【 အားကစား 】 အိုးလ်ထရက်ဖို့ဒ်မှာ ဘန်လေကို ဂိုးပြတ်၊ ခြေပြတ်နဲ့ ရလဒ်နဲ့ အနိုင်ကစားမယ့် မန်ယူ

【 အားကစား 】 အိုးလ်ထရက်ဖို့ဒ်မှာ ဘန်လေကို ဂိုးပြတ်၊ ခြေပြတ်နဲ့ ရလဒ်နဲ့ အနိုင်ကစားမယ့် မန်ယူ

ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ပရီမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ ပွဲစဉ် ၅ ပွဲကို ကစားကြမှာ ဖြစ်ပါတယ်။ဒီပွဲတွေထဲမှာ နည်းပြအပြောင်းအလဲမှာ ခြေစွမ်းကောင်းတွေပြပြီး ဂိုးပြတ်နိုင်ပွဲတွေနဲ့ ပြန်လာတဲ့ ဆိုးလ်ရှား ရဲ့ မန်ယူအသင်းနဲ့ နည်းပြ ရှောင်ဒိုက်ချီ လက်ထဲက ဘန်လေအသင်းတို့ မန်ယူကွင်းမှာ ကစားကြမယ့်ပွဲလည်း ပါဝင်ပါတယ်။

နည်းပြ ဆိုးလ်ရှား မန်ယူရဲ့ အိမ်ကွင်းပွဲစဉ် ၄ ပွဲမြောက်ဖြစ်တဲ့ ပရီမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်း ထိပ်ဆုံး ၄ သင်းနေရာကို တက်ဖို့အတွက် ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေသလို တန်းဆင်းဇုန်က အသင်းတွေနဲ့ နှစ်မှတ်သာ ကွာဟတော့တဲ့ ဘန်လေအသင်းအတွက်လည်း ဒီပွဲစဉ်မှာ တစ်မှတ်ဆို တစ်မှတ်ဆိုသလောက် အရေးပါလာတဲ့အတွက် ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အသေအကြေ ကစားကြမယ့် ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ် ၆ ပွဲဆက်အနိုင်ကြောင့် အဆင့် ၆ နေရာထိ တက်လာတဲ့ မန်ယူအသင်းက နောက်ဆုံး ၅  ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးထားတဲ့ ဘန်လေအသင်းကို အနိုင်ရဖို့ သေချာနေပေမယ့်  ဆက်တိုက်နိုင်ပွဲတွေကြောင့် ပြိုင်ဘက်အသင်းကို အထင်သေးပြီး ပေါ့ဆကစားတတ်တဲ့ အကျင့်ရှိတဲ့အတွက် ဘန်လေအသင်း အမှတ်ရသွားမလားဆိုတာ ထည့်စဉ်းစားဖို့လည်း လိုပါတယ်။

မန်ယူအသင်း ကစားပြီးတဲ့ ၂၃ ပွဲကို ပြန်ကြည့်ရင် ၁၃ ပွဲနိုင် ၅ ပွဲရှုံးပြီး ၅ ပွဲသရေကျကာ သွင်းဂိုး ၄၆ ဂိုး ပေးဂိုး ၃၃ ဂိုး ရှိနေပါတယ်။အိမ်ကွင်း ၁၁ ပွဲမှာ ၇ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲထဲရှုံးထားပြီး ရဂိုး ၂၃ ဂိုး၊ ပေးဂိုး ၁၄ ဂိုးရှိကာ ဂိုးကွာခြားချက် ၉ ဂိုးသာ ရှိပါတယ်။မန်ယူ အထက်က အသင်း ၅ သင်းစလုံးရဲ့ အိမ်ကွင်း ဂိုးကွာခြားချက်ကိုကြည့်ရင်  အနည်းဆုံး ၁၅ ဂိုးအထက် ရှိနေချိန်မှာ မန်ယူအသင်းရဲ့ ဂိုးကွာခြားချက်က အတေ်ာလေးနည်းနေတာကို ကြည့်ရင် ရာသီဝက်နီးပါး မန်ယူနောက်တန်း မငြိမ်မှုနဲ့ နောက်တန်းအတွင်းလူ ပြဿနာကို မဖြေရှင်းနိုင်တာ ို တွေ့ရမှာဖြစ်ပါတယ်။မော်ရင်ဟို ကို ထုတ်ပယ်ပြီး ဆိုးလ်ရှား ကို ခန့်အပ်ပြီးချိန်မှာ ဘရိုက်တန်၊ ဘုန်းမောက်၊ ဟက်ဒါစဖီးတို့လို အနိမ့်အသင်းတွေနဲ့ အိမ်ကွင်းကစားရာမှာ မန်ယူနောက်တန်း ဂိုးပေးခဲ့ရတာကိုကြည့်ရင် အဝေးကွင်း ၅ ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ ဘန်လေအသင်း မန်ယူကို ဂိုးသွင်းနိုင်မလားဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။  

