【 အားကစား 】 လန်ဒန်မြေမှာ ပြင်သစ်သားတွေကို အသည်းခွဲမယ့် ဂန်းနားတွေ

【  အားကစား  】 လန်ဒန်မြေမှာ ပြင်သစ်သားတွေကို အသည်းခွဲမယ့် ဂန်းနားတွေ

ယနေ့ည ၁၂ နာရီ ခွဲ မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို ဆက်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲတွေထဲမှာ ပထမအကျော့က တစ်ယောက်အလျော့နဲ့ အနိုင်ကနေ အရှုံးဖြစ်ခဲ့တဲ့ အာဆင်နယ်အ သင်းက အိမ်ကွင်းမှာ ဘယ်လို ပြန်ပြီး အနိုင်ကစားမလဲ ဆိုတာ  ကြည့်ရမယ့်  ပွဲစဉ်တစ်ခုပါနေပါတယ်။  

ဒီပွဲမှာ အာဆင်နယ်အသင်း သေချာပေါက်အနိုင်ရမှာဖြစ်ပေမယ့် ပထမ အကျော့ကလို  မထင်မှတ် တာတွေ လုပ်ပြဖို့ ရင်းနက်စ်အသင်းကလည်း ကြိုးစားလာမှာ သေချာနေပါတယ်။

ပထမအကျော့တုန်းက ရင်းနက်စ်အသင်းကို ပထမပိုင်း ၃၄ မိနစ်မှာ အိုင်ဝိုဘီသွင်းတဲ့ ဂိုးနဲ့ ဦးဆောင် ကစားနေရာကနေ နောက်တန်းကစားသမား ဆိုကရာတစ်  ပထမပိုင်း ၄၁ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထွက်သွား ရပြီးနောက် ရင်းနက်စ်အသင်းက ချေပဂိုးကို ၄၂ မိနစ်မှာ ရခဲ့တာပါ။

ဒီနောက်ဒုတိယပိုင်းတစ်ပိုင်းလုံး အာဆင်နယ်အသင်း ၁၀ ယောက်တည်းနဲ့ ရင်းနက်စ်အသင်းကို ခံကစားခဲ့ရပြီး နာချိုမိုနာရာယ်လ်က ၆၅ မိနစ်မှာ၊အစ္စမေလာဆာက ၈၈ မိနစ်မှာ ရင်းနက်စ် အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပြီး ပွဲပြီးချိန်မှာ ၃-၁ နဲ့ အိမ်ရှင်က အနိုင်ယူသွားခဲ့ပါတယ်။

တစ်ပွဲလုံးပြန်ချုံကြည့်ရင် ရင်းနက်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာမရပေမယ့် ဂိုးပေါက်ကန် သွင်းမှုမှာ တစ်ပွဲလုံး ၁၉ ကြိမ်ထိ ဖန်တီးနိုင်ခဲ့ပြီးဂိုးပေါက်ထိရောက်မှု ၈ ကြိမ်ရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ ၁၂ ကြိမ်ဖန်တီးတာမှာ ၄ ခါသာထိရောက်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်ထက် ရင်းနက်စ်တိုက်စစ်မှူးတွေက ပို တိကျသေချာတဲ့ သဘောပါဘဲ။နောက်တန်းမှာကျတော့ ရင်းနက်စ်အသင်းက ဂိုးသေချာတဲ့ ရှင်းထုတ်မှုကို ရင်း နက်စ်က ၃ ကြိမ်သာရှင်းထုတ်ခဲ့ရပြီး အာဆင်နယ်က ၅ ကြိမ်ထိရှင်းထုတ်ခဲ့ရပါတယ်။

နယူးကာဆယ်၊ဟူးလ်စီးတီးလို ပရီးမီးယားလိဂ်အသင်းတွေမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ဘင်အာဖာလို တိုက် စစ်မှူးပါနေတဲ့ အတွက်  အာဆင်နယ်လိုနောက်တန်းကို ရှိန်နေမှာမဟုတ်ပါဘူး။ပြင်သစ်တိုက်စစ်မှူး တွေပါတဲ့ အာဆင်နယ်အတွက်ကလည်း အိမ်ကွင်းမှာ နောက်တစ်ဆင့်အတွက် မရရအောင် အနိုင်ရအောင် ကစားမှာ သေချာနေပါတယ်။

