【 အားကစား 】 မန်ယူနဲ့ပွဲမှာ တန်းဆင်းဇုန် ရုန်းအားကောင်းမယ့် အိမ်ရှင် ဖူလ်ဟမ်နဲ့ ရပ်တည်မယ်

【 အားကစား 】 မန်ယူနဲ့ပွဲမှာ တန်းဆင်းဇုန် ရုန်းအားကောင်းမယ့် အိမ်ရှင် ဖူလ်ဟမ်နဲ့ ရပ်တည်မယ်

ယနေ့ ည ၇ နာရီမှာ ပရီမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ အစောဆုံးပွဲစဉ်ကို ကစားကြမှာ ဖြစ်ပါတယ်။ဒီပွဲတွေထဲမှာ  အိမ်ရှင်အဖြစ် လန်ဒန်ကလပ် ဖူလ်ဟမ်အသင်းနဲ့ နည်းပြအပြောင်းအလဲမှာ ပြိုင်ပွဲစုံ ၁၀ ဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ မန်ယူအသင်းတို့ ဖူလ်ဟမ်အသင်းရဲ့ ကီဗင်ကော့တိချ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

လက်စတာနဲ့ ပရီမီးယားလိဂ် ချန်ပီယံဆုကို အံ့ဖွယ်ရယူပေးခဲ့တဲ့ နည်းပြ ရေနီယာရီ ကိုင်တွယ်တဲ့ လက်ထက်မှာ နိုင်ပွဲ ၂ ပွဲသာ တွေ့ရသေးပေယမ့် ဖူလ်ဟမ်ရဲ့ ကစားပုံက ပြောင်းလဲလာသလို ဂိုးတွေရလာတာကိုလည်း တွေ့ရပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နူန်းအထိ အဝေးကွင်းမှာ စွမ်းဆောင်နိုင်ခဲ့ပေမယ့်  ပွဲချိန် ၂၅ မိနစ်မှာ မီလိုဂျီဗစ်၊ ပွဲချိန် ၈၇ မိနစ်မှာ ဂျက်ဖရီရှလပ် တို့ သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။အဲဒီပွဲမှာ ဖူလ်ဟမ်အသင်း ၃-၄-၃ ကစားကွက်နဲ့ တိုက်စစ်မှူး ၃ ယောက်ကို တင်ကစားခဲ့ပေမယ့် အသစ်ရောက်လာတဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း ရိုင်ယန်ဘာဘယ်လ် ခြေစွမ်းမပြနိုင်ခဲ့သလို တိုက်စစ်မှူး မီထရိုဗစ် ပုံမှန်ခြေမရခဲ့တာကြောင့်  ဂိုးမရခဲ့ပါဘူး။

ဖူလ်ဟမ်အသင်း ဒီရာသီ ၂၅ ပွဲ ၄ ပွဲနိုင် ၅ ပွဲသရေ ၁၆ ပွဲထိ ရှုံးခဲ့လို့ တန်းဆင်းဇုန်ထဲ ရမှတ် ၁၇ မှတ်နဲ့ ရောက်နေပြီး အိမ်ကွင်း ၁၂ ပွဲမှာ  ၄ ပွဲနိုင် ၃ ပွဲသရေ ၅ ပွဲရှုံးုဖြစ်နေတဲ့အတွက် ဒီရာသီ ဖူးလ်ဟမ်အသင်းရဲ့ နိုင်ပွဲ ၄ ပွဲက  အိမ်ကွင်းတွေဖြစ်နေတာကို  သတိထားဖို့ လိုနေပါတယ်။ဖူလ်ဟမ်အသင်း အိမ်ကွင်းပွဲစဉ် ၁၂ ပွဲမှာ ၁၇ ဂိုးသွင်းယူနိူင်ပြီး ၂၃ ဂိုးထိပေးခဲ့ရတဲ့အတွက် ဒီရာသီမှာ ကာဒစ်ဖ်အသင်းနဲ့အတူ အိမ်ကွင်းပေးဂိုး အများဆုံးအသင်း ဖြစ်နေပါတယ်။

