【 ဆောင်းပါး 】 ကျောင်းကောင်းကောင်းပြဿနာ

【 ဆောင်းပါး 】 ကျောင်းကောင်းကောင်းပြဿနာ

သားသမီးတို့၏ ပညာရေးဆိုတော့ မိဘများ သည်းသည်းလှုပ်ကြသည်။အထူးသဖြင့် မိခင်များဖြစ်သည်။အကျိုးသင့်အကြောင်းသင့် နားချရခက်သည့်အထဲတွင် သူတို့သည်ထိပ်ဆုံးက။ကိုယ့်သားသမီးကို ကျောင်းကောင်းကောင်းတွင် ထားချင်ကြသည်မှာ တစ်ပြားမှမလျှော့။ကျောင်းကောင်းကောင်းမှ မတက်ရလျှင် ကိုယ့်သားသမီး စာလုံးဝမတတ်တော့မည့်ပုံမျိုး။

ကျောင်းကောင်းကောင်းဆိုတာက ရန်ကုန်သားတိုင်း သိပြီးဖြစ်သည့် တီတီစီ၊ ဒဂုံ (၁)၊ စိန်ပေါလ်၊…..စသဖြင့်။ရန်ကုန်မြို့တွင် အများသဘောတူ ကျောင်းကောင်းကောင်းဟု သတ်မှတ်ထားကြသည်မှာ အလွန်ဆုံးရှိလှ ၁၀ ကျောင်းနှင့် ၁၅ ကျောင်းကြားသာ ရှိမည်ထင်၏။ယင်းကျောင်းကောင်းများ၏ ထူးခြားချက်မှာ လွန်ခဲ့သော နှစ် ၅၀၊ ၆၀ ကျော်မှ စလို့ ယနေ့ထိတိုင် ကျောင်းကောင်းဆိုသည့် နာမည်ဂုဏ်သတင်း ရှိနေခြင်းပင်ဖြစ်သည်။မည်သို့သောအသီးအပွင့်များကြောင့် ကျောင်းကောင်းဟု ခေါ်သလဲတော့ ကျနော်သိပ်နားမလည်။အောင်ချက်ကောင်းတာမျိုး၊ သင်ထောက်ကူပစ္စည်း စုံလင်တာမျိုး၊ သင်ကြားရေးစနစ် ကောင်းတာမျိုး ဖြစ်နိုင်သည်။ဘာ့ကြောင့် ရန်ကုန်မြို့ရှိ အခြားကျောင်းများကရော ကျောင်းကောင်းဟု အများသတ်မှတ်သည့် အဆင့်သို့ ရောက်မလာတာလဲ ဆိုသည်မှာလည်း စဉ်းစားခန်းဝင်ချင်စရာပင်။

သေချာတာက ကျနော်သိသော ကျောင်းကောင်းဟုဆိုသော ကျောင်းများ၏ အဓိကဝိသေသထဲတွင် ရန်ကုန်မြို့ရှိ လူကုံထံသားသမီးများ တက်ကြခြင်းသည်လည်း တစ်ချက်ဖြစ်သည်။ဆိုတော့ လူကုံထံသားသမီးများတက်သော ကျောင်းများမို့ ကျောင်းကောင်းခေါ်ခြင်းလားဟု မေးလျှင်လည်း မေးသင့်သည့် မေးခွန်းဟု ထင်၏။

နောက်ထပ်ထူးခြားချက်မှာ ကျောင်းကောင်းများ၏ ကျောင်းတက်/လွှတ်ချိန်များတွင် နှစ်ပေါင်းရှည်ကြာ ကားလမ်းအရမ်းပိတ်ခြင်း ဖြစ်သည်။လူကုံထံများပီပီ ကိုယ်ပိုင်ကားဖြင့် ကျောင်းလိုက်ပို့ကြသဖြင့် အပို့အကြိုကိုယ်ပိုင်ကားများ ဖောင်းပွကာ အကြီးအကျယ် ကားလမ်းပိတ်တော့သည်။ယင်းစနစ်ကို ဖျက်သိမ်းနိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တွန်းတင်နေသော်လည်း သိပ်အလုပ်ဖြစ်သေးဟန်မတူ။

အမေတချို့ဆို သားသမီး ကျောင်းအပို့အကြိုကို အလုပ်တစ်ခုလို ဆောင်ရွက်သည်။တချို့၏ တချို့များဆိုလျှင် ကျောင်းပို့ပြီးနောက် အိမ်မပြန်။သူ့လို အိမ်မပြန်သည့် အမေများနှင့် ဟိုနားဒီနားသွားလိုက်၊ ကျောင်းနားဝန်းကျင် တခမ်းတနားထိုင်စောင့်လိုက်ဖြင့်။

ထိုကျောင်းကောင်းများတွင် လူကုံထံများကြီးလားဆိုတော့မဟုတ်။လူလတ်တန်းစားများလည်း ရှိကြသည်။လူလတ်တန်းစားများမှာ ထိုကျောင်းကောင်းများ အနီးဝန်းကျင်၌ နေထိုင်သူများနှင့် အခြားသောမြို့နယ်များမှ ဖြစ်သည်။ကျနော့်ငယ်သူငယ်ချင်းတစ်ဦးဆိုလျှင် တောင်ဥက္ကလာတွင် နေထိုင်ပြီး ဒဂုံ (၁) တွင် အခြေခံပညာ အထက်တန်းအဆင့် တက်ခဲ့သူ။
သူတို့၏ မိဘများက ကျောင်းကောင်းတွင် ကျောင်းတက်ခွင့်ရခြင်းကို ဂုဏ်ယူသလို ကျောင်းကောင်းလျှင် ပညာရေးပတ်ဝန်းကျင်ကောင်းသဖြင့် သားသမီးပညာရေးလည်း ကောင်းမည်ဟု ယူဆမှုလည်းရှိကြသည်။