အာဆင်နယ် အသင်းကတော့ ဒီရာသီ ပရီမီးယားလိဂ်  ပွဲစဉ် ၃၀ ပွဲ ကစားခဲ့ရာမှာ ၁၈ ပွဲနိုင် ၆ ပွဲသရေ ၆ ပွဲရှုံးကာ ရဂိုး ၆၃ ဂိုး ပေးဂိုး၃၉ ဂိုး နဲ့ အဆင့် ၄ နေရာမှာရှိနေပါတယ်။ ဒီရာသီအိမ် ကွင်း ၁၆ ပွဲတိတိ ပရီးမီးယား လိဂ် ပွဲတွေကို လက်ခံကစားခဲ့ရာမှာ ၁၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။ သွင်းဂိုး ၃၇ ဂိုးသွင်းကာ ၁၂ ဂိုးပြန် ပေးခဲ့ရပါတယ်။ဒီနူန်းက အိမ်ကွင်းပွဲစဉ်တွေမှာ တစ်ပွဲကို ၂ ဂိုးကျော်သွင်းကာ တစ်ဂိုးအောက် ပေးဂိုးရှိခဲ့တဲ့အသင်းပါ။

ယူရိုပါလိဂ် ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် အုပ်စု(E)မှာပါဝင်ပြီး ကွာရာဘတ်၊ စပိုတင်း ၊ ဗိုစလ်ကာ အသင်း တွေနဲ့ ကစားပြီး ၆ ပွဲကစားပြီး ၁၆ မှတ်ရကာ အုပ်စုဗိုလ်အနေနဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်ကို တက်လာတာပါ။ ၃၂ သင်းအဆင့် အိမ်ကွင်းမှာ ဘိတ်ဘိုရီဆော့ဗ်ကို လက်ခံ ကစားခဲ့ ရာမှာ သုံးဂိုးပြတ်အနိုင်ရပြီး ဒီအဆင့်ကို တက်လာခဲ့တဲ့ အသင်းပါ။

ဧည့်သည်ရင်းနက်စ်အသင်းကတော့ ပြင်သစ် လီဂူး-၁ မှာ ရမှတ် ၄၀ မှတ်နဲ့ အဆင့် ၈ နေရာရောက်နေ တဲ့ အသင်းဖြစ်ပြီး ဒီရာသီ လီဂူးပွဲစဉ် ၂၇ ပွဲကစားရာမှာ ၁၁ ပွဲနိုင် ၇ ပွဲ သရေ၊၉ ပွဲရှုံးကာ  ရဂိုး ၃၈ ဂိုး၊ပေးဂိုး၃၅ ဂိုးထိရှိခဲ့ပါတယ်။ အဝေးကွင်း ၁၃ ပွဲတိတိ လက်ခံကစားခဲ့ရာမှာ ၆ပွဲနိုင် ၄ ပွဲသရေ ၃ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး ၁၇ ဂိုးသွင်းကာ ၂၂ ဂိုးပြန် ပေးခဲ့ရပါတယ်။ဒီနူန်းက အိမ်ကွင်း ပွဲစဉ်တွေမှာ တစ်ပွဲကို ၁ ဂိုးနူန်းကျော်ကျော်သွင်းကာ နှစ်ဂိုးနီးပါး ပေးဂိုးရှိခဲ့တဲ့အသင်းပါ။

ယူရိုပါလိဂ် ပွဲစဉ်တစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် အုပ်စု(K)မှာပါဝင်ပြီး ဒိုင်နမိုကိဗ်၊အက်စတာနာ၊ ဂျေဘလိုနက်စ် အသင်းတွေနဲ့ ကစားပြီး ၆ ပွဲကစား ၉ မှတ်ရကာ ဒိုနမိုကိဗ်အသင်းနဲ့အတူ အုပ်စု ဒုတိယ နေရာကနေ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်ကို တက်လာတာပါ။ ယူရိုပါလိဂ် ၃၂ သင်း အဆင့်မှာ  လာလီဂါမှာ စွာနေတဲ့ ဘက်တစ်အသင်းကို ဘက်တစ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ကစာပြီး ၁၆ သင်းအဆင့်ကိုတက်လာတာပါ။    

