【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြည်သူခက်မယ့် လျှပ်စစ်ဂယက်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ပြည်သူခက်မယ့် လျှပ်စစ်ဂယက်

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ပြည်တွင်းသတင်း များစွာထဲမှာ အများစုစိတ်ဝင်စားခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲဆွယ်အသုံးစရိတ်ကို ကျပ် သိန်း ၁၀၀ ကို တိုးမြှင့်သုံးစွဲခွင့်ပေးဖို့ စိစစ်နေတဲ့ သတင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်းနည်းတဲ့ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ပေးဖို့ အစီအစဉ်ရှိတဲ့ သတင်း၊ ဦးကိုနီ လုပ်ကြံခံရမှုဖြင့် ထောင်ဒဏ် အပြစ်ပေးခံထားရတဲ့ တရားခံ ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်း ကို ပြစ်ဒဏ်များ တိုးမြှင့်ပေးရန် လျှောက်ထားမှုအတွက် ကြားနာမှုစတင်တဲ့ သတင်း၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲ တက်ရောက်ရန် တပ်မတော်ကိုယ်စားလှယ် အပါအဝင် အစိုးရကိုယ်စားလှယ်အဖွဲ့ သွားတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင်  လျှပ်စစ်မီတာခတွေ တက်တဲ့ သတင်း၊ လက်ကြီး မူးယစ်ရာဇာတွေ သတင်းကိုပေးဖို့ သမ္မတက ပြောခဲ့တဲ့ သတင်း၊ တွံတေးက သုံးလောင်းပြိုင် သတင်း၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသို့ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းက ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်ကြောင့်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောဆိုခဲ့တဲ့ သတင်း၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)ရဲ့ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် ပွဲတော်ကို အစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ်ဆိုတဲ့ သတင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် KNPP တို့ ဆွေးနွေးမယ့် သတင်း၊ မြန်မာ့ပင်လယ်ပြင်မှာ မျောပါနေတဲ့ ဗီယက်နမ် ရေယာဉ်တစ်စီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့တဲ့ သတင်း၊ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ထားတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ပြည်သူအခက် လျှပ်စစ်ဂယက်

ယခုတစ်ပတ် သတင်းတွေထဲမှာ အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းက လျှပ်စစ်ဓာတ်အားခတွေ တက်မယ်ဆိုတဲ့ သတင်းပါဘဲ။အစိုးရပိုင် သတင်းစာတွေကနေ ယခု ဇူလိုင် ၁ ရက်က စပြီး လျှပ်စစ်မီတာခ နှုန်းထားတွေ တိုးကောက်မယ်လို့ ကြေညာပြီးနောက် ပြည်တွင်းသတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေ၊ အရပ်ထဲ ရွာထဲဈေးထဲမှာ လျှပ်စစ်မီတာခနူန်းထား တိုးတက်တဲ့ သတင်းတွေက ထိပ်တန်းဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

ယခင်က မီတာခနူန်းထား တက်ခဲ့ပေမယ့် ယခုလို ဆတိုးတက်တဲ့နူန်းထား မဟုတ်ပါဘူး။ယခုတက်တဲ့ မီတာခနဲ့ တွက်ချက်မှုတွေအရ လစဉ်ကုန်ကျမှုဟာ အိမ်ထောင်စုတစ်ခုအတွက် များပြားတဲ့ အသုံးစရိတ်ဖြစ်လာဖို့ သေချာနေပါတယ်။ဒါဟာ အရပ်သားအစိုးရလက်ထက် ပြည်သူတွေကိုတိုက်တဲ့ အဆိုးဝါးဆုံး ဆေးခါးကြီးပါဘဲ။

