【 အားကစား 】 အိမ်ကွင်းမှာ ဒေါ့မွန်ကို ကြွေးထပ်တင်မယ့် စပါးဘက်က နေရအောင်

【 အားကစား 】 အိမ်ကွင်းမှာ ဒေါ့မွန်ကို ကြွေးထပ်တင်မယ့် စပါးဘက်က နေရအောင်

ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်တွေမှာ နှစ်ကျော့စလုံးရှုံးခဲ့တဲ့ စပါးအသင်းကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ လာတွေ့ရတဲ့ ဒေါ့မွန်အသင်းအတွက် ယခုတွေ့ဆုံမှုဟာ  လက်စားချေဖို့ ဖြစ်လာတာလား၊ ဒါမှမဟုတ် ကြွေးထပ်တင်ဖို့ ဖြစ်မလားဆိုတာ ယနေ့ည ၂ နာရီခွဲမှာ သိရမှာဖြစ်ပါတယ်။

၂၀၁၆ မှာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နှစ်ကျော့လုံး စပါးကို ဒေါ့မွန်က အနိုင်ယူထားပြီး ၂၀၁၇ မှာ စပါးက နှစ်ကျော့စလုံး အနိုင်ယူခဲ့တဲ့အတွက် ကလင်ဒါအကျဆိုရင် ဒီနှစ်မှာ ဒေါ့မွန်က အနိုင်ရမယ့်နှစ်လို့ ပြောရမှာဖြစ်ပေမယ့် လက်ရှိမှာ စပါးကလည်း ခြေပြန်တက်နေ၊ ဒေါ့မွန်ကလည်း အိမ်ကွင်းမှတောင် ဟော်ဖန်ဟိမ်းကို သရေကျနေတဲ့အတွက် ယခုညပွဲ အနိုင်ရလဒ်က အိမ်ရှင်ဘက်က အလေးသာနေပါတယ်။

အထူးသဖြင့် အိမ်ရှင်ဖြစ်တဲ့ စပါးအသင်းမှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရနေခဲ့တဲ့အတွက် တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ ရှားနေပြီး ဆွန်ဟောင်မင် ကို အားကိုးနေရတဲ့အတွက် အာရှပွဲက ပြန်လာတဲ့ ဆွန်ဟောင်မင် ဆက်တိုက်ကစားနေရပြီး ပွဲပန်းသွားရင် စပါးတိုက်စစ် ဘယ်လိုဖြစ်သွားမလဲဆိုတာ  စပါးအသင်း အားပေးသူတွေ စိုးရိမ်နေတဲ့ အကြောင်းချင်းရာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက  စပါးအသင်း ၈ ပွဲဆက်တိုက် ကစားခဲ့ရာမှာ ၅ ပွဲနိုင် ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။အထူးသဖြင့် မန်ယူကို အိမ်ကွင်းမှာ ရှုံးနိမ့်တဲ့ပွဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရခဲ့ပြီး လနဲ့ချီအနားယူရတဲ့အထိ ဖြစ်ခဲ့လို့ စပါးအသင်းအဖို့ ဇန်နဝါရီလအတွင်း ကစားတဲ့ ချယ်လ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ကာ FA နဲ့ ကာရာဘောင်း ဖလားနှစ်လုံးရမယ့် အခြေအနေကို စွန့်လွှတ်ခဲ့ရပါတယ်။

ဆွန်ဟောင်မင် ပြန်ပါလာပြီးနောက် လတ်တလောကစားခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း အိမ်ကွင်းပွဲစဉ် ၃ ပွဲဖြစ်တဲ့ လက်စတာ၊ နယူးကာဆယ်၊ ဝက်ဖို့ဒ် အသင်းတွေနဲ့ပွဲမှာ ၃ ပွဲစလုံး စပါးအသင်း အနိုင်ကစားနိုင်ခဲ့ပါတယ်။

စပါး ကွင်းမှာ လာကစားမယ့် ဧည့်သည် ဒေါ့မွန်အသင်းကတော့  ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၁ မှာ ဟော်ဖန်ဟိမ်းအသင်းကို အိမ်ကွင်းမှာ ပွဲချိန် ၆၀ ကျော်အထိ ၃ ဂိုးပြတ် ဦးဆောင်ကစားခဲ့ပေမယ့် အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ဟော်ဖန်ဟိမ်းအသင်းက နောက်ကလိုက်သွင်းတဲ့ ဂိုးတွေ ခွင့်ပြုခဲ့လို့ ပွဲအပြီးမှာ ၃-၃ စီ သရေကျခဲ့ပါတယ်။ဒီမတိုင်ခင် ဖရန့်ဖတ် ကွင်းမှာ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာလည်း အိမ်ရှင် ဖရန့်ဖတ် နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့လို့ ဒေါ့မွန်အသင်း ခြေက သတိထားစရာပါ။

