【 အားကစား 】 အိမ်ကွင်းမှာ ယူရိုပါလိဂ်ပွဲပမ်းနေတဲ့ ချယ်လ်ဆီးကို အခက်တွေ့စေမယ့် အဲဗာတန်

【 အားကစား 】 အိမ်ကွင်းမှာ ယူရိုပါလိဂ်ပွဲပမ်းနေတဲ့ ချယ်လ်ဆီးကို အခက်တွေ့စေမယ့် အဲဗာတန်

ယခုည ၉ နာရီခွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အဲဗာတန်ကွင်း ဂွတ်ဒီဆင်ပတ်ခ်မှာ ကစားကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အဲဗာတန်ကွင်းမှာ သရေကျပြီး ချယ်လ်ဆီးကွင်းမှာ ၂-၁ နဲ့ ချယ်လ်ဆီးက အနိုင်ရထားခဲ့ပါတယ်။ပထမအကျော့အဖြစ် ကစားခဲ့စဉ်ကလည်း ချယ်လ်ဆီးကွင်းမှာ အဲဗာတန်က သရေကျအောင် ခံကစားခဲ့တဲ့အတွက် ဒီပွဲက ချယ်လ်ဆီးအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာဖို့များနေပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၃၀ မှာ အဲဗာတန်က အဝေးကွင်းမှာ နယူးကာဆယ်ကို ၃-၂ နဲ့ ရှုံးပြီး ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ ဝုဗ်ကို နောက်ကနေလိုက်ကစားပြီး သရေတစ်မှတ်ရအောင် ကစားခဲ့ရပါတယ်။

အိမ်ရှင် အဲဗာတန်အသင်းက ဒီရာသီမှာ တိုက်စစ်အားပြုတဲ့ အသင်းပုံစံကု ပြောင်းလဲလာခဲ့ပြီး နည်းပြ မာကိုဆေးလ်ဗား လက်ထဲမှာ အစောပိုင်းက တက်ရိပ်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ အထူးသဖြင့် ဒီဇင်ဘာ၊ ဇန်နဝါရီ လတွေထဲမှာ ရလဒ်တွေ ဆိုးဝါးခဲ့လို့ ထိပ်ဆုံး ၁၀ သင်းထဲကနေ လျောကျပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေရတဲ့ အသင်းပါ။အသင်းကြီးတွေဆို အသေအလဲ ခံကစားပြီး အဆင့်တူ၊ အောက်အသင်းတွေဆို ကစားပုံလျော့ရဲကာ ရှုံးနိမ့်လေ့ရှိတဲ့ အဲဗာတန်အသင်းရဲ့ အစဉ်အလာကို နည်းပြ မာကိုဆေးလ်ဗားလ် လဲ မပြုပြင်နိုင်သေးပါဘူး။

ဒီရာသီ ပွဲ ၃၀ မှာ ၁၀ ပွဲနိုင် ၇ ပွဲသရေကျပြီး ၁၃ ပွဲရှုံးတဲ့ အဲဗာတန်အသင်း ရလဒ်တွေက အသင်းမှာရှိတဲ့ လူစာရင်းနဲ့ယှဉ်ရင်  မဖြစ်သင့်တဲ့ ရလဒ်ပါ။အထူးသဖြင့်  ပစ်ချ်ဖိုဒ့်၊ ဇူးမား၊ မက်ခ်ကိန်း၊ ယူရီမီနာ၊ လူးကပ်စ် ဒီဂနီ၊ ဂျွန်ကနီ တို့ ရှိတဲ့ အဲဗာတန် နောက်တန်း အခြေအနေပါ။ပွဲ၃၀ မှာ ၄၂ ဂိုးပေးရတဲ့အထိ အာရုံစိုက်မှုနဲ့ လျော့ရဲမှုက ယခင် အဲဗာတန် နောက်တန်းအဆက်ဆက်ကို ပြန်တမ်းတစရာပါ။

