【 အားကစား 】 လူသတ်ရန်ကြိုးစားမှုဖြင့် တရားစွဲဆိုခံလိုက်ရတဲ့ စပါးတပ်မော်စကို တိုက်စစ်ကစားသမား

【 အားကစား 】 လူသတ်ရန်ကြိုးစားမှုဖြင့် တရားစွဲဆိုခံလိုက်ရတဲ့ စပါးတပ်မော်စကို တိုက်စစ်ကစားသမား

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင်ဟောင်းဟာ လူသတ်ရန်ကြိုးစားမှုဖြင့် တရားစွဲဆိုခံရတယ်လို့ သိရပါတယ်။

လက်ရှိ ရုရှားကလပ် စပါးတပ်မော်စကိုအသင်းမှာ ကစားနေတဲ့ ကွင်စီ ပရိုမက်စ်ဟာ သူ့ရဲ့ ဝမ်းကွဲတော်စပ်သူကို ယမန်နှစ် မိသားစုပါတီပွဲတစ်ခု၌ ဒူးတွင် ဒဏ်ရာရရှိစေခဲ့ပြီးနောက် တရားစွဲဆိုခံလိုက်ရတာလည်းဖြစ်ပါတယ်။

နယ်သာလန် မီဒီယာတွေရဲ့ ဖော်ပြမှုအရ အေဂျက်အသင်း ကစားသမားဟောင်းဟာ ဒီဇင်ဘာလလယ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ယူဆရပါတယ်။မိသားစုပါတီအတွင်း အငြင်းအခုံဖြစ်ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ပရိုမက်စ် ကို လွန်ခဲ့သော နိုဝင်ဘာလက စွဲချက်တင်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ကာ စုံစမ်းစစ်ဆေးမှုများအပြီးမှာတော့ အစိုးရရှေ့နေများဟာ ပရိုမက်စ် ကို လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှု သို့မဟုတ် ပြင်းထန်စွာ ကျူးလွန်မှုတို့ဖြင့် စွဲ‌ချက်တင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

"ပရိုမက်စ် ကို တရားစွဲဖို့ ဆုံးဖြတ်ချက်ဟာ တစ်ခုတည်းသော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ" ဟု ထိခိုက်ခံခဲ့သူရဲ့ ရှေ့နေက ဆိုပါတယ်။

"လူသတ်မှုကျူးလွန်ရန် ကြံစည်မှုဖြင့် တရားစွဲရန် ပြည်သူ့တရားစွဲဆိုရေးဌာနကိုလည်း တောင်းဆိုပါမယ်" ဟု ရှေ့နေက ဆက်ပြောပါတယ်။

နစ်နာသူ ဝမ်းကွဲတော်စပ်သူကတော့ မိသားစုပါတီမှာ ပရိုမက်စ် က သူ့ကို ဓားနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရုံးချိန်းရက်‌ကို မဆုံးဖြတ်ရသေးဘဲ ပရိုမက်စ်ကတော့ စွပ်စွဲမှုများကို အမြဲငြင်းဆိုနေခဲ့ပါတယ်။

ကွင်စီ ပရိုမက်စ်ဟာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကစားပေးခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

Linko
နယ်သာလန်၊ နိုဝင်ဘာ - ၁၉