【 အားကစား 】 မန်ယူ တိုက်စစ်မှူး လူကာကူ ကို ခေါ်ဖို့ ပေါင် ၆၃ သန်းဖြင့် အင်တာ စတင်ကမ်းလှမ်း

【 အားကစား 】 မန်ယူ တိုက်စစ်မှူး လူကာကူ ကို ခေါ်ဖို့ ပေါင် ၆၃ သန်းဖြင့် အင်တာ စတင်ကမ်းလှမ်း

အင်တာမီလန်အသင်းဟာ ဒီနွေရာသီ လူခေါ်ယူမှု စတင်တဲ့အနေနဲ့ မန်ယူအသင်း တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူလက်မှတ်ထိုးဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။

လန်ဒန်ကို သွားရောက်ပြီး  မန်ယူ ဒု-ဥက္ကဋ္ဌ အက်ဒဝပ်ဝုဒ် နဲ့ တွေ့ဆုံကာ လူကာကူ ကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရယူဖို့အတွက် အင်တာအသင်းရဲ့ အားကစားဒါရိုက်တာ ပီရိုအော်စီလို သွာရောက်မှာ ဖြစ်ပါတယ်။

စကိုင်းပို့စ် အီတလီနဲ့ ဂါဒီးယန်းက ဖာဘီရီဇီရို က အီတလီကလပ်ကတော့ လူကာကူ ကို ခေါ်ယူလိုတဲ့ အချက်ကို ထင်ထင်ရှားရှား ပြုလုပ်လိုက်တာလို့ ဆိုပါတယ်။ရိုမန်နို က ဒ်ီ ဘယ်လ်ဂျီယမ် ကစားသမားကို ခေါ်ယူဖို့ ကမ်လှမ်းချက်ဟာ ကလပ်က ပေါင် ၉ သန်း (ယူရို ၁၀ သန်း) နဲ့ အငှားခေါ်ယူတာကို ငြင်းလိုက်ရင် ပျက်သွားနိုင်တယ်လို့ ပြောပါတယ်။  

အီတလီကလပ်ရဲ့ ကမ်းလှမ်းချက် အပြည့်အစုံအရဆိုရင် စီးရီးအေအသင်းဟာ လူကာကူအတွက် ၂၀၂၀ ဇွန်မှာ ပေါင်စတာလင် ၂၇ သန်း (ယူရို သန်း ၃၀) ပေးချေပြီး ၂၀၂၁ ဇွန်မှာ စတာလင်ပေါင် ၂၇ သန်း (ယူရို သန်း ၃၀ ) ထပ်မံပေးချေပြီး စုစုပေါင်း အပြောင်းအရွှေ့အတွက် စတာလင်ပေါင် ၆၃ သန်း (၉+၂၇+၂၇) ထိ ရှိမယ်လို့ ဆိုပါတယ်။အင်တာအနေနဲ့ အငှားနဲ့ခေါ်ယူတဲ့ ချယ်ဆီးနဲ့ အဲဗာတန် ကစားသမားဟောင်းကို အပြီးသတ်ခေါ်ယူဖို့အတွက် တာဝန်ရှိမှာဖြစ်ပါတယ်။

မန်ယူအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် စတာလင် ပေါင်သန်း ၈၀ ထိ အလိုရှိနေတဲ့အတွက် အင်တာရဲ့ ယခုကမ်းလှမ်းချက်ကို မန်ယူဘက်က ငြင်းပယ်လိမ့်မယ်လို့ ထင်ပါတယ်။

Linko
Ref : sportbible.com
လန်ဒန်၊ ဇူလိုင် - ၁၁

( Zawgyi )

အင္တာမီလန္အသင္းဟာ ဒီေႏြရာသီ လူေခၚယူမႈ စတင္တဲ့အေနနဲ႔ မန္ယူအသင္း တိုက္စစ္မႉး လူကာကူ ကို ေခၚယူလက္မွတ္ထိုးဖို႔ စတင္လိုက္ၿပီ ျဖစ္ပါတယ္။

လန္ဒန္ကို သြားေရာက္ၿပီး  မန္ယူ ဒု-ဥကၠ႒ အက္ဒဝပ္ဝုဒ္ နဲ႔ ေတြ႕ဆုံကာ လူကာကူ ကို ေခၚယူဖို႔ အၿပီးသတ္ သေဘာတူညီမႈ ရယူဖို႔အတြက္ အင္တာအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ပီ႐ိုေအာ္စီလို သြာေရာက္မွာ ျဖစ္ပါတယ္။

စကိုင္းပို႔စ္ အီတလီနဲ႔ ဂါဒီးယန္းက ဖာဘီရီဇီ႐ို က အီတလီကလပ္ကေတာ့ လူကာကူ ကို ေခၚယူလိုတဲ့ အခ်က္ကို ထင္ထင္ရွားရွား ျပဳလုပ္လိုက္တာလို႔ ဆိုပါတယ္။႐ိုမန္ႏို က ဒ္ီ ဘယ္လ္ဂ်ီယမ္ ကစားသမားကို ေခၚယူဖို႔ ကမ္လွမ္းခ်က္ဟာ ကလပ္က ေပါင္ ၉ သန္း (ယူ႐ို ၁၀ သန္း) နဲ႔ အငွားေခၚယူတာကို ျငင္းလိုက္ရင္ ပ်က္သြားႏိုင္တယ္လို႔ ေျပာပါတယ္။  

အီတလီကလပ္ရဲ႕ ကမ္းလွမ္းခ်က္ အျပည့္အစုံအရဆိုရင္ စီးရီးေအအသင္းဟာ လူကာကူအတြက္ ၂၀၂၀ ဇြန္မွာ ေပါင္စတာလင္ ၂၇ သန္း (ယူ႐ို သန္း ၃၀) ေပးေခ်ၿပီး ၂၀၂၁ ဇြန္မွာ စတာလင္ေပါင္ ၂၇ သန္း (ယူ႐ို သန္း ၃၀ ) ထပ္မံေပးေခ်ၿပီး စုစုေပါင္း အေျပာင္းအေ႐ႊ႕အတြက္ စတာလင္ေပါင္ ၆၃ သန္း (၉+၂၇+၂၇) ထိ ရွိမယ္လို႔ ဆိုပါတယ္။အင္တာအေနနဲ႔ အငွားနဲ႔ေခၚယူတဲ့ ခ်ယ္ဆီးနဲ႔ အဲဗာတန္ ကစားသမားေဟာင္းကို အၿပီးသတ္ေခၚယူဖို႔အတြက္ တာဝန္ရွိမွာျဖစ္ပါတယ္။

မန္ယူအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉးအတြက္ စတာလင္ ေပါင္သန္း ၈၀ ထိ အလိုရွိေနတဲ့အတြက္ အင္တာရဲ႕ ယခုကမ္းလွမ္းခ်က္ကို မန္ယူဘက္က ျငင္းပယ္လိမ့္မယ္လို႔ ထင္ပါတယ္။

Linko
Ref : sportbible.com
လန္ဒန္၊ ဇူလိုင္ - ၁၁