သူတို့လို လူလတ်တန်းစားများကျတော့ ကိုယ်ပိုင်ကားမရှိသဖြင့်  ကျောင်းဖယ်ရီဖြင့် ကျောင်းတက်ကြရသည်။ကျနော်တို့ငယ်ငယ်တုန်းကတော့ ကားကောင်းလည်းမရှိသဖြင့် ဖယ်ရီကားမှာ ဘီအမ်အမျိုးအစား ကားများဖြစ်သည်။ဘာပဲဖြစ်ဖြစ် ကျနော့်သူငယ်ချင်းကတော့ ကျောင်းကားပေါ်မှ ဆင်းလာလျှင် ရင်တွေဘာတွေကော့လို့။ကျနော်တို့လို တောင်ဥက္ကလာမှာတင် ကျောင်းတက်နိုင်သူများကလည်း အထင်တော့ နည်းနည်းကြီးမိသည်မှာ အမှန်ဖြစ်သည်။ထားတော့။

ပြောချင်တာက ကျောင်းကောင်းများ၏ နောက်ထပ်ထူးခြားချက်တစ်ရပ်မှာ နယ်ကျော်ကျောင်းအပ်သူ များခြင်းဖြစ်သည်။နယ်ကျော်ကျောင်းအပ်ခြင်းတွင် ကျနော့်သူငယ်ချင်းလို လူလတ်တန်းစားများလည်း ရှိသလို လူကုံထံများနှင့် အရာရှိကြီးများ၏ သားသမီးများလည်းပါသည်။

ဘာ့ကြောင့် နယ်ကျော်ကျောင်းအပ်ရသလဲဆိုတော့ ကျောင်းကောင်းကောင်းတွင် ထားချင်၍ဖြစ်သည်။နယ်ကျော်ကျောင်းအပ်လို့ရော ရသလားဆိုတော့ ရ၍အပ်ခြင်းဟု ဆိုရပေမည်။ယခင့်ယခင်တုန်းက နယ်ကျော်ကျောင်းအပ်ခြင်းကို ပညာရေးဝန်ကြီးဌာန၏ တရားဝင်သဘောထားက မည်သို့ရှိသလဲတော့မသိ။ကျောင်းအုပ်၏ သဘောထားအပေါ် အခြေခံကာ ကျောင်းအပ်ခွင့်ရခဲ့တာကတော့ အထင်အရှားဖြစ်သည်။သို့သော်၊ အလကားအပ်ခွင့် ရတာတော့မဟုတ်။ပိုင်ရာဆိုင်ရာ အရာရှိကြီးများ မဟုတ်ပါက တန်ဖိုးကြီးလက်ဆောင်ပဏာ မပါလို့မရ။

အဂတိလိုက်စားမှုကို တရားဝင်သဖွယ် ဆောင်ရွက်နိုင်သော စစ်အစိုးရလက်ထက်ရောက်တော့ လက်ဆောင်ပစ္စည်းထက် ငွေသားနှင့် အခွင့်အလမ်းဖလှယ်ခြင်းကို အဓိကသုံးလာကြသည်။အတန်းအမျိုးအစားအလိုက်၊ နယ်ကျော်လျှင်ကျော်သလောက် ပေါက်ဈေးမည်မျှဆိုသည်မှာ ကျောင်းမအပ်မီ မေလလယ်aလာက်ကတည်းက ထွက်ပြီးဖြစ်သည်။လာဘ်ငွေကို ကိုယ့်လက်ဖြင့် တည့်တည့်ယူခြင်းမှာ သိက္ခာကျသလိုလို ဘာလိုလိုကြီးဆိုတော့ ကျောင်းအပ်ပွဲစားများ ဖလန်းဖလန်းထလာသည်။

လူကုံထံများအတွက် အပန်းမကြီးလှသည့် ငွေမျှသာ ပေးရခြင်းဖြစ်သော်လည်း လူလတ်တန်းစားများအတွက်မူ နင့်နေသည့် ငွေအတိုင်းအဆဖြစ်သည်။သို့သော်၊ သားသမီးပညာရေးအတွက် ဒီလောက်တော့ ရင်းရမှာပဲဟူ၍ ရင်းကြခြင်းဖြစ်သည်။ကျနော်ကတော့ နားမလည်။ကျနော်နားမလည်သော သူတို့၏နားလည်မှုမှာ ငွေပေးတာတောင် ကျောင်းအပ်ခွင့် ရချင်မှရသည်ဆိုတော့ ပို၍နားမလည်နိုင်ဖြစ်ရသည်။

ယင်းသို့ ကျနော့်၏ နားမလည်မှုနှင့် သူတို့၏နားလည်မှုတို့သည် ဒီချုပ်အစိုးရလက်ထက်ရောက်တော့ နယ်ကျော်ကျောင်းအပ်ခြင်းနှင့် အဂတိလိုက်စားခြင်းတို့ အဆက်အစပ်ကို မေးခွန်းထုတ်လာခြင်းနှင့်အတူ ဗြောင်ကျကျလာဘ်စားမှုမှသည် တိုးတိုးတိတ်တိတ်အဆင့်သို့ ရောက်ရှိခဲ့သည်။ယခု ၂၀၁၉-၂၀ ပညာသင်နှစ်ကိုရောက်တော့ နယ်ကျော်ကျောင်းအပ်ခြင်း လက်မခံရဆိုသည့် ပညာရေးဝန်ကြီးဌာန၏ တိကျသောပြဌာန်းမှုမှာ အမှန်တကယ် သက်ဝင်လာကြောင်း သတင်းများအရ သိရသည်။

