【 အားကစား 】 မန်စီးတီး ဂိုးပြတ်နိုင်မလား

【 အားကစား 】 မန်စီးတီး ဂိုးပြတ်နိုင်မလား

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ စပါးအသင်းတို့ ယနေ့ည ၁၁ နာရီအချိန်မှာ မန်စီးတီးအသင်းရဲ့ အီတီဟတ်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ရာသီကြို ပွဲစဉ်တွေအဖြစ် ၅ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာရှပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဝုဒ်ဖ်အသင်းကို ပွဲကစားချိန်အတွင်း သရေကျခဲ့ပါတယ်။ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကစ်ချီအသင်းနဲ့ ယိုကိုယားမားအသင်းတွေကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ကွန်မြူနတီဖလားပြိုင်ပွဲမှာ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရယူခဲ့ပြီး ချန်ပီယံခြေစွမ်းကို ပြသခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခုပွဲစဉ်ကို ဂိုး - အီဒါဆင် မိုရာလက်စ်၊  နောက်တန်းကစားသမားများအဖြစ် - ဇင်ချန်ကို၊ လာပေါ်တေး၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာ၊ အလယ်တန်းကစားသမားများအဖြစ် - ဆေးဗားလ်၊ ရိုဒရီ၊ ဒီဘရိုင်း၊ ရှေ့တန်းကစားသမားများအဖြစ် စတာလင်း၊ ဂျေဇု၊ ဘာနာဒိုဆေးဗားလ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

စပါးအသင်းအနေနဲ့ ရာသီကြိုပွဲစဉ်အဖြစ် ၅ ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ ဂျူဗင်တပ်၊ ရီးရဲလ်အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ အင်တာ အသင်းတွေကို သရေကျခဲ့ကာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ အခုပွဲစဉ်ကို ဂိုး - လိုရစ်၊ နောက်တန်းကစားသမားများအဖြစ် ဝေါ်လ်ကာပီတာစ်၊ အယ်လ်ဒါဝီရယ်လ်၊ ဆန်းချက်ဇ်၊ ဒန်နီရို့စ် အလယ်တန်းကစားသမားများအဖြစ် - ဆစ်ဆိုကို၊ ဝင့်ခ်၊ အန်ဒွန်ဘီလီ ရှေ့တန်းကစားသမားများအဖြစ် - ဟာရီကိန်း၊ လာမယ်လာ၊ လူးကပ်စ်မော်ရာ တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၁ လုံး ၈၅ ပြား အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃လုံး ၁၀ ပြား အရှုံးဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှုအရ ပြိုင်ပွဲစုံ နောက်ဆုံး ၂၁ ပွဲမှာ မန်စီးတီးအသင်းက ၁၄ ပွဲနိုင် ၂ ပွဲသရေ ၅ ရှုံးနိမ့်ခဲ့ပါတယ်။ပရီးမီးယားလိဂ် နောက်ဆုံးတွေ့ဆုံမှု ၄ ကြိမ်မှာ မန်စီးတီးအသင်းက အိမ်ကွင်း၊ အဝေးကွင်း အားလုံးအနိုင်ရရှိခဲ့ပါတယ်။

 

စပါးအသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ပေမယ့် အခုပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ အလယ်တန်းကို ယှဉ်ပြိုင်ကစားဖို့ ခက်ခဲနိုင်ပြီး တိုက်စစ်မှူးတွေကို ထိန်းချုပ်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ယခင်နှစ် ပရီးမီးယားလိဂ် အဝေးကွင်း ၆ ပွဲဆက်လည်း ရှုံးနိမ့်ထားပြီး ရှုံးနိမ့်တဲ့ ၆ ပွဲမှာ ၂ ဂိုးအထိ ပေးခဲ့ရတဲ့ ပွဲစဉ် ၄ ပွဲ ပါဝင်ခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဝက်ဟမ်းအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး တိုက်စစ်မှူး စတာလင်း ကလည်း အကောင်းဆုံးခြေစွမ်းကို ပြသထားတဲ့အတွက် အခုပွဲစဉ်မှာလည်း စပါးအသင်းကို ဒုက္ခပေးလာနိုင်ပါတယ်။

ယခင်နှစ်က အိမ်ကွင်း ၁၉ ပွဲ ကစားခဲ့ရာမှာ ၁၈ ပွဲအထိ အနိုင်ရရှိခဲ့တဲ့ ရလဒ်ကိုလည်း ဆက်လက်ထိန်းသိမ်းလာနိုင်တဲ့အတွက် မန်စီးတီးအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း......။

KON (SPORT)

( Zawgyi )

