【 အားကစား 】 UEFA National League ပြိုင်ပွဲ ပြင်သစ် ဗိုလ်စွဲ

【 အားကစား 】 UEFA National League ပြိုင်ပွဲ ပြင်သစ် ဗိုလ်စွဲ

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းဟာ စပိန်လက်ရွေးစင်အသင်းကို အနိုင်ယူပြီး UEFA National League ဖလားကြီးကို ဆွတ်ခူးသွားခဲ့ပါပြီ။

ပြင်သစ်လက်ရွေးစင်အသင်းဟာ စပိန်လက်ရွေးစင်အသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

UEFA National League ဗိုလ်လုပွဲရဲ့ ပွဲချိန် ပထမပိုင်းမှာတော့ စပိန်အသင်းက စိုးမိုးကစားခဲ့ပြီး တိုက်စစ်ဆင်‌ခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ပွဲချိန် ဒုတိယပိုင်း မိနစ် ၆၀ ကျော်လာချိန်မှာတော့ စပိန်အသင်းဘက်က ဂိုးရရှိရေး ပိုမိုတိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်အရောက်မှာ ဘက်စကွက်စ်ရဲ့ ပေးပို့မှုကနေ မီခယ်လ် အိုရာဇဘယ်လ် က စပိန်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ကစားပုံပျက်သွားခြင်းမရှိပဲ ဂိုးပေးအပြီး ၂ မိနစ်အကြာ ပွဲချိန် ၆၆ မိနစ်မှာပဲ အမ်ဘက်ပီရဲ့ ဖန်တီးပေးမှုကတစ်ဆင့် တိုက်စစ်မှူး ဘန်ဇီမာ က ပြင်သစ်အတွက် ချေပဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ထိုနောက်ပိုင်းမှာတော့ ပြင်သစ်အသင်းဟာ တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ အရောက်မှာ သီယို ဟာနန်ဒက်ဇ်ရဲ့ ပေးပို့မှုကနေ အမ်ဘက်ပီ က ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် စပိန်အသင်းဟာ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

UEFA National League ပြိုင်ပွဲအပြီးမှာတော့ လူပြောများတဲ့ကိစ္စတွေလည်းဖြစ်ခဲ့ပြီး PSG ကြယ်ပွင့် အမ်ဘက်ပီ သွင်းယူခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အနိုင်ဂိုးဟာ လူကျွံနေတယ်လို့ ထောက်ပြဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

UEFA National League ပြိုင်ပွဲအတွင်းမှာ စပိန်လက်ရွေးစင်အသင်းကိုလည်း ချီးကျူးရမှာဖြစ်ပြီး ကမ္ဘာကျော်ကြယ်ပွင့်တွေမပါပဲ လူငယ်မျိုးဆက်သစ်ကစားသမားတွေနဲ့ ဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

UEFA National League ရဲ့ တတိယနေရာလုပွဲမှာတော့ ယူရိုချန်ပီယံ အီတလီအသင်းက ဘယ်လ်ဂျီယံအသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး တတိယနေရာကို ရယူသွားနိုင်ခဲ့ပါတယ်။

Linko
မီလန်၊ အောက်တိုဘာ - ၁၁