【 အားကစား 】 မန်ယူကို ကျော်ဖြတ်ပြီး ချဲလ်ဆီး ဗိုလ်စွဲမည်ဟု ဝီလျံ ဂါးလက်စ် ဟောကိန်းထုတ်

【 အားကစား 】 မန်ယူကို ကျော်ဖြတ်ပြီး ချဲလ်ဆီး ဗိုလ်စွဲမည်ဟု ဝီလျံ ဂါးလက်စ် ဟောကိန်းထုတ်

အာဆင်နယ်နဲ့ ‌ချဲလ်ဆီး နောက်ခံလူဟောင်း ဝီလျံ ဂါးလက်စ် က မန်ယူအသင်းကို ကျော်ဖြတ်ပြီး ချဲလ်ဆီးအသင်းဟာ ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ရရှိလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
 
အပြာရောင်တပ်သားတွေဟာ ယခုနှစ်ဘောလုံးရာသီအစမှာပဲ ခြေစွမ်းပြနေပြီးနောက် ဂါးလက်စ်ဟာ ချဲလ်ဆီးအသင်းကို ရပ်တန့်မယ့်အသင်းကို မမြင်သေးဘူးလို့ ထင်မြင်ယူဆနေတာဖြစ်ပါတယ်။
 
သောမတ်စ် တူချယ်လ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစမှာပဲ ခြေစွမ်းပြသလျက်ရှိနေပြီး လီဗာပူးလ်နဲ့ပွဲမှာသာ ပင်နယ်လ်တီဂိုး တစ်ဂိုးသာ ပေးထားရတာဖြစ်ပါတယ်။
 
ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဂါးလက်စ်မှ "မန်ယူအသင်းဟာ သူတို့ရဲ့ဂန္တဝင် စီရော်နယ်လ်ဒို ကို ခေါ်ယူနိုင်ခဲ့တာတောင်မှပဲ ချဲလ်ဆီးအသင်းက သာလွန်နေပါတယ်၊ ဒီနွေရာသီမှာ ချဲလ်ဆီးမှ တိုက်စစ်မှူး လူကာကူ ကို အင်တာအသင်းကနေ ခေါ်ယူလိုက်ပြီးတဲ့နောက်မှာတော့ ပြိုင်ဘက်အသင်းတွေအတွက် ကြောက်မက်ဖွယ်ရာ အပြာရောင်တွေ ဖြစ်သွားခဲ့ပြီ" လို့ ဆိုခဲ့ပါတယ်။
 
"သူတို့ (ချဲလ်ဆီးအသင်း) က ဥရောပချန်ပီယံပါ၊ သူတို့ ပိုမိုသန်မာလာတယ်လို့ ကျနော်မြင်တယ်၊ သူတို့သာ အာရုံစိုက်ကစားရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်၊ အခု သူတို့မှာ လူကာကူ ရှိနေပြီ၊ ဒါက ပြိုင်ဘက်တိုင်းအတွက် ကြောက်စရာအသင်းပါ" လို့ ဂါးလက်စ် က GentintBet သို့ ပြောကြားခဲ့ပါတယ်။
 
"စီရော်နယ်လ်ဒို ပြန်ရောက်လာခဲ့လို့ မန်ယူအသင်းဟာ အင်အားတောင့်တင်းသွားပြီလို့ မန်ယူပရိတ်သတ်တွေက ထင်နေကြမှာပဲ၊ ဒါပေမယ့် နေရာစုံကစားသမားတွေကို ကြည့်လိုက်ပါ ချဲလ်ဆီးက မန်ယူထက် ပိုအင်အားတောင့်တင်းတယ်လို့ ကျနော်ထင်ပါတယ်" လို့ ဂါးလက်စ် က ဆက်လက်ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် ဂါးလက်စ် က ချဲလ်ဆီးနည်းပြ တူချယ်လ်ကိုလည်း ချီးကျူးခဲ့ပြီး နည်းစနစ်ပိုင်းကို အလွန်ပိုင်နိုင်သူလို့ ပြောကြားခဲ့ပါတယ်။
 
Linko
လန်ဒန်၊ စက်တင်ဘာ - ၂၅