【 အားကစား 】 ရှော်လ်ကေး ကွင်းမှာ နောက်တစ်ဆင့်တက်ဖို့ သေချာတဲ့ဂိုးတွေသွင်းမယ့် မန်စီးတီး

【 အားကစား 】 ရှော်လ်ကေး ကွင်းမှာ နောက်တစ်ဆင့်တက်ဖို့ သေချာတဲ့ဂိုးတွေသွင်းမယ့် မန်စီးတီး

ယနေ့ည ၂ နာရီခွဲအချိန်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဂျာမန်မြေမှာ ဂျာမန်ကလပ် ရှော်ကေးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယခုရာသီ အမှတ်ပေးပွဲတွေမှာ အိမ်ကွင်းရှုံးပွဲ ၆ ပွဲ သရေတစ်ပွဲ နိုင်ပွဲ ၄ သာရှိတဲ့ ရှော်လ်ကေးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးအသင်းတို့ တွေ့ဆုံကြတာဖြစ်လို့ ပွဲက တစ်ဖက်သတ်ဖြစ်ဖို့ များနေပါတယ်။

အိမ်ကွင်းမှာ ရလဒ်မကောင်းတဲ့ ဂျာမန်အသင်းကို တစ်ချိန်က ဘိုင်ယန်အသင်းကို နည်းပြလုပ်ခဲ့တဲ့သူ ကိုင်တွယ်နေတဲ့ အသင်းကြီးက သွားကစားမှာ ဖြစ်တဲ့အတွက် လက်ရှိခြေစွမ်းအရဘဲ တွက်တွက်၊ အစဉ်အလာနဲ့ နည်းပြသဘာအရဘဲ တွက်တွက်  မန်စီးတီးဘက်က အသာဖြစ်နေပါတယ်။ဒါပေမယ့် ညက ကစားခဲ့တဲ့ပွဲမှာ အများထင်ထားသလို မဟုတ်ဘဲ ဘိုင်ယန်အသင်းက လီဗာပူးလ်ကို ခြေသာနဲ့ ဂိုးမရှိသရေ ကစားခဲ့တဲ့အတွက် လျော့ပေါ့ပြီး တွက်ဆကစားရင် ဒီပွဲက မန်စီးတီးအတွက် မထင်မှတ်ဘဲ အမှတ်ဗလာနဲ့ ပြန်ရဖို့ များပါတယ်။

အိမ်ရှင် ရှော်လ်ကေးအသင်းဟာ အုပ်စု (D) မှာ ပေါ်တို၊ ဂါလာတာစရေး၊ လိုကိုမိုးတစ်မော်စကို တို့နဲ့အတူ ပါဝင်ခဲ့ပြီး ဒီအုပ်စုမှာ ရှော်လ်ကေးက ပေါ်တိုအသင်းနဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ဒီအုပ်စုမှာ ရှော်လ်ကေးအသင်း ၆ ပွဲကစားပြီး ရမှတ် ၁၁ မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်လာခဲ့တာပါ။ချန်ပီယံလိဂ် အုပ်စုတွင်း အိမ်ကွင်းပွဲစဉ်တွေကို ပြန်ကြည့်ရင် လိုကိုမိုးတစ်မော်စကို ၁ - ၀ ဂါလာတာစရေးကို ၂ - ၀ နဲ့ အနိုင်ကစားကာ ပေါ်တိုအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ရှော်လ်ကေးအသင်း နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးထားပြီး အိမ်ကွင်း ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးထားတဲ့အတွက် ရှော်လ်ကေးအတွက် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲက ခက်ခဲတဲ့ဖြတ်သန်းမှု ဖြစ်လာနိုင်ပါတယ်။