ဒီလို မီတာခဈေးတက်ဖို့အတွက် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးကာ အကြံပြုချက် ရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောခဲ့သလို လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသများ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီတာခနူန်းထားတွေ တိုးမြှင့်ရတာလို့လည်း ဆိုပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံး သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားပမာဏက မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိသလို ရန်ကုန်တိုင်းက မဂ္ဂါဝပ် ၁၆၀၀ လောက် ရယူသုံးစွဲနေတာ ဖြစ်တဲ့အတွက် မီတာခကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေက ရန်ကုန်တိုင်းမှာဘဲ ဖြစ်ဖို့များနေပါတယ်။လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်ကဏ္ဍအတွက် ပြည်သူ့ဘဏ္ဍာငွေမှ နှစ်စဉ် ကျပ်ဘီလီယံ ၅၀၀ ကျော် စိုက်ထုတ်သုံးစွဲနေရတယ်လို့  မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာဖြစ်နေတဲ့ အရှုံးတွေကို ကာမိဖို့ ဓာတ်အားခတိုးမြှင့်ခြင်းကို မဖြစ်မနေဆောင်ရွက်ဖို့ သုံးစွဲသူအလိုက် နှုန်းထားတွေ ပြင်ဆင်သတ်မှတ်သင့်တယ်ဆိုပြီး အကြံပြုထားခဲ့ပါတယ်။တက်လာတဲ့ ဈေးနှုန်းတွေအရ လျှပ်စစ်ပစ္စည်းဈေးကွက်နဲ့ လျှပ်စစ်သုံးရတဲ့ ဇိမ်ခံစက်ပစ္စည်း ဈေးကွက်ကိုပါ ထိခိုက်မှာဖြစ်သလို အခြေခံကုန်စည်ဈေးနှုန်းပိုင်းကိုပါ ဆွဲတင်သလိုဖြစ်လာမှာ အသေအချာပါဘဲ။မီတာခတွေ တက်တဲ့အပေါ် ယခင်က ခန့်မှန်းကောက်ခံကာ ဘတ်ဂျက်ကုန်မှ အတိအကျတွက်ချက်ပြီး ဖြတ်ချတဲ့ မဆီလျှော်တဲ့ ပုံစံတွေက ယခုအခါမှာ ပြဿနာကြီးစွာ တက်လာစရာ ရှိနေပါတယ်။

လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုက ထုတ်ပြန်ချက်တွေအရဆိုရင်  တစ်နိုင်ငံလုံးရဲ့ ၄၅ ရာခိုင်နှုန်းကျော်သာ ရှိတဲ့အတွက် နောက်ထပ် မဂ္ဂါဝပ် ၄၀၀၀ ကျော် လိုနေဖွယ်ရှိတဲ့ မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ဒီလိုတိုးမြှင့်လိုက်တဲ့ ဈေးနူန်းက ဖြေရှင်းမှုအမှန် ဖြစ်လာမလား၊ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံသူတွေ ဝင်ရောက်ဖို့ ဆွဲခေါ်နိုင်မှာလား၊ ပြည်သူတွေ ကန့်ကွက်နေတဲ့ လျှပ်စစ်စီမံကိန်းကြီးတွေ ခွင့်ပြုဖို့ တင်းမာနေတာတွေ လျော့ကျစေမှာလား ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ပြည်တွင်းပြဿနာထဲ အချိန်ကိုက်ဗုံးတစ်လုံး ဆင်ပေးလိုက်သလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ယခုတစ်ပတ်မှာ ဒီလိုလျှပ်စစ်သတင်းတွေအပြင် ယိုယွင်းနေတဲ့ ဖားကန့်ဒေသကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တို့ ဦးဆောင်တဲ့ ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေး ကော်မတီက သွားရောက်စစ်ဆေးခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ် ဝိုင်းမော်မှာ သစ်တောကြိုးဝိုင်းထဲ ကုမ္ပဏီတစ်ခုက တရားမဝင် စိုက်ပျိုးထားသော တစ်သျှူးငှက်ပျောခင်း ဧက ၅၀၀ ကျော်ကို သစ်တောဦးစီးဌာနက ဖျက်စီးခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ် မြို့နယ်အချို့တွင် နေရာကွက် မိုးကြီးနေလို့ တောင်ကျရေကြောင့် ရေကြီးနေတဲ့ သတင်း၊ တနိုင်းဒေသမှာ လက်လုပ်လက်စားတွေ ပယင်းတူးဖော်ဖို့ မြေဧက ၇,၀၀၀ ခန့် ပထမအကြိမ် ချထားပေးမယ့် သတင်းတွေကလည်း သတင်းဖတ်သူတွေကို စိတ်ဝင်စားစေတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

လူမဆန်တဲ့ ရက်စက်တဲ့ လူသတ်မှု

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက တွံတေးလူသတ်မှု သတင်းပါ။ဒီသတင်းက ကြားရသူတိုင်းကို ထိတ်လန့်စေပါတယ်။အထူးသဖြင့် ရာအိမ်မှူးက ရဲစခန်းကို ခေါ်သွားမယ်ဆိုပြီး လမ်းမှာသတ်ခဲ့တဲ့ကိစ္စက လန့်စရာဖြန့်စရာပါ။

