【 အားကစား 】 မန်ယူအသင်းမှ ဆိုးလ်ရှား ကို တရားဝင်ထုတ်ပယ်ပြီ

【 အားကစား 】 မန်ယူအသင်းမှ ဆိုးလ်ရှား ကို တရားဝင်ထုတ်ပယ်ပြီ

တန်းဆင်းဇုန်အနီးမှ ဝက်ဖို့ဒ်အသင်းကို ၄-၁ ဂိုးရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့အပြီးမှာတော့ မန်ယူအသင်းဘက်က နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
 
မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုဘက်မှ ပရီးမီးယားလိဂ် ၇ ပွဲ ကစားခဲ့ရာမှာ ၅ ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
 
မန်ယူအသင်းရဲ့ ထုတ်ပြန်စာထဲမှာဝောာ့ "နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့ နည်းပြတာဝန်ကနေ နှုတ်ထွက်ခဲ့ပါပြီ၊ အိုလေဟာ မန်ယူအသင်းအတွက် ဂန္တဝင်တစ်ဦးအဖြစ် အမြဲတမ်းတည်ရှိနေမှာဖြစ်ပြီး၊ ဒီလို ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်" လို့ ရေးသားထားပါတယ်။
 
နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို ပရီးမီယားလိဂ် နောက်ဆုံး ၇ ပွဲ ကိုင်တွယ်ခဲ့ရာမှာဝောာ့ ရမှတ် ၄ မှတ်သာ ရယူနိုင်ခဲ့ပြီး၊ ၁၇ မှတ် ဆုံးရှုံးကာ လက်ရှိမှာတော့ အဆင့် ၇ နေရာကို ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။နည်းပြ ဆိုးလ်ရှားဟာ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၇ ပွဲအတွင်း တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး ငါးပွဲအထိ ရှုံးနိမ့်ခဲ့ကာ တစ်ပွဲ သရေ ရလဒ် ရရှိခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ မန်ယူအသင်း နည်းပြသစ်ရာထူးအတွက် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနဒင်း ဇီဒန်းနဲ့ လက်စတာအသင်းနည်းပြ ဘရန်ဒန် ရော်ဂျာစ်တို့ဟာ ရေပန်းစားလျက်ရှိနေပါတယ်။
 
နည်းပြ ဆိုးလ်ရှားဟာ လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မန်ယူအသင်းမှ ထုတ်ပယ်ခဲ့တဲ့ နည်းပြ မော်ရင်ဟို နေရာမှာ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ၃ နှစ်အကြာမှာတော့ မန်ယူအသင်းနည်းပြအဖြစ်မှ မော်ရင်ဟိုကဲ့သို့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
 
Linko
မန်ချက်စတာ၊ နိုဝင်ဘာ - ၂၁