【 အားကစား 】 အိမ်ကွင်းမှာ လီဗာပူးလ်ကို ဂိုးပြတ်မရှှုံးနိမ့်နိုင်တဲ့ နယူးကာဆယ်

【 အားကစား 】 အိမ်ကွင်းမှာ လီဗာပူးလ်ကို ဂိုးပြတ်မရှှုံးနိမ့်နိုင်တဲ့ နယူးကာဆယ်

ယနေ့ည ၁း၁၅ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် နယူးကာဆယ်အသင်းနဲ့ လီဗာပူးလ်တို့ နယူးကာဆယ် အိမ်ကွင်းဖြစ်တဲ့ စိန့်ဂျိမ်းပတ် ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၃၆ ပွဲ ကစားအပြီး ၁၁ ပွဲနိုင် ၉ ပွဲသရေ ၁၆ ပွဲရှုံးခဲ့ပြီး ရမှတ် ၄၂ မှတ်ရရှိကာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။နယူးကာဆယ်အသင်းအနေနဲ့ ရာသီအစ ပွဲစဉ်တွေမှာ ရှုံးပွဲတွေများခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ နိုင်ပွဲတွေရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပွဲစဉ် ၃၈ မကစားမှီ တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့  ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ပွဲ ကစားအပြီး ၂၈ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ခဲ့ပြီး ရမှတ် ၉၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ရှုံးပွဲအနေနဲ့ မန်စီးတီးကို အဝေးကွင်းမှာ ကစားကာ ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ လက်စတာ၊ မန်စီးတီးနဲ့ အဝေးကွင်းမှာ အဲဗာတန်၊ မန်ယူ၊ ဝက်ဟမ်း၊ အာဆင်နယ်၊ ချဲလ်ဆီး အသင်းတွေ သရေကျခဲ့ပြီး ကျန်ပွဲစဉ် အားလုံးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပထမအကျော့ပွဲစဉ် မှာ နယူးကာဆယ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ခုချိန်မှာတော့ ချန်ပီယံံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘာစီလိုနာကို ဧည့်ခံကစားရဦးမှာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ်မှာလည်း မန်စီတီးအသင်းနဲ့ ၁ မှတ်ကွာ အနေအထားနဲ့ ဒုတိယနေရာမှ ကပ်လိုက်နေပြီး နည်းပြ ကလော့ဒ် က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် နှစ်ခုလုံးကို ပစ်မှတ်ထားနေသေးတယ်လို့ ဆိုပါတယ်။အသင်းမှာ ကီတာ နဲ့ လယ်လာနာ တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘဲ ရှိတဲ့ လူအင်အားနဲ့ ပြိုင်ပွဲ ၂ ခုလုံးအပေါ် အာရုံထွေပြားနေနိုင်တဲ့ အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

နှစ်သင်းတွေ့ဆုံမှုအရ ၂၀၁၃ ခုနှစ်က နယူးကာဆယ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၆ ဂိုးပြတ်နဲ့ အနိုင်ရပြီးတဲ့နောက်ပိုင်း နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ လီဗာပူးလ်တို့ အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်တော့ဘဲ ၂ ပွဲရှုံး၊ ၂ ပွဲသရေ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

 

နယူးကာဆယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီး စပါး၊ ချဲလ်ဆီး၊ အာဆင်နယ် အသင်းတို့ကို ၁ ဂိုးနဲ့သာ ရှုံးနိမ့်ခဲ့ပြီး မန်ယူအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နယူးကာဆယ် နည်းပြ ဘင်နီတက်ဇ် ကလည်း လီဗာပူးလ်အသင်းကို ဒုက္ခပေးမယ်လို့ ပြောကြားထားပြီး ဖိအားလည်း ကင်းစင်နေပါတယ်။

