【 အားကစား 】 အန်ဒါဆန် ဆေးလ်ဗားနဲ့ လိုဂန် ပေါလ်တို့ ဒူဘိုင်းတွင် ထိုးသတ်ဖွယ်ရှိ

【 အားကစား 】 အန်ဒါဆန် ဆေးလ်ဗားနဲ့ လိုဂန် ပေါလ်တို့ ဒူဘိုင်းတွင် ထိုးသတ်ဖွယ်ရှိ

UFC ဂန္တဝင် တိုက်ခိုက်ရေးသမားကြီး အန်ဒါဆန် ဆေးလ်ဗားနဲ့ နာမည်ကျော် YouTube ကြယ်ပွင့် လိုဂန် ပေါလ်တို့ဟာ စက်တင်ဘာမှာ လက်ဝှေ့ပွဲထိုးသတ်သွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ အင်စတာဂရမ် လူမှုကွန်ယက်မှာ ပေါက်ကြားလာခဲ့ဝာာဖြစ်ပြီး၊ စက်တင်ဘာလမှာ ဒူဘိုင်းတွင်ကျင်းပမယ့် လက်ဝှေ့ပွဲမှာ အန်ဒါဆန် ဆေးလ်ဗားနဲ့ လိုဂန် ပေါလ်တို့ ပွဲစဉ်က အဓိကပွဲစဉ်ဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

UFC ရဲ့ ဂန္တဝင် တိုက်ခိုက်ရေးသမားကြီး အသက် ၄၆ နှစ်အရွယ် ဆေးလ်ဗားဟာ လွန်ခဲ့တဲ့နှစ်တုန်းက UFC ကနေ ထွက်ခွာခဲ့ရပြီးနောက် ကမ္ဘာ့‌လက်ဝှေ့လောကသို့ ပြောင်းလဲထိုးသတ်ခဲ့ဝာာဖြစ်ပါတယ်။လိုဂန်‌ ပေါ်လ်ကတော့ YouTube မှာ အောင်မြင်တဲ့ နာမည်ကျော်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ယခုနောက်ပိုင်း ဝါသနာအရ လက်ဝှေ့ထိုးသတ်လာခဲ့ရာ လွန်ခဲ့တဲ့ ဇွန်လက ကမ္ဘာကျော် လက်ဝှေ့သမားဖြစ်သူ မေဝဲသာနဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။မေဝဲသာနဲ့ ထိုးသတ်တဲ့ပွဲစဉ်မှာ လိုဂန် ပေါလ်ဟာ လက်ဝှေ့သမားတစ်ဦးမဟုတ်ပေမယ့် ၎င်းအနေနဲ့ သေချာလေ့ကျင့်ထားခဲ့ပြီး မေဝဲသာ ကို ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။

အန်ဒါဆန် ဆေးလ်ဗားကတော့ "ကျနော်နဲ့ လိုဂန်တို့ ညီအစ်ကိုနှစ်ဦးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်၊ လိုဂန်နဲ့ ထိုးသတ်ဖို့က‌ ဖြစ်နိုင်ပါတယ်၊ ဒါကဖျော်ဖြေမှုဖြစ်သလို ယှဉ်ပြိုင်ထိုးသတ်မှုလည်းဖြစ်ပါတယ်၊ လိုဂန်တို့ ညီအစ်ကိုနှစ်ဦးက တကယ့်ထူးခြားတဲ့သူတွေပါ၊ ကျနော့်အထင်တော့ ကျနော့်ရဲ့ နောက်ထပ်ယှဉ်ပြိုင်ထိုးသတ်မယ့် ပြိုင်ဘက်က လိုဂန် ပေါလ် ဖြစ်နိုင်ပါတယ်" လို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

Linko
ဇူလိုင် - ၂၀