ဇွန် ၂၁ ရက်ညပိုင်းက အရက်သောက်နေတဲ့သူ လေးဦးကို ရာအိမ်မှူးက ယခင်ရန်ငြိုးနဲ့ သတ်ခဲ့တာပါ။ထုတ်ပြန်ချက်မှာတော့ အသတ်ခံရတဲ့ သိန်းဇော်ဦး အပါအဝင် လေးဦးက ယခုသတ်ဖြတ်တဲ့သူတွေထဲက တစ်ဦးရဲ့ ကလေးကို ဓားနဲ့ ခြိမ်းခြောက်ခဲ့သလို ယခုလူသတ်မှုကို ခေါင်းဆောင်သတ်ဖြတ်သူ ရာအိမ်မှူးကို ဓားနဲ့လိုက်ခုတ်ပြီး လေးခွဖြင့်ပစ်ခတ်ခဲ့တာကနေ စတာလို့ ဆိုပါတယ်။

ဒီလို ဓားကိုင်ခြိမ်းခြောက်မှုတွေကို မကျေနပ်လို့ ဓားနဲ့လိုက်ခုတ်ခံရခဲ့တဲ့ ရာအိမ်မှူးနဲ့ အဖွဲ့က ဇွန်လ ၂၁ ရက် ညမှာ သိန်းဇော်ဦး ရဲ့ အိမ်ပေါ်တက်ပြီး အိမ်ပြတင်းပေါက်တွေကို ဓားနဲ့ခုတ်ပြီး အရက်ထိုင်သောက်နေတဲ့ သိန်းဇော်ဦး အပါအဝင် လေးဦးကို ရဲစခန်းသို့ ပို့မယ်ဆိုပြီး ခေါ်တာပါ။ဒီလိုခေါ်ဆောင်ရာမှာ လူကိုးဦးပါတဲ့ ရာအိမ်မှူးနဲ့ အဖွဲ့က ရဲစခန်းပို့မယ်ဆိုရင် ပြန်လှည့်ရန်ရှာနိုင်တဲ့အတွက် လမ်းမှာ လက်စဖျောက်ခဲ့တယ်လို့ ထုတ်ဖော်ချက်တွေအရ ဆိုပါတယ်။

အသတ်ခံရတဲ့သူတွေက ရပ်ထဲရွာထဲမှာ ဆိုးသွမ်းတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ဖော်ပြချက်တွေမှာတော့ သိန်းဇော်ဦး အပါအဝင် လေးဦးကို နှစ်ယောက်တစ်တွဲစီ ကြိုးတုပ်ပြီး စက်လှေတစ်စီးနဲ့တင်ကာ တွံတေးတူးမြောင်းထဲ ဓားနဲ့ဝိုင်းခုတ်အပြီးမှာ သိန်းဇော်ဦး အပါအဝင် သုံးဦးကို ပစ်ချခဲ့ကြောင်း  ကျန်တစ်ယောက်ကို ရာအိမ်မှူးအဖွဲ့က ဆွေမျိုးတော်စပ်တာကြောင့် ထိုးကြိတ်ပြီး ပြန်လွှတ်ပေးခဲ့တယ် ဆိုပါတယ်။

အသတ်ခံရသူသုံးဦး၏ အလောင်းများကို ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တွင် တွံတေးတူးမြောင်းအတွင်းမှ ဆယ်ယူရရှိပြီးနောက်မှာ အလောင်းဖျောက်တဲ့ ရာအိမ်မှူး အပါအဝင် ကိုးဦးအနက် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် ဆိုပါတယ်။ဒီအဖြစ်ဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု နယ်တွေမှာ ဘယ်လိုအခြေအနေရှိတယ် ဆိုတာကို ဖော်ပြလိုက်တာပါ။ဒါ့အပြင် မြန်မာနိုင်ငံမှာ တွင်ကျယ်နေဆဲ လက်စားချေစနစ်ကြီးနဲ့ ခြောက်လှန့်အနိုင်ကျင့်တဲ့ စနစ်ဆိုးကြီး အဟုန်ကောင်းကောင်းနဲ့ ရှိနေဆဲဆိုတာကို ပြလိုက်တာပါ။