ယခုပွဲစဉ်အတွက် ပွဲကြိုထွက်လာတဲ့ လူစာရင်းအရ အိမ်ရှင် အာဆင် နယ် အသင်းမှာ  ဂိုး - ပီတာချက်၊ နောက်တန်း- ကွန်စီရယ်လ်နီ၊မိုနာရယ်လ်၊မူစတာဖီ၊အလယ်တန်း- တော်ရဲရား၊ ရမ်ဆေး၊ မစ်ဒ်လန်းနိုင်း၊ အိုင်ဝိုဘီ၊ကိုလာစီနက်၊ ဇာခါ ၊ ရှေ့တန်း- လာကာဇက်တီ တို့ ပါဝင် လာဖွယ်ရှိနေပြီး ရင်းနက်စ်အသင်းကတော့ ဂိုး- တိုမက်စ် ကိုဘတ်၊ နောက်တန်း- ထရာအိုရေး၊ ဒါမီယန်ဒါဆေးလ်ဗား၊ မက်ဆာ၊ဘန်ဆာဘီနီ၊အလယ်တန်း-အစ္စမေး လ်ဆာ၊ ဂရီနီရာ၊ ဘူရီဂျီရာဒ်၊ ဘင်ဂျမင်အန်ဒရီ၊ ရှေ့တန်း- ဘင်အာဖာ၊ အင်ဒရီရန် ဟိုနိုနူ တို့ ပါဝင်လာဖွယ်ရှိပြီး ပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေဈေးပေးရာမှာ  အာဆင်နယ်ဘက်ကနေ နှစ်လုံး ၈၀ နိုင် ၊ ဂိုးပေါင်းက ၃ လုံး ပြား ၃၀ အရှုံးပေးထားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ရင်းနက်စ်အသင်းနဲ့ ဂိုးအပေါ်နေ တာ အကောင်းဆုံး လို့ ထင်ပါ ကြောင်း။။။။။။။။။။။

KON(SPORT) 

(    Zawgyi    )

 ယေန႔ည ၁၂ နာရီ ခြဲ မွာ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ေတြကို ဆက္ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲေတြထဲမွာ ပထမအေက်ာ့က တစ္ေယာက္အေလ်ာ့နဲ႔ အႏိုင္ကေန အရႈံးျဖစ္ခဲ့တဲ့ အာဆင္နယ္အ သင္းက အိမ္ကြင္းမွာ ဘယ္လို ျပန္ၿပီး အႏိုင္ကစားမလဲ ဆိုတာ  ၾကည့္ရမယ့္  ပြဲစဥ္တစ္ခုပါေနပါတယ္။  

ဒီပြဲမွာ အာဆင္နယ္အသင္း ေသခ်ာေပါက္အႏိုင္ရမွာျဖစ္ေပမယ့္ ပထမ အေက်ာ့ကလို  မထင္မွတ္ တာေတြ လုပ္ျပဖို႔ ရင္းနက္စ္အသင္းကလည္း ႀကိဳးစားလာမွာ ေသခ်ာေနပါတယ္။

ပထမအေက်ာ့တုန္းက ရင္းနက္စ္အသင္းကို ပထမပိုင္း ၃၄ မိနစ္မွာ အိုင္ဝိုဘီသြင္းတဲ့ ဂိုးနဲ႔ ဦးေဆာင္ ကစားေနရာကေန ေနာက္တန္းကစားသမား ဆိုကရာတစ္  ပထမပိုင္း ၄၁ မိနစ္မွာ ႏွစ္ဝါတစ္နီနဲ႔ ထြက္သြား ရၿပီးေနာက္ ရင္းနက္စ္အသင္းက ေခ်ပဂိုးကို ၄၂ မိနစ္မွာ ရခဲ့တာပါ။

ဒီေနာက္ဒုတိယပိုင္းတစ္ပိုင္းလုံး အာဆင္နယ္အသင္း ၁၀ ေယာက္တည္းနဲ႔ ရင္းနက္စ္အသင္းကို ခံကစားခဲ့ရၿပီး နာခ်ိဳမိုနာရာယ္လ္က ၆၅ မိနစ္မွာ၊အစၥေမလာဆာက ၈၈ မိနစ္မွာ ရင္းနက္စ္ အသင္းအတြက္ အႏိုင္ဂိုးေတြ သြင္းၿပီး ပြဲၿပီးခ်ိန္မွာ ၃-၁ နဲ႔ အိမ္ရွင္က အႏိုင္ယူသြားခဲ့ပါတယ္။