နည်းပြ ရှောင်ဒိုက်ချီ လက်ထဲက ဘန်လေအသင်းကတော့ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးမှာ အဲဗာတန်ကို အိမ်ကွင်းမှာ အရှက်တကွဲ ၅-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီးကတည်းက ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ မန်စီးတီးနဲ့ FA ဖလားပွဲမှသာ ၅ ဂိုးပြတ်ရှုံးခဲ့ရတဲ့ အသင်းပါ။မန်စီးတီး မတိုင်ခင် ၅ ပွဲကို မရှုံးခဲ့ဘူးဆိုပေမယ် ဘန်လေ ကစားခဲ့တဲ့ အသင်းတွေထဲမှာ လောက်လောက်လားလား အသင်းကြီးတွေမရှိဘဲ အမှတ်ပေးဇယား အောက်ဆုံးတန်းက ဟက်ဒါစဖီးလ်၊ ဖူလ်ဟမ်တို့လို ဘဝတူအသင်းတွေ ဖြစ်နေတဲ့အတွက် ဘန်လေအသင်းခြေက အသင်းကြီးတွေကို ရင်ဆိုင်ဖို့ ခြေရည်တူမရှိသေးပါဘူး။

ပထမအကျော့တုန်းက ဘန်လေကွင်းမှာ ကစားခဲ့စဉ်က မန်ယူအသင်းက ဘန်လေကို ပွဲချိန် ၂၇ မိနစ်နဲ့ ၄၄ မိနစ်မှာ သွင်းယူတဲ့ လူကာကူ ရဲ့ ဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ယူထားခဲ့ပါတယ်။အဲဒီပွဲမှာ ဆန်းချက်ဇ် အစား လူစားဝင်လာတဲ့ ရပ်ရှ်ဖို့ဒ်  ကွင်းထဲရောက်ပြီး ၁၀ မိနစ်အကြာမှာ တိုက်ရိုက်အနီကတ်နဲ့ ထွက်ခဲ့ရတဲ့အတွက် မန်ယူအသင်း အနိုင်ရလဒ်ကို မနည်းထိန်းကစားခဲ့ရပါတယ်။

ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင် မန်ယူကွင်းမှာ ဘန်လေအသင်း ပြီးခဲ့တဲ့ ၂၀၁၆/၂၀၁၇ နှစ်ရာသီဆက်တိုက် သရေရအောင် ကစားထားပြီး  ကျန်တွေ့ဆုံမှုမှာ အိမ်ရှင် မန်ယူက ဂိုးပြတ်တွေ အနိုင်ရယူထားခဲ့ပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် မန်ယူအသင်းမှာတော့ ရှေ့တန်း - လင်ဂတ်၊ မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊ အလယ်တန်း - မာတစ်၊ ပေါ့ဂ်ဘာ၊ ဟာရဲရား၊ နောက်တန်း -  အက်ရှလေယန်း၊ ဒီလော့၊ ဖီးလ်ဂျူံးစ်၊ လုခ်ရှော၊ ဂိုး - ဒီဂီယာ တို့နဲ့ ပွဲထွက်လာဖို့များပြီး၊