ဒါ့အပြင် ရာအိမ်မှူးဆိုတဲ့ အခွင့်အာဏာကိုသုံးပြီး လူသတ်ဖို့ အခွင့်အရေးရခဲ့တာကလည်း အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ သတိထားဖွယ်ပါဘဲ။

ဒီလို သုံးလောင်းပြိုင်လူသတ်မှု သတင်းနဲ့အပြိုင် နောက်ထပ်စိတ်ဝင်စားစရာကောင်းခဲ့တဲ့ သတင်းကတော့ တာချီလိတ်က သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုထဲကနေ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်တွေနဲ့ RPG အပါအဝင် လက်နက်တွေ အများအပြားဖမ်းမိတဲ့ သတင်းပါဘဲ။ဒီဖမ်းဆီးရမိမှုက တာချီလိတ် နယ်စပ်ဂိတ်က ဖြတ်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာကနေ မီးခိုးကြွက်လျှောက် မိခဲ့တဲ့ အမှုပါဘဲ။

တာချီလိတ် နယ်စပ်ဂိတ်မှာ ထိုင်းနိုင်ငံသား အနုချိုင်းကာတဲ ဆီကနေ ကျည်မျိုးစုံ ၇၀၃ တောင့်၊ ၉ မမ ကျည်အိမ်နှစ်ခုနှင့် ဆေးပြားရိုက်ရာတွင်  အသုံးပြုသည့် မို ၂၈ ချောင်းတို့ကို သိမ်းဆည်းရမိရာကနေ ဆက်စပ်ပြီး မိုင်းလင်းကျေးရွာရှိ ညီညီနိုင်(ခ)ပီနိုင် ပိုင်ဆိုင်သည့် နိုင်ရတနာရွှေတြိဂံ သတ္တုတူးဖော်ရေးကုမ္ပဏီ ခြံဝင်းနဲ့ နေအိမ်ကို ဝင်စစ်ခဲ့ရာကနေ အထက်ပါ ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။မိတဲ့အထဲမှာ RPG အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ပေမယ့် အဓိကတရားခံ ညီညီနိုင်(ခ)ပီနိုင် ကိုတော့ မမိသေးပါဘူး။

ဒီလို လက်နက်တွေ အများအပြားဖမ်းမိတာက ဒေသတွင်းလုံခြုံရေးအတွက် ကြောက်စရာလန့်စရာ ဖြစ်သလို ဒီလက်နက်တွေ ဘယ်လောက်ထိ ပြည်တွင်းကို စီးဝင်နေသလဲဆိုတာ တွက်ဆကြည့်ရင် ရင်လေးစရာပါ။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် မိုင်းဆက်မြို့နယ်မှာ စိတ်ကြွဆေးပြား ခုနစ်သန်းကျော် အပါအဝင် ဆက်စပ်မူးယစ်ဆေးဝါးတွေကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ဖမ်းဆီးရမိထားသော ကျပ်သန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် မိုင်းလားအဖွဲ့က ဖျက်ဆီးပြတဲ့ သတင်း၊ မူဆယ်မှာ  မိုးသည်းထန်စွာ  ရွာသွန်းလို့ လမ်းဘေးအုတ်နံရံ ပြိုကျရာမှာ လူနှစ်ဦးသေဆုံးခဲ့တဲ့ သတင်း၊ အောင်ဆန်းအားကစားကွင်း ပွဲကြည့်စင်နဲ့ အဆောက်အအုံတွေကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားတဲ့ သတင်း၊ H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ဆယ်ဦးထိ ရှိလာတဲ့ သတင်း၊ ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီဝင် ခုနစ်ဦးကို တရားစွဲဆိုထားတဲ့ သတင်း စတဲ့ သတင်းတွေကလည်း ယခုတစ်ပတ် သတင်းဖတ်သူတွေကို သတိပြုမိစေခဲ့ပါတယ်။

