【 အားကစား 】 လီယွန်နယ် မက်ဆီရဲ့ နှစ် ၂၀ ကြာ ဘာစီလိုနာကစားသမားဘဝ အဆုံးသတ်ပြီ

【 အားကစား 】 လီယွန်နယ် မက်ဆီရဲ့ နှစ် ၂၀ ကြာ ဘာစီလိုနာကစားသမားဘဝ အဆုံးသတ်ပြီ

စပိန်ကလပ် ဘာစီလိုနာအသင်းဘက်ကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၆ ကြိမ်ရထားတဲ့ လီယွန်နယ် မက်ဆီဟာ လာမယ့်ရာသီမှာ အသင်းမှာ ဆက်လက်ရှိတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဒါဟာ မက်ဆီရဲ့ ဘာစီလိုနာအသင်းအတွက် နှစ်ပေါင်း ၂၀ ကြာ ကစားပေးခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ယခင်သတင်းထွက်ပေါ်မှုတွေတုန်းက စာချုပ်သစ်ချုပ်ဆိုဖို့ မက်ဆီနဲ့ ဘာစီလိုနာ‌တို့ အဆင်ပြေခဲ့တယ်လို့ သိခဲ့ရပေမယ့်လည်း အဆုံးသတ်မှာတော့ အဆင်မပြေတွေများခဲ့တာဖြစ်ပါတယ်။

"ဘာစီလိုနာအသင်းနဲ့ လီယို မက်ဆီတို့အကြား သဘောတူညီမှုရခဲ့ပေမယ့် စီးပွားရေးနဲ့ ဖွဲ့စည်းပုံ အတားအဆီးတွေကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့ပါတယ်။

သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ ကြွေးမီပြဿနာများနဲ့ ရင်ဆိုင်နေရပြီး ကစားသမားတွေထုတ်ရောင်း‌ဖို့ ပြင်ဆင်နေရတာပဲဖြစ်ပါတယ်။မက်ဆီဟာ လစာလျှော့ယူပြီး စာချုပ်သစ်ချုပ်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဘာစီလိုနာကလပ်အသင်းဘက်က အချို့အချက်အလက်တွေ အသိမပေးခဲ့တာကြောင့် စာချုပ်ပျက်ပြယ်ခဲ့တယ်လို့လည်း သတင်းများက ဖော်ပြနေကြပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီ ကို မန်စီးတီး၊ PSG ၊ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စားလျက်ရှိနေပြီး ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာ နည်းပြနေတဲ့ မန်စီးတီးကို ရောက်ဖို့တော့ အလေးသာလျက်ရှိနေပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၀၀ ခုနှစ်မှာ စတင် စာချုပ်ချုပ်ဆိုခဲ့ပြီး ကလပ်အသင်း သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူပေးထားသူဖြစ်လာခဲ့ပါတယ်။

Linko
ဘာစီလိုနာ၊ ဩဂုတ် - ၆