ချယ်လ်ဆီးအသင်းကတော့ ဆာရီ လက်ထက်မှာ ပုံစံကောင်းတွေ ဆက်တိုက်ပြနေခဲ့ပေမယ့် ဒီဇင်ဘာကစပြီး ရလဒ်တွေ ကမောက်ကမဖြစ်သလို FA ၊ ကာရာဘောင်း စတဲ့ ဖလားပွဲတွေကနေ ထွက်ရတဲ့အထိ ခြေစွမ်းထိုးကျခဲ့ပါတယ်။မန်စီးတီးကွင်းမှာ ဖေဖေါ်ဝါရီ ၁၀ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးဒါဇင်ဝက်နဲ့ ရှုံးခဲ့သလို မန်ယူအသင်းကိုလည်း အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့ပါတယ်။ဒီလထဲ ကစားတဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ အဝေးကွင်းဖြစ်တဲ့ ဖူလ်ဟမ်ကွင်းမှာ ၁ - ၂ နဲ့ နိုင်ပြီး အိမ်ကွင်းမှာ ဝုဗ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ယူရိုပါလိဂ် ရှုံးထွက်အဖြစ် ဒိုင်နမိုကိယက်ဗ်အသင်းကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

နည်းပြချင်းယှဉ်ရင် မာကိုဆေးလ်ဗား ထက် ဆာရီ က ပိုပါတယ်။ဒါပေမယ့် လတ်တလောမှာ အဲဗာတန်က နယူးကာဆယ်ကို နှစ်လုံးပြတ်အနိုင်ကနေ ဒုတိယပိုင်းမှာ နယူးကာဆယ်က သုံးဂိုးပြန်သွင်းလို့ ရှုံးခဲ့ရတဲ့အတွက် ဒါဟာ ယခုပွဲအတွက် တနည်းတဖုံ သက်ရောက်လာနိုင်ပါတယ်။

ဒီနှစ်သင်း အဲဗာတန်ကွင်း နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်ရင် တစ်သင်းစီ နှစ်ခါစီနိုင်ကာ တစ်ကြိမ်မှာ သရေကျခဲ့ပါတယ်။၅ ပွဲမှာ နှစ်ပွဲ ဂိုးအောက်ပြီး ၃ ပွဲ ဂိုးပေါ်ခဲ့ပါတယ်။

 

ဒီပွဲအတွက် ပွဲကြိုစာရင်းအရ နည်းပြ မာကိုဆေးလ်ဗား ရဲ့ အိမ်ရှင် အဲဗာတန်အသင်းမှာ ဂိုး - ပစ်ချ်ဖိုဒ့်၊ နောက်တန်း - ကိုလ်မန်း၊ ယူရီမီနာ၊ မက်ခ်ကိန်း၊ လူးကပ်စ်ဒီဂနီ၊ အလယ်တန်း - ရှနိုက်ဒါလင်၊ အန်ဒရီးစ်ဂူယာယီ၊ ရစ်ချာလီဆန်၊ ဆီဂတ်ဆန်၊ ဘာနက်ဒ်၊ ရှေ့တန်း -  ကလာဗက်လီဝင် တို့ ပါဝင်လာဖွယ်ရှိပြီး၊

ချယ်လ်ဆီးအသင်းမှာ ဂိုး - ကီပါ၊ နောက်တန်း - အီမာဆန်၊ ဒေးဗစ်လူးဝစ်္စ၊ ရူဒီဂါ၊ အက်စပီကူလီတာ၊ အလယ်တန်း - ဘာကလေ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရှေ့တန်း - ဟာဇက်၊ ဟီဂူအင်၊ ပက်ဒရို တို့ ပါဝင်လာဖွယ်ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အဝေးကွင်းလာကစားရတဲ့ ချယ်လ်ဆီးဘက်ကနေ သရေ ၉၅ ပြား အရှုံးပေးထားပြီး ဂိုးပေါင်းက ၂ လုံး အရှုံးပေးထားပါတယ်။

နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာ ပထမအကျော့က ချယ်လ်ဆီးကို သရေကစားထားတဲ့အတွက် ဒီပွဲမှာ အိမ်ရှင် အဲဗာတန်အသင်းနဲ့နေတာ အကောင်းဆုံးလို့ ထင်ပါကြောင်း................။

KON (SPORT)
မတ် - ၁၇

( Zawgyi )