တစ္ပြဲလုံးျပန္ခ်ဳံၾကည့္ရင္ ရင္းနက္စ္အသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာမရေပမယ့္ ဂိုးေပါက္ကန္ သြင္းမႈမွာ တစ္ပြဲလုံး ၁၉ ႀကိမ္ထိ ဖန္တီးႏိုင္ခဲ့ၿပီးဂိုးေပါက္ထိေရာက္မႈ ၈ ႀကိမ္ရွိခဲ့ပါတယ္။ အာဆင္နယ္ကေတာ့ ၁၂ ႀကိမ္ဖန္တီးတာမွာ ၄ ခါသာထိေရာက္ခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္ထက္ ရင္းနက္စ္တိုက္စစ္မႉးေတြက ပို တိက်ေသခ်ာတဲ့ သေဘာပါဘဲ။ေနာက္တန္းမွာက်ေတာ့ ရင္းနက္စ္အသင္းက ဂိုးေသခ်ာတဲ့ ရွင္းထုတ္မႈကို ရင္း နက္စ္က ၃ ႀကိမ္သာရွင္းထုတ္ခဲ့ရၿပီး အာဆင္နယ္က ၅ ႀကိမ္ထိရွင္းထုတ္ခဲ့ရပါတယ္။

နယူးကာဆယ္၊ဟူးလ္စီးတီးလို ပရီးမီးယားလိဂ္အသင္းေတြမွာ ေျခစြမ္းျပခဲ့ဖူးတဲ့ ဘင္အာဖာလို တိုက္ စစ္မႉးပါေနတဲ့ အတြက္  အာဆင္နယ္လိုေနာက္တန္းကို ရွိန္ေနမွာမဟုတ္ပါဘူး။ျပင္သစ္တိုက္စစ္မႉး ေတြပါတဲ့ အာဆင္နယ္အတြက္ကလည္း အိမ္ကြင္းမွာ ေနာက္တစ္ဆင့္အတြက္ မရရေအာင္ အႏိုင္ရေအာင္ ကစားမွာ ေသခ်ာေနပါတယ္။

အာဆင္နယ္ အသင္းကေတာ့ ဒီရာသီ ပရီမီးယားလိဂ္  ပြဲစဥ္ ၃၀ ပြဲ ကစားခဲ့ရာမွာ ၁၈ ပြဲႏိုင္ ၆ ပြဲသေရ ၆ ပြဲရႈံးကာ ရဂိုး ၆၃ ဂိုး ေပးဂိုး၃၉ ဂိုး နဲ႔ အဆင့္ ၄ ေနရာမွာရွိေနပါတယ္။ ဒီရာသီအိမ္ ကြင္း ၁၆ ပြဲတိတိ ပရီးမီးယား လိဂ္ ပြဲေတြကို လက္ခံကစားခဲ့ရာမွာ ၁၃ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။ သြင္းဂိုး ၃၇ ဂိုးသြင္းကာ ၁၂ ဂိုးျပန္ ေပးခဲ့ရပါတယ္။ဒီႏူန္းက အိမ္ကြင္းပြဲစဥ္ေတြမွာ တစ္ပြဲကို ၂ ဂိုးေက်ာ္သြင္းကာ တစ္ဂိုးေအာက္ ေပးဂိုးရွိခဲ့တဲ့အသင္းပါ။

ယူ႐ိုပါလိဂ္ ပြဲစဥ္ေတြကိုျပန္ၾကည့္မယ္ဆိုရင္ အုပ္စု(E)မွာပါဝင္ၿပီး ကြာရာဘတ္၊ စပိုတင္း ၊ ဗိုစလ္ကာ အသင္း ေတြနဲ႔ ကစားၿပီး ၆ ပြဲကစားၿပီး ၁၆ မွတ္ရကာ အုပ္စုဗိုလ္အေနနဲ႔ ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္ကို တက္လာတာပါ။ ၃၂ သင္းအဆင့္ အိမ္ကြင္းမွာ ဘိတ္ဘိုရီေဆာ့ဗ္ကို လက္ခံ ကစားခဲ့ ရာမွာ သုံးဂိုးျပတ္အႏိုင္ရၿပီး ဒီအဆင့္ကို တက္လာခဲ့တဲ့ အသင္းပါ။