ရန်ကုန်မြို့တော်အတွင်း နေထိုင်သည့် မြို့နယ်၊ ရပ်ကွက်အလိုက် တက်ခွင့်ရကျောင်းကို အတိအကျ သတ်မှတ်ပေးထားသည်။သတ်မှတ်ထားသည့် ကျောင်းမှလွဲ၍ အခြားကျောင်းများတွင် အပ်ခွင့်လုံးဝမရှိ။ထို့ပြင် ကျောင်းတစ်ကျောင်းကျောင်းတွင် တက်ချင်သည့် ရည်ရွယ်ချက်ဖြင့် ယင်းကျောင်းနှင့် သက်ဆိုင်သောရပ်ကွက်၌ နေထိုင်ကြောင်း အိမ်ထောင်စုစာရင်း ပြောင်းလဲပြုလုပ်ခြင်းမျိုးဘေးမှ ကာကွယ်ရန် အိမ်ထောင်စုစာရင်းသက်တမ်း ၆ လရှိမှသာ လက်ခံသည်ဟုလည်း သိရသည်။ထို့ပြင် ကျောင်းကောင်းအချို့တွင် နယ်ကျော်ကျောင်းအပ်ခြင်း ပြဿနာကို ထိရောက်စွာကိုင်တွယ်နိုင်ရန် လဝက ဝန်ထမ်းများ ဖိတ်ခေါ်ကာ အိမ်ထောင်စုစာရင်းများ စစ်ဆေးစေသည်။

ယင်းသို့သော တင်းကြပ်မှုများအရ ကျောင်းကောင်းထားချင်သူ မိဘများ ဗျာများရတော့သည်။ဗျာများမှု၏ နောက်ဆက်တွဲအဖြစ် တွေးနိုင်ခေါ်နိုင်စွမ်းလည်း လျော့ရဲသွားကာ ထောင်ချောက်ကို ထောင်ချောက်ဟု မမြင်နိုင်တော့ပေ။

နယ်ကျော်ကျောင်းအပ်ခြင်းမျိုး မဖြစ်အောင် တင်းကြပ်စွာကိုင်တွယ်ခြင်းကြောင့် အဂတိပြဿနာမျိုးမရှိဟု ပြောနိုင်သော်လည်း အကွက်မြင်လွန်းလှသော မသမာသူအချို့၏ ထောင်ချောက်ဆင်မှုကိုတော့ အကြီးအကျယ်ခံလိုက်ရသူများရှိသည်။

ကျနော့်သူငယ်ချင်းဆိုလျှင် သမီးကြီးက ကျောင်းကောင်းတွင် မူလတန်းတက်နေပြီမို့ ယခုနှစ် သားအငယ်ကို ကျောင်းစအပ်ရတော့မည်ဆိုတော့ နှစ်ကျောင်းကွဲပြီး နှစ်ခါပင်ပန်းတာမျိုးမဖြစ်အောင် သမီးကြီးတက်သည့် ကျောင်းကောင်းတွင်သာ သားငယ်ကိုလည်း ထားချင်သူ။သို့သော်၊ လက်ရှိနေထိုင်ရာ အိမ်ထောင်စုစာရင်းအရ လုံးဝထားခွင့်မရှိ။
တီတီစီကျောင်းများတွင်မူ အိမ်ထောင်စုစာရင်းအရ အကျုံးမဝင်သော်လည်း တက်နှင့်ပြီး အစ်ကို၊ အစ်မရှိလျှင် ညီ၊ ညီမအရင်းများအား ချွင်းချက်အနေနှင့် ကျောင်းအပ်လက်ခံပေးသော်လည်း သူ့သမီးကြီး၏ ကျောင်းကောင်းတွင်မူ လက်ခံရန်မသေချာ။

ဒါနဲ့အချင်းချင်းလက်တို့သဖြင့် အနီးတွင်ရှိနေသော တိုးတိုးတိတ်တိတ် ဈေးကွက်တစ်ခုကို တွေ့လိုက်ရသည်။ယင်းဈေးကွက်မှာ ယခုကျောင်းကောင်းတက်ခွင့်ရရန် အကျုံးဝင်သော အိမ်ထောင်စုစာရင်း ပြုလုပ်ပေးသည့်ဈေးကွက်။လုံးဝကျိန်းသေပေါက် ကျောင်းအပ်ခွင့်ရမည့် အိမ်ထောင်စုစာရင်းရမည်တဲ့။

ပေါက်ဈေးကအမျိုးမျိုးရှိသည်။အကျုံးဝင်ရပ်ကွက်နေ သူများအိမ်ထောင်စုစာရင်းထဲ ကိုယ့်အမည် ထည့်မည်ဆိုပါက ဈေးက ကျပ် ၁၀ သိန်းဝန်းကျင်။ကျနော့်သူငယ်ချင်းကတော့ ကိုယ့်လိပ်စာနဲ့ကိုယ် အိမ်ထောင်စုစာရင်းသီးသန့်၊ ခုနှစ်သိန်းကျပ်။ရုံးတံဆိပ်၊ လက်မှတ် စသဖြင့် ပါသင့်ပါထိုက်တာမှန်သမျှ အကုန်ပါသဖြင့် အပေါ်ယံအမြင်အရ အိမ်ထောင်စုစာရင်း အစစ်ဟုသာ ထင်ချင်စရာမို့ သားဇောကြောင့် ၇ သိန်းပေးလိုက်ကြောင်း သူငယ်ချင်းကဆိုသည်။သူ့လို ခါတော်မီ အိမ်ထောင်စုစာရင်း ပြုလုပ်သူလည်းမနည်းဟု သိရသည်။

