【 အားကစား 】 အိမ်ကွင်းမှာ ဘိုင်ယန်ကို ချေမူန်းမယ့် လီဗာပူးနဲ့ ရင်ခုန်မယ်

【 အားကစား 】 အိမ်ကွင်းမှာ ဘိုင်ယန်ကို ချေမူန်းမယ့် လီဗာပူးနဲ့ ရင်ခုန်မယ်

ယနေ့ည ၂ နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ် ၂ ပွဲကို တစ်ပြိုင်နက် ကစားမှာဖြစ်ပါတယ်။

ပြင်သစ်မြေမှာ လိုင်ယွန်အသင်းနဲ့ ဘာစီလိုနာအသင်း၊ အင်္ဂလန်မြေမှာ လီဗာပူးလ်အသင်းနဲ့ ဘိုင်ယန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဒီနှစ်ပွဲထဲက တိုက်စစ်သန်တဲ့ နှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘိုင်ယန် ပွဲက သွင်းဂိုးတွေနဲ့ ပရိတ်သတ်အကြိုက် စိတ်ဝင်စားမယ့် ပွဲစဉ်တစ်ခုဖြစ်လာဖို့ များနေပါတယ်။

ယခုရာသီ အမှတ်ပေးပွဲတွေမှာ အိမ်ကွင်းရှုံးပွဲ မရှိသေးဘဲ သရေနှစ်ပွဲသာရှိသေးတဲ့ လီဗာပူးလ် အိမ်ကွင်းမှာ အဝေးကွင်း ရလဒ်မကောင်းဘဲ ၃ ရှုံးထားတဲ့ ဘိုင်ယန်အသင်း သွားကစားရမှာဖြစ်တဲ့အတွက် သင်္ချာတွက်နည်းအရဆိုရင် လီဗာပူးဘက်က အသာဖြစ်နေပါတယ်။ဒါပေမယ့် ဘိုင်ယန်အသင်းက ဥရောပမှာ အစဉ်အလာရှိတဲ့ အသင်းမို့လို့ မှန်းဆလို့မရနိုင်တဲ့အတွက် ဘယ်သူနိုင်မလဲဆိုတာ ပွဲပြီးမှ သိနိုင်မယ့် အခြေအနေပါ။

အိမ်ရှင် လီဗာပူးလ်အသင်းဟာ သေမင်းတမန်အုပ်စုလို့ ခေါ်တဲ့ အုပ်စု (C) မှာ ဇာဗက်ဒါ၊ နာပိုလီ၊ PSG တို့နဲ့အတူ ပါဝင်ခဲ့ပြီး ဒီအုပ်စုမှာ လီဗာပူးလ်က PSG အသင်းနဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ဒီအုပ်စုမှာ နာပိုလီအသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက် တူခဲ့ပေမယ့် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးလ် အသာရခဲ့တဲ့အတွက် ဒီအဆင့်ကို လီဗာပူးလ် တက်လာခဲ့တာပါ။ချန်ပီယံလိဂ် အုပ်စုတွင်း အိမ်ကွင်းပွဲစဉ်တွေကို ပြန်ကြည့်ရင် PSG ကို ၃-၂၊ ဇဗက်ဒါကို ၄-ဝ၊ နာပိုလီကို ၁-၀ နဲ့ သုံးပွဲစလုံး အနိုင်ကစားထားတဲ့ အသင်းပါ။လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပြင်ဆင်မှုများစွာ လုပ်ဆောင်ခဲ့ပြီး မိုနာကိုက ဖာဘင်ဟို၊ လိုက်ပ်ဇစ်က နာဘီကီတာ၊ စတုတ်စီးတီးက ရှာကွီရီ၊ ရိုးမားက အလီဆန် တို့ကို ခေါ်ယူခဲ့ကာ ရှေ့တန်းက ဖာမီနို၊ ဆာလက်ချ်၊ မာနေး တို့ အတွဲမိနေတဲ့အတွက် တိုက်စစ်ခံစစ်မျှတပြီး ဒီရာသီမှာ အကောင်းဆုံးပုံစံရနေတဲ့ အသင်းပါ။လီဗာပူးလ်အသင်း နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေကျထားပြီး ချန်ပီယံလိဂ် အိမ်ကွင်းမှာ ဇာဗက်ဒါ၊ PSG ၊ နာပိုလီတို့ကို အနိုင်ကစားထားတဲ့အတွက် ဘိုင်ယန်အတွက် လီဗာပူးလ် ကွင်းက ခက်ခဲတဲ့ဖြတ်သန်းမှု ဖြစ်လာနိုင်ပါတယ်။