ဧည့်သည် မန်စီးတီးအသင်းကတော့  ချန်ပီယံလိဂ် အုပ်စု (E) မှာ ဟောဖန်ဟိမ်း၊ လိုင်ယွန်၊ ရှက်တာဒိုးနက် တို့နဲ့အတူ ပါဝင်ခဲ့ပြီး ဒီအုပ်စုမှာ ၆ ပွဲကစား ၁၃ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို လိုင်ယွန်အသင်းနဲ့အတူ အုပ်စုဗိုလ်အဖြစ် တက်လာခဲ့တာပါ။အုပ်စုတွင်း အဝေးကွင်းပွဲတွေမှာ  ဟောဖန်ဟိမ်းကို ၁ - ၂ ၊ ရှက်တာ ဒိုးနက်ကို ဝ-၃ နဲ့ အနိုင်ရပြီး လိုင်ယွန်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၂၇ ပွဲကစားပြီး ၂၁ ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံးထားပြီး ရဂိုး ၇၄ ပေးဂိုး ၂၀ ဂိုးရှိတဲ့ တိုက်စစ်ကောင်းတဲ့ အသင်းပါ။အဝေးကွင်းပွဲစဉ်တွေမှာ ၁၃ ပွဲကို ၈ ပွဲနိုင် ၂ ပွဲသရေ၊ ၃ပွဲရှုံးထားပြီး ရဂိုး ၂၅ ဂိုး ပေးဂိုး ၉ ဂိုးရှိတဲ့ အသင်းပါ။

ရှော်လ်ကေးကတော့ ဘွန်ဒက်စ်လီဂါမှာ တန်းဆင်းဇုံနား ကပ်နေပြီး ၂၂ ပွဲမှာ ၆ ပွဲနိုင် ၅ ပွဲသရေ ၁၁ ပွဲရှုံးကာ ရဂိုး ၂၅ ဂိုး ပေးဂိုး ၃၂ ဂိုးရှိနေတဲ့အတွက် ဒီပွဲက မထင်မှတ်ဘဲ မန်စီးတီး ဂိုးသွင်းလေ့ကျင့်မယ့် ပွဲဖြစ်လာဖို့ များပါတယ်။

ပွဲကြိုထုတ်ပြန်ထားတဲ့ လူစာရင်းအရ ဒီပွဲကို အိမ်ရှင် ရှော်လ်ကေးဘက်က ဂိုး - နူဘယ်၊ နောက်တန်း - ဒန်နီရယ်လ် ကာလီဂူရီ၊ ဆာလိဖ် ဆာနေး၊ နက်စတာဆစ်၊ အိုဇိပါကာ၊ အလယ်တန်း - မက်က္ကာနေး၊ ဘန်တာလက်ဘ်၊ ယက်ဗ်ဟန် ကိုနိုပလန်ကာ၊ မက်ခ်အူတာ၊ မက်တွန်ဒို၊ ရှေ့တန်း - အာမက် ကူတူချူး တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

မန်စီးတီးအသင်းကတော့ ဂိုး - အီဒါဆန်၊ နောက်တန်း - ကိုင်လီ ဝေါ်လ်ကာ၊ ဂျွန်စတုန်း၊ အော်တာမန်ဒီ၊ လာပေါ်တီ၊ အလယ်တန်း - ဒီဘရိုင်း၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးလ်ဗား၊ ရှေ့တန်း - စတာလင်၊ အဂူရို၊ ဆာနေး တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက ဧည့်သည် မန်စီးတီးဘက်က နှစ်လုံး ပြား ၇၀ အနိုင်ပးထားသလို ဂိုးပေါင်းသုံးလုံးကို သရေပေးထားပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေကိုသာ ရေတွက်ရဖို့များတဲ့အတွက် ဘွန်ဒက်စ်လီဂါအသင်းတွေ အထာကိုနပ်တဲ့ နည်းပြ ဂွာဒီယိုလာ ရဲ့ မန်စီးတီးအသင်းကို အကြိုက်တွေ့မိပြီး ဂိုးအပေါ်က အကောင်းဆုံးလို့ ထင်ပါကြောင်း……..။

KON (SPORT)
ဖေဖော်ဝါရီ - ၂၀

( Zawgyi )

