【 အားကစား 】 မန်ယူကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွန်နီ

【 အားကစား 】 မန်ယူကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွန်နီ

လီဗာပူးလ်အသင်းကို အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ၅ ဂိုးပြတ် အရှက်တကွဲအရှုံးပေးခဲ့ရပြီးနောက် နည်းပြ ဆိုးလ်ရှားနဲ့ မန်ယူကစားသမားတွေဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
 
ယခုလည်း မန်ယူအသင်းရဲ့ ဂန္တဝင်တစ်ဦးလည်းဖြစ် ပရိတ်သတ်များရဲ့ ချစ်ခင်မှုလည်းခံရတဲ့ ဝိန်း ရွန်နီမှလည်း မန်ယူကစားသမားတွေကို ဝေဖန်ခဲ့ပါတယ်။
 
"မန်ယူအသင်းရဲ့ ကစားသမားတွေ ကိုယ့်ဟာကိုယ် ပြန်မေးသင့်တယ် ပြန်ကြည့်သင့်တယ်" လို့ ရွန်နီ က ဆိုပါတယ်။
 
"အသင်းရှုံးရင် မန်နေဂျာတစ်ဦးတည်းပဲ ဖိအားဒဏ်တွေ ဝေဖန်မှုတွေကိုခံရတာ အဆင်မပြေဘူး၊ ကစားသမားတွေကို သူတို့အလုပ် သူတို့လုပ်ဖို့ ငွေအများကြီးပေးထားရတာ လက်ရှိမှာ မန်ယူကစားသမားတွေ သူတို့အလုပ် သူတို့‌ကောင်းကောင်းလုပ်နေတယ်လို့ ကျနော်မထင်ဘူး" လို့ ရွန်နီ က ပြောကြားခဲ့ပါတယ်။
 
"ရှုံးပွဲအတွက် ကစားသမားတွေက တာဝန်ယူရမယ်၊ သူတို့က ကမ္ဘာ့အဆင့်ကစားသမားတွေလေ၊ အခုတော့ ဘယ်ကစားသမားမှ ရှုံးပွဲအတွက် တာဝန်မယူချင်ဘူး၊ ရှုံးပွဲတစ်ခုကြုံတိုင်း ကစားသမားတွေဟာ နာကျင်တတ်ရမယ်၊ ခံစားတတ်ရမယ်၊ မန်ယူအသင်းက ကစားသမားတွေကတော့ ငပျင်းကောင်တွေပဲ" လို့ ရွန်နီ က ပြင်းပြင်းထန်ထန်ကိုပဲ ‌ဝေဖန်ခဲ့ပါတယ်။
 
မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ အကျပ်အတည်းထဲ ကျရောက်လျက်ရှိနေပြီး နည်းပြ ဆိုးလ်ရှားဟာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။
 
မန်ယူအသင်းဟာ ယခုတစ်ပတ်မှာတော့ စပါးအသင်းရဲ့ အိမ်ကွင်းမှာ ပွဲကျပ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး၊ စပါးအသင်းဟာလည်း ယမန်နှစ်က အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ၆ ဂိုးအထိ သွင်းယူပြီး နိုင်ပွဲရယူထားခဲ့တဲ့ အသင်းဖြစ်ပါတယ်။
 
Linko
မန်ချက်စတာ၊ အောက်တိုဘာ - ၂၉