【 အားကစား 】 အဝေးကွင်းမှာ ပေးဂိုးများတဲ့ အာဆင်နယ်ကို ငြင်းပယ်ပြီး အိမ်ရှင်နဲ့ ရပ်တည်မယ်

【 အားကစား 】 အဝေးကွင်းမှာ ပေးဂိုးများတဲ့ အာဆင်နယ်ကို ငြင်းပယ်ပြီး အိမ်ရှင်နဲ့ ရပ်တည်မယ်

ယနေ့ည ၇ နာရီမှာ လန်ဒန်ဒါဘီ ပွဲစဉ်တစ်ခုအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဒီရာသီ ပထမအကျော့ အာဆင်နယ်ကွင်းမှာ ကစားခဲ့စဉ်က အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့အတွက် ယခုပွဲမှာ အိမ်ရှင် ဝက်စ်ဟမ်းအသင်းက အာဆင်နယ်ကို အိမ်ကွင်းအားနဲ့ ပြန်အနိုင်ယူဖို့ ကြိုးစားလာမှာ သေချာနေပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ အဆင့် ၅ နေရာမှာရှိတဲ့ အာဆင်နယ်အသင်း တွေ့ဆုံမှုဖြစ်လို့ ထုံးစံအရ အပေါ်အသင်း အောက်အသင်းမှာ အာဆင်နယ် အသာရနိုင်တယ်ဆိုတာကို ခဏမေ့ထားဖို့လိုပြီး ဒါဘီပွဲတွေ ထုံးစံအတိုင်း ကမောက်ကမရလဒ်တွေ ထွက်တတ်တာကို ထည့်တွက်ထားဖို့ လိုပါတယ်။

ပထမဆုံး သတိထားရမှာက အာဆင်နယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းကိုပါ။ဒီရာသီ အဝေးကွင်း ၁၀ ပွဲကစားခဲ့ရာမှာ ၄ ပွဲနိုင် ၃ ပွဲသရေ ၃ ပွဲရှုံးပြီး ၂၂ ဂိုးသွင်းပြီး ၂၁ ဂိုးပြန်ပေးထားရပါတယ်။တစ်ပွဲကို ၂ ဂိုးနူန်း သွင်းယူကာ ၂ ဂိုးနူန်း ပြန်ပေးနေရပြီး၊ ဝက်စ်ဟမ်းအသင်းက အိမ်ကွင်း ၁၁ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲရှုံးထားပါတယ်။၁၆ ဂိုးသွင်းပြီး ၁၈ ဂိုး ပြန်ပေးထားရပါတယ်။တစ်ပွဲကို ၁ ဒသမ ၅ ဂိုးနူန်း ပေးထားရကာ တစ်ပွဲကို ၁ ဂိုးနူန်း သွင်းယူထားပါတယ်။အာဆင်နယ် အဝေးကွင်းပေးဂိုးက ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းဂိုးပေးရထက် လျော့နည်းနေသလို ယခင်နှစ် ရလဒ်ကို ပြန်ကြည့်လိုက်ရင်လည်း အာဆင်နယ်ကို ဝက်စ်ဟမ်းက ဂိုးမရှိသရေ ကစားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အနီးစပ်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းက ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ၂-၂ နဲ့ သရေဖြစ်ခဲ့သလို  အာဆင်နယ်အသင်းကလည်း ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ကစားခဲ့ပါတယ်။နည်းပြသစ် ပယ်ရီလီဂနီ လက်ထက်မှာ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်က ဝီလ်ရှိုင်းယား၊ လူကပ် ပီရီးဇီး၊ ဖီအိုရင်တီးနားက ကားလို့စ်ဆန်းချက်ဇ်၊ ဆွမ်ဆီးက ဖေဘီယန်စကီး၊ လာဇီယိုက ဖိလစ်အန်ဒါဆန် စတဲ့ ကစားသမားတွေ အားဖြည့်မှုများစွာ ပြုလုပ်ခဲ့ကာ အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့ပါဘူး။ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ နိုင်ပွဲတွေရလာသလို ပွဲကို ထိန်းကစားတတ်တဲ့သူတွေဖြစ်တဲ့ ဇာဘလက်တာ တို့ တိုက်စစ်က အာနာတိုဗစ် တို့နဲ့ ခေါ်ထားတဲ့ ကစားသမားအသစ်တွေနဲ့ တွဲဖက်မိလာတဲ့အတွက် ဝက်စ်ဟမ်းအသင်းကို ပေါ့ဆကစားမိတဲ့  အသင်းမှန်သမျှ ရလဒ်တွေ ဆုံးရှုံးခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့် ပွဲချိန်ဒုတိယပိုင်းရောက်တိုင်း ခြေစွမ်းနဲ့ သက်လုံကျတတ်တဲ့  ဝက်စ်ဟမ်း နောက်တန်း အခြေအနေက စိုးရိမ်စရာဖြစ်နေဆဲပါ။

