【 အားကစား 】 မန်စီးတီးအသင်းက ထွက်ခွာဖို့ ပြင်ဆင်ထားတဲ့ ဂွာဒီယိုလာ

【 အားကစား 】 မန်စီးတီးအသင်းက ထွက်ခွာဖို့ ပြင်ဆင်ထားတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာကတော့ သူ့အနေနဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ နည်းပြစာချုပ်သက်တမ်းပြည့်တဲ့ ၂၀၂၃ ခုနှစ်မှာ ထွက်ခွာသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

"ဒီအသင်း (မန်စီးတီး) မှာ ၇ နှစ်ကြာပြီးနောက်မှာ ကျနော်ထင်ပါတယ် ကျနော်အနားယူဖို့လိုနေပြီ" လို့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ နည်းပြကြီး ဂွာဒီယိုလာ က ပြောကြားခဲ့ပါတယ်။

"အနားယူနေစဉ်ကာလအတွင်းမှာ ကျနော်တို့ပြီးမြောက်အောင်မြင်ခဲ့တာတွေ ပြန်တွေးရင်း အနာဂတ်အတွက် အားအင်တွေရအောင် ကြိုးပမ်းရမယ်" လို့ ဂွာဒီယိုလာ က ဆိုပါတယ်။

"ကျနော်အနားယူပြီးရင်တော့ နိုင်ငံအသင်းတစ်သင်းကို နည်းပြလိုပါတယ်၊ တောင်အမေရိကနဲ့ ဥရောပ နိုင်ငံအသင်းတွေထဲက တစ်သင်းသင်းကိုပေါ့၊ အထူးသဖြင့် ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အတွေ့အကြုံတွေကို ခံစားကြည့်ချင်တယ်" လို့ ဂွာဒီယိုလာ က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ၃ ကြိမ်ဆွတ်ခူးခဲ့ပြီး၊ မန်စီးတီးအသင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ကစားနိုင်ခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးအသင်းကို ၁-၀ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ကာ ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ ထိပ်တန်းနည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဩဂုတ် - ၂၆