【 အားကစား 】 အိမ်ကွင်းမှာ ချဲလ်ဆီးကို မရှုံးနိုင်တဲ့ ဖရန့်ဖတ်

【 အားကစား 】 အိမ်ကွင်းမှာ ချဲလ်ဆီးကို မရှုံးနိုင်တဲ့ ဖရန့်ဖတ်

ယနေ့ည ၁ နာရီခွဲမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဂျာမဏီအသင်း ဖရန့်ဖတ်နဲ့ အင်္ဂလန်အသင်း ချဲလ်ဆီးတို့ ပထမအကျော့အဖြစ် ဖရန့်ဖတ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ကွန်မာ့ဘန့် အရီနာ ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်တာနဲ့အညီ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အပြင်းအထန် ကြိုးစားကြမှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုပြင်းထန်ဦးမှာဖြစ်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းအနေနဲ့ ဘွန်ဒက်လီဂါ ပွဲစဉ် ၃၁ ပွဲ ကစားပြီး ၁၅ ပွဲနိုင် ၉ ပွဲသရေ ၇ ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ယူရိုပါလိဂ် ၁၀ ပွဲ ကစားခဲ့ပြီး အုပ်စုတွင်းပြိုင်ဖက်များဖြစ်တဲ့ လာဇီယို၊ မာဆေးလ်၊ လီမာဆိုး အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်း အားလုံးအနိုင်ရရှိခဲ့ပြီး ရှုံးထွက်ပွဲစဉ်မှာ အင်တာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းမှာ သရေကစားပြီး အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့အတွက် နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။နောက်တစ်ဆင့်မှာ ဘင်ဖီကာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဝေးကွင်းမှာ ပွဲအစ မိနစ် ၂၀ မှာ ရရှိခဲ့တဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့် ၁ ယောက်လျော့နဲ့ ကစားခဲ့ရပြီး ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ တော့ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ပွဲ ကစားခဲ့ပြီး ၂၀ ပွဲနိုင်၊ ၈ ပွဲ သရေ ၈ ပွဲရှုံးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ယူရိုပါလိဂ် ၁၀ ပွဲ ကစားခဲ့ရာမှာတော့ အုပ်စုတွင်း ၆ ပွဲမှာ ၅ ပွဲ အနိုင်ရရှိခဲ့ပြီး ရှုံးထွက်ပွဲစဉ်တွေမှာ ဒိုင်နမိုကိယက်နဲ့ ဆလားဗီးယားပရက်တို့ကို အိမ်ကွင်း အဝေးကွင်း အနိုင်ရရှိခဲ့ပြီး ဆီးမီးအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုပါလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ပွဲ နိုင်ခဲ့ပြီး ၁ ပွဲသရေကျထားတဲ့ အသင်းဖြစ်ပြီး ဖရန့်ဖတ်အသင်းကတော့ အိမ်ကွင်းကစားခဲ့တဲ့ ပွဲစဉ်တိုင်း ကြေးအောင်ထားတဲ့ အသင်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနဲ့ ဖရန့်ဖတ် နှစ်သင်းစလုံး ပြည်တွင်းပွဲစဉ်တွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အသင်းတွေဖြစ်ပြီး ဒဏ်ရာရရှိမှုမှာ ချဲလ်ဆီးအသင်း အနေနဲ့ ဝီလီယံ၊ အိုဒွိုင်း၊ ဒရင့် ဝါးတား အပါအဝင် ကွင်းလယ်လူ ၇ ဦး ဒဏ်ရာရရှိနေပြီး ဖရန့်ဖတ်အသင်းမှာ ၄ ဦး ဒဏ်ရာရရှိနေပါတယ်။

ဖရန့်ဖတ်အသင်းမှာ ဂျိုဗစ် နဲ့ ဟော်လာ တို့ အကောင်းဆုံးခြေစွမ်းပြနေပြီး ကွင်းလယ်ကလည်း ဖန်တီးပေးပို့မှု ကောင်းကောင်းနဲ့ တိုက်စစ်ဖွင့်ကစားပြီး ရလဒ်ကောင်းတွေ ရရှိနေတဲ့ အသင်းဖြစ်ပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက ချဲလ်ဆီးဘက်မှ သရေ ၂၀ ပြား အရှုံးပေးထားပြီး ဂိုးပေါင်း ၂ ဂိုး ၉၀ အရှုံးပေးထားပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်သင်းစလုံး ရုန်းကန်နေရခြင်း၊ ဒဏ်ရာရရှိမှုမှာ ချဲလ်ဆီးအသင်းက အဓိက ကစားသမား ပိုမိုများပြားနေခြင်း၊ ဂျာမဏီအသင်းတွေရဲ့ ပုံစံအတိုင်း စိတ်ဓာတ်မာကျောတဲ့ ဖရန့်ဖတ်ရဲ့ အိမ်ကွင်းအားသာချက်နဲ့ အိမ်ကွင်းရလဒ်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ အိမ်ကွင်းမှာ မရှုံးနိမ့်နိုင်တဲ့ ဖရန့်ဖတ်နဲ့သာ လက်တွဲသင့်ပါကြောင်း---။

KON (SPORT)
မေ - ၂

( Zawgyi )