အာဆင်နယ်ကတော့ ဒီရာသီမှာ တိုက်စစ်မှူး အော်ဘာမီယန်း ကြောင့် ဂိုးရမှာမပူရတဲ့ အသင်းဖြစ်ပေမယ့် အာဆင်နယ် နောက်တန်းက လူအိုတွေဖြစ်နေတဲ့ လစ်ချ်စတိန်နာ၊ ဆိုကရာတစ် တို့လိုသူတွေကြောင့် လျင်မြန်ပြီး တိုးအားကောင်းတဲ့သူတွေပါတဲ့ တိုက်စစ်ဆိုရင် ဂိုးပေးနေရတာကို တွေ့နေရပါတယ်။

ပယ်လ်ရီဂနီ လက်ထက် ၄-၁ ၄- ၁ ကစားကွက်နဲ့ ခင်းနေတဲ့ ဝက်စ်ဟမ်းအသင်း ကစားကွက်မှာ နောက်တန်းက ဇာဘလက်တာ၊ ဘာဘူနာ၊ ဒစ်ပို့၊ အော့ဘွန်နာ၊ ခရင်စ်ဝဲလ် အတွဲက အော်ဘာမီယန်း ဦးဆောင်တဲ့ အာဆင်နယ် တိုက်စစ်ကို ထိန်းနိုင်ဖို့ ဝါရင့်နည်းပြ ပယ်ရီလီဂနီ က ဘယ်လောက်ပြင်ဆင်ထားမလဲဆိုတာ ကြည့်ရမှာပါ။

ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းမှာ ဂိုး - ဖေဘီယန်စကီး၊ နောက်တန်း - ဇာဘလက်တာ၊ ဘာဘူနာ၊ ဒစ်ပို့၊ အော့ဘွန်နာ၊ ခရင်စ်ဝဲလ်၊ အလယ်တန်း - ဒီကလိုင်း ရီစ်၊ ဆန်ဒိုဂရက်ဇ်၊ မာခ်နိုဘယ်၊ အိုဘီနိုင်း၊ ဖိလစ်အန်ဒါဆင်၊ ရှေ့တန်းမှာ အာနာတိုဗစ် ကို တင်ပြီး အာဆင်နယ်ကို ရင်ဆိုင်ဖို့ ကြိုးစားလာမှာဖြစ်သလို၊

အာဆင်နယ်အသင်းကတော့ ဂိုး - လီနို၊ နောက်တန်း - ကိုလ်စီရယ်နီ၊ ဆိုကရာတစ်၊ မူစတာဖီ၊ အလယ်တန်း - ကိုလာစီနက်၊ တော်ရဲရား၊ ဇာခါ၊ မစ်ဒ်လန်း၊ ရှေ့တန်း - အိုင်ဝိုဘီ၊ လာကာဇက်တီ၊ အော်ဘာမီယန်း တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်း ကွင်းမှာ ဝက်စ်ဟမ်း နဲ့ အာဆင်နယ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်မှာ အာဆင်နယ်က  ၃ ကြိမ်နိုင်ပြီး ၂ ပွဲသရေ ကျထားပါတယ်။တစ်ပွဲကို နှစ်သင်းပေါင်းသွင်းဂိုး ပျမ်းမျှ ၃ ဂိုးအထက် ရှိတာကို တွေ့ရပါတယ်။

 

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် အာဆင်နယ်ဘက်ကနေ သရေကျရင် ၈၅ ပြားအရှုံးနဲ့ ဂိုးပေါင်းကတော့ နှစ်သင်းပေါင်း သုံးလုံး ပြား ၃၀ အရှုံးထိ ဈေးပေါက်နေတဲ့အတွက် ဒီပွဲမှာ အဝေးကွင်း ပေးဂိုးများတဲ့ အာဆင်နယ်အသင်းကို ရှောင်ပြီး အိမ်ရှင် ဝက်စ်ဟမ်းနဲ့  ဂိုးအများကို ပိုအကြိုက်တွေ့မိကြောင်း…..။

KON (SPORT)
ဇန်နဝါရီ - ၁၂

( Zawgyi )

ယေန႔ည ၇ နာရီမွာ လန္ဒန္ဒါဘီ ပြဲစဥ္တစ္ခုအျဖစ္ ဝက္စ္ဟမ္းအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဒီရာသီ ပထမအေက်ာ့ အာဆင္နယ္ကြင္းမွာ ကစားခဲ့စဥ္က အာဆင္နယ္အသင္းက ဝက္စ္ဟမ္းအသင္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့အတြက္ ယခုပြဲမွာ အိမ္ရွင္ ဝက္စ္ဟမ္းအသင္းက အာဆင္နယ္ကို အိမ္ကြင္းအားနဲ႔ ျပန္အႏိုင္ယူဖို႔ ႀကိဳးစားလာမွာ ေသခ်ာေနပါတယ္။

