【 အားကစား 】 အိုလီဗီယာ ဂျရူး အေစီရောက်ပြီ

【 အားကစား 】 အိုလီဗီယာ ဂျရူး အေစီရောက်ပြီ

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ပြင်သစ်လက်ရွေးစင် အိုလီဗီယာ ဂျရူးကတော့ အီတလီကလပ် အေစီမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါပြီ။

Daily Mail ရဲ့ အဆိုအရတော့ ၃၄ နှစ်သား ဝါရင့်တိုက်စစ်မှူးကြီးဟာ အေစီမီလန်အသင်းနဲ့ ၂ နှစ်စာချုပ်သက်တမ်း ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းမှ အိုလီဗီယာ ဂျရူး ကို ယူရို ၂ သန်းနဲ့ အေစီအသင်းထံသို့ ရောင်းချ‌ခဲ့ဝာာဖြစ်ပါတယ်။အိုလီဗီယာ ဂျရူး အသင်းမှထွက်ခွာသွားတဲ့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပုံမှန်ဂိုးသွင်းခြေရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို အစားထိုးခေါ်ယူဖို့ ကြိုးပမ်းသွားရတော့မှာဖြစ်ပါတယ်။

အိုလီဗီယာ ဂျရူးဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဝါရင့်တိုက်စစ်မှူးကြီးဖြစ်တဲ့အတွက် အေစီအသင်းရဲ့ တိုက်စစ်ကို အတွေ့အကြုံကောင်းတွေ ယူဆောင်လာမှာတော့ အသေအချာပဲဖြစ်ပါတယ်။အထူးသဖြင့် ဂျရူးရဲ့ အရပ်အမောင်းမြင့်မားခြင်းနဲ့ ခေါင်းတိုက်စွမ်းရည်ကောင်းမွန်ခြင်းက လာမယ့်ဘောလုံးရာသီမှာ အေစီအသင်းရဲ့ တိုက်စစ်အင်အားကို ပိုမိုတောင့်တင်းလာစေမှာဖြစ်ပါတယ်။

အိုလီဗီယာ ဂျရူးဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၅၅ ပွဲ ကစားခဲ့ပြီး၊ ဂိုးပေါင်း ၃၀ သွင်းယူပေးခဲ့ပါတယ်။

Linko
‌မီလန်၊ ဇူလိုင် - ၉