ဘွတ်ကီဒိုင်တွေရဲ့ မူလဈေးဖွင့်လှစ်မှုအရ လီဗာပူးလ်ဘက်မှ ၂ ဂိုး ၆၅ ပြား အနိုင်ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ လီဗာပူးလ်ဘက်မှ ၁ ဂိုး ၇၀ ရှုံး အကျောပေးထားပြီး ဂိုးပေါင်းအနေနဲ့ ၃ လုံး ၆၀ အနိုင် ဈေးဖွင့်လှစ်ထားပါတယ်။

နှစ်သင်းစလုံးကို ခြုံငုံသုံးသပ်ရရင် ပြောင်းလဲလာတဲ့ ဘွတ်ကီဒိုင်တွေရဲ့ ဈေးဖွင့်လှစ်မှု၊ ပြိုင်ပွဲ ၂  ခုကြားမှာ အာရုံများနေနိုင်တဲ့ လီဗာပူးလ်အသင်း၊ အိမ်ကွင်းမှာ လီဗာပူးလ်ကို ဒုက္ခပေးလေ့ရှိတဲ့ အစဉ်အလာ၊ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်၊ တစ်ပွဲထိုးနည်းဗျူဟာ ကောင်းမွန်တဲ့ ဘင်နီတက်ဇ် တို့ကြောင့် လီဗာပူးလ်အသင်းကို ဂိုးပြတ်မရှုံးနိမ့်နိုင်တဲ့ နယူးကာဆယ်နဲ့သာ လက်တွဲသင့်ပါကြောင်း........။

KON (SPORT)
မေ - ၄

( Zawgyi )

ယေန႔ည ၁း၁၅ မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ အျဖစ္ နယူးကာဆယ္အသင္းနဲ႔ လီဗာပူးလ္တို႔ နယူးကာဆယ္ အိမ္ကြင္းျဖစ္တဲ့ စိန႔္ဂ်ိမ္းပတ္ ကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

နယူးကာဆယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ၃၆ ပြဲ ကစားအၿပီး ၁၁ ပြဲႏိုင္ ၉ ပြဲသေရ ၁၆ ပြဲရႈံးခဲ့ၿပီး ရမွတ္ ၄၂ မွတ္ရရွိကာ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနပါတယ္။နယူးကာဆယ္အသင္းအေနနဲ႔ ရာသီအစ ပြဲစဥ္ေတြမွာ ရႈံးပြဲေတြမ်ားခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွ စတင္ကာ ႏိုင္ပြဲေတြရရွိေအာင္ ျပန္လည္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ပြဲစဥ္ ၃၈ မကစားမွီ တန္းဆင္းဇုန္ အႏၲရာယ္မွ လြတ္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔  ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၆ ပြဲ ကစားအၿပီး ၂၈ ပြဲႏိုင္၊ ၇ ပြဲသေရ၊ ၁ ပြဲရႈံးနိမ့္ခဲ့ၿပီး ရမွတ္ ၉၁ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနပါတယ္။ရႈံးပြဲအေနနဲ႔ မန္စီးတီးကို အေဝးကြင္းမွာ ကစားကာ ရႈံးနိမ့္ခဲ့ၿပီး အိမ္ကြင္းမွာ ကစားခဲ့တဲ့ လက္စတာ၊ မန္စီးတီးနဲ႔ အေဝးကြင္းမွာ အဲဗာတန္၊ မန္ယူ၊ ဝက္ဟမ္း၊ အာဆင္နယ္၊ ခ်ဲလ္ဆီး အသင္းေတြ သေရက်ခဲ့ၿပီး က်န္ပြဲစဥ္ အားလုံးကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ပထမအေက်ာ့ပြဲစဥ္ မွာ နယူးကာဆယ္အသင္းကို ၄ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ခုခ်ိန္မွာေတာ့ ခ်န္ပီယံံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ဘာစီလိုနာကို ဧည့္ခံကစားရဦးမွာ ျဖစ္ပါတယ္။ပရီးမီးယားလိဂ္ အမွတ္ေပးပြဲစဥ္မွာလည္း မန္စီတီးအသင္းနဲ႔ ၁ မွတ္ကြာ အေနအထားနဲ႔ ဒုတိယေနရာမွ ကပ္လိုက္ေနၿပီး နည္းျပ ကေလာ့ဒ္ က ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ႏွစ္ခုလုံးကို ပစ္မွတ္ထားေနေသးတယ္လို႔ ဆိုပါတယ္။အသင္းမွာ ကီတာ နဲ႔ လယ္လာနာ တို႔ ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္မွာမဟုတ္ဘဲ ရွိတဲ့ လူအင္အားနဲ႔ ၿပိဳင္ပြဲ ၂ ခုလုံးအေပၚ အာ႐ုံေထြျပားေနႏိုင္တဲ့ အေနအထားကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈအရ ၂၀၁၃ ခုႏွစ္က နယူးကာဆယ္ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူးလ္အသင္းက ၆ ဂိုးျပတ္နဲ႔ အႏိုင္ရၿပီးတဲ့ေနာက္ပိုင္း နယူးကာဆယ္ရဲ႕ အိမ္ကြင္းမွာ လီဗာပူးလ္တို႔ အႏိုင္ရရွိေအာင္ မစြမ္းေဆာင္ႏိုင္ေတာ့ဘဲ ၂ ပြဲရႈံး၊ ၂ ပြဲသေရ ရလဒ္ေတြ ထြက္ေပၚခဲ့ပါတယ္။