ဧည့္သည္ရင္းနက္စ္အသင္းကေတာ့ ျပင္သစ္ လီဂူး-၁ မွာ ရမွတ္ ၄၀ မွတ္နဲ႔ အဆင့္ ၈ ေနရာေရာက္ေန တဲ့ အသင္းျဖစ္ၿပီး ဒီရာသီ လီဂူးပြဲစဥ္ ၂၇ ပြဲကစားရာမွာ ၁၁ ပြဲႏိုင္ ၇ ပြဲ သေရ၊၉ ပြဲရႈံးကာ  ရဂိုး ၃၈ ဂိုး၊ေပးဂိုး၃၅ ဂိုးထိရွိခဲ့ပါတယ္။ အေဝးကြင္း ၁၃ ပြဲတိတိ လက္ခံကစားခဲ့ရာမွာ ၆ပြဲႏိုင္ ၄ ပြဲသေရ ၃ ပြဲရႈံးခဲ့ပါတယ္။သြင္းဂိုး ၁၇ ဂိုးသြင္းကာ ၂၂ ဂိုးျပန္ ေပးခဲ့ရပါတယ္။ဒီႏူန္းက အိမ္ကြင္း ပြဲစဥ္ေတြမွာ တစ္ပြဲကို ၁ ဂိုးႏူန္းေက်ာ္ေက်ာ္သြင္းကာ ႏွစ္ဂိုးနီးပါး ေပးဂိုးရွိခဲ့တဲ့အသင္းပါ။

ယူ႐ိုပါလိဂ္ ပြဲစဥ္တစ္ေလွ်ာက္ ျပန္ၾကည့္မယ္ဆိုရင္ အုပ္စု(K)မွာပါဝင္ၿပီး ဒိုင္နမိုကိဗ္၊အက္စတာနာ၊ ေဂ်ဘလိုနက္စ္ အသင္းေတြနဲ႔ ကစားၿပီး ၆ ပြဲကစား ၉ မွတ္ရကာ ဒိုနမိုကိဗ္အသင္းနဲ႔အတူ အုပ္စု ဒုတိယ ေနရာကေန ယူ႐ိုပါလိဂ္ ၃၂ သင္းရႈံးထြက္ကို တက္လာတာပါ။ ယူ႐ိုပါလိဂ္ ၃၂ သင္း အဆင့္မွာ  လာလီဂါမွာ စြာေနတဲ့ ဘက္တစ္အသင္းကို ဘက္တစ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ကစာၿပီး ၁၆ သင္းအဆင့္ကိုတက္လာတာပါ။    

ယခုပြဲစဥ္အတြက္ ပြဲႀကိဳထြက္လာတဲ့ လူစာရင္းအရ အိမ္ရွင္ အာဆင္ နယ္ အသင္းမွာ  ဂိုး - ပီတာခ်က္၊ ေနာက္တန္း- ကြန္စီရယ္လ္နီ၊မိုနာရယ္လ္၊မူစတာဖီ၊အလယ္တန္း- ေတာ္ရဲရား၊ ရမ္ေဆး၊ မစ္ဒ္လန္းႏိုင္း၊ အိုင္ဝိုဘီ၊ကိုလာစီနက္၊ ဇာခါ ၊ ေရွ႕တန္း- လာကာဇက္တီ တို႔ ပါဝင္ လာဖြယ္ရွိေနၿပီး ရင္းနက္စ္အသင္းကေတာ့ ဂိုး- တိုမက္စ္ ကိုဘတ္၊ ေနာက္တန္း- ထရာအိုေရး၊ ဒါမီယန္ဒါေဆးလ္ဗား၊ မက္ဆာ၊ဘန္ဆာဘီနီ၊အလယ္တန္း-အစၥေမး လ္ဆာ၊ ဂရီနီရာ၊ ဘူရီဂ်ီရာဒ္၊ ဘင္ဂ်မင္အန္ဒရီ၊ ေရွ႕တန္း- ဘင္အာဖာ၊ အင္ဒရီရန္ ဟိုႏိုႏူ တို႔ ပါဝင္လာဖြယ္ရွိၿပီး ပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြေဈးေပးရာမွာ  အာဆင္နယ္ဘက္ကေန ႏွစ္လုံး ၈၀ ႏိုင္ ၊ ဂိုးေပါင္းက ၃ လုံး ျပား ၃၀ အရႈံးေပးထားပါတယ္။ ဒီပြဲမွာ အိမ္ရွင္ ရင္းနက္စ္အသင္းနဲ႔ ဂိုးအေပၚေန တာ အေကာင္းဆုံး လို႔ ထင္ပါ ေၾကာင္း။။။။။။။။။။။

KON(SPORT)