【 အားကစား 】 မန်ယူရဲ့ တကျော့ပြန်နဲ့အတူ စိတ်ဝင်စားဖွယ် ဘောလုံးရက်သတ္တပတ်

【 အားကစား 】 မန်ယူရဲ့ တကျော့ပြန်နဲ့အတူ စိတ်ဝင်စားဖွယ် ဘောလုံးရက်သတ္တပတ်

ယခုဘောလုံးရက်သတ္တပတ်မှာတော့ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရှိခဲ့ပါတယ်။
 
ဘောလုံးပရိတ်သတ်‌တွေအတွက် စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်လည်းဖြစ်ခဲ့ပြီး PSG တိုက်စစ်ကစားသမား နေမာဟာ စိန့်အက်တီယန်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲက ငိုကြွေးကာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
 
ဒီကနေ့ အားကစားကဏ္ဍမှာတော့ လွန်ခဲ့သော ဘောလုံးရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားဖွယ်အဖြစ်အပျက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
ဒဏ်ရာကနေပြန်လာပြီး ဂိုးသွင်းခဲ့တဲ့ ဟာလန်း
 
ဒေါ့မွန်အသင်းအတွက် ဝမ်းမြောက်ဖွယ်ရာသတင်းကတော့ ဂိုးသွင်းစက် အာလင်း ဟာလန်း ဒဏ်ရာကနေပြန်လာပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းပါပဲ။ယခင်သတင်းထွက်ပေါ်မှုအရ ဘောလုံးရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ သိရပေမယ့် ဟာလန်းအနေနဲ့ အချိန်တိုအတွင်း သက်သာလာခဲ့ပြီး ဂိုးတစ်ဂိုးပါ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
 
အရန်ခုံထိုင်ခဲ့ရတဲ့ စီရော်နယ်လ်ဒို
 
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်း ယာယီနည်းပြ မိုက်ကယ်ကာရစ်ကတော့ အဓိက ကစားသမားကြီးဖြစ်တဲ့ စီရော်နယ်လ်ဒို ကို အရန်ခုံထိုင်စေခဲ့ပါတယ်။မိုက်ကယ်ကာရစ်အတွက် ကံကောင်းခဲ့တာကတော့ ချဲလ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အမှားကနေတဆင့် ဦးဆောင်ဂိုးရခဲ့သလို၊ ချဲလ်ဆီးကစားသမားများ အဆုံးသတ်မသေချာမှုနဲ့ ဂိုးသမား ဒီဂီယာ လက်စွမ်းပြသမှုတွေကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးထံကနေ အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။
 
ပွဲဦးထွက် နိုင်ပွဲနဲ့စခဲ့တဲ့ ရာမို့စ်
 
PSG အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဆာဂျီအို ရာမို့စ်ဟာ စိန့်အက်တီယန်အသင်းနဲ့ ပွဲစဉ်မှာတော့ ပွဲထွက်လာခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ ‌ရာမို့စ်လည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး PSG အသင်းလည်း နိုင်ပွဲရရှိခဲ့အတွက် ရာမို့စ်အတွက် စိတ်ကျေနပ်ဖွယ်ဖြစ်နေမှာ အသေအချာပါပဲ။
 
လာလီဂါမှာ နိုင်ပွဲဆက်နေတဲ့ ဇာဗီ
 
ဘာစီလိုနာအသင်းကတော့ ဂန္တဝင်ကစားသမားကြီး လက်ထက်မှာ လာလီဂါနိုင်ပွဲဆက်နေပါပြီ။ဒါပေမယ့် လာလီဂါ ဦးဆောင်နေသူ ရီးရဲလ်မက်ဒရစ်အသင်းနဲ့တော့ ၁၀ မှတ်ကွာဟလျက်ရှိနေပြီး ဇာဗီနဲ့ ဘာစီလိုနာအသင်းဟာ ဆက်လက်ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။
 
နှစ်ပွဲ ၄ ဂိုးသွင်းယူပြီး နိုင်ပွဲရနေတဲ့ ဂျရတ်
 
ပရီးမီးယားလိဂ်နဲ့ လီဗာပူးလ်အသင်း ဂန္တဝင်ကြီး ဂျရတ်ရဲ့ ပရီးမီးယားလိဂ် အပြန်လမ်းဟာ အဆင်ပြေချောမွေ့လျက်ရှိနေပါတယ်။လွန်ခဲ့သော ရက်သတ္တပတ်က ဘရိုက်တန်အသင်းကို ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့သလို၊ ယခုရက်သတ္တပတ်မှာလည်း ပဲလေ့စ်အသင်းကို ၁-၂ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့အတွက် ဗီလာပရိတ်သတ်တွေအတွက် အပျော်ပေါ် အပျော်ဆင့်နေခဲ့ကြတာပါ။ဒါပေမယ့် ဂျရတ် ကို ခရီးရှည်ကြီးက စောင့်ကြိုလျက်ရှိနေပြီး ပရီးမီးယားလိဂ် ရာသီအကုန် ဗီလာအသင်း ဘယ်အဆင့်မှာရပ်တည်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Linko
နိုဝင်ဘာ - ၂၉