ယခုည ၉ နာရီခြဲမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၁ ပြဲစဥ္အျဖစ္ အဲဗာတန္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ အဲဗာတန္ကြင္း ဂြတ္ဒီဆင္ပတ္ခ္မွာ ကစားၾကမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက အဲဗာတန္ကြင္းမွာ သေရက်ၿပီး ခ်ယ္လ္ဆီးကြင္းမွာ ၂-၁ နဲ႔ ခ်ယ္လ္ဆီးက အႏိုင္ရထားခဲ့ပါတယ္။ပထမအေက်ာ့အျဖစ္ ကစားခဲ့စဥ္ကလည္း ခ်ယ္လ္ဆီးကြင္းမွာ အဲဗာတန္က သေရက်ေအာင္ ခံကစားခဲ့တဲ့အတြက္ ဒီပြဲက ခ်ယ္လ္ဆီးအတြက္ ခက္ခဲတဲ့ပြဲစဥ္တစ္ခု ျဖစ္လာဖို႔မ်ားေနပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္ ၃၀ မွာ အဲဗာတန္က အေဝးကြင္းမွာ နယူးကာဆယ္ကို ၃-၂ နဲ႔ ရႈံးၿပီး ခ်ယ္လ္ဆီးအသင္းက အိမ္ကြင္းမွာ ဝုဗ္ကို ေနာက္ကေနလိုက္ကစားၿပီး သေရတစ္မွတ္ရေအာင္ ကစားခဲ့ရပါတယ္။

အိမ္ရွင္ အဲဗာတန္အသင္းက ဒီရာသီမွာ တိုက္စစ္အားျပဳတဲ့ အသင္းပုံစံကု ေျပာင္းလဲလာခဲ့ၿပီး နည္းျပ မာကိုေဆးလ္ဗား လက္ထဲမွာ အေစာပိုင္းက တက္ရိပ္ျပခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အထူးသျဖင့္ ဒီဇင္ဘာ၊ ဇန္နဝါရီ လေတြထဲမွာ ရလဒ္ေတြ ဆိုးဝါးခဲ့လို႔ ထိပ္ဆုံး ၁၀ သင္းထဲကေန ေလ်ာက်ၿပီး အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရတဲ့ အသင္းပါ။အသင္းႀကီးေတြဆို အေသအလဲ ခံကစားၿပီး အဆင့္တူ၊ ေအာက္အသင္းေတြဆို ကစားပုံေလ်ာ့ရဲကာ ရႈံးနိမ့္ေလ့ရွိတဲ့ အဲဗာတန္အသင္းရဲ႕ အစဥ္အလာကို နည္းျပ မာကိုေဆးလ္ဗားလ္ လဲ မျပဳျပင္ႏိုင္ေသးပါဘူး။

ဒီရာသီ ပြဲ ၃၀ မွာ ၁၀ ပြဲႏိုင္ ၇ ပြဲသေရက်ၿပီး ၁၃ ပြဲရႈံးတဲ့ အဲဗာတန္အသင္း ရလဒ္ေတြက အသင္းမွာရွိတဲ့ လူစာရင္းနဲ႔ယွဥ္ရင္  မျဖစ္သင့္တဲ့ ရလဒ္ပါ။အထူးသျဖင့္  ပစ္ခ်္ဖိုဒ့္၊ ဇူးမား၊ မက္ခ္ကိန္း၊ ယူရီမီနာ၊ လူးကပ္စ္ ဒီဂနီ၊ ဂြၽန္ကနီ တို႔ ရွိတဲ့ အဲဗာတန္ ေနာက္တန္း အေျခအေနပါ။ပြဲ၃၀ မွာ ၄၂ ဂိုးေပးရတဲ့အထိ အာ႐ုံစိုက္မႈနဲ႔ ေလ်ာ့ရဲမႈက ယခင္ အဲဗာတန္ ေနာက္တန္းအဆက္ဆက္ကို ျပန္တမ္းတစရာပါ။

