【 အားကစား 】 အဲဗာတန် ပစ်မှတ် ကတ်ခ်ဇူးမား က ချယ်လ်ဆီး အနာဂတ် တစ်စိတ်တစ်ပိုင်းဟု ဖရန့်လမ်းပတ် ဆို

【 အားကစား 】 အဲဗာတန် ပစ်မှတ် ကတ်ခ်ဇူးမား က ချယ်လ်ဆီး အနာဂတ် တစ်စိတ်တစ်ပိုင်းဟု ဖရန့်လမ်းပတ် ဆို

ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ ကတ်ခ်ဇူးမား ဟာ အစိတ်အပိုင်းတစ်ခုလို့ ပြောလိုက်ပြီး လက်မှတ်ထပ်မံရေးထိုးဖို့ ပြောလိုက်တဲ့အတွက် အဲဗာတန်အသင်းရဲ့ မျှော်လင့်ချက်တွေကို ဖရန့်လမ်းပတ် က အဆုံးသတ် လိုက်ပါတယ်။

ဂွတ်ဒီဆင်ပတ်မှာ တစ်ရာသီကြာ ကာလရှည် အငှားထွက်ကစားရာမှာ ပြင်သစ်ကစားသမားဟာ လေးစားကျေနပ်လောက်ဖွယ် ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

စိန့်အက်တီယန် ကစားသမားဟောင်းဟာ ကမ္ဘာ့ချန်ပီယံဆုအတွက် ဒီဒီယာဒေ့ချမ့်စ် နဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးနောက် မားဆေးဆိုက်ကို အပြီးသတ်ပြန်လာဖို့အတွက်  မာကိုဆေးလ်ဗားအတွက် အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

ဇူးမား အနေနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာခဲ့မယ်ဆိုရင် ပထမအသင်းစာရင်းမှာ ပါဝင်ဖို့ အခွင့်အလမ်းအတွက် အပြင်းအထန် တိုက်ပွဲဝင်ရမယ်လို့ နားလည်ထားခဲ့ပါတယ်။

အဆိုပါ ၂၄ နှစ်အရွယ် ကစားသမားဟာ လာမယ့် နွေရာသီ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ပြိုင်မယ့် ပြင်သစ်အသင်းမှာ နေရာတစ်နေရာစာ ရဖို့အတွက် ၎င်းအနေနဲ့ ပုံမှန်ကစားခွင့်ရနေဖို့ လိုတယ်လို့ မြင်ထားပါတယ်။

Linko
Ref : mirror.co.uk
လန်ဒန်၊ ဇူလိုင် - ၂၀

( Zawgyi )

ခ်ယ္လ္ဆီးအသင္းရဲ႕ အစီအစဥ္မွာ ကတ္ခ္ဇူးမား ဟာ အစိတ္အပိုင္းတစ္ခုလို႔ ေျပာလိုက္ၿပီး လက္မွတ္ထပ္မံေရးထိုးဖို႔ ေျပာလိုက္တဲ့အတြက္ အဲဗာတန္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖရန႔္လမ္းပတ္ က အဆုံးသတ္ လိုက္ပါတယ္။

ဂြတ္ဒီဆင္ပတ္မွာ တစ္ရာသီၾကာ ကာလရွည္ အငွားထြက္ကစားရာမွာ ျပင္သစ္ကစားသမားဟာ ေလးစားေက်နပ္ေလာက္ဖြယ္ ေျခစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။

စိန႔္အက္တီယန္ ကစားသမားေဟာင္းဟာ ကမာၻ႔ခ်န္ပီယံဆုအတြက္ ဒီဒီယာေဒ့ခ်မ့္စ္ နဲ႔အတူ စိန္ေခၚမႈေတြကို ရင္ဆိုင္ၿပီးေနာက္ မားေဆးဆိုက္ကို အၿပီးသတ္ျပန္လာဖို႔အတြက္  မာကိုေဆးလ္ဗားအတြက္ အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။

ဇူးမား အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ျပန္လာခဲ့မယ္ဆိုရင္ ပထမအသင္းစာရင္းမွာ ပါဝင္ဖို႔ အခြင့္အလမ္းအတြက္ အျပင္းအထန္ တိုက္ပြဲဝင္ရမယ္လို႔ နားလည္ထားခဲ့ပါတယ္။

အဆိုပါ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ လာမယ့္ ေႏြရာသီ ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲ ဝင္ၿပိဳင္မယ့္ ျပင္သစ္အသင္းမွာ ေနရာတစ္ေနရာစာ ရဖို႔အတြက္ ၎အေနနဲ႔ ပုံမွန္ကစားခြင့္ရေနဖို႔ လိုတယ္လို႔ ျမင္ထားပါတယ္။

Linko
Ref : mirror.co.uk
လန္ဒန္၊ ဇူလိုင္ - ၂၀