【 အားကစား 】 အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးအပြောင်းအလဲကို မြင်တွေ့ရတော့မလား

【 အားကစား 】 အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးအပြောင်းအလဲကို မြင်တွေ့ရတော့မလား

လက်ရှိအချိန်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ကစားသမားအင်အားဖြည့်တင်းမှုတွေကို အပြိုင်အဆိုင်လုပ်ဆောင်လျက်ရှိနေပါတယ်။

Daily Mirror သတင်းစာရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လာကာဇက်တီ ကို ရောင်းထုတ်ပြီး တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူး လာကာဇက်တီ ကို ရောင်းထုတ်ပြီး၊ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။အေဘရာဟမ်ကိုယ်တိုင်ကလည်း ‌တိုက်စစ်မှူးသစ်ရှာပုံတော်ဖွင့်နေတဲ့ ချဲလ်ဆီးအသင်းကနေ ထွက်ခွာလိုနေပြီး ၎င်းရဲ့ မိသားစုဟာ အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေဖြစ်တယ်လို့ ဆိုထားသူဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ နှစ်ရာသီဆက်တိုက် ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ် ကို ခေါ်ယူဖို့ မျက်စိကျနေပြီး Daily Mirror ရဲ့ အဆိုအရ ချဲလ်ဆီးအသင်းအနေနဲ့ အေဘရာဟမ် ကို ယူရို သန်း ၄၀ လောက် ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကစားသမားအင်အားဖြည့်တင်းဖို့ ကြိုးစားလျက်ရှိတာမှာ တမ်မီ အေဘရာဟမ်အပြင် အီတလီအသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆက်ဆူအူလိုအသင်းရဲ့ ကွင်းလယ်ကစားသမား လိုကာတယ်လီကိုလည်း ချိတ်ဆက်လျက်ရှိနေတယ်လို့ The Mirror က ဖော်ပြထားပါတယ်။

Linko
လန်ဒန်၊ ဇူလိုင် - ၂၆