【 အားကစား 】 အိမ်ကွင်းမှာ ခြေတက်နေတဲ့ နယူးကာဆယ်ကို အနိုင်ကစားမယ့် စပါးအသင်းနဲ့ ရပ်တည်မယ်

【 အားကစား 】 အိမ်ကွင်းမှာ ခြေတက်နေတဲ့ နယူးကာဆယ်ကို အနိုင်ကစားမယ့် စပါးအသင်းနဲ့ ရပ်တည်မယ်

ယနေ့ည ၇ နာရီမှာ ပရီမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး လတ်တလောကစားခဲ့တဲ့ ပွဲစဉ် ၂၄ မှာ ပြိုင်ဘက်တွေကို အနိုင်ကစားထားတဲ့ အသင်းတွေဖြစ်ပြီး နယူးကာဆယ်က အိမ်ကွင်းမှာ မန်စီးတီးကို ၂-၁ နဲ့ အနိုင်ကစားခဲ့သလို စပါးက ဝက်ဖိုဒ့်ကို အိမ်ကွင်းမှာ ၂-၁နဲ့ပဲ အနိုင်ကစားခဲ့တဲ့အတွက် ဒီပွဲမှာ နှစ်သင်းစလုံး အနိုင်ရလဒ်အတွက် သေချာပေါက် အားစိုက်ကစားကြမှာ သေချာနေပါတယ်။

၂၀၁၈ အတွင်း ခြေစွမ်းတွေ ပြပြီး ၂၀၁၉ မှာ အဓိကကစားသမားတွေ ဒဏ်ရာကြောင့် ပွဲမထွက်နိုင် တဲ့အခါမှာ ဆက်တိုက်အရှုံးတွေကြောင့် ပြိုင်ပွဲနှစ်ခုကနေ ဆက်တိုက်ထွက်ခဲရတဲ့ စပါးအသင်းအတွက် တိုက် စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင် အာရှဖလားပွဲကနေ ပြန်ရောက်လာတဲ့အတွက်  စပါးသင်းအတွက်တိုက်စစ် အခက်အခဲကို အနည်းငယ်ပြေလည်စေဖို့ များပါတယ်။

ဇန်နဝါရီ ၁၃ ရက် ပွဲစဉ် ၂၂ မှာ မန်ယူကို အိမ်ကွင်းမှာ ဝ-၁နဲ့ ရှုံး၊ကာရာဘောင်းဆီမီးဖိုင်နယ်မှာ ချယ်လ် ဆီးကို ရှုံးပြီးထွက်ရ၊ ခရစ္စတယ်ပဲလေ့ကို FA စတုတ္ထအဆင့်မှာ ရှုံးပြီးထွက်ရနဲ့ စပါးအသင်းရဲ့ ခက်ခဲတဲ့ ကာလ တွေဟာ ဝက်ဖိုဒ့်ကို အိမ်ကွင်းမှာ အနိုင်ကစားပြီး ကျော်လွန်ပြီးမြောက်ခဲ့ပြီလားဆိုတာ နယူးကာဆယ်နဲ့ ပွဲမှာ စပါးအနိုင်ရ/မရကိုကြည့်ပြီး ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။

 

ဧည့်သည် နယူးကာဆယ်အသင်းကိုကြည့်ရင်တော့ မကြာခင်က ရခဲ့တဲ့ နိုင်ပွဲ ၃ ပွဲကြောင့် တန်းဆင်း ဇုန်ကနေ လွတ်လာခဲ့ပေမယ့် အဆင့် ၁၈ နေရာက အသင်းနဲ့ သိပ်အမှတ်အကွာကြီးမဟုတ်ပါဘူး။ ၅ မှတ်သာ ကွာတာပါ။ ပွဲစဉ် ၂၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၁၄ နေရာကို ရောက်နေပေမယ့် တန်းဆင်းဇုန် ထဲကအသင်းက ၁၉ မှတ်ရှိနေတဲ့ အတွက် တစ်ပွဲရှုံးရင် ရှုံးသလောက် အောက်ကတန်းဆင်းဇုန်ထဲ ပြန်ရောက် သွားနိုင်တဲ့ အတွက် ဒီပွဲအပါအဝင် လက်ကျန်ပွဲတွေကို ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်း ကျားကုတ် ကျားခဲ ဖောင်ဖျက်ကစားမှာ သေချာနေပါတယ်။