နည်းပြ ဆိုးလ်ရှား လက်ထဲက မန်ယူအသင်းကတော့ အခုထိ ရလဒ်ကောင်းတွေ ရယူပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ ခြေလှမ်းပြင်နေပါပြီ။ဒီည ကစားမယ့် ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယား အဆင့် ၄ နေရာကို မန်စီးတီးနဲ့ ချယ်လ်ဆီး ပွဲစဉ်မတိုင်ခင်အထိ ရယူထားနိုင်မှာ ဖြစ်ပါတယ်။နည်းပြ ဆိုးလ်ရှား လက်ထက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားခဲ့ရာမှာ ၉ ပွဲနိုင် ၁ ပွဲသရေကျခဲ့တဲ့အတွက် အတော်လေးကောင်းတဲ့ ရလဒ်တွေ ဖြစ်ပေမယ့် ယခုတွေ့မယ့် ဖူလ်ဟမ်အသင်းက တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နေတဲ့ အသင်းတစ်သင်း ဖြစ်တဲ့အတွက် ကီဗင်ကောတေ့ချ်ကွင်းမှာ ကစားရမယ့် ပွဲဟာ အခက်တွေ့လာဖို့ များနေပါတယ်။

ဒီရာသီ မန်ယူ အဝေးကွင်းပွဲစဉ် ၁၃ ပွဲကစားခဲ့ရာမှာ ၇ ပွဲနိုင် ၂ ပွဲသရေ၊ ၄ ပွဲရှုံးထားပြီး ရဂိုး ၂၄ ဂိုး ပေးဂိုး ၁၉ ဂိုးရှိထားပါတယ်။ဒီနှစ်သင်းတွေ့ဆုံမှု ဖူလ်ဟမ်ကွင်း နောက်ဆုံး ၅ ပွဲကို ပြန်ကြည့်မယ်ဆိုရင်  မန်ယူက ၃ ပွဲနိုင်ကာ တစ်ပွဲသရေကျပြီး ၂၀၁၀ တုန်းက ကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်က အနိုင်ရခဲ့ပါတယ်။ပထမအကျော့တုန်းက မန်ယူကွင်းမှာ ကစားခဲ့စဉ်က မန်ယူအသင်းက ဖူလ်ဟမ်ကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူထားခဲ့ပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် ဖူလ်ဟမ်အသင်းမှာတော့ ဂိုး - ရီကို၊ နောက်တန်း - အိုဒီ၊ မာချန်၊ တင်ရီးန်၊ အလယ်တန်း - ခရစ်စ္စတီး၊ မိုက်ကယ်ဆီရီ၊ ဂျိုးဘရိုင်ယန်၊ ချန်ဘာ၊ ရှေ့တန်း - တွန်ကလာနီ၊ မီထရိုဗစ်၊ ရိုင်ယန်ဘာဘယ်လ် တို့နဲ့ ပွဲထွက်လာဖို့များပြီး၊

ဆိုးလ်ရှား ရဲ့ မန်ယူအသင်းမှာတော့ ရှေ့တန်း - လင်ဂတ်၊ မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊ အလယ်တန်း - မာတစ်၊ ပေါ့ဂ်ဘာ၊ ဟာရဲရား၊  နောက်တန်း - အက်ရှ်လေယန်း၊ ဘိုင်လေ၊ လင်ဒီလော့၊ လုခ်ရှော၊ ဂိုး - ဒီဂီယာ တို့ ပါဝင်လာဖွယ်ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် မန်ယူဘက်ကနေ တစ်လုံး ၁၅ ပြား အနိုင်ပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ၁၅ ပြား အနိုင်ပေးထားပါတယ်။ချန်ပီယံလိဂ်ကစားဖို့ရှိတဲ့ မန်ယူ ကြေးကျလာတဲ့အတွက် အိမ်ရှင် ဖူလ်ဟမ်နဲ့ ဂိုးအများကို အားပေးရမှာဖြစ်ပါကြောင်း.....................။

KON (SPORT)
ဖေဖော်ဝါရီ - ၉

( Zawgyi )

