【 အားကစား 】PSG အိမ်ကွင်းမှာ ၇ နှစ်အတွင်း မရှုံးနိမ့်ဖူးတဲ့ ရီးရဲလ်

  【   အားကစား   】PSG အိမ်ကွင်းမှာ ၇ နှစ်အတွင်း မရှုံးနိမ့်ဖူးတဲ့ ရီးရဲလ်

ချန်ပီယံလိဂ် အုပ်စု A အဖွင့်ပွဲစဉ်အဖြစ် PSG  အသင်းနဲ့ ရီးရဲလ် အသင်း တို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ PSG အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ပါဒက် ပရင့် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

PSG အသင်းအနေနဲ့ ယမန်နှစ်က ပြင်သစ်အမှတ်ပေးပွဲမှာ ပထမရရှိခဲ့ တဲ့ အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေကို တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး UEFA အဆင့်သတ်မှတ်ချက် အဆင့် ၈ နေရာမှာ ရပ် တည်နေ ပါတယ်။ဗိုလ်စွဲရန်ရေပန်းစားမှုအနေနဲ့ ၁၀ လေး ၁ လေးကြေး ဖွင့်လှစ်ထားပြီး ယမန်နှစ်က အုပ်စုတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။

ပြင်သစ် အမှတ်ပေး ပြိုင်ပွဲ ၅ ပွဲကစားခဲ့တဲ့ PSG အသင်းအနေနဲ့ အိမ် ကွင်း မှာ နီမက်၊တူးလော့စ်၊စထရာဘော့စ် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ မန့်အသင်းကို အနိုင်ရရှိခဲ့ပြီး ရန်းနက်အသင်းကို ရှုံးနိမ့်ခဲ့ ပါတယ်။

အခုပွဲစဉ်ကို ဂိုးနာဗက် ၊နောက်တန်းကစားသမားများအဖြစ် မာကွင်ဟို၊သီယာဂိုဆေးဗား၊ကင်ပတ်ဘဲ၊ဘားနက်အလယ်တန်းမှာ ဂါနာဂူရေး၊ ဗာရက်တီ၊အန်ဒါဟာရဲလားရှေ့တန်းမှာ ပါဘလိုဆာဘီးယား၊ ဒီမာရီယာ၊ အီကာဒီတို့ပါဝင်ကစားလာနိုင်ပါတယ်။

ရီးရဲလ် အသင်းအနေနဲ့ ယမန်နှစ်က စပိန်လာလီဂါ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့ အတွက် အခုပွဲစဉ်ကို တိုက်ရိုက် ယှဉ်ပြိုင် ခွင့်ရရှိခဲ့ပြီး UEFA အဆင့်သတ်မှတ်ချက် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ဗိုလ်စွဲရန်ရေပန်းစားမှုအနေနဲ့ ၉ လေး ၁ လေးကြေးဖွင့်လှစ်ထားပြီး ယမန်နှစ်က အုပ်စုတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၄ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ရရှိခဲ့ပါတယ်။လာလီဂါ ပွဲစဉ် ၄ ပွဲကစားခဲ့ပြီး ဆဲလ်တာဗီဂိုနဲ့ လီဗန်တေး အသင်းတွေ ကို အနိုင်ရရှိခဲ့ကာ ဗယ်လာဒိုလစ်နဲ့ ဗီလာရီးရဲလ် အသင်းတွေ ကို သရေ သာကစားနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ကို ဂိုး ကော့တွိုက်နောက်တန်း ကစားသမားများ အဖြစ် ကဗာဂျယ်၊ ဘာရိန်း၊မန်ဒီ၊မီလီတိုအလယ်တန်း မှာ တိုနီခရုစ်၊ကတ်စီမီရို၊ ရိုဒရီဂွက်ရှေ့တန်းကစားသမားများအဖြစ် ဘန်ဇီးမာ ၊ဟာဇက်၊ ဂါရက်ဘေး တို့ ပါဝင်ကစားလာနိုင်ပါတယ်။ အခုပွဲစဉ် ကို ဘွတ်ကီဒိုင်တွေ က PSG အသင်းဘက်မှ သရေ ၃၅အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃လုံးသရေ ဖွင့်လှစ်ထားပါတယ်။ နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၆ ကြိမ်မှာ ရီးရဲလ် အသင်းက ၅ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

