【 အားကစား 】 ၂၀၀၉ ခုနှစ်က စီ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်များ

【 အားကစား 】 ၂၀၀၉ ခုနှစ်က စီ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်များ

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက စီ ရော်နယ်လ်ဒိုဟာ မန်ယူအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ထိုစဉ်အချိန်တုန်းက စီ ရော်နယ်လ်ဒိုရဲ့ ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲကစားပေးခဲ့ကာ ၄၅၁ ဂိုးသွင်းယူပေးခဲ့ဝာာဖြစ်ပါတယ်။

စီ ရော်နယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှာ စတင်ပွဲထွက်ကစားခဲ့ပြီး ပွဲဦးထွက်မှာပဲ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ၂၀၁၉ ခုနှစ် စီ ရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ်အသင်းအတွက် စတင်ကစားပေးခဲ့စဉ်က အသင်းဖော်များဖြစ်ပြီး လက်ရှိ သူတို့ဘယ်ရောက်နေသလဲဆိုတာပါပဲ ....

၁။ အီကာ ကာဆီးလက်စ်
ဂိုးသမားကြီး ကာဆီးလက်စ် ကို ဘောလုံးပရိတ်သတ်တွေ မှတ်မိကြမှာပါ။စပိန်လက်‌ရွေးစင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်ပြီး ကမ္ဘာ့ဖလားကိုရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ဩဂုတ်လမှာ ကစားသမားဘဝ အနားယူခဲ့ပြီး လက်ရှိမှာ  ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်ရဲ့ အထွေထွေဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

၂။ အဲလ်ဗာရို အဘီလိုအာ
ရီးရဲလ်မက်ဒရစ် လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်မှာ အနားယူခဲ့သူဖြစ်ပါတယ်။လက်ရှိမှာ နည်းပြအဖွဲ့ဝင်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြန်လာဖွယ်ရှိနေပါတယ်။

၃။ အက်ဇ်ကွီရယ် ဂါရေး
ရီးရဲလ်မက်ဒရစ်အတွက် နှစ်ရာသီကြာကစားခဲ့ပြီးနောက် အခြားကလပ်တွေထံ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

၄။ ရာအူးလ် အယ်လ်ဘီယို
လက်ရှိမှာ ဗီလာရီးရဲလ်အသင်းမှာ ကစားနေပြီး၊ ဗီလာရီးရဲလ်အသင်းနဲ့အတူ မန်ယူအသင်းကို အနိုင်ယူကာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

၅။ မာဆယ်လို
စီ ရော်နယ်လ်ဒိုရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ သက်တော်ရှည်ကစားသမားကြီးဖြစ်ပါတယ်။လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆက်လက်ကစားနေပြီး အသင်းခေါင်းဆောင်ရာထူး ခန့်အပ်ထားခြင်းခံထားရပါတယ်။

၆။ လက်စနာ ဒီယာရာ
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၃ ရာသီကစားပေးခဲ့ပြီးနောက် ဥရောပအသင်းတွေထံ လှည့်လည်ကစားခဲ့ကာ ၂၀၁၉ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

၇။ ဇာဗီ အလွန်ဆို
ရီးရဲလ်အသင်းနဲ့ ၅ ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် ဘိုင်ယန်အသင်းကိုပြောင်းရွှေ့ကစားကာ အနားယူခဲ့ပါတယ်။

၈။ ကာကာ
‌ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိဖူးသူ ကာကာဟာ ရီးရဲလ်မက်ဒရစ်မှာတော့ ‌မအောင်မြင်ခဲ့ပါဖူး၊ ဒဏ်ရာပြဿနာတွေက ကာကာ ကို နှိပ်စက်ခဲ့ပြီး ၂၀၁၇ မှာ အနားယူခဲ့ပါတယ်။

၉။ ဘန်ဇီမာ
ရီးရဲလ်အသင်းရဲ့ သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ကစားလျက်ရှိပါတယ်။

၁၀။ ရာအူးလ် ဂွန်ဇာလက်ဇ်
ရီးရဲလ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကစားပေးခဲ့သူဖြစ်ပါတယ်။လက်ရှိမှာ ရီးရဲလ် လူငယ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကက်စတီလာအသင်းကို နည်းပြရာထူး တာဝန်ယူထားပါတယ်။

၁၁။ အီစတာဗန် ဂရန်နာရို
ရီးရဲလ်အသင်းရဲ့ လူငယ်ထုတ်ကုန်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

၁၂။ ဂွန်ဇာလို ဟီဂွာအင်
ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၀၇ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပြီး ၆ ရာသီကြာ ကစားပေးခဲ့ပါတယ်။ထို့နောက် ဥရောပအသင်းတွေထံ လှည့်လည်ကစားခဲ့ကာ လက်ရှိမှာ အမေရိကန်ကလပ် မီယာမီအသင်းမှာ ကစားလျက်ရှိပါတယ်။

၁၃။ ဂူတီ
ရီးရဲလ်မက်ဒရစ်အသင်းမှာ ၁၅ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။လက်ရှိမှာ နည်းပြတစ်ဦးအဖြစ် ဖြတ်သန်းလျက်ရှိနေပါတယ်။

Linko
မက်ဒရစ်၊ ဇူလိုင် - ၃၀