ထို့နောက် ၇ သိန်းတန် အိမ်ထောင်စုစာရင်းဖြင့် ကျောင်းဝင်ခွင့်တင်လိုက်သည်။ရလဒ်ထွက်လာတော့ သူငယ်ချင်း အပါအဝင် စုစုပေါင်း ၅၀ ခန့် reject ထိသည်။reject ထဲတွင် ခါတော်မီ  အိမ်ထောင်စုစာရင်းများသည်ဟုလည်း သိရသည်။ဆိုတော့၊ အချောင်သမားတို့၏ ထောင်ချောက်ဆင်မှုတွင် သိန်းသုံးလေးရာ ပလုံသွားမည့်သဘောဖြစ်သည်။

ယင်းမှာ ကျောင်းကောင်းတစ်ကျောင်း၏ ပြဿနာဖြစ်ပြီး အခြားကျောင်းကောင်းများတွင်လည်း ယင်းသို့သော ထောင်ချောက်များ ရှိသည်ဟုဆိုသဖြင့် အလိမ်ခံရသည်မှာ မနည်းလှသော ငွေပမာဏဖြစ်သည်။ယင်းအချောင်သမားတို့ကို ထိရောက်စွာနှိမ်နင်းရန် လိုအပ်သော်လည်း အခိုင်အမာတိုင်ကြားမည့်သူ မရှိသလို မတိုင်လည်း စုံစမ်းဖော်ထုတ်မည့် အာဏာပိုင်အဖွဲ့လည်း မရှိသဖြင့် နောက်တစ်နှစ် ကျောင်းဖွင့်ရာသီတွင် နောက်တစ်ခေါက် ထပ်လုပ်စားခွင့်ရဦးမည့် သဘောဖြစ်သည်။

ကျနော့်သူငယ်ချင်၏ သားမှာမူ ယခုဆောင်းပါးရေးနေသည့် ဇွန် ၇ ရက်နေ့အထိ သူ့အစ်မတက်နေသော ကျောင်းကောင်းတွင်လည်း မတက်ရသေး။အိမ်ထောင်စုစာရင်း အမှန်အရ ခွဲတမ်းကျသော မူလတန်းကျောင်းတွင်လည်း သူငယ်ချင်းက လုံးဝမထားချင်သဖြင့် သွားမအပ်ဖြစ်။

“ဒီအိမ်ထောင်စုစာရင်းက ဒီကျောင်းမှာပဲ တက်ရမယ်ဆိုပြီး လုံးဝရွေးချယ်လို့မရတဲ့အထိ လုပ်တာမျိုးတော့ မကြိုက်ဘူး။အနည်းဆုံးတော့ နှစ်ကျောင်းလောက်တော့ တက်ခွင့်ပြု။ နှစ်ကျောင်းထဲကမှ တစ်ကျောင်းကို မိဘတွေရွေးမှာပေါ့။” ဟု သူငယ်ချင်း၏ တွေးတွေးဆဆပြောပုံက ဆက်စဉ်းစားချင်စရာ။

လောလောဆယ်မှာတော့ သူငယ်ချင်းခမျာ ယောက်ယက်ခတ်စွာ။သူ့လို ယောက်ယက်ခတ် နေရသူကလည်း များစွာတဲ့။ကျောင်းကောင်းကောင်း ထားချင်ခြင်း၏ နောက်ဆက်တွဲ စာမျက်နှာများမှာ သက်ပြင်းတွေ အထွေးလိုက်ဖြင့် ရင်မောဖွယ်ရာ။

မျိုးညွန့် (Popular News)
ဇွန် - ၁၅

( Zawgyi )

သားသမီးတို႔၏ ပညာေရးဆိုေတာ့ မိဘမ်ား သည္းသည္းလႈပ္ၾကသည္။အထူးသျဖင့္ မိခင္မ်ားျဖစ္သည္။အက်ိဳးသင့္အေၾကာင္းသင့္ နားခ်ရခက္သည့္အထဲတြင္ သူတို႔သည္ထိပ္ဆုံးက။ကိုယ့္သားသမီးကို ေက်ာင္းေကာင္းေကာင္းတြင္ ထားခ်င္ၾကသည္မွာ တစ္ျပားမွမေလွ်ာ့။ေက်ာင္းေကာင္းေကာင္းမွ မတက္ရလွ်င္ ကိုယ့္သားသမီး စာလုံးဝမတတ္ေတာ့မည့္ပုံမ်ိဳး။