ယေန႔ည ၁ နာရီခြဲမွာ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ဂ်ာမဏီအသင္း ဖရန႔္ဖတ္နဲ႔ အဂၤလန္အသင္း ခ်ဲလ္ဆီးတို႔ ပထမအေက်ာ့အျဖစ္ ဖရန႔္ဖတ္ရဲ႕ အိမ္ကြင္းျဖစ္တဲ့ ကြန္မာ့ဘန႔္ အရီနာ ကြင္းမွာ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ ပြဲစဥ္တစ္ပြဲ ျဖစ္တာနဲ႔အညီ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးစားၾကမွာျဖစ္တဲ့အတြက္ ယွဥ္ၿပိဳင္မႈျပင္းထန္ဦးမွာျဖစ္တဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ပါတယ္။

ဖရန႔္ဖတ္အသင္းအေနနဲ႔ ဘြန္ဒက္လီဂါ ပြဲစဥ္ ၃၁ ပြဲ ကစားၿပီး ၁၅ ပြဲႏိုင္ ၉ ပြဲသေရ ၇ ပြဲရႈံး ရလဒ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၄ မွာ ရပ္တည္ေနပါတယ္။ယူ႐ိုပါလိဂ္ ၁၀ ပြဲ ကစားခဲ့ၿပီး အုပ္စုတြင္းၿပိဳင္ဖက္မ်ားျဖစ္တဲ့ လာဇီယို၊ မာေဆးလ္၊ လီမာဆိုး အသင္းေတြကို အိမ္ကြင္း၊ အေဝးကြင္း အားလုံးအႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္ပြဲစဥ္မွာ အင္တာအသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး အိမ္ကြင္းမွာ သေရကစားၿပီး အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့အတြက္ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ေနာက္တစ္ဆင့္မွာ ဘင္ဖီကာအသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး ပထမအေက်ာ့ အေဝးကြင္းမွာ ပြဲအစ မိနစ္ ၂၀ မွာ ရရွိခဲ့တဲ့ အနီကဒ္ျပစ္ဒဏ္ေၾကာင့္ ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ၄-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ဒုတိယအေက်ာ့ အိမ္ကြင္းပြဲစဥ္မွာ ေတာ့ ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၆ ပြဲ ကစားခဲ့ၿပီး ၂၀ ပြဲႏိုင္၊ ၈ ပြဲ သေရ ၈ ပြဲရႈံးနိမ့္ခဲ့ၿပီး အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ အသင္းျဖစ္ပါတယ္။ယူ႐ိုပါလိဂ္ ၁၀ ပြဲ ကစားခဲ့ရာမွာေတာ့ အုပ္စုတြင္း ၆ ပြဲမွာ ၅ ပြဲ အႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္ပြဲစဥ္ေတြမွာ ဒိုင္နမိုကိယက္နဲ႔ ဆလားဗီးယားပရက္တို႔ကို အိမ္ကြင္း အေဝးကြင္း အႏိုင္ရရွိခဲ့ၿပီး ဆီးမီးအဆင့္ကို တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ေနာက္ဆုံး ၁၂ ပြဲမွာ ၁၁ ပြဲ ႏိုင္ခဲ့ၿပီး ၁ ပြဲသေရက်ထားတဲ့ အသင္းျဖစ္ၿပီး ဖရန႔္ဖတ္အသင္းကေတာ့ အိမ္ကြင္းကစားခဲ့တဲ့ ပြဲစဥ္တိုင္း ေၾကးေအာင္ထားတဲ့ အသင္းျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းနဲ႔ ဖရန႔္ဖတ္ ႏွစ္သင္းစလုံး ျပည္တြင္းပြဲစဥ္ေတြမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ အသင္းေတြျဖစ္ၿပီး ဒဏ္ရာရရွိမႈမွာ ခ်ဲလ္ဆီးအသင္း အေနနဲ႔ ဝီလီယံ၊ အိုဒြိဳင္း၊ ဒရင့္ ဝါးတား အပါအဝင္ ကြင္းလယ္လူ ၇ ဦး ဒဏ္ရာရရွိေနၿပီး ဖရန႔္ဖတ္အသင္းမွာ ၄ ဦး ဒဏ္ရာရရွိေနပါတယ္။

ဖရန႔္ဖတ္အသင္းမွာ ဂ်ိဳဗစ္ နဲ႔ ေဟာ္လာ တို႔ အေကာင္းဆုံးေျခစြမ္းျပေနၿပီး ကြင္းလယ္ကလည္း ဖန္တီးေပးပို႔မႈ ေကာင္းေကာင္းနဲ႔ တိုက္စစ္ဖြင့္ကစားၿပီး ရလဒ္ေကာင္းေတြ ရရွိေနတဲ့ အသင္းျဖစ္ပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက ခ်ဲလ္ဆီးဘက္မွ သေရ ၂၀ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္း ၂ ဂိုး ၉၀ အရႈံးေပးထားပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႏွစ္သင္းစလုံး ႐ုန္းကန္ေနရျခင္း၊ ဒဏ္ရာရရွိမႈမွာ ခ်ဲလ္ဆီးအသင္းက အဓိက ကစားသမား ပိုမိုမ်ားျပားေနျခင္း၊ ဂ်ာမဏီအသင္းေတြရဲ႕ ပုံစံအတိုင္း စိတ္ဓာတ္မာေက်ာတဲ့ ဖရန႔္ဖတ္ရဲ႕ အိမ္ကြင္းအားသာခ်က္နဲ႔ အိမ္ကြင္းရလဒ္ေတြကို ထည့္သြင္းစဥ္းစားမယ္ဆိုရင္ေတာ့ အိမ္ကြင္းမွာ မရႈံးနိမ့္ႏိုင္တဲ့ ဖရန႔္ဖတ္နဲ႔သာ လက္တြဲသင့္ပါေၾကာင္း---။

KON (SPORT)
ေမ - ၂