【 အားကစား 】 လူကာကူ အဝင် အေဘရာဟမ် အထွက် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်အပြောင်းအလဲ

【 အားကစား 】 လူကာကူ အဝင် အေဘရာဟမ် အထွက် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်အပြောင်းအလဲ

ချဲလ်ဆီးအသင်းကတော့ အင်တာအသင်းရဲ့ တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လူကာကူဟာ မီလန်မြို့ကနေ လန်ဒန်မြို့ဆီကို ထွက်ခွာလာနေပြီဖြစ်ပြီး၊ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ တမ်မီ အေဘရာဟမ်ကတော့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

တမ်မီ အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းအတွက် နှစ်ရာသီဆက်တိုက် ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပေမယ့် ၎င်းရဲ့စွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိခဲ့ပါဘူး။နည်းပြဟောင်း လမ်းပတ် လက်ထက်မှာ ပွဲကစားခွင့်တွေရရှိခဲ့ပေမယ့် လက်ရှိနည်းပြ တူချယ်လ် လက်ထက်မှာတော့ အေဘရာဟမ်အနေနဲ့ နေရာပျောက်ခဲ့ရပါတယ်။ယခုတော့ အေဘရာဟမ်ဟာ တိုက်စစ်မှူးကျိန်စာကို မကျော်ဖြတ်နိုင်တော့ပဲ ချဲလ်ဆီးကစားသမားဘဝကို ရပ်တန့်ရတော့မှာဖြစ်ပါတယ်။

တမ်မီ အေဘရာဟမ် ကို အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် လက်ရှိသတင်းထွက်ပေါ်မှုအရတော့ ချဲလ်ဆီး နည်းပြဟောင်းတစ်ဦးဖြစ်သူ ‌ကမ္ဘာကျော် နည်းပြကြီး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းက ခေါ်ယူဖို့ ‌သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။သတင်းတွေအရတော့ အေဘရာဟမ် ကို ရိုးမားအသင်းက ပေါင် ၃၄ သန်းနဲ့ ခေါ်ယူသွားတော့မှာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းရဲ့ လူကာကူ ဦးဆောင်လာမယ့် တိုက်စစ်အပြောင်းအလဲကို မြင်တွေ့ရတော့မှာဖြစ်ပြီး၊ သွင်းဂိုးတွေနည်းနေတဲ့ ချဲလ်ဆီးတိုက်စစ်အတွက် လူကာကူ က အဖြေတစ်ခုလားဆိုတာကို တက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။လူကာကူ ကို ခေါ်ယူပြီးနောက် ချဲလ်ဆီးအသင်းဟာ ဆီဗီလာနောက်ခံလူ ဂျူးလက်စ် ကွန်ဒီ ကို ဆက်လက်ခေါ်ယူဖို့ရှိနေပါတယ်။

အကယ်ဒမီထွက် လူငယ်ကစားသမားလေး ‌တမ်မီ အေဘရာဟမ်ရဲ့ ချဲလ်ဆီးကစားသမားဘဝကတော့ ပြီးဆုံးဖို့အချိန်နီးကပ်လာနေပြီဖြစ်ပါတယ်။ဒါပေမယ့် အေဘရာဟမ်ဟာ ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူးကြီး ဒရော့ဘာနဲ့ ဒီယေဂို ကော်စတာတို့လောက် မထင်ပေါ်ခဲ့ရင်တောင်မှ ချဲလ်ဆီးအသင်းအတွက် နှစ်ရာသီဆက် ဂိုးအများဆုံးသွင်းယူသူဖြစ်ခဲ့တာကတော့ အမှန်တရားပဲဖြစ်ပါတယ်။

Linko
လန်ဒန်၊ ဩဂုတ် - ၁၀