【 အားကစား 】 “ချန်ပီယံလိဂ် ကစားရဖို့ရှိတဲ့ စပါးအသင်း ဂိုးပြတ်နိုင်မလား”

【 အားကစား 】 “ချန်ပီယံလိဂ် ကစားရဖို့ရှိတဲ့ စပါးအသင်း ဂိုးပြတ်နိုင်မလား”

ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် စပါးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ ယနေ့ည ၈ နာရီခွဲအချိန်မှာ စပါးအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာ၊ ခရစ္စတယ်ပဲလေ့စ်၊ ဆောက်သင်ပတန် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ မန်စီးတီး၊ အာဆင်နယ် အသင်းတွေနဲ့ သရေကျခဲ့ပြီး လက်စတာ၊ ဘရိုက်တန် အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၈ ပွဲကစားအပြီး ရမှတ် ၁၁ မှတ်ရရှိကာ အဆင့် ၉ နေရာမှာ ရပ်တည်လျှက် ရှိပါတယ်။

အခုပွဲစဉ်ကို ဂိုး - ဂက်ဇာနီကာ၊ နောက်တန်းကစားသမားများအဖြစ် ဒန်နီရို့စ်၊ ဗာတွန်ဂန်၊ အန်ဒါဝီရဲလ်၊ အော်ရီယာ၊ အလယ်တန်းကစားမားများအဖြစ် အမ်ဒိုဘီလီ၊ ဟာရီဝင့်၊ လာမယ်လာ၊ အယ်လီ၊ လူးကပ်မိုရာ၊ ရှေ့တန်းမှာ ဟယ်ရီကိန်း တို့ ပါဝင်ကစားလာနိုင်ပါတယ်။

ဝက်ဖို့ဒ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်၊ ဝက်စ်ဟမ်းအသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်၊ ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့နဲ့ သရေရလဒ်ရရှိခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ အဲဗာတန်၊ မန်စီးတီး၊ ဝုဗ် အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်အသင်းနဲ့ သရေကျခဲ့တဲ့အတွက် ၈ ပွဲကစားအပြီး ရမှတ် ၃ မှတ်ရရှိကာ အမှတ်ပေးဇယား အောက်ဆုံးဖြစ်တဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်လျှက် ရှိပါတယ်။

ယခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက စပါးအသင်းဘက်မှ တစ်လုံး ပြား ၅၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၁၀ ပြားအရှုံး ဖွင့်လှစ်ထားပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၁ ကြိမ်မှာ စပါးအသင်းက ၈ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။

 

ဝက်ဖို့ဒ်အသင်းအနေနဲ့ အခုနှစ်ရာသီမှာ နိုင်ပွဲမရရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့အတွက် အခုပွဲကို အနိုင်ရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ ရာသီအစ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်တွေကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွင်း စည်းလုံးမှုပြိုကွဲခြင်း သတင်းတွေနဲ့အတူ ရလဒ်တွေ ဆိုးရွားလာခဲ့ပါတယ်။၈ ပွဲကစားအပြီး ၃ ပွဲသာအနိုင်ရရှိသေးတဲ့ စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နိုင်ပွဲမရရှိသေးဘဲ ဘိုင်ယန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ကာ အိုလံပီယာကော့စ်အသင်းနဲ့ သရေကျခဲ့ပါတယ်။ဝက်ဖို့ဒ်နဲ့ ယခုပွဲစဉ်ပြီးပါက ဇီဗက်ဒါအသင်းနဲ့ ချန်ပီယံလိဂ်ကန်ဖို့ရှိနေတဲ့ စပါးအသင်းအနေနဲ့ ပြိုင်ပွဲ ၂ ခုကြားမှာ နိုင်ပွဲတွေရရှိအောင် ကြိုးစားကစားရမှာ ဖြစ်ပါတယ်။

ဘွတ်ကီဒိုင်တွေ ဈေးစတင်ဖွင့်လှစ်စဉ်က ၁ လုံး ၈၀ အရှုံးထိ ပေါက်ကြေးရှိနေပေမယ့် ၁ လုံး ၅၀ အရှုံးအထိ ဈေးနှုန်းများ ကျဆင်းလာခဲ့ပါတယ်။

အသင်းမှာ ပြဿနာအချို့ရှိနေတဲ့ စပါးအသင်းအနေနဲ့ ဇယားအောက်ဆုံး ရောက်နေတဲ့အသင်းကို ၁ လုံး ၅၀ အရှုံး သာ အကျောပေးခြင်း၊ နောက်ပိုင်းပွဲစဉ်တွေ ခြေစွမ်းကျဆင်းလာခြင်း၊ ချန်ပီယံလိဂ် ကစားဖို့ရှိနေတဲ့ အချက်တွေကြောင့် အခုပွဲစဉ်ကို ဝက်ဖို့ဒ်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း...........။

KON (SPORT)

( Zawgyi )











KON (SPORT)