【 အားကစား 】 WWE ပြိုင်ပွဲကို Undertaker ပြန်လာဖွယ်ရှိနေ

【 အားကစား 】 WWE ပြိုင်ပွဲကို Undertaker ပြန်လာဖွယ်ရှိနေ

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ WWE ရဲ့ ဂန္တဝင်နပန်းသမားကြီး မာ့ခ် ကာလာဝေး (Undertaker) ဟာ WWE အတွက် နှစ် ၃၀ ကြာ ဖျော်ဖြေမှုပေးခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကြိုးဝိုင်းအတွင်းမှ အနားယူခဲ့တာဖြစ်ပါတယ်။

Undertaker ဟာ WWE ရဲ့ ကြယ်ပွင့်များထဲမှ ကမ္ဘာ့အကောင်းဆုံး နပန်းသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ယခုသတင်းထွက်ပေါ်လာမှုတွေအရတော့ လာမယ့်သီတင်းပတ်အတွင်းမှာ WWE မှ အထူးပွဲတစ်ခုကို ပြုလုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

 PWInsider Elite ကတော့ ဂန္တဝင်ကြီး Undertaker အနေနဲ့ စိန့် လူးဝစ်က ပြိုင်ပွဲကို တက်ရောက်မည်ဖြစ်ကြောင်း အခိုင်အမာဆိုထားပါတယ်။

WWE ဘက်က Royal Rumble ပြိုင်ပွဲမှာ Undertaker ပါဝင်မယ်လို့ ကြေညာမထားပေမယ့်လည်း "ဘာမဆို ဖြစ်လာနိုင်တယ်" လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

Undertaker ရဲ့ ဇနီးဖြစ်သူ မီရှဲလ် မဂ်ကူးလ်ဟာ အမျိုးသမီး Royal Rumble ပွဲစဉ်မှာ ပါဝင်နေတာကြောင့်လည်း အမျိုးသား Royal Rumble ပွဲစဉ်မှာ Undertaker ကို မြင်တွေ့ရဖွယ်ရှိတယ်လို့ WWE ရဲ့ ပရိသတ်များက ခန့်မှန်းနေကြတာဖြစ်ပါတယ်။

The Undertaker ဟာ ၁၉၉၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ WrestleMania မှာ ရှုံးပွဲမရှိခဲ့အတွက် နာမည်ကျော်ကြားတာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် WrestleMania မှာတော့ ဘရော့ခ် လက်စ်နာ ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Royal Rumble ပြိုင်ပွဲကြီးကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Linko
ဇန်နဝါရီ - ၂၄