နှစ်သင်းစလုံးခြေစွမ်းကို ပြန်ကြည့်ရင် စပါးရော ဒေါ့မွန်ပါ နောက်တန်းတွေ ဂိုးပေးနေရပြီး ဒေါ့မွန်က ဆန်ချို၊ ဖိလစ်၊ ဂူရီယာရို တို့ တိုက်စစ်ကို စပါးနောက်တန်းက အန်ဒါဝီရယ်လ် တို့ လူသိုက် ထိန်းနိုင်ပါမလား ဆိုတာရယ်၊ စပါး ကွင်းလယ်က အဲရစ်ဆင်၊ လူးကပ်စ်မော်ရာ တို့ ဖန်တီးမှုကို ဒေါ့မွန် ကွင်းလယ်က ထိန်းချုပ်နိုင်ပါ့မလားဆိုတာ အဖြေဖြစ်လာဖို့ ရှိနေပါတယ်။

 

ထွက်လာတဲ့ ပွဲကြိုစာရင်းအရ စပါးအသင်းမှာ ဂိုး - ဟူဂိုလိုရစ်၊ နောက်တန်း - အန်ဒါဝီရယ်လ်၊ ဆန်းချက်ဇ်၊ ဗာတွန်ဂန်၊ အလယ်တန်း - ထရစ်ပီယာ၊ အဲရစ်ဒိုင်ယာ၊ ဟယ်ရီဝင့်ခ်၊ ဒန်နီရို့စ်၊ အဲရစ်ဆင်၊ လူးကပ်စ်မော်ရာ၊ ရှေ့တန်း - ဆွန်ဟောင်မင် တို့ ပွဲထွက်လာဖို့ရှိပြီး၊

ဒေါ့မွန်အသင်းမှာဂိုး - ဘာရှုကီ၊ နောက်တန်း - ဟာကီမီ၊ တိုပက်ခ်၊ ဒိုင်အိုလို၊ ရှမယ်ဇာ၊ ကွင်းလယ် - ဝှစ်ဆယ်လ်၊ ဒီလေနီ၊ ဂူရီယာရို၊ ဖိလစ်၊ ဆန်ချို၊ ရှေ့တန်း - ဂေါ့ဇီ တို့နဲ့ ပွဲထွက်လာနိုင်စရာ ရှိနေပါတယ်။

ဒီပွဲမှာ တိုက်စစ်ခြင်း၊ ကွင်းလယ်ခြင်း၊ ခံစစ်ခြင်း စတဲ့ နေရာစုံမှာ သိပ်မကွာကြပေမယ့် အဲရစ်ဆင်၊ ဆွန်ဟောင်မင် တို့ တွဲဖက်မိနေတဲ့ တိုက်စစ်ကြောင့် ဒေါ့မွန် အခက်တွေ့ဖွယ် ရှိနေသလို ဆန်ချို၊ ဂေါ့ဇီ တို့ တိုက်စစ်ကြောင့်လည်း စပါး နောက်တန်း ဂိုးပေးရဖွယ် ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် စပါးအသင်းဘက်ကနေ သရေကျရင် ၃၅ ပြား အရှုံး အကျောပေးထားပြီး ဂိုးပေါင်းကိုတော့ နှစ်သင်းပေါင်း သုံးလုံး ၄၅ ပြား အနိုင်ကြေး ပေါက်နေတဲ့အတွက်  စပါးနဲ့ ဂိုးအပေါ်ကို ပိုအကြိုက်တွေ့မိပါကြောင်း။

KON (SPORT)
ဖေဖော်ဝါရီ - ၁၃

( Zawgyi )

ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ေတြမွာ ႏွစ္ေက်ာ့စလုံးရႈံးခဲ့တဲ့ စပါးအသင္းကို ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာ လာေတြ႕ရတဲ့ ေဒါ့မြန္အသင္းအတြက္ ယခုေတြ႕ဆုံမႈဟာ  လက္စားေခ်ဖို႔ ျဖစ္လာတာလား၊ ဒါမွမဟုတ္ ေႂကြးထပ္တင္ဖို႔ ျဖစ္မလားဆိုတာ ယေန႔ည ၂ နာရီခြဲမွာ သိရမွာျဖစ္ပါတယ္။