ဧည့်သည် ဘိုင်ယန်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု (E) မှာ အေဂျက်၊ ဘင်ဖီကာ၊ AEK တို့နဲ့အတူ ပါဝင်ခဲ့ပြီး ဒီအုပ်စုမှာ ဘိုင်ယန်က အုပ်စုချောင်ပြီး ၆ ပွဲကစား ၁၄ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို အေဂျက်အသင်းနဲ့အတူ တက်လာခဲ့တာပါ။အုပ်စုတွင်း အဝေးကွင်းပွဲတွေမှာ AEK နဲ့ ဘင်ဖီကာကို နှစ်ဂိုးပြတ်စီနဲ့ အနိုင်ရခဲ့ပြီး အေဂျက်နဲ့ သုံးဂိုးစီသရေကျခဲ့ပါတယ်။ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေမှာ ၂၂ ပွဲကစားပြီး ၁၅ ပွဲနိုင် ၃ ပွဲသရေ ၄ ပွဲရှုံးထားပြီး ရဂိုး ၅၀ ပေးဂိုး၂၆ ဂိုးရှိတဲ့ တိုက်စစ်ကောင်းတဲ့ အသင်းပါ။ဒါပေမယ့် တစ်ပွဲကို ၂ ဂိုးကျော်ကျော်သွင်းပြီးတိုင်း ၁ ဂိုးကျော် ပြန်ပေးရတဲ့ ဘိုင်ယန် နောက်တန်းက လီဗာပူးလ်လို ၅၉ ဂိုးသွင်းပြီး ၁၅ ဂိုးပေးရတဲ့ လီဗာပူးလ် တိုက်စစ်နဲ့တွေ့ရင် ထိန်းနိုင်မယ် မထင်ပါဘူး။

လီဗာပူးလ်နဲ့ ဘိုင်ယန် နောက်ဆုံးတွေ့ဆုံမှုမှာ ဘိုင်ယန်ကွင်းမှာ လီဗာပူးလ် ၃ ဂိုးပြတ် နိုင်ထားဖူးပါတယ်။

 

ပွဲကြိုထုတ်ပြန်ထားတဲ့ လူစာရင်းအရ ဒီပွဲကို အိမ်ရှင် လီဗာပူးလ်ဘက်က ဂိုး - အလီဆန်၊ နောက်တန်း - ရော်ဘတ်ဆန်၊ ဂျိုးမာတစ်၊ ဖာဘင်ဟို၊ အာနိုးလ်၊ အလယ်တန်း - ဝန်ဒယ်လ်ဂျယ်လ်၊ ဂျိမ်းစ်မီနာ၊ ဟန်ဒါဆန်၊ ရှေ့တန်း - မာနေး၊ ဆာလက်ချ်၊ ဖာမီနို တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

ဘိုင်ယန်အသင်းမှာ ဂိုး - နျူအာ၊ နောက်တန်း - နစ်ကလပ်ဆူလီ၊ ဟမ်းမဲလ်၊ အယ်လ်ဘာ၊ ကီမစ်ချ်၊ အလယ်တန်း - အယ်လ်ကန်တာရာ၊ ရိုဒီရီဂွက်ဇ်၊ ဂေါရက်ဇ်ကာ နဲ့ ရှေ့တန်းမှာ လီဝန်ဝန်ဒေါစကီး၊ ကိုးလ်မန်း၊ ဂမ်ဘာရီ တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်ဘက်က သရေ  ပြား ၈၀ အရှုံးပေးထားသလို ဂိုးပေါင်းသုံးလုံးကို ပြား၂၀ အနိုင်ပေးထားပါတယ်။

ဒီပွဲကို သူတစ်ပြန်ကိုယ်တစ်ပြန် ဖွင့်ကစားလာမယ်လို့ တွက်ဆထားလို့ ဂိုးအပေါ်ကြိုက်ပြီး ဂိုးသွင်းသေချာတဲ့ ဆာလက်ချ်၊ ဖာမီနို၊ မာနေး တို့ရဲ့ တိုက်စစ်က အိမ်ကွင်းဆို ဂိုးမြူးတဲ့အတွက် အိမ်ရှင် လီဗာပူးလ်ကို အကြိုက်တွေ့မိပါကြောင်း……..။

KON (SPORT)
ဖေဖော်ဝါရီ - ၁၉

( Zawgyi )

ယေန႔ည ၂ နာရီခြဲ အခ်ိန္မွာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္ ၂ ပြဲကို တစ္ၿပိဳင္နက္ ကစားမွာျဖစ္ပါတယ္။