မူးယစ်ရာဇာကြီးတွေ သတင်းပေးဖို့ ပြောလိုက်တဲ့ သမ္မတ

ယခုတစ်ပတ် အစိုးရဆိုင်ရာ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာကို သမ္မတတာဝန်ကို စတင်တာဝန်ယူကည်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တစိုက်မတ်မတ်လုပ်လာခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဇွန်-၂၆ ရက်က ပြုလုပ်ခဲ့တဲ့  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ လက်ကြီးသမားလို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ ပြောခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့် က မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကို ဆိုက်ရောက်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။သမ္မတက မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့ တိုင်းပြည်အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုအန္တရာယ် ဖြစ်သည့်အတွက် မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေသာမက ထုတ်လုပ်သူတွေ၊ မူးယစ်ရာဇာကြီးတွေရဲ့ သတင်းတွေကို တိတိကျကျ တိုင်ကြားပေးကြပါ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေ ရှိခဲ့ရင် အရေးယူမှာဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက်တွေ ပေးပို့ကြပါ။
တိုင်းဒေသကြီး ပြည်နယ် အစိုးရများနဲ့ အုပ်ချုပ်ရေးဌာန အဆင့်ဆင့်အနေနဲ့ မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံးဝမထားရဆိုတဲ့ မူဝါဒကို အလေးထား လိုက်နာဆောင်ရွက်ပေးကြပါ၊ မူးယစ်ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူ့ကျန်းမာရေး အမြင်နဲ့ မျှတမှုရှိအောင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာနဲ့အ ရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အလေးအနက် ဆောင်ရွက်ပေးကြပါလို့ု တိုက်တွန်းပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်တွေအရဆိုရင် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ (၄၁၀၀၀)၊ ဘိန်းထုတ်လုပ်မှု (၅၅၀) မက်ထရစ်တန် ထွက်ခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာ (၃၇၃၀၀) ဟက်တာ စိုက်ပျိုးပြီး ဘိန်းထုတ်လုပ်မှု (၅၂၀) မက်ထရစ်တန်သာ ထွက်ရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါ အမှုပေါင်း ၁၃၀၃၇ မှု၊ တန်ဖိုး ငွေကျပ် သန်းပေါင်း ၄၄၂,၆၄၅ ခန့် ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး၊ ကျပ် ၁,၉၂၂ သန်းကျော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘိန်းထုတ်လုပ်စိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အတွင်း မြေပြင်စာရင်းမှာ UNODC နဲ့ KIO ကြား စာရင်းကွဲလွဲမှုတွေ ရှိတယ်ဆိုပေမယ့်  အရပ်သားအစိုးရလက်ထက် မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို အသေအချာ ဂရုစိုက်လာတာကို တွေ့ရပါတယ်။ဒါပေမယ့် သမ္မတကိုယ်တိုင် ထိပ်ပိုင်းမူးယစ်ရာဇာတွေ သတင်းကို တိတိကျကျ သတင်းပေး တိုင်ကြားခိုင်းတဲ့အတွက် မကြာခင်မှာ ဟန်ဆောင်မျက်နှာဖုံးတွေ ဖြုတ်ချခံရလို့ ဘယ်သူတွေက မူးယစ်ရာဇာကြီးတွေလဲဆိုတာ သိရဖို့ ရှိနေပါတယ်။

မူးယစ်ဆေးဝါးနဲ့ ရှုပ်ထွေးနေတဲ့ မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကလည်း ဆက်စပ်နေတဲ့အတွက် ဂျာအေးသူ့အမေရိုက် ဆိုသလို ဖြစ်နေပါတယ်။ယခုရက်သတ္တပတ်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ  တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း နဲ့ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။မကြာခင်က ပြီးစီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်တယ် ပြောခဲ့ပါတယ်။အဲဒီအစည်းအဝေးမှာဘဲ ထိုင်းနိုင်ငံဝန်ကြီးချုပ်  ပရာယွတ် ချန်အိုချာ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တို့နဲ့ သီးခြားစီဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။အာဆီယံညီလာခံ တက်ရောက်စဉ် ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောက်ရွက်ပြီး ရိုဟင်ဂျာပြဿနာကို အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဖြေရှင်းမယ် ကတိပြုခဲ့တာတွေလည်း ရှိပါတယ်။

တခြားတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က  ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ် အမြန်ဆုံးပြန်မပို့နိုင်ရင် သူတို့နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံမှုကို ထိခိုက်လာနိုင်တဲ့အတွက် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ ပြောခဲ့တာရှိပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် ဒေသတချို့မှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်ရှစ်ခုမှာ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့် ယာယီဖြတ်တောက်ထားသလို ရခိုင်ပြည်နယ် လွှတ်တော်ကတော့ ပြန်အသုံးပြုခွင့်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အတည်ပြုထားပါတယ်။