နယူးကာဆယ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ မန္စီးတီးအသင္းကို အႏိုင္ရရွိခဲ့ၿပီး စပါး၊ ခ်ဲလ္ဆီး၊ အာဆင္နယ္ အသင္းတို႔ကို ၁ ဂိုးနဲ႔သာ ရႈံးနိမ့္ခဲ့ၿပီး မန္ယူအသင္းကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

နယူးကာဆယ္ နည္းျပ ဘင္နီတက္ဇ္ ကလည္း လီဗာပူးလ္အသင္းကို ဒုကၡေပးမယ္လို႔ ေျပာၾကားထားၿပီး ဖိအားလည္း ကင္းစင္ေနပါတယ္။

ဘြတ္ကီဒိုင္ေတြရဲ႕ မူလေဈးဖြင့္လွစ္မႈအရ လီဗာပူးလ္ဘက္မွ ၂ ဂိုး ၆၅ ျပား အႏိုင္ဖြင့္လွစ္ခဲ့ၿပီး ဒီကေန႔မနက္မွာေတာ့ လီဗာပူးလ္ဘက္မွ ၁ ဂိုး ၇၀ ရႈံး အေက်ာေပးထားၿပီး ဂိုးေပါင္းအေနနဲ႔ ၃ လုံး ၆၀ အႏိုင္ ေဈးဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းစလုံးကို ၿခဳံငုံသုံးသပ္ရရင္ ေျပာင္းလဲလာတဲ့ ဘြတ္ကီဒိုင္ေတြရဲ႕ ေဈးဖြင့္လွစ္မႈ၊ ၿပိဳင္ပြဲ ၂  ခုၾကားမွာ အာ႐ုံမ်ားေနႏိုင္တဲ့ လီဗာပူးလ္အသင္း၊ အိမ္ကြင္းမွာ လီဗာပူးလ္ကို ဒုကၡေပးေလ့ရွိတဲ့ အစဥ္အလာ၊ နယူးကာဆယ္အသင္းရဲ႕ အိမ္ကြင္းေနာက္ဆုံးပြဲစဥ္၊ တစ္ပြဲထိုးနည္းဗ်ဴဟာ ေကာင္းမြန္တဲ့ ဘင္နီတက္ဇ္ တို႔ေၾကာင့္ လီဗာပူးလ္အသင္းကို ဂိုးျပတ္မရႈံးနိမ့္ႏိုင္တဲ့ နယူးကာဆယ္နဲ႔သာ လက္တြဲသင့္ပါေၾကာင္း........။

KON (SPORT)
ေမ - ၄