ယေန႔ည ၂ နာရီခြဲအခ်ိန္မွာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္အျဖစ္ ဂ်ာမန္ေျမမွာ ဂ်ာမန္ကလပ္ ေရွာ္ေကးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ယခုရာသီ အမွတ္ေပးပြဲေတြမွာ အိမ္ကြင္းရႈံးပြဲ ၆ ပြဲ သေရတစ္ပြဲ ႏိုင္ပြဲ ၄ သာရွိတဲ့ ေရွာ္လ္ေကးအသင္းနဲ႔ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယားကို ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းတို႔ ေတြ႕ဆုံၾကတာျဖစ္လို႔ ပြဲက တစ္ဖက္သတ္ျဖစ္ဖို႔ မ်ားေနပါတယ္။

အိမ္ကြင္းမွာ ရလဒ္မေကာင္းတဲ့ ဂ်ာမန္အသင္းကို တစ္ခ်ိန္က ဘိုင္ယန္အသင္းကို နည္းျပလုပ္ခဲ့တဲ့သူ ကိုင္တြယ္ေနတဲ့ အသင္းႀကီးက သြားကစားမွာ ျဖစ္တဲ့အတြက္ လက္ရွိေျခစြမ္းအရဘဲ တြက္တြက္၊ အစဥ္အလာနဲ႔ နည္းျပသဘာအရဘဲ တြက္တြက္  မန္စီးတီးဘက္က အသာျဖစ္ေနပါတယ္။ဒါေပမယ့္ ညက ကစားခဲ့တဲ့ပြဲမွာ အမ်ားထင္ထားသလို မဟုတ္ဘဲ ဘိုင္ယန္အသင္းက လီဗာပူးလ္ကို ေျခသာနဲ႔ ဂိုးမရွိသေရ ကစားခဲ့တဲ့အတြက္ ေလ်ာ့ေပါ့ၿပီး တြက္ဆကစားရင္ ဒီပြဲက မန္စီးတီးအတြက္ မထင္မွတ္ဘဲ အမွတ္ဗလာနဲ႔ ျပန္ရဖို႔ မ်ားပါတယ္။

အိမ္ရွင္ ေရွာ္လ္ေကးအသင္းဟာ အုပ္စု (D) မွာ ေပၚတို၊ ဂါလာတာစေရး၊ လိုကိုမိုးတစ္ေမာ္စကို တို႔နဲ႔အတူ ပါဝင္ခဲ့ၿပီး ဒီအုပ္စုမွာ ေရွာ္လ္ေကးက ေပၚတိုအသင္းနဲ႔အတူ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ဒီအုပ္စုမွာ ေရွာ္လ္ေကးအသင္း ၆ ပြဲကစားၿပီး ရမွတ္ ၁၁ မွတ္နဲ႔ အုပ္စုဒုတိယေနရာကေန ရႈံးထြက္အဆင့္ကို တက္လာခဲ့တာပါ။ခ်န္ပီယံလိဂ္ အုပ္စုတြင္း အိမ္ကြင္းပြဲစဥ္ေတြကို ျပန္ၾကည့္ရင္ လိုကိုမိုးတစ္ေမာ္စကို ၁ - ၀ ဂါလာတာစေရးကို ၂ - ၀ နဲ႔ အႏိုင္ကစားကာ ေပၚတိုအသင္းနဲ႔ တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ေရွာ္လ္ေကးအသင္း ေနာက္ဆုံးကစားထားတဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၁ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံးထားၿပီး အိမ္ကြင္း ၅ ပြဲမွာ ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးထားတဲ့အတြက္ ေရွာ္လ္ေကးအတြက္ မန္စီးတီးနဲ႔ ရင္ဆိုင္ရမယ့္ပြဲက ခက္ခဲတဲ့ျဖတ္သန္းမႈ ျဖစ္လာႏိုင္ပါတယ္။