၂၀၁၆ မွာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ႏွစ္ေက်ာ့လုံး စပါးကို ေဒါ့မြန္က အႏိုင္ယူထားၿပီး ၂၀၁၇ မွာ စပါးက ႏွစ္ေက်ာ့စလုံး အႏိုင္ယူခဲ့တဲ့အတြက္ ကလင္ဒါအက်ဆိုရင္ ဒီႏွစ္မွာ ေဒါ့မြန္က အႏိုင္ရမယ့္ႏွစ္လို႔ ေျပာရမွာျဖစ္ေပမယ့္ လက္ရွိမွာ စပါးကလည္း ေျချပန္တက္ေန၊ ေဒါ့မြန္ကလည္း အိမ္ကြင္းမွေတာင္ ေဟာ္ဖန္ဟိမ္းကို သေရက်ေနတဲ့အတြက္ ယခုညပြဲ အႏိုင္ရလဒ္က အိမ္ရွင္ဘက္က အေလးသာေနပါတယ္။

အထူးသျဖင့္ အိမ္ရွင္ျဖစ္တဲ့ စပါးအသင္းမွာ အဓိကတိုက္စစ္မႉး ဟယ္ရီကိန္း ဒဏ္ရာရေနခဲ့တဲ့အတြက္ တိုက္စစ္ပိုင္းမွာ ေ႐ြးခ်ယ္စရာ ရွားေနၿပီး ဆြန္ေဟာင္မင္ ကို အားကိုးေနရတဲ့အတြက္ အာရွပြဲက ျပန္လာတဲ့ ဆြန္ေဟာင္မင္ ဆက္တိုက္ကစားေနရၿပီး ပြဲပန္းသြားရင္ စပါးတိုက္စစ္ ဘယ္လိုျဖစ္သြားမလဲဆိုတာ  စပါးအသင္း အားေပးသူေတြ စိုးရိမ္ေနတဲ့ အေၾကာင္းခ်င္းရာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းက  စပါးအသင္း ၈ ပြဲဆက္တိုက္ ကစားခဲ့ရာမွာ ၅ ပြဲႏိုင္ ၃ ပြဲရႈံးနိမ့္ခဲ့ပါတယ္။အထူးသျဖင့္ မန္ယူကို အိမ္ကြင္းမွာ ရႈံးနိမ့္တဲ့ပြဲမွာ တိုက္စစ္မႉး ဟယ္ရီကိန္း ဒဏ္ရာရခဲ့ၿပီး လနဲ႔ခ်ီအနားယူရတဲ့အထိ ျဖစ္ခဲ့လို႔ စပါးအသင္းအဖို႔ ဇန္နဝါရီလအတြင္း ကစားတဲ့ ခ်ယ္လ္ဆီး၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ ပြဲစဥ္ေတြမွာ ရႈံးနိမ့္ခဲ့ကာ FA နဲ႔ ကာရာေဘာင္း ဖလားႏွစ္လုံးရမယ့္ အေျခအေနကို စြန႔္လႊတ္ခဲ့ရပါတယ္။

ဆြန္ေဟာင္မင္ ျပန္ပါလာၿပီးေနာက္ လတ္တေလာကစားခဲ့တဲ့ ေဖေဖၚဝါရီလအတြင္း အိမ္ကြင္းပြဲစဥ္ ၃ ပြဲျဖစ္တဲ့ လက္စတာ၊ နယူးကာဆယ္၊ ဝက္ဖို႔ဒ္ အသင္းေတြနဲ႔ပြဲမွာ ၃ ပြဲစလုံး စပါးအသင္း အႏိုင္ကစားႏိုင္ခဲ့ပါတယ္။

