【 အားကစား 】 မန်စီးတီး ဂိုးပြတ်အနိုင်ယူမယ့် လိဂ်ဖလား

【 အားကစား 】 မန်စီးတီး ဂိုးပြတ်အနိုင်ယူမယ့် လိဂ်ဖလား

အင်္ဂလန် လိဂ်ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ဆောက်သင်မ်တန်အသင်းတို့ ယနေ့ည ၂ နာရီ ၁၅ မိနစ် အချိန်မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၄-၀၊ ဝက်ဖို့ဒ်အသင်းကို ၈-ဝ၊ အက်စတွန်ဗီလာအသင်းကို ၃-ဝ နဲ့ အနိုင်ရရှိခဲ့ပြီး စပါးအသင်းနဲ့ သရေရလဒ်ရရှိခဲ့ကာ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ် အသင်းတွေကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နော့ဝစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၂၂ မှတ်ရရှိကာ အမှတ်ပေးဇယား ၂ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။အင်္ဂလန် လိဂ်ဖလား ကာရာဘောင်းပွဲစဉ်မှာလည်း ပရက်စတန်အသင်းကို အဝေးကွင်းမှာ ဝ-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆောက်သင်မ်တန်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် အိမ်ကွင်းမှာ မန်ယူအသင်းနဲ့ သရေရလဒ်ရရှိခဲ့ပြီး လီဗာပူးလ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ လက်စတာ အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းသွားရောက်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရိုက်တန်၊ ရှက်ဖီးယူနိုက်တက် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဝုဗ်အသင်းနဲ့ သရေရလဒ်ရရှိခဲ့ကာ ဘန်လေ၊ စပါး အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၈ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၈ မှာ ရပ်တည်လျက်ရှိပါတယ်။အင်္ဂလန် လိဂ်ဖလား ကာရာဘောင်းပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ပို့စ်မောက်အသင်းကို အဝေးကွင်းမှာ ဝ-၄ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၂ လုံး ၅၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး အရှုံးဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၄ ကြိမ်မှာ မန်စီးတီးအသင်းက ၁၀ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။မန်စီးတီးအိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်းစီးတီးအသင်းက ၆-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိထားပါတယ်။

 

ဆောင်သင်မ်တန်အသင်းအနေနဲ့ ပရီးမီယားလိဂ် ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးဝါးနေပေမယ့် လိဂ်ဖလားပွဲစဉ်တွေမှာ ရလဒ်ကောင်းမွန်နေပြီး ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ လက်စတာအသင်းကို ၉ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲစဉ်မှာ ရလဒ်ကောင်းမွန်အောင် ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အသင်းမှာ ခံစစ်ကစားသမားများ ဒဏ်ရာရရှိနေပြီး အသင်းရဲ့ အားထားရတဲ့ ကစားသမားဖြစ်တဲ့ ရိုဒရီ ထပ်မံဒဏ်ရာရရှိသွားပေမယ့် အခုပွဲစဉ်မှာ လူငယ်ကစားသမားများကို ခံစစ်အတွက် အသုံးပြုလာနိုင်ပါတယ်။ရှေ့တန်းနဲ့ အလယ်တန်း ကစားသမားတွေအဖြစ် အသင်းရဲ့ အဓိကကစားသမားတွေ ပါဝင်ကစားလာမှာ ဖြစ်ပါတယ်။

အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားမှု၊ အိမ်ကွင်းမှာ ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်အနိုင်ရရှိထားမှု၊ လက်ရှိခြေစွမ်း၊ သမိုင်းအစဉ်အလာ ဂိုးပြတ်နိုင်ပွဲရယူထားတဲ့ မန်စီးတီးအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း............................။

KON (SPORT)

( Zawgyi )










KON (SPORT)