【 အားကစား 】 မန်ယူအသင်းရဲ့ ပစ်မှတ်ကို နွေအပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ရီးရဲလ်အသင်းခေါ်ယူနိုင်ဖို့ နီးစပ်

【 အားကစား 】 မန်ယူအသင်းရဲ့ ပစ်မှတ်ကို နွေအပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ရီးရဲလ်အသင်းခေါ်ယူနိုင်ဖို့ နီးစပ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကတော့ နွေအပြောင်းအရွှေ့ ပိတ်သိမ်းခါနီး နောက်ဆုံးအချိန်မှာ PSG အသင်းရဲ့ ကြယ်ပွင့် အမ်ဘက်ပီ ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် PSG အသင်းဘက်က အမ်ဘက်ပီရဲ့ တန်ကြေးကို ယူရို သန်း ၂၀၀ အထိ ဈေးသတ်မှတ်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်က အမ်ဘက်ပီ ကို ခေါ်ယူရေးကို ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။

အမ်ဘတ်ပီ ကို ခေါ်ယူရေး မအောင်မြင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းဟာ မန်ယူအသင်း စိတ်ဝင်စားနေတဲ့ လူငယ်ကွင်းလယ်ကစားသမားလေးကို ခေါ်ယူရေး နီးစပ်နေပြီလို့ သိရပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းမှ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား‌လေး အက်ဒွာဒို ကာမာဗင်ဂါ ကို နွေအပြောင်းအရွှေ့ ပိတ်သိမ်းခါနီး နောက်ဆုံးအချိန်မှာ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဆိုပါလူငယ်ကစားသမားလေးကို မန်ယူအသင်းက စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ESPN ကတော့ ရီးရဲလ်အသင်းဟာ ကာမာဗင်ဂါ ကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ရင်းနက်စ်အသင်းဘက်ကလည်း သဘောတူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။အင်္ဂါနေ့မှာပဲ ကာမာဗင်ဂါဟာ ဆေးစစ်သွားမယ်လို့ သိရပြီး၊ မကြာခင်အချိန်အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းက တရားဝင်ကြေညာသွားဖွယ်ရှိနေတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။

ရီးရဲလ်အသင်းဘက်က အမ်ဘတ်ပီ ကို ခေါ်ယူရေး လက်လျှော့သွားဖွယ်မရှိသေးပဲ "၂၀၂၂ ခုနှစ်အတွင်းမှာ ပြန်လည်ကြိုးစားသွားဖွယ်ရှိနေပါသေးတယ်" လို့ ရီးရဲလ်အသင်း ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Linko
မက်ဒရစ်၊ ဩဂုတ် - ၃၁