ရှောင်ဒိုက်ချီ ရဲ့ ဘန်လေအသင်းမှာ ဂိုး - နစ်ခ်ပုပ်၊ နောက်တန်း - တေလာ၊ ကီဗင်လောင်း၊ ဂစ်ဘ်ဆန်၊ တာကိုဝါစကီ၊ စတီဖင်ဝဒ်၊ အလယ်တန်း - ဘရက်ဒီ၊ ဟင်ဒရစ်ခ်၊ ဒီဖော၊ မက်နေးလ်၊ ရှေ့တန်း - ခရစ်စ်ဝုဒ် တို့ ပါဝင်လာဖွယ် ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် မန်ယူဘက်ကနေ နှစ်လုံး ပြား ၅၀ အနိုင်ပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ပြား ၂၀ အရှုံးပေးထားပါတယ်။

ကြေးပြင်းပေမယ့် လတ်တလောခြေစွမ်းအရ အတက်ဘက်ရောက်နေတဲ့ မန်ယူခြေစွမ်းကြောင့် အိမ်ရှင်အသင်းနဲ့ ဂိုးအများကို အားပေးရမှာ ဖြစ်ပါကြောင်း.............။

KON (SPORT)
ဇန်နဝါရီ - ၂၉

( Zawgyi )

ယေန႔ည ၂ နာရီ ၁၅ မိနစ္မွာ ပရီမီးယားလိဂ္ ပြဲစဥ္ ၂၄ ရဲ႕ ပြဲစဥ္ ၅ ပြဲကို ကစားၾကမွာ ျဖစ္ပါတယ္။ဒီပြဲေတြထဲမွာ နည္းျပအေျပာင္းအလဲမွာ ေျခစြမ္းေကာင္းေတြျပၿပီး ဂိုးျပတ္ႏိုင္ပြဲေတြနဲ႔ ျပန္လာတဲ့ ဆိုးလ္ရွား ရဲ႕ မန္ယူအသင္းနဲ႔ နည္းျပ ေရွာင္ဒိုက္ခ်ီ လက္ထဲက ဘန္ေလအသင္းတို႔ မန္ယူကြင္းမွာ ကစားၾကမယ့္ပြဲလည္း ပါဝင္ပါတယ္။

နည္းျပ ဆိုးလ္ရွား မန္ယူရဲ႕ အိမ္ကြင္းပြဲစဥ္ ၄ ပြဲေျမာက္ျဖစ္တဲ့ ပရီမီးယားလိဂ္ ပြဲစဥ္ ၂၄ ရဲ႕ အိမ္ကြင္းပြဲစဥ္မွာ မန္ယူအသင္း ထိပ္ဆုံး ၄ သင္းေနရာကို တက္ဖို႔အတြက္ ဒီပြဲစဥ္ကို မျဖစ္မေန အႏိုင္ကစားဖို႔ လိုေနသလို တန္းဆင္းဇုန္က အသင္းေတြနဲ႔ ႏွစ္မွတ္သာ ကြာဟေတာ့တဲ့ ဘန္ေလအသင္းအတြက္လည္း ဒီပြဲစဥ္မွာ တစ္မွတ္ဆို တစ္မွတ္ဆိုသေလာက္ အေရးပါလာတဲ့အတြက္ ဒီပြဲဟာ ႏွစ္သင္းစလုံးအတြက္ အေသအေၾက ကစားၾကမယ့္ ပြဲစဥ္တစ္ခု ျဖစ္လာခဲ့ပါတယ္ ၆ ပြဲဆက္အႏိုင္ေၾကာင့္ အဆင့္ ၆ ေနရာထိ တက္လာတဲ့ မန္ယူအသင္းက ေနာက္ဆုံး ၅  ပြဲမွာ ၁ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးထားတဲ့ ဘန္ေလအသင္းကို အႏိုင္ရဖို႔ ေသခ်ာေနေပမယ့္  ဆက္တိုက္ႏိုင္ပြဲေတြေၾကာင့္ ၿပိဳင္ဘက္အသင္းကို အထင္ေသးၿပီး ေပါ့ဆကစားတတ္တဲ့ အက်င့္ရွိတဲ့အတြက္ ဘန္ေလအသင္း အမွတ္ရသြားမလားဆိုတာ ထည့္စဥ္းစားဖို႔လည္း လိုပါတယ္။