PSG အသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲမှာ ရီးရဲလ်အသင်းက ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ နည်းပြဇီဒန်းလက်အောက်မှာ ထင်မှတ်ထားသေ လာက်ခြေစွမ်းတည်ငြိမ်မှုမရှိဘဲ လာလီဂါ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ လီဗန်တေးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရ ရှိနေ ရာ မှ ခြေပဂိုး ၂ဂိုးပြန်လည်ပေးခဲ့ရတဲ့အထိအခြေအနေဆိုးဝါးနေပါတယ်။PSG အသင်း အနေနဲ့လည်း ရာသီအဖွင့်ပွဲစဉ်တွေမှာ ခြေစွမ်းတည်ငြိမ်မှုမရှိဘဲ ကစားသမားနေမာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စည်းလုံးမှုအားနည်း လျှက်ရှိပါတယ်။အခုပွဲစဉ်ဟာ ရာသီအစ ရလဒ်နဲ့ စည်းလုံးမှု အားနည်းနေ တဲ့အသင်း ၂ နှစ်စလုံးအတွက်သရေဟာ မျှတတဲ့အဖြေဖြစ် လာနိုင် ပါကြောင်း ---

KON (SPORT) 

( Zawgyi )

 ခ်န္ပီယံလိဂ္ အုပ္စု A အဖြင့္ပြဲစဥ္အျဖစ္ PSG  အသင္းနဲ႔ ရီးရဲလ္ အသင္း တို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ PSG အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ပါဒက္ ပရင့္ ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

PSG အသင္းအေနနဲ႔ ယမန္ႏွစ္က ျပင္သစ္အမွတ္ေပးပြဲမွာ ပထမရရွိခဲ့ တဲ့ အတြက္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြကို တိုက္႐ိုက္ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ျခင္းျဖစ္ၿပီး UEFA အဆင့္သတ္မွတ္ခ်က္ အဆင့္ ၈ ေနရာမွာ ရပ္ တည္ေန ပါတယ္။ဗိုလ္စြဲရန္ေရပန္းစားမႈအေနနဲ႔ ၁၀ ေလး ၁ ေလးေၾကး ဖြင့္လွစ္ထားၿပီး ယမန္ႏွစ္က အုပ္စုတြင္းကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ၃ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး ရလဒ္ရရွိခဲ့ပါတယ္။

ျပင္သစ္ အမွတ္ေပး ၿပိဳင္ပြဲ ၅ ပြဲကစားခဲ့တဲ့ PSG အသင္းအေနနဲ႔ အိမ္ ကြင္း မွာ နီမက္၊တူးေလာ့စ္၊စထရာေဘာ့စ္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ မန႔္အသင္းကို အႏိုင္ရရွိခဲ့ၿပီး ရန္းနက္အသင္းကို ရႈံးနိမ့္ခဲ့ ပါတယ္။

အခုပြဲစဥ္ကို ဂိုးနာဗက္ ၊ေနာက္တန္းကစားသမားမ်ားအျဖစ္ မာကြင္ဟို၊သီယာဂိုေဆးဗား၊ကင္ပတ္ဘဲ၊ဘားနက္အလယ္တန္းမွာ ဂါနာဂူေရး၊ ဗာရက္တီ၊အန္ဒါဟာရဲလားေရွ႕တန္းမွာ ပါဘလိုဆာဘီးယား၊ ဒီမာရီယာ၊ အီကာဒီတို႔ပါဝင္ကစားလာႏိုင္ပါတယ္။