ပရီးမီးယားလိဂ္ အဆင့္ ၁၀ ေနရာက ဝက္စ္ဟမ္းအသင္းနဲ႔ အဆင့္ ၅ ေနရာမွာရွိတဲ့ အာဆင္နယ္အသင္း ေတြ႕ဆုံမႈျဖစ္လို႔ ထုံးစံအရ အေပၚအသင္း ေအာက္အသင္းမွာ အာဆင္နယ္ အသာရႏိုင္တယ္ဆိုတာကို ခဏေမ့ထားဖို႔လိုၿပီး ဒါဘီပြဲေတြ ထုံးစံအတိုင္း ကေမာက္ကမရလဒ္ေတြ ထြက္တတ္တာကို ထည့္တြက္ထားဖို႔ လိုပါတယ္။

ပထမဆုံး သတိထားရမွာက အာဆင္နယ္အသင္းရဲ႕ အေဝးကြင္းေျခစြမ္းကိုပါ။ဒီရာသီ အေဝးကြင္း ၁၀ ပြဲကစားခဲ့ရာမွာ ၄ ပြဲႏိုင္ ၃ ပြဲသေရ ၃ ပြဲရႈံးၿပီး ၂၂ ဂိုးသြင္းၿပီး ၂၁ ဂိုးျပန္ေပးထားရပါတယ္။တစ္ပြဲကို ၂ ဂိုးႏူန္း သြင္းယူကာ ၂ ဂိုးႏူန္း ျပန္ေပးေနရၿပီး၊ ဝက္စ္ဟမ္းအသင္းက အိမ္ကြင္း ၁၁ ပြဲမွာ ၄ ပြဲႏိုင္ ၂ ပြဲသေရ ၅ ပြဲရႈံးထားပါတယ္။၁၆ ဂိုးသြင္းၿပီး ၁၈ ဂိုး ျပန္ေပးထားရပါတယ္။တစ္ပြဲကို ၁ ဒသမ ၅ ဂိုးႏူန္း ေပးထားရကာ တစ္ပြဲကို ၁ ဂိုးႏူန္း သြင္းယူထားပါတယ္။အာဆင္နယ္ အေဝးကြင္းေပးဂိုးက ဝက္စ္ဟမ္းရဲ႕ အိမ္ကြင္းဂိုးေပးရထက္ ေလ်ာ့နည္းေနသလို ယခင္ႏွစ္ ရလဒ္ကို ျပန္ၾကည့္လိုက္ရင္လည္း အာဆင္နယ္ကို ဝက္စ္ဟမ္းက ဂိုးမရွိသေရ ကစားထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

အနီးစပ္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ ဝက္စ္ဟမ္းက ဘ႐ိုက္တန္အသင္းကို အိမ္ကြင္းမွာ ၂-၂ နဲ႔ သေရျဖစ္ခဲ့သလို  အာဆင္နယ္အသင္းကလည္း ဖူလ္ဟမ္အသင္းကို အိမ္ကြင္းမွာ ၄-၁ နဲ႔ အႏိုင္ကစားခဲ့ပါတယ္။နည္းျပသစ္ ပယ္ရီလီဂနီ လက္ထက္မွာ ဝက္စ္ဟမ္းအသင္းဟာ အာဆင္နယ္က ဝီလ္ရႈိင္းယား၊ လူကပ္ ပီရီးဇီး၊ ဖီအိုရင္တီးနားက ကားလို႔စ္ဆန္းခ်က္ဇ္၊ ဆြမ္ဆီးက ေဖဘီယန္စကီး၊ လာဇီယိုက ဖိလစ္အန္ဒါဆန္ စတဲ့ ကစားသမားေတြ အားျဖည့္မႈမ်ားစြာ ျပဳလုပ္ခဲ့ကာ အသင္းကို ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အေစာပိုင္းပြဲစဥ္ေတြမွာ ရလဒ္မေကာင္းခဲ့ပါဘူး။ဒါေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ ႏိုင္ပြဲေတြရလာသလို ပြဲကို ထိန္းကစားတတ္တဲ့သူေတြျဖစ္တဲ့ ဇာဘလက္တာ တို႔ တိုက္စစ္က အာနာတိုဗစ္ တို႔နဲ႔ ေခၚထားတဲ့ ကစားသမားအသစ္ေတြနဲ႔ တြဲဖက္မိလာတဲ့အတြက္ ဝက္စ္ဟမ္းအသင္းကို ေပါ့ဆကစားမိတဲ့  အသင္းမွန္သမွ် ရလဒ္ေတြ ဆုံးရႈံးခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္ ပြဲခ်ိန္ဒုတိယပိုင္းေရာက္တိုင္း ေျခစြမ္းနဲ႔ သက္လုံက်တတ္တဲ့  ဝက္စ္ဟမ္း ေနာက္တန္း အေျခအေနက စိုးရိမ္စရာျဖစ္ေနဆဲပါ။