မန္ယူအသင္း ကစားၿပီးတဲ့ ၂၃ ပြဲကို ျပန္ၾကည့္ရင္ ၁၃ ပြဲႏိုင္ ၅ ပြဲရႈံးၿပီး ၅ ပြဲသေရက်ကာ သြင္းဂိုး ၄၆ ဂိုး ေပးဂိုး ၃၃ ဂိုး ရွိေနပါတယ္။အိမ္ကြင္း ၁၁ ပြဲမွာ ၇ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲထဲရႈံးထားၿပီး ရဂိုး ၂၃ ဂိုး၊ ေပးဂိုး ၁၄ ဂိုးရွိကာ ဂိုးကြာျခားခ်က္ ၉ ဂိုးသာ ရွိပါတယ္။မန္ယူ အထက္က အသင္း ၅ သင္းစလုံးရဲ႕ အိမ္ကြင္း ဂိုးကြာျခားခ်က္ကိုၾကည့္ရင္  အနည္းဆုံး ၁၅ ဂိုးအထက္ ရွိေနခ်ိန္မွာ မန္ယူအသင္းရဲ႕ ဂိုးကြာျခားခ်က္က အေတ္ာေလးနည္းေနတာကို ၾကည့္ရင္ ရာသီဝက္နီးပါး မန္ယူေနာက္တန္း မၿငိမ္မႈနဲ႔ ေနာက္တန္းအတြင္းလူ ျပႆနာကို မေျဖရွင္းႏိုင္တာ ို ေတြ႕ရမွာျဖစ္ပါတယ္။ေမာ္ရင္ဟို ကို ထုတ္ပယ္ၿပီး ဆိုးလ္ရွား ကို ခန႔္အပ္ၿပီးခ်ိန္မွာ ဘ႐ိုက္တန္၊ ဘုန္းေမာက္၊ ဟက္ဒါစဖီးတို႔လို အနိမ့္အသင္းေတြနဲ႔ အိမ္ကြင္းကစားရာမွာ မန္ယူေနာက္တန္း ဂိုးေပးခဲ့ရတာကိုၾကည့္ရင္ အေဝးကြင္း ၅ ပြဲမွာ ၃ ဂိုးသြင္းခဲ့တဲ့ ဘန္ေလအသင္း မန္ယူကို ဂိုးသြင္းႏိုင္မလားဆိုတာ စဥ္းစားဖို႔ လိုလာပါတယ္။  

နည္းျပ ေရွာင္ဒိုက္ခ်ီ လက္ထဲက ဘန္ေလအသင္းကေတာ့ ၿပီးခဲ့တဲ့ ေဘာက္ဆင္ေဒးမွာ အဲဗာတန္ကို အိမ္ကြင္းမွာ အရွက္တကြဲ ၅-၁ နဲ႔ ဂိုးျပတ္ရႈံးနိမ့္ၿပီးကတည္းက ၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့ဘဲ မန္စီးတီးနဲ႔ FA ဖလားပြဲမွသာ ၅ ဂိုးျပတ္ရႈံးခဲ့ရတဲ့ အသင္းပါ။မန္စီးတီး မတိုင္ခင္ ၅ ပြဲကို မရႈံးခဲ့ဘူးဆိုေပမယ္ ဘန္ေလ ကစားခဲ့တဲ့ အသင္းေတြထဲမွာ ေလာက္ေလာက္လားလား အသင္းႀကီးေတြမရွိဘဲ အမွတ္ေပးဇယား ေအာက္ဆုံးတန္းက ဟက္ဒါစဖီးလ္၊ ဖူလ္ဟမ္တို႔လို ဘဝတူအသင္းေတြ ျဖစ္ေနတဲ့အတြက္ ဘန္ေလအသင္းေျခက အသင္းႀကီးေတြကို ရင္ဆိုင္ဖို႔ ေျခရည္တူမရွိေသးပါဘူး။