ယေန႔ ည ၇ နာရီမွာ ပရီမီးယားလိဂ္ ပြဲစဥ္ ၂၆ ရဲ႕ အေစာဆုံးပြဲစဥ္ကို ကစားၾကမွာ ျဖစ္ပါတယ္။ဒီပြဲေတြထဲမွာ  အိမ္ရွင္အျဖစ္ လန္ဒန္ကလပ္ ဖူလ္ဟမ္အသင္းနဲ႔ နည္းျပအေျပာင္းအလဲမွာ ၿပိဳင္ပြဲစုံ ၁၀ ဆက္တိုက္ ရႈံးပြဲမရွိခဲ့တဲ့ မန္ယူအသင္းတို႔ ဖူလ္ဟမ္အသင္းရဲ႕ ကီဗင္ေကာ့တိခ်္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

လက္စတာနဲ႔ ပရီမီးယားလိဂ္ ခ်န္ပီယံဆုကို အံ့ဖြယ္ရယူေပးခဲ့တဲ့ နည္းျပ ေရနီယာရီ ကိုင္တြယ္တဲ့ လက္ထက္မွာ ႏိုင္ပြဲ ၂ ပြဲသာ ေတြ႕ရေသးေပယမ့္ ဖူလ္ဟမ္ရဲ႕ ကစားပုံက ေျပာင္းလဲလာသလို ဂိုးေတြရလာတာကိုလည္း ေတြ႕ရပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၃ ရာခိုင္ႏူန္းအထိ အေဝးကြင္းမွာ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္  ပြဲခ်ိန္ ၂၅ မိနစ္မွာ မီလိုဂ်ီဗစ္၊ ပြဲခ်ိန္ ၈၇ မိနစ္မွာ ဂ်က္ဖရီရွလပ္ တို႔ သြင္းဂိုးေတြနဲ႔ ရႈံးနိမ့္ခဲ့ရတာပါ။အဲဒီပြဲမွာ ဖူလ္ဟမ္အသင္း ၃-၄-၃ ကစားကြက္နဲ႔ တိုက္စစ္မႉး ၃ ေယာက္ကို တင္ကစားခဲ့ေပမယ့္ အသစ္ေရာက္လာတဲ့ လီဗာပူးလ္ တိုက္စစ္မႉးေဟာင္း ႐ိုင္ယန္ဘာဘယ္လ္ ေျခစြမ္းမျပႏိုင္ခဲ့သလို တိုက္စစ္မႉး မီထ႐ိုဗစ္ ပုံမွန္ေျခမရခဲ့တာေၾကာင့္  ဂိုးမရခဲ့ပါဘူး။

ဖူလ္ဟမ္အသင္း ဒီရာသီ ၂၅ ပြဲ ၄ ပြဲႏိုင္ ၅ ပြဲသေရ ၁၆ ပြဲထိ ရႈံးခဲ့လို႔ တန္းဆင္းဇုန္ထဲ ရမွတ္ ၁၇ မွတ္နဲ႔ ေရာက္ေနၿပီး အိမ္ကြင္း ၁၂ ပြဲမွာ  ၄ ပြဲႏိုင္ ၃ ပြဲသေရ ၅ ပြဲရႈံးုျဖစ္ေနတဲ့အတြက္ ဒီရာသီ ဖူးလ္ဟမ္အသင္းရဲ႕ ႏိုင္ပြဲ ၄ ပြဲက  အိမ္ကြင္းေတြျဖစ္ေနတာကို  သတိထားဖို႔ လိုေနပါတယ္။ဖူလ္ဟမ္အသင္း အိမ္ကြင္းပြဲစဥ္ ၁၂ ပြဲမွာ ၁၇ ဂိုးသြင္းယူႏိူင္ၿပီး ၂၃ ဂိုးထိေပးခဲ့ရတဲ့အတြက္ ဒီရာသီမွာ ကာဒစ္ဖ္အသင္းနဲ႔အတူ အိမ္ကြင္းေပးဂိုး အမ်ားဆုံးအသင္း ျဖစ္ေနပါတယ္။

