【 အားကစား 】 အသင်းရဲ့ ကစားသမား ၃ ဦးနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူးနှစ်ဦးကို လဲလှယ်ဖို့ ဘာစီလိုနာအသင်း စိတ်ဝင်စားနေ

【 အားကစား 】 အသင်းရဲ့ ကစားသမား ၃ ဦးနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူးနှစ်ဦးကို လဲလှယ်ဖို့ ဘာစီလိုနာအသင်း စိတ်ဝင်စားနေ

စပိန်ကလပ်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အဓိက ကစားသမား မက်ဆီ ကို လက်လွှတ်ခဲ့ရပြီးနောက် အကြွေး ပေါင် ၁.၁၅ ဘီလီယံ တင်နေသည်ဟု ဥက္ကဌ လာပေါ်ဝာာ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိ အကြွေးဝိုင်းနေပေမယ့် ဘာစီလိုနာအသင်းဟာ ယခုနွေအပြောင်းအရွှေ့မှာ ကစားသမားတွေ ထပ်မံအင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်လျက်ရှိနေပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာအနေနဲ့ ဩဂုတ် ၃၁ ရက်နေ့ နွေအပြောင်းအရွှေ့ရာသီ မပိတ်သိမ်းမီမှာ အသင်းရဲ့တိုက်စစ်ကို ပြောင်းလဲပြင်ဆင်‌လိုနေပြီး အသင်းခေါင်းဆောင်ဖြစ်သူ တိုက်စစ်မှူး အော်ဘာမီယန်းနဲ့ ၁ နှစ် စာချုပ်သက်တမ်းသာ ကျန်ရှိတော့တဲ့ တိုက်စစ်မှူး လာကာဇက်တီတို့ကို ရောင်းထုတ်လိုလျက်ရှိနေပါတယ်။အာဆင်နယ်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ တန်းတက် ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုးပြတ် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အာတီတာအနေနဲ့ အသင်းရဲ့ ဂိုးမသွင်းနိုင်တဲ့ တိုက်စစ်နဲ့ ပွဲတိုင်းလိုလို ဂိုးပေးနေရတဲ့ ခံစစ်ကို ပြောင်းလဲလိုနေတာလည်းဖြစ်ပါတယ်။

Sport ရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်း ရောင်းထုတ်လိုနေတဲ့ တိုက်စစ်မှူးနှစ်ဦးလုံးကို စိတ်ဝင်စားနေပေမယ့် အကြွေးများဝိုင်းနေတဲ့အတွက် ခေါ်ယူရေးမှာ အခက်အခဲတွေရှိနေပါတယ်။

ဒါပေမယ့် နည်းလမ်းတစ်ခုတော့ရှိနေပြီး ဘာစီလိုနာအသင်းဟာ ဂိုးသမား နီတို၊ နောက်ခံလူ လင်ဂလတ်နဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုတို့ ကစားသမားသုံးဦးကို အာဆင်နယ်အသင်းစိတ်ဝင်စားပါက အော်ဘာမီယန်းနဲ့ လာကာဇက်တီတို့ နှစ်ဦးနဲ့ လဲလှယ်ရန် အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဘက်ကတော့ အဆိုပါလဲလှယ်မှုကို စိတ်ဝင်စားပုံမရှိပဲ နည်းပြ အာတီတာကတော့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးနှစ်ဦးလွဲချော်မှုဟာ နေ‌မကောင်းခြင်းကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Linko
ဘာစီလိုနာ၊ ဩဂုတ် - ၁၇