ေက်ာင္းေကာင္းေကာင္းဆိုတာက ရန္ကုန္သားတိုင္း သိၿပီးျဖစ္သည့္ တီတီစီ၊ ဒဂုံ (၁)၊ စိန္ေပါလ္၊…..စသျဖင့္။ရန္ကုန္ၿမိဳ႕တြင္ အမ်ားသေဘာတူ ေက်ာင္းေကာင္းေကာင္းဟု သတ္မွတ္ထားၾကသည္မွာ အလြန္ဆုံးရွိလွ ၁၀ ေက်ာင္းႏွင့္ ၁၅ ေက်ာင္းၾကားသာ ရွိမည္ထင္၏။ယင္းေက်ာင္းေကာင္းမ်ား၏ ထူးျခားခ်က္မွာ လြန္ခဲ့ေသာ ႏွစ္ ၅၀၊ ၆၀ ေက်ာ္မွ စလို႔ ယေန႔ထိတိုင္ ေက်ာင္းေကာင္းဆိုသည့္ နာမည္ဂုဏ္သတင္း ရွိေနျခင္းပင္ျဖစ္သည္။မည္သို႔ေသာအသီးအပြင့္မ်ားေၾကာင့္ ေက်ာင္းေကာင္းဟု ေခၚသလဲေတာ့ က်ေနာ္သိပ္နားမလည္။ေအာင္ခ်က္ေကာင္းတာမ်ိဳး၊ သင္ေထာက္ကူပစၥည္း စုံလင္တာမ်ိဳး၊ သင္ၾကားေရးစနစ္ ေကာင္းတာမ်ိဳး ျဖစ္ႏိုင္သည္။ဘာ့ေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ အျခားေက်ာင္းမ်ားကေရာ ေက်ာင္းေကာင္းဟု အမ်ားသတ္မွတ္သည့္ အဆင့္သို႔ ေရာက္မလာတာလဲ ဆိုသည္မွာလည္း စဥ္းစားခန္းဝင္ခ်င္စရာပင္။

ေသခ်ာတာက က်ေနာ္သိေသာ ေက်ာင္းေကာင္းဟုဆိုေသာ ေက်ာင္းမ်ား၏ အဓိကဝိေသသထဲတြင္ ရန္ကုန္ၿမိဳ႕ရွိ လူကုံထံသားသမီးမ်ား တက္ၾကျခင္းသည္လည္း တစ္ခ်က္ျဖစ္သည္။ဆိုေတာ့ လူကုံထံသားသမီးမ်ားတက္ေသာ ေက်ာင္းမ်ားမို႔ ေက်ာင္းေကာင္းေခၚျခင္းလားဟု ေမးလွ်င္လည္း ေမးသင့္သည့္ ေမးခြန္းဟု ထင္၏။

ေနာက္ထပ္ထူးျခားခ်က္မွာ ေက်ာင္းေကာင္းမ်ား၏ ေက်ာင္းတက္/လႊတ္ခ်ိန္မ်ားတြင္ ႏွစ္ေပါင္းရွည္ၾကာ ကားလမ္းအရမ္းပိတ္ျခင္း ျဖစ္သည္။လူကုံထံမ်ားပီပီ ကိုယ္ပိုင္ကားျဖင့္ ေက်ာင္းလိုက္ပို႔ၾကသျဖင့္ အပို႔အႀကိဳကိုယ္ပိုင္ကားမ်ား ေဖာင္းပြကာ အႀကီးအက်ယ္ ကားလမ္းပိတ္ေတာ့သည္။ယင္းစနစ္ကို ဖ်က္သိမ္းႏိုင္ရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က တြန္းတင္ေနေသာ္လည္း သိပ္အလုပ္ျဖစ္ေသးဟန္မတူ။

အေမတခ်ိဳ႕ဆို သားသမီး ေက်ာင္းအပို႔အႀကိဳကို အလုပ္တစ္ခုလို ေဆာင္႐ြက္သည္။တခ်ိဳ႕၏ တခ်ိဳ႕မ်ားဆိုလွ်င္ ေက်ာင္းပို႔ၿပီးေနာက္ အိမ္မျပန္။သူ႔လို အိမ္မျပန္သည့္ အေမမ်ားႏွင့္ ဟိုနားဒီနားသြားလိုက္၊ ေက်ာင္းနားဝန္းက်င္ တခမ္းတနားထိုင္ေစာင့္လိုက္ျဖင့္။

ထိုေက်ာင္းေကာင္းမ်ားတြင္ လူကုံထံမ်ားႀကီးလားဆိုေတာ့မဟုတ္။လူလတ္တန္းစားမ်ားလည္း ရွိၾကသည္။လူလတ္တန္းစားမ်ားမွာ ထိုေက်ာင္းေကာင္းမ်ား အနီးဝန္းက်င္၌ ေနထိုင္သူမ်ားႏွင့္ အျခားေသာၿမိဳ႕နယ္မ်ားမွ ျဖစ္သည္။က်ေနာ့္ငယ္သူငယ္ခ်င္းတစ္ဦးဆိုလွ်င္ ေတာင္ဥကၠလာတြင္ ေနထိုင္ၿပီး ဒဂုံ (၁) တြင္ အေျခခံပညာ အထက္တန္းအဆင့္ တက္ခဲ့သူ။
သူတို႔၏ မိဘမ်ားက ေက်ာင္းေကာင္းတြင္ ေက်ာင္းတက္ခြင့္ရျခင္းကို ဂုဏ္ယူသလို ေက်ာင္းေကာင္းလွ်င္ ပညာေရးပတ္ဝန္းက်င္ေကာင္းသျဖင့္ သားသမီးပညာေရးလည္း ေကာင္းမည္ဟု ယူဆမႈလည္းရွိၾကသည္။

