ မက်ဆီနေထိုင်တဲ့ ဟိုတယ်ခန်းရဲ့ အပေါ်ထပ်အခန်း လသာဆောင်ကနေ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
 
ဟိုတယ်ဘက်က တာဝန်ရှိသူကတော့ CCTV ကင်မရာမှာ အိတ်နဲ့ လူနှစ်ဦးကို ဟိုတယ်ခေါင်မိုးပေါ်မှာ မြင်တွေ့ခဲ့ရပြီး ၎င်းတို့မည်သူဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ဟိုတယ်မှာ တည်းခိုနေတဲ့ မော်ရိုကိုနိုင်ငံသားတစ်ဦးပြောကြားချက်အရ နောက်ထပ် လူသုံးဦးကိုတွေ့ရှိရကြောင်း အတည်ပြုနိုင်ခဲ့ပြ အဆိုပါ မော်ရိုကိုနိုင်ငံသားရဲ့ လက်ပတ်နာရီကို ဖောက်ထွင်းသူတွေက ယူဆောင်သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
 
အဆိုပါဖောက်ထွင်းခံရမှုမှာ မက်ဆီနဲ့ မိသားစု‌ကတော့ ဘေးကင်းခဲ့ပြီး တစ်စုံတရာထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
 
ဟိုတယ်ဘက်ကတော့ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
Linko
ပဲရစ်၊ အောက်တိုဘာ - ၁