မူးယစ်ဆေးဝါး၊ ရခိုင်လက်နက်ကိုင်နဲ့ ဘင်္ဂါလီပြဿနာ စတဲ့ သုံးပွင့်ဆိုင်အရေးကို အစိုးရ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ ရန်ကုန်မှ ဟောင်ကောင်သို့ မူးယစ်ဆေးဝါး ပို့ဆောင်တဲ့ နီပေါနိုင်ငံသားတစ်ဦး အပါအဝင် ခြောက်ဦးကို  ဖမ်းဆီးရမိတဲ့ သတင်း၊ တရုတ်နိုင်ငံမှာ မှိုအဆိပ်သင့်တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ခုနစ်ဦးမှာ လေးဦးသေဆုံးပြီး ကျန်သုံးဦး မန္တလေးဆေးရုံမှာ ဆက်လက်ကုသပေးနေတဲ့ သတင်း၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဖော်ပြရန်  ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က တိုက်တွန်းတဲ့ သတင်း၊ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရေလုပ်သား နှစ်ဦးရဲ့ အယူခံကို ထိုင်းတရားရုံးက အနိုင်ပေးခဲ့တဲ့ သတင်း၊ ကျိုင်းတုံရဲစခန်း စိတ်ကြွဆေးပြားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေနဲ့ တရားစွဲဆိုခဲ့တဲ့ သတင်း၊ ဇနီးမောင်နှံနှစ်ဦးကို မန္တလေးမြို့မှာ နေ့ခင်းဘက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ အမျိုးသားကို သေဒဏ်ချမှတ်ခဲ့တဲ့ သတင်းတွေနဲ့အတူ သတိထားမိဖွယ် ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၂၈

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ျပည္တြင္းသတင္း မ်ားစြာထဲမွာ အမ်ားစုစိတ္ဝင္စားခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ေ႐ြးေကာက္ပြဲေတြမွာ ကိုယ္စားလွယ္ေလာင္း တစ္ဦးအတြက္ မဲဆြယ္အသုံးစရိတ္ကို က်ပ္ သိန္း ၁၀၀ ကို တိုးျမႇင့္သုံးစြဲခြင့္ေပးဖို႔ စိစစ္ေနတဲ့ သတင္း၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္က အတိုးႏႈန္းနည္းတဲ့ ေခ်းေငြအျဖစ္ အေမရိကန္ေဒၚလာ ၁ ဒသမ ၆ ဘီလ်ံ ေပးဖို႔ အစီအစဥ္ရွိတဲ့ သတင္း၊ ဦးကိုနီ လုပ္ႀကံခံရမႈျဖင့္ ေထာင္ဒဏ္ အျပစ္ေပးခံထားရတဲ့ တရားခံ ေဇယ်ာၿဖိဳး ႏွင့္ ေအာင္ဝင္းထြန္း ကို ျပစ္ဒဏ္မ်ား တိုးျမႇင့္ေပးရန္ ေလွ်ာက္ထားမႈအတြက္ ၾကားနာမႈစတင္တဲ့ သတင္း၊ မိုင္းလားလက္နက္ကိုင္အဖြဲ႕ (NDAA) ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္ပြဲ တက္ေရာက္ရန္ တပ္မေတာ္ကိုယ္စားလွယ္ အပါအဝင္ အစိုးရကိုယ္စားလွယ္အဖြဲ႕ သြားတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္  လွ်ပ္စစ္မီတာခေတြ တက္တဲ့ သတင္း၊ လက္ႀကီး မူးယစ္ရာဇာေတြ သတင္းကိုေပးဖို႔ သမၼတက ေျပာခဲ့တဲ့ သတင္း၊ တြံေတးက သုံးေလာင္းၿပိဳင္ သတင္း၊ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းသို႔ က်ပ္သိန္း ၃၀၀ လႉဒါန္းျခင္းက ေဖာင္ေဒးရွင္း၏ ရည္႐ြယ္ခ်က္ေၾကာင့္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးက ေျပာဆိုခဲ့တဲ့ သတင္း၊ မိုင္းလားလက္နက္ကိုင္အဖြဲ႕ (NDAA)ရဲ႕ ၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္ ပြဲေတာ္ကို အစိုးရကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္မယ္ဆိုတဲ့ သတင္း၊ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးေရးနဲ႔ ပတ္သက္ၿပီး အစိုးရ၊ တပ္မေတာ္ကိုယ္စားလွယ္မ်ားႏွင့္ KNPP တို႔ ေဆြးေႏြးမယ့္ သတင္း၊ ျမန္မာ့ပင္လယ္ျပင္မွာ ေမ်ာပါေနတဲ့ ဗီယက္နမ္ ေရယာဥ္တစ္စီးကို ျမန္မာေရတပ္က ကယ္ဆယ္ခဲ့တဲ့ သတင္း၊ တိုင္းႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕ေတြမွာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနအသစ္ တိုးခ်ဲ႕ဖြဲ႕စည္းဖို႔ ႏိုင္ငံေတာ္သမၼတက သဝဏ္လႊာေပးပို႔ထားတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ျပည္သူအခက္ လွ်ပ္စစ္ဂယက္