သူတို႔လို လူလတ္တန္းစားမ်ားက်ေတာ့ ကိုယ္ပိုင္ကားမရွိသျဖင့္  ေက်ာင္းဖယ္ရီျဖင့္ ေက်ာင္းတက္ၾကရသည္။က်ေနာ္တို႔ငယ္ငယ္တုန္းကေတာ့ ကားေကာင္းလည္းမရွိသျဖင့္ ဖယ္ရီကားမွာ ဘီအမ္အမ်ိဳးအစား ကားမ်ားျဖစ္သည္။ဘာပဲျဖစ္ျဖစ္ က်ေနာ့္သူငယ္ခ်င္းကေတာ့ ေက်ာင္းကားေပၚမွ ဆင္းလာလွ်င္ ရင္ေတြဘာေတြေကာ့လို႔။က်ေနာ္တို႔လို ေတာင္ဥကၠလာမွာတင္ ေက်ာင္းတက္ႏိုင္သူမ်ားကလည္း အထင္ေတာ့ နည္းနည္းႀကီးမိသည္မွာ အမွန္ျဖစ္သည္။ထားေတာ့။

ေျပာခ်င္တာက ေက်ာင္းေကာင္းမ်ား၏ ေနာက္ထပ္ထူးျခားခ်က္တစ္ရပ္မွာ နယ္ေက်ာ္ေက်ာင္းအပ္သူ မ်ားျခင္းျဖစ္သည္။နယ္ေက်ာ္ေက်ာင္းအပ္ျခင္းတြင္ က်ေနာ့္သူငယ္ခ်င္းလို လူလတ္တန္းစားမ်ားလည္း ရွိသလို လူကုံထံမ်ားႏွင့္ အရာရွိႀကီးမ်ား၏ သားသမီးမ်ားလည္းပါသည္။

ဘာ့ေၾကာင့္ နယ္ေက်ာ္ေက်ာင္းအပ္ရသလဲဆိုေတာ့ ေက်ာင္းေကာင္းေကာင္းတြင္ ထားခ်င္၍ျဖစ္သည္။နယ္ေက်ာ္ေက်ာင္းအပ္လို႔ေရာ ရသလားဆိုေတာ့ ရ၍အပ္ျခင္းဟု ဆိုရေပမည္။ယခင့္ယခင္တုန္းက နယ္ေက်ာ္ေက်ာင္းအပ္ျခင္းကို ပညာေရးဝန္ႀကီးဌာန၏ တရားဝင္သေဘာထားက မည္သို႔ရွိသလဲေတာ့မသိ။ေက်ာင္းအုပ္၏ သေဘာထားအေပၚ အေျခခံကာ ေက်ာင္းအပ္ခြင့္ရခဲ့တာကေတာ့ အထင္အရွားျဖစ္သည္။သို႔ေသာ္၊ အလကားအပ္ခြင့္ ရတာေတာ့မဟုတ္။ပိုင္ရာဆိုင္ရာ အရာရွိႀကီးမ်ား မဟုတ္ပါက တန္ဖိုးႀကီးလက္ေဆာင္ပဏာ မပါလို႔မရ။

အဂတိလိုက္စားမႈကို တရားဝင္သဖြယ္ ေဆာင္႐ြက္ႏိုင္ေသာ စစ္အစိုးရလက္ထက္ေရာက္ေတာ့ လက္ေဆာင္ပစၥည္းထက္ ေငြသားႏွင့္ အခြင့္အလမ္းဖလွယ္ျခင္းကို အဓိကသုံးလာၾကသည္။အတန္းအမ်ိဳးအစားအလိုက္၊ နယ္ေက်ာ္လွ်င္ေက်ာ္သေလာက္ ေပါက္ေဈးမည္မွ်ဆိုသည္မွာ ေက်ာင္းမအပ္မီ ေမလလယ္aလာက္ကတည္းက ထြက္ၿပီးျဖစ္သည္။လာဘ္ေငြကို ကိုယ့္လက္ျဖင့္ တည့္တည့္ယူျခင္းမွာ သိကၡာက်သလိုလို ဘာလိုလိုႀကီးဆိုေတာ့ ေက်ာင္းအပ္ပြဲစားမ်ား ဖလန္းဖလန္းထလာသည္။

လူကုံထံမ်ားအတြက္ အပန္းမႀကီးလွသည့္ ေငြမွ်သာ ေပးရျခင္းျဖစ္ေသာ္လည္း လူလတ္တန္းစားမ်ားအတြက္မူ နင့္ေနသည့္ ေငြအတိုင္းအဆျဖစ္သည္။သို႔ေသာ္၊ သားသမီးပညာေရးအတြက္ ဒီေလာက္ေတာ့ ရင္းရမွာပဲဟူ၍ ရင္းၾကျခင္းျဖစ္သည္။က်ေနာ္ကေတာ့ နားမလည္။က်ေနာ္နားမလည္ေသာ သူတို႔၏နားလည္မႈမွာ ေငြေပးတာေတာင္ ေက်ာင္းအပ္ခြင့္ ရခ်င္မွရသည္ဆိုေတာ့ ပို၍နားမလည္ႏိုင္ျဖစ္ရသည္။