ရီးရဲလ္ အသင္းအေနနဲ႔ ယမန္ႏွစ္က စပိန္လာလီဂါ အဆင့္ ၃ ေနရာမွာ ရပ္တည္ခဲ့တဲ့ အတြက္ အခုပြဲစဥ္ကို တိုက္႐ိုက္ ယွဥ္ၿပိဳင္ ခြင့္ရရွိခဲ့ၿပီး UEFA အဆင့္သတ္မွတ္ခ်က္ ၁ ေနရာမွာ ရပ္တည္ေနပါတယ္။ ဗိုလ္စြဲရန္ေရပန္းစားမႈအေနနဲ႔ ၉ ေလး ၁ ေလးေၾကးဖြင့္လွစ္ထားၿပီး ယမန္ႏွစ္က အုပ္စုတြင္းကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ၄ပြဲႏိုင္ ၂ ပြဲရႈံး ရလဒ္ ရရွိခဲ့ပါတယ္။လာလီဂါ ပြဲစဥ္ ၄ ပြဲကစားခဲ့ၿပီး ဆဲလ္တာဗီဂိုနဲ႔ လီဗန္ေတး အသင္းေတြ ကို အႏိုင္ရရွိခဲ့ကာ ဗယ္လာဒိုလစ္နဲ႔ ဗီလာရီးရဲလ္ အသင္းေတြ ကို သေရ သာကစားႏိုင္ခဲ့ပါတယ္။

အခုပြဲစဥ္ကို ဂိုး ေကာ့တြိဳက္ေနာက္တန္း ကစားသမားမ်ား အျဖစ္ ကဗာဂ်ယ္၊ ဘာရိန္း၊မန္ဒီ၊မီလီတိုအလယ္တန္း မွာ တိုနီခ႐ုစ္၊ကတ္စီမီ႐ို၊ ႐ိုဒရီဂြက္ေရွ႕တန္းကစားသမားမ်ားအျဖစ္ ဘန္ဇီးမာ ၊ဟာဇက္၊ ဂါရက္ေဘး တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။ အခုပြဲစဥ္ ကို ဘြတ္ကီဒိုင္ေတြ က PSG အသင္းဘက္မွ သေရ ၃၅အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃လုံးသေရ ဖြင့္လွစ္ထားပါတယ္။ ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၆ ႀကိမ္မွာ ရီးရဲလ္ အသင္းက ၅ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။

PSG အသင္းရဲ႕ အိမ္ကြင္းမွာ ေနာက္ဆုံး ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၂ ပြဲမွာ ရီးရဲလ္အသင္းက ၁ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ ရရွိခဲ့ပါတယ္။ ရီးရဲလ္အသင္းအေနနဲ႔ နည္းျပဇီဒန္းလက္ေအာက္မွာ ထင္မွတ္ထားေသ လာက္ေျခစြမ္းတည္ၿငိမ္မႈမရွိဘဲ လာလီဂါ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္မွာ လီဗန္ေတးအသင္းကို အိမ္ကြင္းမွာ ၃ ဂိုးျပတ္အႏိုင္ရ ရွိေန ရာ မွ ေျခပဂိုး ၂ဂိုးျပန္လည္ေပးခဲ့ရတဲ့အထိအေျခအေနဆိုးဝါးေနပါတယ္။PSG အသင္း အေနနဲ႔လည္း ရာသီအဖြင့္ပြဲစဥ္ေတြမွာ ေျခစြမ္းတည္ၿငိမ္မႈမရွိဘဲ ကစားသမားေနမာ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး စည္းလုံးမႈအားနည္း လွ်က္ရွိပါတယ္။အခုပြဲစဥ္ဟာ ရာသီအစ ရလဒ္နဲ႔ စည္းလုံးမႈ အားနည္းေန တဲ့အသင္း ၂ ႏွစ္စလုံးအတြက္သေရဟာ မွ်တတဲ့အေျဖျဖစ္ လာႏိုင္ ပါေၾကာင္း ---

KON (SPORT)