ဧည့္သည္ မန္စီးတီးအသင္းကေတာ့  ခ်န္ပီယံလိဂ္ အုပ္စု (E) မွာ ေဟာဖန္ဟိမ္း၊ လိုင္ယြန္၊ ရွက္တာဒိုးနက္ တို႔နဲ႔အတူ ပါဝင္ခဲ့ၿပီး ဒီအုပ္စုမွာ ၆ ပြဲကစား ၁၃ မွတ္နဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို လိုင္ယြန္အသင္းနဲ႔အတူ အုပ္စုဗိုလ္အျဖစ္ တက္လာခဲ့တာပါ။အုပ္စုတြင္း အေဝးကြင္းပြဲေတြမွာ  ေဟာဖန္ဟိမ္းကို ၁ - ၂ ၊ ရွက္တာ ဒိုးနက္ကို ဝ-၃ နဲ႔ အႏိုင္ရၿပီး လိုင္ယြန္နဲ႔ တစ္ဖက္ႏွစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ ၂၇ ပြဲကစားၿပီး ၂၁ ပြဲႏိုင္ ၂ ပြဲသေရ ၄ ပြဲရႈံးထားၿပီး ရဂိုး ၇၄ ေပးဂိုး ၂၀ ဂိုးရွိတဲ့ တိုက္စစ္ေကာင္းတဲ့ အသင္းပါ။အေဝးကြင္းပြဲစဥ္ေတြမွာ ၁၃ ပြဲကို ၈ ပြဲႏိုင္ ၂ ပြဲသေရ၊ ၃ပြဲရႈံးထားၿပီး ရဂိုး ၂၅ ဂိုး ေပးဂိုး ၉ ဂိုးရွိတဲ့ အသင္းပါ။

ေရွာ္လ္ေကးကေတာ့ ဘြန္ဒက္စ္လီဂါမွာ တန္းဆင္းဇုံနား ကပ္ေနၿပီး ၂၂ ပြဲမွာ ၆ ပြဲႏိုင္ ၅ ပြဲသေရ ၁၁ ပြဲရႈံးကာ ရဂိုး ၂၅ ဂိုး ေပးဂိုး ၃၂ ဂိုးရွိေနတဲ့အတြက္ ဒီပြဲက မထင္မွတ္ဘဲ မန္စီးတီး ဂိုးသြင္းေလ့က်င့္မယ့္ ပြဲျဖစ္လာဖို႔ မ်ားပါတယ္။

ပြဲႀကိဳထုတ္ျပန္ထားတဲ့ လူစာရင္းအရ ဒီပြဲကို အိမ္ရွင္ ေရွာ္လ္ေကးဘက္က ဂိုး - ႏူဘယ္၊ ေနာက္တန္း - ဒန္နီရယ္လ္ ကာလီဂူရီ၊ ဆာလိဖ္ ဆာေနး၊ နက္စတာဆစ္၊ အိုဇိပါကာ၊ အလယ္တန္း - မက္ကၠာေနး၊ ဘန္တာလက္ဘ္၊ ယက္ဗ္ဟန္ ကိုႏိုပလန္ကာ၊ မက္ခ္အူတာ၊ မက္တြန္ဒို၊ ေရွ႕တန္း - အာမက္ ကူတူခ်ဴး တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

မန္စီးတီးအသင္းကေတာ့ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ကိုင္လီ ေဝၚလ္ကာ၊ ဂြၽန္စတုန္း၊ ေအာ္တာမန္ဒီ၊ လာေပၚတီ၊ အလယ္တန္း - ဒီဘ႐ိုင္း၊ ဖာနန္ဒင္ဟို၊ ေဒးဗစ္ေဆးလ္ဗား၊ ေရွ႕တန္း - စတာလင္၊ အဂူ႐ို၊ ဆာေနး တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက ဧည့္သည္ မန္စီးတီးဘက္က ႏွစ္လုံး ျပား ၇၀ အႏိုင္ပးထားသလို ဂိုးေပါင္းသုံးလုံးကို သေရေပးထားပါတယ္။

ဒီပြဲမွာ မန္စီးတီးအသင္းရဲ႕ သြင္းဂိုးေတြကိုသာ ေရတြက္ရဖို႔မ်ားတဲ့အတြက္ ဘြန္ဒက္စ္လီဂါအသင္းေတြ အထာကိုနပ္တဲ့ နည္းျပ ဂြာဒီယိုလာ ရဲ႕ မန္စီးတီးအသင္းကို အႀကိဳက္ေတြ႕မိၿပီး ဂိုးအေပၚက အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း……..။

KON (SPORT)
ေဖေဖာ္ဝါရီ - ၂၀