【 အားကစား 】 အင်တာမီလန်အသင်း နိုင်ပွဲဆက်မလား

【 အားကစား 】 အင်တာမီလန်အသင်း နိုင်ပွဲဆက်မလား

အီတလီ စီးရီးအေ ပွဲစဉ် ၅ အဖြစ် အင်တာမီလန်အသင်းနဲ့ လာဇီယိုအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ အင်တာမီလန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ချီအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၄ ကြိမ်ရရှိခဲ့ကာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ကာဂရီယာရီအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု  ၉ ကြိမ်ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ အူဒီးနိစ်အသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၂ ကြိမ်ရရှိခဲ့ကာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အေစီမီလန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၆ ကြိမ်ရရှိခဲ့ကာ ဝ-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၁၂ မှတ်ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။

လာဇီယိုအသင်းအနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ်  ဆမ်ဒိုးရီးယားအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၇ ကြိမ်ရရှိခဲ့ကာ ဝ-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ရိုးမားအသင်းကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၂ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ် ရရှိခဲ့ပါတယ်။ပွဲစဉ် ၃ အဖြစ် စပဲလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂  ကြိမ်ရရှိခဲ့ကာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ ပါးမားအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၅ ကြိမ်ရရှိခဲ့ကာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၇ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

အခုပွဲစဉ်ကိုဘွတ်ကီဒိုင်တွေက အင်တာမီလန်အသင်းဘက်မှ သရေ ၈၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၃ လုံး ၇၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ပွဲ ၂၀ မှာ အင်တာအသင်းက ၈ ပွဲနိုင် ၃ ပွဲသရေ ၉ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။

 

လာဇီယိုအသင်းအနေနဲ့ ကစားပြီးသမျှ ပွဲစဉ်တိုင်း ခြေစွမ်းပြကစားနိုင်ပြီး အသင်းကြီးတွေနဲ့တွေ့တဲ့ ပွဲစဉ်တွေမှာ ပိုမိုခြေစွမ်းပြလေ့ရှိတဲ့ အသင်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ နည်းပြ ကွန်တီ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ညီညွတ်တဲ့စုဖွဲ့မှုကို ရရှိနေတဲ့အတွက် ပွဲစဉ်အားလုံး နိုင်ပွဲရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာလည်း အိမ်ကွင်းအားသာချက်၊ ကစားသမားများစုဖွဲ့မှုနဲ့ အနိုင်ရလိုစိတ် ပိုမိုမြင့်မားတဲ့ အင်တာအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း....။

KON (SPORT)