ယခုတစ္ပတ္ သတင္းေတြထဲမွာ အေတာ္ေလးလႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တဲ့ သတင္းက လွ်ပ္စစ္ဓာတ္အားခေတြ တက္မယ္ဆိုတဲ့ သတင္းပါဘဲ။အစိုးရပိုင္ သတင္းစာေတြကေန ယခု ဇူလိုင္ ၁ ရက္က စၿပီး လွ်ပ္စစ္မီတာခ ႏႈန္းထားေတြ တိုးေကာက္မယ္လို႔ ေၾကညာၿပီးေနာက္ ျပည္တြင္းသတင္းမီဒီယာေတြ၊ လူမႈကြန္ရက္ေတြ၊ အရပ္ထဲ ႐ြာထဲေဈးထဲမွာ လွ်ပ္စစ္မီတာခႏူန္းထား တိုးတက္တဲ့ သတင္းေတြက ထိပ္တန္းေဆြးေႏြးစရာ အေၾကာင္းအရာ ျဖစ္လာခဲ့ပါတယ္။

ယခင္က မီတာခႏူန္းထား တက္ခဲ့ေပမယ့္ ယခုလို ဆတိုးတက္တဲ့ႏူန္းထား မဟုတ္ပါဘူး။ယခုတက္တဲ့ မီတာခနဲ႔ တြက္ခ်က္မႈေတြအရ လစဥ္ကုန္က်မႈဟာ အိမ္ေထာင္စုတစ္ခုအတြက္ မ်ားျပားတဲ့ အသုံးစရိတ္ျဖစ္လာဖို႔ ေသခ်ာေနပါတယ္။ဒါဟာ အရပ္သားအစိုးရလက္ထက္ ျပည္သူေတြကိုတိုက္တဲ့ အဆိုးဝါးဆုံး ေဆးခါးႀကီးပါဘဲ။

ဒီလို မီတာခေဈးတက္ဖို႔အတြက္ နယ္ပယ္အသီးသီးမွ ကိုယ္စားလွယ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားျဖင့္ ေတြ႕ဆုံေဆြးေႏြးကာ အႀကံျပဳခ်က္ ရယူေဆာင္႐ြက္ခဲ့ျခင္း ျဖစ္တယ္လို႔ ေျပာခဲ့သလို လွ်ပ္စစ္မီး မရရွိေသးတဲ့ ေဒသမ်ား မီးရရွိေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ မီတာခႏူန္းထားေတြ တိုးျမႇင့္ရတာလို႔လည္း ဆိုပါတယ္။

