【 အားကစား 】 မန်ယူကို နှစ်ဂိုးသွင်းတဲ့ ဒီဘရိုင်း ဂန္တဝင်ကွင်းလယ်ကစားသမားကြီးနှစ်ဦးနဲ့ နှိုင်းယှဉ်ခံရ

【 အားကစား 】 မန်ယူကို နှစ်ဂိုးသွင်းတဲ့ ဒီဘရိုင်း ဂန္တဝင်ကွင်းလယ်ကစားသမားကြီးနှစ်ဦးနဲ့ နှိုင်းယှဉ်ခံရ

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းက မန်ယူအသင်းကို ၄-၁ ဂိုးရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ အထူးခြေစွမ်းပြကစားခဲ့ပြီး နှစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲချိန်အစပိုင်း ၅ မိနစ်မှာပဲ ဒီဘရိုင်း က မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ပွဲချိန် ၂၈ မိနစ်မှာလည်း မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့ မန်စီးတီးအသင်းအတွက် သက်တောင့်သက်သာ အနိုင်ရရှိစေမယ့် တတိယဂိုးကို ပွဲချိန် ၆၈ မိနစ်မှာ ဒီဘရိုင်း ဖန်တီးပေးခဲ့ပြီး မာရက်ဇ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ‌တော့ အထူးခြေစွမ်းပြခဲ့တဲ့ မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဟာ ချီးကျူးမှုများရရှိခဲ့ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ဂန္တဝင်ကွင်းလယ်ကစားသမားကြီးနှစ်ဦးဖြစ်တဲ့ မန်ယူအသင်း ဂန္တဝင်ကစားသမားကြီး ပေါလ် စခိုးစ်၊ လီဗာပူးလ်အသင်း ဂန္တဝင်ကစားသမားကြီး စတီဗင် ဂျရတ်တို့နဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။

Sky Sports မှာ အားကစားဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဘောလုံးကစားသမားဟောင်း ဂျေမီ ရဒ်နတ်ကတော့ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားကို အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ရဒ်နတ်မှ "ကျနော်တို့ အကောင်းဆုံးကစားသမားတွေအကြောင်းပြောကြတယ်။အကယ်၍ မင်းဟာ စီးတီးပရိတ်သတ်ဆိုရင် မင်းအနေနဲ့ အကောင်းဆုံးအဆင့်အတန်းတစ်ခုကို အပတ်တိုင်း မြင်တွေ့နေရမှာပါပဲ" ဟု ရှင်းပြခဲ့ပါတယ်။

မန်စီးတီးအသင်း နည်းပြကြီး ပက် ဂွာဒီယိုလာကလည်း ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ဒုတိယပိုင်းပွဲစဉ်မှ မန်စီးတီးအသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါသေးတယ်။

လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းဟာ ရပ်တန့်လို့မရတဲ့အသင်းအဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးမှာရပ်တည်နေပြီး၊ လီဗာပူးလ်အသင်းကလည်း ၃ မှတ်အကွာကနေ ချန်ပီယံဆုအတွက် လိုက်လံဖိအားပေးလျက်ရှိနေပါတယ်။

Linko
Ref - manchestereveningnews
မတ် - ၇