ျပင္သစ္ေျမမွာ လိုင္ယြန္အသင္းနဲ႔ ဘာစီလိုနာအသင္း၊ အဂၤလန္ေျမမွာ လီဗာပူးလ္အသင္းနဲ႔ ဘိုင္ယန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဒီႏွစ္ပြဲထဲက တိုက္စစ္သန္တဲ့ ႏွစ္သင္းျဖစ္တဲ့ လီဗာပူးလ္နဲ႔ ဘိုင္ယန္ ပြဲက သြင္းဂိုးေတြနဲ႔ ပရိတ္သတ္အႀကိဳက္ စိတ္ဝင္စားမယ့္ ပြဲစဥ္တစ္ခုျဖစ္လာဖို႔ မ်ားေနပါတယ္။

ယခုရာသီ အမွတ္ေပးပြဲေတြမွာ အိမ္ကြင္းရႈံးပြဲ မရွိေသးဘဲ သေရႏွစ္ပြဲသာရွိေသးတဲ့ လီဗာပူးလ္ အိမ္ကြင္းမွာ အေဝးကြင္း ရလဒ္မေကာင္းဘဲ ၃ ရႈံးထားတဲ့ ဘိုင္ယန္အသင္း သြားကစားရမွာျဖစ္တဲ့အတြက္ သခ်ၤာတြက္နည္းအရဆိုရင္ လီဗာပူးဘက္က အသာျဖစ္ေနပါတယ္။ဒါေပမယ့္ ဘိုင္ယန္အသင္းက ဥေရာပမွာ အစဥ္အလာရွိတဲ့ အသင္းမို႔လို႔ မွန္းဆလို႔မရႏိုင္တဲ့အတြက္ ဘယ္သူႏိုင္မလဲဆိုတာ ပြဲၿပီးမွ သိႏိုင္မယ့္ အေျခအေနပါ။

အိမ္ရွင္ လီဗာပူးလ္အသင္းဟာ ေသမင္းတမန္အုပ္စုလို႔ ေခၚတဲ့ အုပ္စု (C) မွာ ဇာဗက္ဒါ၊ နာပိုလီ၊ PSG တို႔နဲ႔အတူ ပါဝင္ခဲ့ၿပီး ဒီအုပ္စုမွာ လီဗာပူးလ္က PSG အသင္းနဲ႔အတူ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ဒီအုပ္စုမွာ နာပိုလီအသင္းနဲ႔ အမွတ္တူ၊ ဂိုးကြာျခားခ်က္ တူခဲ့ေပမယ့္ ႏွစ္သင္းထိပ္တိုက္ေတြ႕ဆုံမႈမွာ လီဗာပူးလ္ အသာရခဲ့တဲ့အတြက္ ဒီအဆင့္ကို လီဗာပူးလ္ တက္လာခဲ့တာပါ။ခ်န္ပီယံလိဂ္ အုပ္စုတြင္း အိမ္ကြင္းပြဲစဥ္ေတြကို ျပန္ၾကည့္ရင္ PSG ကို ၃-၂၊ ဇဗက္ဒါကို ၄-ဝ၊ နာပိုလီကို ၁-၀ နဲ႔ သုံးပြဲစလုံး အႏိုင္ကစားထားတဲ့ အသင္းပါ။လီဗာပူးလ္အေနနဲ႔ ဒီရာသီမွာ ျပင္ဆင္မႈမ်ားစြာ လုပ္ေဆာင္ခဲ့ၿပီး မိုနာကိုက ဖာဘင္ဟို၊ လိုက္ပ္ဇစ္က နာဘီကီတာ၊ စတုတ္စီးတီးက ရွာကြီရီ၊ ႐ိုးမားက အလီဆန္ တို႔ကို ေခၚယူခဲ့ကာ ေရွ႕တန္းက ဖာမီႏို၊ ဆာလက္ခ်္၊ မာေနး တို႔ အတြဲမိေနတဲ့အတြက္ တိုက္စစ္ခံစစ္မွ်တၿပီး ဒီရာသီမွာ အေကာင္းဆုံးပုံစံရေနတဲ့ အသင္းပါ။လီဗာပူးလ္အသင္း ေနာက္ဆုံးကစားထားတဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲသေရက်ထားၿပီး ခ်န္ပီယံလိဂ္ အိမ္ကြင္းမွာ ဇာဗက္ဒါ၊ PSG ၊ နာပိုလီတို႔ကို အႏိုင္ကစားထားတဲ့အတြက္ ဘိုင္ယန္အတြက္ လီဗာပူးလ္ ကြင္းက ခက္ခဲတဲ့ျဖတ္သန္းမႈ ျဖစ္လာႏိုင္ပါတယ္။

