【 အားကစား 】 မန်ယူနဲ့ PSG အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးကို အလွတ်ခေါ်ယူသွားမယ့် ရီးရဲလ်မက်ဒရစ်

【 အားကစား 】 မန်ယူနဲ့ PSG အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးကို အလွတ်ခေါ်ယူသွားမယ့် ရီးရဲလ်မက်ဒရစ်

မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာဟာ ယခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အလားတူပဲ PSG အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီဟာလည်း ယခုနှစ်ရာသီကုန်မှာပဲ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

စပိန်မှ ထွက်ပေါ်လာတဲ့ သတင်းတွေအရ စပိန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ စာချုပ်သက်တမ်း‌တွေကုန်ဆုံးတော့မယ့် မန်ယူနဲ့ PSG အသင်းတို့ရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ အမ်ဘက်ပီတို့ကို အလွတ်ပြောင်းရွှေ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

PSG ကြယ်ပွင့် အမ်ဘက်ပီကတော့ ၎င်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားလိုကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ပြီးဖြစ်ပြီး PSG အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ပြီးဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ အမ်ဘက်ပီ ကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းဘက်က ပယ်ချခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကတော့ အမ်ဘက်ပီ ကို လာမယ့်အပြောင်းအရွှေ့ရာသီတွေမှာ ခေါ်ယူရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါဂ်ဘာ ကိစ္စကတော့ စူပါအေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ မန်ယူအသင်းတို့ အဆင်မပြေမှုကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။စူပါအေးဂျင့် ရွိုင်အိုလာကတော့ မန်ယူအသင်းကနေ ပေါ့ဂ်ဘာ ထွက်ခွာရေး ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။မန်ယူအသင်းဘက်က ပေါ့ဂ်ဘာ ကို စာချုပ်သက်တမ်းတိုးလိုပေမယ့် ပေါ့ဂ်ဘာနဲ့ ရွိုင်အိုလာတို့ရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။မန်ယူအသင်းအနေနဲ့ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင်တော့ ပေါ့ဂ်ဘာ ကို ယခုရာသီကုန်မှာပဲ အလွတ်ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

မန်ယူနဲ့ PSG အသင်းတို့ကတော့ ၎င်းတို့ရဲ့ ကြယ်ပွင့်နှစ်ဦးကို အလွတ်ဆုံးရှုံးရဖို့ နီးစပ်နေပါပြီ။ပေါ့ဂ်ဘာနဲ့ အမ်ဘက်ပီတို့ စိတ်ပြောင်းအောင် မန်ယူနဲ့ PSG တို့ ဆက်ထိန်းသိမ်းနိုင်မလား လက်လွှတ်ဆုံးရှုံးရမလားဆိုတာကတော့ ......။

Linko
မက်ဒရစ်၊ အောက်တိုဘာ - ၁၄