ခ်ယ္လ္ဆီးအသင္းကေတာ့ ဆာရီ လက္ထက္မွာ ပုံစံေကာင္းေတြ ဆက္တိုက္ျပေနခဲ့ေပမယ့္ ဒီဇင္ဘာကစၿပီး ရလဒ္ေတြ ကေမာက္ကမျဖစ္သလို FA ၊ ကာရာေဘာင္း စတဲ့ ဖလားပြဲေတြကေန ထြက္ရတဲ့အထိ ေျခစြမ္းထိုးက်ခဲ့ပါတယ္။မန္စီးတီးကြင္းမွာ ေဖေဖၚဝါရီ ၁၀ ရက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဂိုးဒါဇင္ဝက္နဲ႔ ရႈံးခဲ့သလို မန္ယူအသင္းကိုလည္း အိမ္ကြင္းမွာ ႏွစ္ဂိုးျပတ္ရႈံးခဲ့ပါတယ္။ဒီလထဲ ကစားတဲ့ ပရီးမီးယားလိဂ္ ၂ ပြဲမွာ အေဝးကြင္းျဖစ္တဲ့ ဖူလ္ဟမ္ကြင္းမွာ ၁ - ၂ နဲ႔ ႏိုင္ၿပီး အိမ္ကြင္းမွာ ဝုဗ္ကို သေရသာ ကစားႏိုင္ခဲ့ပါတယ္။ယူ႐ိုပါလိဂ္ ရႈံးထြက္အျဖစ္ ဒိုင္နမိုကိယက္ဗ္အသင္းကို အေဝးကြင္းမွာ ၅ ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။

နည္းျပခ်င္းယွဥ္ရင္ မာကိုေဆးလ္ဗား ထက္ ဆာရီ က ပိုပါတယ္။ဒါေပမယ့္ လတ္တေလာမွာ အဲဗာတန္က နယူးကာဆယ္ကို ႏွစ္လုံးျပတ္အႏိုင္ကေန ဒုတိယပိုင္းမွာ နယူးကာဆယ္က သုံးဂိုးျပန္သြင္းလို႔ ရႈံးခဲ့ရတဲ့အတြက္ ဒါဟာ ယခုပြဲအတြက္ တနည္းတဖုံ သက္ေရာက္လာႏိုင္ပါတယ္။

ဒီႏွစ္သင္း အဲဗာတန္ကြင္း ေနာက္ဆုံး ေတြ႕ဆုံမႈ ၅ ႀကိမ္ကို ျပန္ၾကည့္ရင္ တစ္သင္းစီ ႏွစ္ခါစီႏိုင္ကာ တစ္ႀကိမ္မွာ သေရက်ခဲ့ပါတယ္။၅ ပြဲမွာ ႏွစ္ပြဲ ဂိုးေအာက္ၿပီး ၃ ပြဲ ဂိုးေပၚခဲ့ပါတယ္။

ဒီပြဲအတြက္ ပြဲႀကိဳစာရင္းအရ နည္းျပ မာကိုေဆးလ္ဗား ရဲ႕ အိမ္ရွင္ အဲဗာတန္အသင္းမွာ ဂိုး - ပစ္ခ်္ဖိုဒ့္၊ ေနာက္တန္း - ကိုလ္မန္း၊ ယူရီမီနာ၊ မက္ခ္ကိန္း၊ လူးကပ္စ္ဒီဂနီ၊ အလယ္တန္း - ရွႏိုက္ဒါလင္၊ အန္ဒရီးစ္ဂူယာယီ၊ ရစ္ခ်ာလီဆန္၊ ဆီဂတ္ဆန္၊ ဘာနက္ဒ္၊ ေရွ႕တန္း -  ကလာဗက္လီဝင္ တို႔ ပါဝင္လာဖြယ္ရွိၿပီး၊

ခ်ယ္လ္ဆီးအသင္းမွာ ဂိုး - ကီပါ၊ ေနာက္တန္း - အီမာဆန္၊ ေဒးဗစ္လူးဝစ္ၥ၊ ႐ူဒီဂါ၊ အက္စပီကူလီတာ၊ အလယ္တန္း - ဘာကေလ၊ ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ၊ ေရွ႕တန္း - ဟာဇက္၊ ဟီဂူအင္၊ ပက္ဒ႐ို တို႔ ပါဝင္လာဖြယ္ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အေဝးကြင္းလာကစားရတဲ့ ခ်ယ္လ္ဆီးဘက္ကေန သေရ ၉၅ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္းက ၂ လုံး အရႈံးေပးထားပါတယ္။

ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္မွာ ပထမအေက်ာ့က ခ်ယ္လ္ဆီးကို သေရကစားထားတဲ့အတြက္ ဒီပြဲမွာ အိမ္ရွင္ အဲဗာတန္အသင္းနဲ႔ေနတာ အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း................။

KON (SPORT)
မတ္ - ၁၇