ဧည့္သည္ ဘိုင္ယန္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု (E) မွာ ေအဂ်က္၊ ဘင္ဖီကာ၊ AEK တို႔နဲ႔အတူ ပါဝင္ခဲ့ၿပီး ဒီအုပ္စုမွာ ဘိုင္ယန္က အုပ္စုေခ်ာင္ၿပီး ၆ ပြဲကစား ၁၄ မွတ္နဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို ေအဂ်က္အသင္းနဲ႔အတူ တက္လာခဲ့တာပါ။အုပ္စုတြင္း အေဝးကြင္းပြဲေတြမွာ AEK နဲ႔ ဘင္ဖီကာကို ႏွစ္ဂိုးျပတ္စီနဲ႔ အႏိုင္ရခဲ့ၿပီး ေအဂ်က္နဲ႔ သုံးဂိုးစီသေရက်ခဲ့ပါတယ္။ဘြန္ဒက္စ္လီဂါ ပြဲစဥ္ေတြမွာ ၂၂ ပြဲကစားၿပီး ၁၅ ပြဲႏိုင္ ၃ ပြဲသေရ ၄ ပြဲရႈံးထားၿပီး ရဂိုး ၅၀ ေပးဂိုး၂၆ ဂိုးရွိတဲ့ တိုက္စစ္ေကာင္းတဲ့ အသင္းပါ။ဒါေပမယ့္ တစ္ပြဲကို ၂ ဂိုးေက်ာ္ေက်ာ္သြင္းၿပီးတိုင္း ၁ ဂိုးေက်ာ္ ျပန္ေပးရတဲ့ ဘိုင္ယန္ ေနာက္တန္းက လီဗာပူးလ္လို ၅၉ ဂိုးသြင္းၿပီး ၁၅ ဂိုးေပးရတဲ့ လီဗာပူးလ္ တိုက္စစ္နဲ႔ေတြ႕ရင္ ထိန္းႏိုင္မယ္ မထင္ပါဘူး။

လီဗာပူးလ္နဲ႔ ဘိုင္ယန္ ေနာက္ဆုံးေတြ႕ဆုံမႈမွာ ဘိုင္ယန္ကြင္းမွာ လီဗာပူးလ္ ၃ ဂိုးျပတ္ ႏိုင္ထားဖူးပါတယ္။

ပြဲႀကိဳထုတ္ျပန္ထားတဲ့ လူစာရင္းအရ ဒီပြဲကို အိမ္ရွင္ လီဗာပူးလ္ဘက္က ဂိုး - အလီဆန္၊ ေနာက္တန္း - ေရာ္ဘတ္ဆန္၊ ဂ်ိဳးမာတစ္၊ ဖာဘင္ဟို၊ အာႏိုးလ္၊ အလယ္တန္း - ဝန္ဒယ္လ္ဂ်ယ္လ္၊ ဂ်ိမ္းစ္မီနာ၊ ဟန္ဒါဆန္၊ ေရွ႕တန္း - မာေနး၊ ဆာလက္ခ်္၊ ဖာမီႏို တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

ဘိုင္ယန္အသင္းမွာ ဂိုး - န်ဴအာ၊ ေနာက္တန္း - နစ္ကလပ္ဆူလီ၊ ဟမ္းမဲလ္၊ အယ္လ္ဘာ၊ ကီမစ္ခ်္၊ အလယ္တန္း - အယ္လ္ကန္တာရာ၊ ႐ိုဒီရီဂြက္ဇ္၊ ေဂါရက္ဇ္ကာ နဲ႔ ေရွ႕တန္းမွာ လီဝန္ဝန္ေဒါစကီး၊ ကိုးလ္မန္း၊ ဂမ္ဘာရီ တို႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္ဘက္က သေရ  ျပား ၈၀ အရႈံးေပးထားသလို ဂိုးေပါင္းသုံးလုံးကို ျပား၂၀ အႏိုင္ေပးထားပါတယ္။

ဒီပြဲကို သူတစ္ျပန္ကိုယ္တစ္ျပန္ ဖြင့္ကစားလာမယ္လို႔ တြက္ဆထားလို႔ ဂိုးအေပၚႀကိဳက္ၿပီး ဂိုးသြင္းေသခ်ာတဲ့ ဆာလက္ခ်္၊ ဖာမီႏို၊ မာေနး တို႔ရဲ႕ တိုက္စစ္က အိမ္ကြင္းဆို ဂိုးျမဴးတဲ့အတြက္ အိမ္ရွင္ လီဗာပူးလ္ကို အႀကိဳက္ေတြ႕မိပါေၾကာင္း……..။

KON (SPORT)
ေဖေဖာ္ဝါရီ - ၁၉