ပထမအေက်ာ့တုန္းက ဘန္ေလကြင္းမွာ ကစားခဲ့စဥ္က မန္ယူအသင္းက ဘန္ေလကို ပြဲခ်ိန္ ၂၇ မိနစ္နဲ႔ ၄၄ မိနစ္မွာ သြင္းယူတဲ့ လူကာကူ ရဲ႕ ဂိုးေတြနဲ႔ ႏွစ္ဂိုးျပတ္ အႏိုင္ယူထားခဲ့ပါတယ္။အဲဒီပြဲမွာ ဆန္းခ်က္ဇ္ အစား လူစားဝင္လာတဲ့ ရပ္ရွ္ဖို႔ဒ္  ကြင္းထဲေရာက္ၿပီး ၁၀ မိနစ္အၾကာမွာ တိုက္႐ိုက္အနီကတ္နဲ႔ ထြက္ခဲ့ရတဲ့အတြက္ မန္ယူအသင္း အႏိုင္ရလဒ္ကို မနည္းထိန္းကစားခဲ့ရပါတယ္။

ဒီႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံမႈကို ျပန္ၾကည့္ရင္ မန္ယူကြင္းမွာ ဘန္ေလအသင္း ၿပီးခဲ့တဲ့ ၂၀၁၆/၂၀၁၇ ႏွစ္ရာသီဆက္တိုက္ သေရရေအာင္ ကစားထားၿပီး  က်န္ေတြ႕ဆုံမႈမွာ အိမ္ရွင္ မန္ယူက ဂိုးျပတ္ေတြ အႏိုင္ရယူထားခဲ့ပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ မန္ယူအသင္းမွာေတာ့ ေရွ႕တန္း - လင္ဂတ္၊ မာရွယ္လ္၊ ရပ္ရွ္ဖို႔ဒ္၊ အလယ္တန္း - မာတစ္၊ ေပါ့ဂ္ဘာ၊ ဟာရဲရား၊ ေနာက္တန္း -  အက္ရွေလယန္း၊ ဒီေလာ့၊ ဖီးလ္ဂ်ဴံးစ္၊ လုခ္ေရွာ၊ ဂိုး - ဒီဂီယာ တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး၊

ေရွာင္ဒိုက္ခ်ီ ရဲ႕ ဘန္ေလအသင္းမွာ ဂိုး - နစ္ခ္ပုပ္၊ ေနာက္တန္း - ေတလာ၊ ကီဗင္ေလာင္း၊ ဂစ္ဘ္ဆန္၊ တာကိုဝါစကီ၊ စတီဖင္ဝဒ္၊ အလယ္တန္း - ဘရက္ဒီ၊ ဟင္ဒရစ္ခ္၊ ဒီေဖာ၊ မက္ေနးလ္၊ ေရွ႕တန္း - ခရစ္စ္ဝုဒ္ တို႔ ပါဝင္လာဖြယ္ ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ မန္ယူဘက္ကေန ႏွစ္လုံး ျပား ၅၀ အႏိုင္ေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ျပား ၂၀ အရႈံးေပးထားပါတယ္။

ေၾကးျပင္းေပမယ့္ လတ္တေလာေျခစြမ္းအရ အတက္ဘက္ေရာက္ေနတဲ့ မန္ယူေျခစြမ္းေၾကာင့္ အိမ္ရွင္အသင္းနဲ႔ ဂိုးအမ်ားကို အားေပးရမွာ ျဖစ္ပါေၾကာင္း.............။

KON (SPORT)
ဇန္နဝါရီ - ၂၉