ပွဲစဉ်အကြို ထွက်ပေါ်လာတဲ့ လူစာရင်းအရ ပိုချက်တီနိုရဲ့ စပါးအသင်းမှာ ဂိုး- ဟူဂိုလိုရစ် ၊နောက်တန်း- အန်ဒါဝီရယ်လ်၊ ဒီဆန်းချက်ဇ်၊ ဗာတွန်ဂန်၊ အလယ်တန်း- ထရစ်ပီရာ၊ ဆစ်ဆိုကို၊ ဟယ်ရီဝင့်ခ်၊ဒန်နီရိုစ့်၊ဆွန် ဟောင်မင်၊အဲရစ်ဆင်နဲ့  ရှေ့တန်း- လော်ရန်တေးတို့ ပါလာဖို့ များပြီး

ဘင်နီတက်ဇ် ကိုင်တွယ်တဲ့ အိမ်ရှင် နယူးကာဆယ် အသင်းမှာ ဂိုး- မာတင်ဒူဘာကာ၊နောက်တန်း- ဖေဘီယန်ရှား၊ ဂျာမဲလ်လက်စီလက်စ်၊ လီဂျီအန်၊၊အလယ်တန်း- ရီချီ၊ရှာဗေးလ် ၊ လောင်းစတက်ဖ်၊ဟေဒင်၊ဒီအန်ဒရီ ယီဒင်၊ အက်စု၊ အယိုဇေး ပီရီးဇ်၊တိုက်စစ်မှူး-ရွန်ဒွန်တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက စပါးအသင်းဘက်ကနေ တစ်လုံး ပြား ၇၀ အရှုံးဈေးဖွင့်ထားပြီး ဂိုးပေါင်း ကတော့ သုံးလုံးကို ပြား ၈၀ အနိုင်ဈေးဖွင့်ထားပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ပိတ်ကစားဖွယ်ရှိနေတဲ့အတွက် ဂိုးအောက်နဲ့ အိမ်ရှင်ဘက်ကနေ အားပေးချင်ပါကြောင်း…..။

KON (SPORT)
ဖေဖော်ဝါရီ - ၂

( Zawgyi )

ယေန႔ည ၇ နာရီမွာ ပရီမီးယားလိဂ္ပြဲစဥ္ ၂၅ ရဲ႕ အေစာဆုံးပြဲစဥ္ျဖစ္တဲ့ စပါးအသင္းနဲ႔ နယူးကာဆယ္အသင္းတို႔ ကစားၾကမွာ ျဖစ္ပါတယ္။

ႏွစ္သင္းစလုံး လတ္တေလာကစားခဲ့တဲ့ ပြဲစဥ္ ၂၄ မွာ ၿပိဳင္ဘက္ေတြကို အႏိုင္ကစားထားတဲ့ အသင္းေတြျဖစ္ၿပီး နယူးကာဆယ္က အိမ္ကြင္းမွာ မန္စီးတီးကို ၂-၁ နဲ႔ အႏိုင္ကစားခဲ့သလို စပါးက ဝက္ဖိုဒ့္ကို အိမ္ကြင္းမွာ ၂-၁နဲ႔ပဲ အႏိုင္ကစားခဲ့တဲ့အတြက္ ဒီပြဲမွာ ႏွစ္သင္းစလုံး အႏိုင္ရလဒ္အတြက္ ေသခ်ာေပါက္ အားစိုက္ကစားၾကမွာ ေသခ်ာေနပါတယ္။

၂၀၁၈ အတြင္း ေျခစြမ္းေတြ ျပၿပီး ၂၀၁၉ မွာ အဓိကကစားသမားေတြ ဒဏ္ရာေၾကာင့္ ပြဲမထြက္ႏိုင္ တဲ့အခါမွာ ဆက္တိုက္အရႈံးေတြေၾကာင့္ ၿပိဳင္ပြဲႏွစ္ခုကေန ဆက္တိုက္ထြက္ခဲရတဲ့ စပါးအသင္းအတြက္ တိုက္ စစ္မႉးတစ္ဦးျဖစ္တဲ့ ဆြန္ေဟာင္မင္ အာရွဖလားပြဲကေန ျပန္ေရာက္လာတဲ့အတြက္  စပါးသင္းအတြက္တိုက္စစ္ အခက္အခဲကို အနည္းငယ္ေျပလည္ေစဖို႔ မ်ားပါတယ္။