နည္းျပ ဆိုးလ္ရွား လက္ထဲက မန္ယူအသင္းကေတာ့ အခုထိ ရလဒ္ေကာင္းေတြ ရယူၿပီး အမွတ္ေပးဇယား ထိပ္ဆုံး ၄ သင္းထဲ ဝင္ဖို႔ ေျခလွမ္းျပင္ေနပါၿပီ။ဒီည ကစားမယ့္ ပြဲစဥ္မွာသာ အႏိုင္ရခဲ့ရင္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို မန္စီးတီးနဲ႔ ခ်ယ္လ္ဆီး ပြဲစဥ္မတိုင္ခင္အထိ ရယူထားႏိုင္မွာ ျဖစ္ပါတယ္။နည္းျပ ဆိုးလ္ရွား လက္ထက္ ၿပိဳင္ပြဲစုံ ၁၀ ပြဲကစားခဲ့ရာမွာ ၉ ပြဲႏိုင္ ၁ ပြဲသေရက်ခဲ့တဲ့အတြက္ အေတာ္ေလးေကာင္းတဲ့ ရလဒ္ေတြ ျဖစ္ေပမယ့္ ယခုေတြ႕မယ့္ ဖူလ္ဟမ္အသင္းက တန္းဆင္းဇုန္ထဲကေန ႐ုန္းထြက္ေနတဲ့ အသင္းတစ္သင္း ျဖစ္တဲ့အတြက္ ကီဗင္ေကာေတ့ခ်္ကြင္းမွာ ကစားရမယ့္ ပြဲဟာ အခက္ေတြ႕လာဖို႔ မ်ားေနပါတယ္။

ဒီရာသီ မန္ယူ အေဝးကြင္းပြဲစဥ္ ၁၃ ပြဲကစားခဲ့ရာမွာ ၇ ပြဲႏိုင္ ၂ ပြဲသေရ၊ ၄ ပြဲရႈံးထားၿပီး ရဂိုး ၂၄ ဂိုး ေပးဂိုး ၁၉ ဂိုးရွိထားပါတယ္။ဒီႏွစ္သင္းေတြ႕ဆုံမႈ ဖူလ္ဟမ္ကြင္း ေနာက္ဆုံး ၅ ပြဲကို ျပန္ၾကည့္မယ္ဆိုရင္  မန္ယူက ၃ ပြဲႏိုင္ကာ တစ္ပြဲသေရက်ၿပီး ၂၀၁၀ တုန္းက ကစားခဲ့တဲ့ပြဲမွာ ဖူလ္ဟမ္က အႏိုင္ရခဲ့ပါတယ္။ပထမအေက်ာ့တုန္းက မန္ယူကြင္းမွာ ကစားခဲ့စဥ္က မန္ယူအသင္းက ဖူလ္ဟမ္ကို ၄-၁ နဲ႔ ဂိုးျပတ္ အႏိုင္ယူထားခဲ့ပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ ဖူလ္ဟမ္အသင္းမွာေတာ့ ဂိုး - ရီကို၊ ေနာက္တန္း - အိုဒီ၊ မာခ်န္၊ တင္ရီးန္၊ အလယ္တန္း - ခရစ္စၥတီး၊ မိုက္ကယ္ဆီရီ၊ ဂ်ိဳးဘ႐ိုင္ယန္၊ ခ်န္ဘာ၊ ေရွ႕တန္း - တြန္ကလာနီ၊ မီထ႐ိုဗစ္၊ ႐ိုင္ယန္ဘာဘယ္လ္ တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး၊

ဆိုးလ္ရွား ရဲ႕ မန္ယူအသင္းမွာေတာ့ ေရွ႕တန္း - လင္ဂတ္၊ မာရွယ္လ္၊ ရပ္ရွ္ဖို႔ဒ္၊ အလယ္တန္း - မာတစ္၊ ေပါ့ဂ္ဘာ၊ ဟာရဲရား၊  ေနာက္တန္း - အက္ရွ္ေလယန္း၊ ဘိုင္ေလ၊ လင္ဒီေလာ့၊ လုခ္ေရွာ၊ ဂိုး - ဒီဂီယာ တို႔ ပါဝင္လာဖြယ္ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ မန္ယူဘက္ကေန တစ္လုံး ၁၅ ျပား အႏိုင္ေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ၁၅ ျပား အႏိုင္ေပးထားပါတယ္။ခ်န္ပီယံလိဂ္ကစားဖို႔ရွိတဲ့ မန္ယူ ေၾကးက်လာတဲ့အတြက္ အိမ္ရွင္ ဖူလ္ဟမ္နဲ႔ ဂိုးအမ်ားကို အားေပးရမွာျဖစ္ပါေၾကာင္း.....................။

KON (SPORT)
ေဖေဖာ္ဝါရီ - ၉