ယင္းသို႔ က်ေနာ့္၏ နားမလည္မႈႏွင့္ သူတို႔၏နားလည္မႈတို႔သည္ ဒီခ်ဳပ္အစိုးရလက္ထက္ေရာက္ေတာ့ နယ္ေက်ာ္ေက်ာင္းအပ္ျခင္းႏွင့္ အဂတိလိုက္စားျခင္းတို႔ အဆက္အစပ္ကို ေမးခြန္းထုတ္လာျခင္းႏွင့္အတူ ေျဗာင္က်က်လာဘ္စားမႈမွသည္ တိုးတိုးတိတ္တိတ္အဆင့္သို႔ ေရာက္ရွိခဲ့သည္။ယခု ၂၀၁၉-၂၀ ပညာသင္ႏွစ္ကိုေရာက္ေတာ့ နယ္ေက်ာ္ေက်ာင္းအပ္ျခင္း လက္မခံရဆိုသည့္ ပညာေရးဝန္ႀကီးဌာန၏ တိက်ေသာျပဌာန္းမႈမွာ အမွန္တကယ္ သက္ဝင္လာေၾကာင္း သတင္းမ်ားအရ သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ေနထိုင္သည့္ ၿမိဳ႕နယ္၊ ရပ္ကြက္အလိုက္ တက္ခြင့္ရေက်ာင္းကို အတိအက် သတ္မွတ္ေပးထားသည္။သတ္မွတ္ထားသည့္ ေက်ာင္းမွလြဲ၍ အျခားေက်ာင္းမ်ားတြင္ အပ္ခြင့္လုံးဝမရွိ။ထို႔ျပင္ ေက်ာင္းတစ္ေက်ာင္းေက်ာင္းတြင္ တက္ခ်င္သည့္ ရည္႐ြယ္ခ်က္ျဖင့္ ယင္းေက်ာင္းႏွင့္ သက္ဆိုင္ေသာရပ္ကြက္၌ ေနထိုင္ေၾကာင္း အိမ္ေထာင္စုစာရင္း ေျပာင္းလဲျပဳလုပ္ျခင္းမ်ိဳးေဘးမွ ကာကြယ္ရန္ အိမ္ေထာင္စုစာရင္းသက္တမ္း ၆ လရွိမွသာ လက္ခံသည္ဟုလည္း သိရသည္။ထို႔ျပင္ ေက်ာင္းေကာင္းအခ်ိဳ႕တြင္ နယ္ေက်ာ္ေက်ာင္းအပ္ျခင္း ျပႆနာကို ထိေရာက္စြာကိုင္တြယ္ႏိုင္ရန္ လဝက ဝန္ထမ္းမ်ား ဖိတ္ေခၚကာ အိမ္ေထာင္စုစာရင္းမ်ား စစ္ေဆးေစသည္။

ယင္းသို႔ေသာ တင္းၾကပ္မႈမ်ားအရ ေက်ာင္းေကာင္းထားခ်င္သူ မိဘမ်ား ဗ်ာမ်ားရေတာ့သည္။ဗ်ာမ်ားမႈ၏ ေနာက္ဆက္တြဲအျဖစ္ ေတြးႏိုင္ေခၚႏိုင္စြမ္းလည္း ေလ်ာ့ရဲသြားကာ ေထာင္ေခ်ာက္ကို ေထာင္ေခ်ာက္ဟု မျမင္ႏိုင္ေတာ့ေပ။

နယ္ေက်ာ္ေက်ာင္းအပ္ျခင္းမ်ိဳး မျဖစ္ေအာင္ တင္းၾကပ္စြာကိုင္တြယ္ျခင္းေၾကာင့္ အဂတိျပႆနာမ်ိဳးမရွိဟု ေျပာႏိုင္ေသာ္လည္း အကြက္ျမင္လြန္းလွေသာ မသမာသူအခ်ိဳ႕၏ ေထာင္ေခ်ာက္ဆင္မႈကိုေတာ့ အႀကီးအက်ယ္ခံလိုက္ရသူမ်ားရွိသည္။

က်ေနာ့္သူငယ္ခ်င္းဆိုလွ်င္ သမီးႀကီးက ေက်ာင္းေကာင္းတြင္ မူလတန္းတက္ေနၿပီမို႔ ယခုႏွစ္ သားအငယ္ကို ေက်ာင္းစအပ္ရေတာ့မည္ဆိုေတာ့ ႏွစ္ေက်ာင္းကြဲၿပီး ႏွစ္ခါပင္ပန္းတာမ်ိဳးမျဖစ္ေအာင္ သမီးႀကီးတက္သည့္ ေက်ာင္းေကာင္းတြင္သာ သားငယ္ကိုလည္း ထားခ်င္သူ။သို႔ေသာ္၊ လက္ရွိေနထိုင္ရာ အိမ္ေထာင္စုစာရင္းအရ လုံးဝထားခြင့္မရွိ။
တီတီစီေက်ာင္းမ်ားတြင္မူ အိမ္ေထာင္စုစာရင္းအရ အက်ဳံးမဝင္ေသာ္လည္း တက္ႏွင့္ၿပီး အစ္ကို၊ အစ္မရွိလွ်င္ ညီ၊ ညီမအရင္းမ်ားအား ခြၽင္းခ်က္အေနႏွင့္ ေက်ာင္းအပ္လက္ခံေပးေသာ္လည္း သူ႔သမီးႀကီး၏ ေက်ာင္းေကာင္းတြင္မူ လက္ခံရန္မေသခ်ာ။

ဒါနဲ႔အခ်င္းခ်င္းလက္တို႔သျဖင့္ အနီးတြင္ရွိေနေသာ တိုးတိုးတိတ္တိတ္ ေဈးကြက္တစ္ခုကို ေတြ႕လိုက္ရသည္။ယင္းေဈးကြက္မွာ ယခုေက်ာင္းေကာင္းတက္ခြင့္ရရန္ အက်ဳံးဝင္ေသာ အိမ္ေထာင္စုစာရင္း ျပဳလုပ္ေပးသည့္ေဈးကြက္။လုံးဝက်ိန္းေသေပါက္ ေက်ာင္းအပ္ခြင့္ရမည့္ အိမ္ေထာင္စုစာရင္းရမည္တဲ့။