ဇန္နဝါရီ ၁၃ ရက္ ပြဲစဥ္ ၂၂ မွာ မန္ယူကို အိမ္ကြင္းမွာ ဝ-၁နဲ႔ ရႈံး၊ကာရာေဘာင္းဆီမီးဖိုင္နယ္မွာ ခ်ယ္လ္ ဆီးကို ရႈံးၿပီးထြက္ရ၊ ခရစၥတယ္ပဲေလ့ကို FA စတုတၳအဆင့္မွာ ရႈံးၿပီးထြက္ရနဲ႔ စပါးအသင္းရဲ႕ ခက္ခဲတဲ့ ကာလ ေတြဟာ ဝက္ဖိုဒ့္ကို အိမ္ကြင္းမွာ အႏိုင္ကစားၿပီး ေက်ာ္လြန္ၿပီးေျမာက္ခဲ့ၿပီလားဆိုတာ နယူးကာဆယ္နဲ႔ ပြဲမွာ စပါးအႏိုင္ရ/မရကိုၾကည့္ၿပီး ဆုံးျဖတ္ရေတာ့မွာျဖစ္ပါတယ္။

ဧည့္သည္ နယူးကာဆယ္အသင္းကိုၾကည့္ရင္ေတာ့ မၾကာခင္က ရခဲ့တဲ့ ႏိုင္ပြဲ ၃ ပြဲေၾကာင့္ တန္းဆင္း ဇုန္ကေန လြတ္လာခဲ့ေပမယ့္ အဆင့္ ၁၈ ေနရာက အသင္းနဲ႔ သိပ္အမွတ္အကြာႀကီးမဟုတ္ပါဘူး။ ၅ မွတ္သာ ကြာတာပါ။ ပြဲစဥ္ ၂၄ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၄ မွတ္နဲ႔ အဆင့္ ၁၄ ေနရာကို ေရာက္ေနေပမယ့္ တန္းဆင္းဇုန္ ထဲကအသင္းက ၁၉ မွတ္ရွိေနတဲ့ အတြက္ တစ္ပြဲရႈံးရင္ ရႈံးသေလာက္ ေအာက္ကတန္းဆင္းဇုန္ထဲ ျပန္ေရာက္ သြားႏိုင္တဲ့ အတြက္ ဒီပြဲအပါအဝင္ လက္က်န္ပြဲေတြကို ဘင္နီတက္ဇ္ရဲ႕ နယူးကာဆယ္အသင္း က်ားကုတ္ က်ားခဲ ေဖာင္ဖ်က္ကစားမွာ ေသခ်ာေနပါတယ္။

ပြဲစဥ္အႀကိဳ ထြက္ေပၚလာတဲ့ လူစာရင္းအရ ပိုခ်က္တီႏိုရဲ႕ စပါးအသင္းမွာ ဂိုး- ဟူဂိုလိုရစ္ ၊ေနာက္တန္း- အန္ဒါဝီရယ္လ္၊ ဒီဆန္းခ်က္ဇ္၊ ဗာတြန္ဂန္၊ အလယ္တန္း- ထရစ္ပီရာ၊ ဆစ္ဆိုကို၊ ဟယ္ရီဝင့္ခ္၊ဒန္နီ႐ိုစ့္၊ဆြန္ ေဟာင္မင္၊အဲရစ္ဆင္နဲ႔  ေရွ႕တန္း- ေလာ္ရန္ေတးတို႔ ပါလာဖို႔ မ်ားၿပီး

ဘင္နီတက္ဇ္ ကိုင္တြယ္တဲ့ အိမ္ရွင္ နယူးကာဆယ္ အသင္းမွာ ဂိုး- မာတင္ဒူဘာကာ၊ေနာက္တန္း- ေဖဘီယန္ရွား၊ ဂ်ာမဲလ္လက္စီလက္စ္၊ လီဂ်ီအန္၊၊အလယ္တန္း- ရီခ်ီ၊ရွာေဗးလ္ ၊ ေလာင္းစတက္ဖ္၊ေဟဒင္၊ဒီအန္ဒရီ ယီဒင္၊ အက္စု၊ အယိုေဇး ပီရီးဇ္၊တိုက္စစ္မႉး-႐ြန္ဒြန္တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက စပါးအသင္းဘက္ကေန တစ္လုံး ျပား ၇၀ အရႈံးေဈးဖြင့္ထားၿပီး ဂိုးေပါင္း ကေတာ့ သုံးလုံးကို ျပား ၈၀ အႏိုင္ေဈးဖြင့္ထားပါတယ္။ ဒီပြဲမွာ ႏွစ္သင္းစလုံး ပိတ္ကစားဖြယ္ရွိေနတဲ့အတြက္ ဂိုးေအာက္နဲ႔ အိမ္ရွင္ဘက္ကေန အားေပးခ်င္ပါေၾကာင္း…..။

KON (SPORT)
ေဖေဖာ္ဝါရီ - ၂