စပါး ကြင္းမွာ လာကစားမယ့္ ဧည့္သည္ ေဒါ့မြန္အသင္းကေတာ့  ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၂၁ မွာ ေဟာ္ဖန္ဟိမ္းအသင္းကို အိမ္ကြင္းမွာ ပြဲခ်ိန္ ၆၀ ေက်ာ္အထိ ၃ ဂိုးျပတ္ ဦးေဆာင္ကစားခဲ့ေပမယ့္ အႏိုင္ရလဒ္ကို မထိန္းႏိုင္ဘဲ ေဟာ္ဖန္ဟိမ္းအသင္းက ေနာက္ကလိုက္သြင္းတဲ့ ဂိုးေတြ ခြင့္ျပဳခဲ့လို႔ ပြဲအၿပီးမွာ ၃-၃ စီ သေရက်ခဲ့ပါတယ္။ဒီမတိုင္ခင္ ဖရန႔္ဖတ္ ကြင္းမွာ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာလည္း အိမ္ရွင္ ဖရန႔္ဖတ္ နဲ႔ တစ္ဖက္ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္း ၅ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့လို႔ ေဒါ့မြန္အသင္း ေျခက သတိထားစရာပါ။

ႏွစ္သင္းစလုံးေျခစြမ္းကို ျပန္ၾကည့္ရင္ စပါးေရာ ေဒါ့မြန္ပါ ေနာက္တန္းေတြ ဂိုးေပးေနရၿပီး ေဒါ့မြန္က ဆန္ခ်ိဳ၊ ဖိလစ္၊ ဂူရီယာ႐ို တို႔ တိုက္စစ္ကို စပါးေနာက္တန္းက အန္ဒါဝီရယ္လ္ တို႔ လူသိုက္ ထိန္းႏိုင္ပါမလား ဆိုတာရယ္၊ စပါး ကြင္းလယ္က အဲရစ္ဆင္၊ လူးကပ္စ္ေမာ္ရာ တို႔ ဖန္တီးမႈကို ေဒါ့မြန္ ကြင္းလယ္က ထိန္းခ်ဳပ္ႏိုင္ပါ့မလားဆိုတာ အေျဖျဖစ္လာဖို႔ ရွိေနပါတယ္။

ထြက္လာတဲ့ ပြဲႀကိဳစာရင္းအရ စပါးအသင္းမွာ ဂိုး - ဟူဂိုလိုရစ္၊ ေနာက္တန္း - အန္ဒါဝီရယ္လ္၊ ဆန္းခ်က္ဇ္၊ ဗာတြန္ဂန္၊ အလယ္တန္း - ထရစ္ပီယာ၊ အဲရစ္ဒိုင္ယာ၊ ဟယ္ရီဝင့္ခ္၊ ဒန္နီ႐ို႕စ္၊ အဲရစ္ဆင္၊ လူးကပ္စ္ေမာ္ရာ၊ ေရွ႕တန္း - ဆြန္ေဟာင္မင္ တို႔ ပြဲထြက္လာဖို႔ရွိၿပီး၊

ေဒါ့မြန္အသင္းမွာဂိုး - ဘာရႈကီ၊ ေနာက္တန္း - ဟာကီမီ၊ တိုပက္ခ္၊ ဒိုင္အိုလို၊ ရွမယ္ဇာ၊ ကြင္းလယ္ - ဝွစ္ဆယ္လ္၊ ဒီေလနီ၊ ဂူရီယာ႐ို၊ ဖိလစ္၊ ဆန္ခ်ိဳ၊ ေရွ႕တန္း - ေဂါ့ဇီ တို႔နဲ႔ ပြဲထြက္လာႏိုင္စရာ ရွိေနပါတယ္။

ဒီပြဲမွာ တိုက္စစ္ျခင္း၊ ကြင္းလယ္ျခင္း၊ ခံစစ္ျခင္း စတဲ့ ေနရာစုံမွာ သိပ္မကြာၾကေပမယ့္ အဲရစ္ဆင္၊ ဆြန္ေဟာင္မင္ တို႔ တြဲဖက္မိေနတဲ့ တိုက္စစ္ေၾကာင့္ ေဒါ့မြန္ အခက္ေတြ႕ဖြယ္ ရွိေနသလို ဆန္ခ်ိဳ၊ ေဂါ့ဇီ တို႔ တိုက္စစ္ေၾကာင့္လည္း စပါး ေနာက္တန္း ဂိုးေပးရဖြယ္ ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ စပါးအသင္းဘက္ကေန သေရက်ရင္ ၃၅ ျပား အရႈံး အေက်ာေပးထားၿပီး ဂိုးေပါင္းကိုေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ၄၅ ျပား အႏိုင္ေၾကး ေပါက္ေနတဲ့အတြက္  စပါးနဲ႔ ဂိုးအေပၚကို ပိုအႀကိဳက္ေတြ႕မိပါေၾကာင္း။

KON (SPORT)
ေဖေဖာ္ဝါရီ - ၁၃