ေပါက္ေဈးကအမ်ိဳးမ်ိဳးရွိသည္။အက်ဳံးဝင္ရပ္ကြက္ေန သူမ်ားအိမ္ေထာင္စုစာရင္းထဲ ကိုယ့္အမည္ ထည့္မည္ဆိုပါက ေဈးက က်ပ္ ၁၀ သိန္းဝန္းက်င္။က်ေနာ့္သူငယ္ခ်င္းကေတာ့ ကိုယ့္လိပ္စာနဲ႔ကိုယ္ အိမ္ေထာင္စုစာရင္းသီးသန႔္၊ ခုႏွစ္သိန္းက်ပ္။႐ုံးတံဆိပ္၊ လက္မွတ္ စသျဖင့္ ပါသင့္ပါထိုက္တာမွန္သမွ် အကုန္ပါသျဖင့္ အေပၚယံအျမင္အရ အိမ္ေထာင္စုစာရင္း အစစ္ဟုသာ ထင္ခ်င္စရာမို႔ သားေဇာေၾကာင့္ ၇ သိန္းေပးလိုက္ေၾကာင္း သူငယ္ခ်င္းကဆိုသည္။သူ႔လို ခါေတာ္မီ အိမ္ေထာင္စုစာရင္း ျပဳလုပ္သူလည္းမနည္းဟု သိရသည္။

ထို႔ေနာက္ ၇ သိန္းတန္ အိမ္ေထာင္စုစာရင္းျဖင့္ ေက်ာင္းဝင္ခြင့္တင္လိုက္သည္။ရလဒ္ထြက္လာေတာ့ သူငယ္ခ်င္း အပါအဝင္ စုစုေပါင္း ၅၀ ခန႔္ reject ထိသည္။reject ထဲတြင္ ခါေတာ္မီ  အိမ္ေထာင္စုစာရင္းမ်ားသည္ဟုလည္း သိရသည္။ဆိုေတာ့၊ အေခ်ာင္သမားတို႔၏ ေထာင္ေခ်ာက္ဆင္မႈတြင္ သိန္းသုံးေလးရာ ပလုံသြားမည့္သေဘာျဖစ္သည္။

ယင္းမွာ ေက်ာင္းေကာင္းတစ္ေက်ာင္း၏ ျပႆနာျဖစ္ၿပီး အျခားေက်ာင္းေကာင္းမ်ားတြင္လည္း ယင္းသို႔ေသာ ေထာင္ေခ်ာက္မ်ား ရွိသည္ဟုဆိုသျဖင့္ အလိမ္ခံရသည္မွာ မနည္းလွေသာ ေငြပမာဏျဖစ္သည္။ယင္းအေခ်ာင္သမားတို႔ကို ထိေရာက္စြာႏွိမ္နင္းရန္ လိုအပ္ေသာ္လည္း အခိုင္အမာတိုင္ၾကားမည့္သူ မရွိသလို မတိုင္လည္း စုံစမ္းေဖာ္ထုတ္မည့္ အာဏာပိုင္အဖြဲ႕လည္း မရွိသျဖင့္ ေနာက္တစ္ႏွစ္ ေက်ာင္းဖြင့္ရာသီတြင္ ေနာက္တစ္ေခါက္ ထပ္လုပ္စားခြင့္ရဦးမည့္ သေဘာျဖစ္သည္။

က်ေနာ့္သူငယ္ခ်င္၏ သားမွာမူ ယခုေဆာင္းပါးေရးေနသည့္ ဇြန္ ၇ ရက္ေန႔အထိ သူ႔အစ္မတက္ေနေသာ ေက်ာင္းေကာင္းတြင္လည္း မတက္ရေသး။အိမ္ေထာင္စုစာရင္း အမွန္အရ ခြဲတမ္းက်ေသာ မူလတန္းေက်ာင္းတြင္လည္း သူငယ္ခ်င္းက လုံးဝမထားခ်င္သျဖင့္ သြားမအပ္ျဖစ္။

“ဒီအိမ္ေထာင္စုစာရင္းက ဒီေက်ာင္းမွာပဲ တက္ရမယ္ဆိုၿပီး လုံးဝေ႐ြးခ်ယ္လို႔မရတဲ့အထိ လုပ္တာမ်ိဳးေတာ့ မႀကိဳက္ဘူး။အနည္းဆုံးေတာ့ ႏွစ္ေက်ာင္းေလာက္ေတာ့ တက္ခြင့္ျပဳ။ ႏွစ္ေက်ာင္းထဲကမွ တစ္ေက်ာင္းကို မိဘေတြေ႐ြးမွာေပါ့။” ဟု သူငယ္ခ်င္း၏ ေတြးေတြးဆဆေျပာပုံက ဆက္စဥ္းစားခ်င္စရာ။

ေလာေလာဆယ္မွာေတာ့ သူငယ္ခ်င္းခမ်ာ ေယာက္ယက္ခတ္စြာ။သူ႔လို ေယာက္ယက္ခတ္ ေနရသူကလည္း မ်ားစြာတဲ့။ေက်ာင္းေကာင္းေကာင္း ထားခ်င္ျခင္း၏ ေနာက္ဆက္တြဲ စာမ်က္ႏွာမ်ားမွာ သက္ျပင္းေတြ အေထြးလိုက္ျဖင့္ ရင္ေမာဖြယ္ရာ။

မ်ိဳးၫြန႔္ (Popular News)
ဇြန္ - ၁၅