အာဆင္နယ္ကေတာ့ ဒီရာသီမွာ တိုက္စစ္မႉး ေအာ္ဘာမီယန္း ေၾကာင့္ ဂိုးရမွာမပူရတဲ့ အသင္းျဖစ္ေပမယ့္ အာဆင္နယ္ ေနာက္တန္းက လူအိုေတြျဖစ္ေနတဲ့ လစ္ခ်္စတိန္နာ၊ ဆိုကရာတစ္ တို႔လိုသူေတြေၾကာင့္ လ်င္ျမန္ၿပီး တိုးအားေကာင္းတဲ့သူေတြပါတဲ့ တိုက္စစ္ဆိုရင္ ဂိုးေပးေနရတာကို ေတြ႕ေနရပါတယ္။

ပယ္လ္ရီဂနီ လက္ထက္ ၄-၁ ၄- ၁ ကစားကြက္နဲ႔ ခင္းေနတဲ့ ဝက္စ္ဟမ္းအသင္း ကစားကြက္မွာ ေနာက္တန္းက ဇာဘလက္တာ၊ ဘာဘူနာ၊ ဒစ္ပို႔၊ ေအာ့ဘြန္နာ၊ ခရင္စ္ဝဲလ္ အတြဲက ေအာ္ဘာမီယန္း ဦးေဆာင္တဲ့ အာဆင္နယ္ တိုက္စစ္ကို ထိန္းႏိုင္ဖို႔ ဝါရင့္နည္းျပ ပယ္ရီလီဂနီ က ဘယ္ေလာက္ျပင္ဆင္ထားမလဲဆိုတာ ၾကည့္ရမွာပါ။

ဒီပြဲမွာ ဝက္စ္ဟမ္းအသင္းမွာ ဂိုး - ေဖဘီယန္စကီး၊ ေနာက္တန္း - ဇာဘလက္တာ၊ ဘာဘူနာ၊ ဒစ္ပို႔၊ ေအာ့ဘြန္နာ၊ ခရင္စ္ဝဲလ္၊ အလယ္တန္း - ဒီကလိုင္း ရီစ္၊ ဆန္ဒိုဂရက္ဇ္၊ မာခ္ႏိုဘယ္၊ အိုဘီႏိုင္း၊ ဖိလစ္အန္ဒါဆင္၊ ေရွ႕တန္းမွာ အာနာတိုဗစ္ ကို တင္ၿပီး အာဆင္နယ္ကို ရင္ဆိုင္ဖို႔ ႀကိဳးစားလာမွာျဖစ္သလို၊

အာဆင္နယ္အသင္းကေတာ့ ဂိုး - လီႏို၊ ေနာက္တန္း - ကိုလ္စီရယ္နီ၊ ဆိုကရာတစ္၊ မူစတာဖီ၊ အလယ္တန္း - ကိုလာစီနက္၊ ေတာ္ရဲရား၊ ဇာခါ၊ မစ္ဒ္လန္း၊ ေရွ႕တန္း - အိုင္ဝိုဘီ၊ လာကာဇက္တီ၊ ေအာ္ဘာမီယန္း တို႔ ပါဝင္လာဖြယ္ ရွိေနပါတယ္။

ဝက္စ္ဟမ္း ကြင္းမွာ ဝက္စ္ဟမ္း နဲ႔ အာဆင္နယ္ ေတြ႕ဆုံမႈ ေနာက္ဆုံး ၅ ႀကိမ္မွာ အာဆင္နယ္က  ၃ ႀကိမ္ႏိုင္ၿပီး ၂ ပြဲသေရ က်ထားပါတယ္။တစ္ပြဲကို ႏွစ္သင္းေပါင္းသြင္းဂိုး ပ်မ္းမွ် ၃ ဂိုးအထက္ ရွိတာကို ေတြ႕ရပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ အာဆင္နယ္ဘက္ကေန သေရက်ရင္ ၈၅ ျပားအရႈံးနဲ႔ ဂိုးေပါင္းကေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ျပား ၃၀ အရႈံးထိ ေဈးေပါက္ေနတဲ့အတြက္ ဒီပြဲမွာ အေဝးကြင္း ေပးဂိုးမ်ားတဲ့ အာဆင္နယ္အသင္းကို ေရွာင္ၿပီး အိမ္ရွင္ ဝက္စ္ဟမ္းနဲ႔  ဂိုးအမ်ားကို ပိုအႀကိဳက္ေတြ႕မိေၾကာင္း…..။

KON (SPORT)
ဇန္နဝါရီ - ၁၂