အဂၤလန္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ မန္စီးတီးနဲ႔ စပါးအသင္းတို႔ ယေန႔ည ၁၁ နာရီအခ်ိန္မွာ မန္စီးတီးအသင္းရဲ႕ အီတီဟတ္အားကစားကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ရာသီႀကိဳ ပြဲစဥ္ေတြအျဖစ္ ၅ ပြဲ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ အာရွပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ဝုဒ္ဖ္အသင္းကို ပြဲကစားခ်ိန္အတြင္း သေရက်ခဲ့ပါတယ္။ေျခစမ္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကစ္ခ်ီအသင္းနဲ႔ ယိုကိုယားမားအသင္းေတြကို ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ကြန္ျမဴနတီဖလားၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းနဲ႔ သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပရီးမီးယာလိဂ္အဖြင့္ပြဲစဥ္မွာ ဝက္စ္ဟမ္းအသင္းကို အေဝးကြင္းမွာ ၅ ဂိုးျပတ္ အႏိုင္ရယူခဲ့ၿပီး ခ်န္ပီယံေျခစြမ္းကို ျပသခဲ့ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ အခုပြဲစဥ္ကို ဂိုး - အီဒါဆင္ မိုရာလက္စ္၊  ေနာက္တန္းကစားသမားမ်ားအျဖစ္ - ဇင္ခ်န္ကို၊ လာေပၚေတး၊ ဂြၽန္စတုန္း၊ ေဝၚလ္ကာ၊ အလယ္တန္းကစားသမားမ်ားအျဖစ္ - ေဆးဗားလ္၊ ႐ိုဒရီ၊ ဒီဘ႐ိုင္း၊ ေရွ႕တန္းကစားသမားမ်ားအျဖစ္ စတာလင္း၊ ေဂ်ဇု၊ ဘာနာဒိုေဆးဗားလ္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

စပါးအသင္းအေနနဲ႔ ရာသီႀကိဳပြဲစဥ္အျဖစ္ ၅ ပြဲယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ဂ်ဴဗင္တပ္၊ ရီးရဲလ္အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္၊ အင္တာ အသင္းေတြကို သေရက်ခဲ့ကာ မန္ယူအသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ အက္စတြန္ဗီလာအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

စပါးအသင္းအေနနဲ႔ အခုပြဲစဥ္ကို ဂိုး - လိုရစ္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ေဝၚလ္ကာပီတာစ္၊ အယ္လ္ဒါဝီရယ္လ္၊ ဆန္းခ်က္ဇ္၊ ဒန္နီ႐ို႕စ္ အလယ္တန္းကစားသမားမ်ားအျဖစ္ - ဆစ္ဆိုကို၊ ဝင့္ခ္၊ အန္ဒြန္ဘီလီ ေရွ႕တန္းကစားသမားမ်ားအျဖစ္ - ဟာရီကိန္း၊ လာမယ္လာ၊ လူးကပ္စ္ေမာ္ရာ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးအသင္းဘက္မွ ၁ လုံး ၈၅ ျပား အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃လုံး ၁၀ ျပား အရႈံးဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈအရ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၂၁ ပြဲမွာ မန္စီးတီးအသင္းက ၁၄ ပြဲႏိုင္ ၂ ပြဲသေရ ၅ ရႈံးနိမ့္ခဲ့ပါတယ္။ပရီးမီးယားလိဂ္ ေနာက္ဆုံးေတြ႕ဆုံမႈ ၄ ႀကိမ္မွာ မန္စီးတီးအသင္းက အိမ္ကြင္း၊ အေဝးကြင္း အားလုံးအႏိုင္ရရွိခဲ့ပါတယ္။

စပါးအသင္းအေနနဲ႔ အဖြင့္ပြဲစဥ္မွာ အက္စတြန္ဗီလာအသင္းကို ဂိုးျပတ္အႏိုင္ယူခဲ့ေပမယ့္ အခုပြဲစဥ္မွာ မန္စီးတီးအသင္းရဲ႕ အလယ္တန္းကို ယွဥ္ၿပိဳင္ကစားဖို႔ ခက္ခဲႏိုင္ၿပီး တိုက္စစ္မႉးေတြကို ထိန္းခ်ဳပ္ဖို႔လည္း ခက္ခဲႏိုင္ပါတယ္။ယခင္ႏွစ္ ပရီးမီးယားလိဂ္ အေဝးကြင္း ၆ ပြဲဆက္လည္း ရႈံးနိမ့္ထားၿပီး ရႈံးနိမ့္တဲ့ ၆ ပြဲမွာ ၂ ဂိုးအထိ ေပးခဲ့ရတဲ့ ပြဲစဥ္ ၄ ပြဲ ပါဝင္ခဲ့ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ဝက္ဟမ္းအသင္းကို ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး တိုက္စစ္မႉး စတာလင္း ကလည္း အေကာင္းဆုံးေျခစြမ္းကို ျပသထားတဲ့အတြက္ အခုပြဲစဥ္မွာလည္း စပါးအသင္းကို ဒုကၡေပးလာႏိုင္ပါတယ္။

ယခင္ႏွစ္က အိမ္ကြင္း ၁၉ ပြဲ ကစားခဲ့ရာမွာ ၁၈ ပြဲအထိ အႏိုင္ရရွိခဲ့တဲ့ ရလဒ္ကိုလည္း ဆက္လက္ထိန္းသိမ္းလာႏိုင္တဲ့အတြက္ မန္စီးတီးအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း......။

KON (SPORT)