လက္ရွိမွာ တစ္ႏိုင္ငံလုံး သုံးစြဲတဲ့ လွ်ပ္စစ္ဓာတ္အားပမာဏက မဂၢါဝပ္ ၃,၀၀၀ ေက်ာ္ရွိသလို ရန္ကုန္တိုင္းက မဂၢါဝပ္ ၁၆၀၀ ေလာက္ ရယူသုံးစြဲေနတာ ျဖစ္တဲ့အတြက္ မီတာခေၾကာင့္ ျဖစ္လာႏိုင္တဲ့ ျပႆနာေတြက ရန္ကုန္တိုင္းမွာဘဲ ျဖစ္ဖို႔မ်ားေနပါတယ္။လွ်ပ္စစ္ဝန္ႀကီးဌာနက လွ်ပ္စစ္က႑အတြက္ ျပည္သူ႔ဘ႑ာေငြမွ ႏွစ္စဥ္ က်ပ္ဘီလီယံ ၅၀၀ ေက်ာ္ စိုက္ထုတ္သုံးစြဲေနရတယ္လို႔  မၾကာခင္က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဘဏ္အစီရင္ခံစာမွာ ျမန္မာႏိုင္ငံရဲ႕ လွ်ပ္စစ္က႑မွာျဖစ္ေနတဲ့ အရႈံးေတြကို ကာမိဖို႔ ဓာတ္အားခတိုးျမႇင့္ျခင္းကို မျဖစ္မေနေဆာင္႐ြက္ဖို႔ သုံးစြဲသူအလိုက္ ႏႈန္းထားေတြ ျပင္ဆင္သတ္မွတ္သင့္တယ္ဆိုၿပီး အႀကံျပဳထားခဲ့ပါတယ္။တက္လာတဲ့ ေဈးႏႈန္းေတြအရ လွ်ပ္စစ္ပစၥည္းေဈးကြက္နဲ႔ လွ်ပ္စစ္သုံးရတဲ့ ဇိမ္ခံစက္ပစၥည္း ေဈးကြက္ကိုပါ ထိခိုက္မွာျဖစ္သလို အေျခခံကုန္စည္ေဈးႏႈန္းပိုင္းကိုပါ ဆြဲတင္သလိုျဖစ္လာမွာ အေသအခ်ာပါဘဲ။မီတာခေတြ တက္တဲ့အေပၚ ယခင္က ခန႔္မွန္းေကာက္ခံကာ ဘတ္ဂ်က္ကုန္မွ အတိအက်တြက္ခ်က္ၿပီး ျဖတ္ခ်တဲ့ မဆီေလွ်ာ္တဲ့ ပုံစံေတြက ယခုအခါမွာ ျပႆနာႀကီးစြာ တက္လာစရာ ရွိေနပါတယ္။

လက္ရွိ လွ်ပ္စစ္ဓာတ္အား သုံးစြဲႏိုင္မႈက ထုတ္ျပန္ခ်က္ေတြအရဆိုရင္  တစ္ႏိုင္ငံလုံးရဲ႕ ၄၅ ရာခိုင္ႏႈန္းေက်ာ္သာ ရွိတဲ့အတြက္ ေနာက္ထပ္ မဂၢါဝပ္ ၄၀၀၀ ေက်ာ္ လိုေနဖြယ္ရွိတဲ့ ျမန္မာ့လွ်ပ္စစ္က႑အတြက္ ဒီလိုတိုးျမႇင့္လိုက္တဲ့ ေဈးႏူန္းက ေျဖရွင္းမႈအမွန္ ျဖစ္လာမလား၊ လွ်ပ္စစ္စြမ္းအင္က႑မွာ ရင္းႏွီးျမဳပ္ႏွံသူေတြ ဝင္ေရာက္ဖို႔ ဆြဲေခၚႏိုင္မွာလား၊ ျပည္သူေတြ ကန႔္ကြက္ေနတဲ့ လွ်ပ္စစ္စီမံကိန္းႀကီးေတြ ခြင့္ျပဳဖို႔ တင္းမာေနတာေတြ ေလ်ာ့က်ေစမွာလား ဒါမွမဟုတ္ ရႈပ္ေထြးတဲ့ ျပည္တြင္းျပႆနာထဲ အခ်ိန္ကိုက္ဗုံးတစ္လုံး ဆင္ေပးလိုက္သလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ယခုတစ္ပတ္မွာ ဒီလိုလွ်ပ္စစ္သတင္းေတြအျပင္ ယိုယြင္းေနတဲ့ ဖားကန႔္ေဒသကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး ႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္း တို႔ ဦးေဆာင္တဲ့ ဖားကန႔္ေဒသ ျပန္လည္ထူေထာင္ေရး ေကာ္မတီက သြားေရာက္စစ္ေဆးခဲ့တဲ့ သတင္း၊ ကခ်င္ျပည္နယ္ ဝိုင္းေမာ္မွာ သစ္ေတာႀကိဳးဝိုင္းထဲ ကုမၸဏီတစ္ခုက တရားမဝင္ စိုက္ပ်ိဳးထားေသာ တစ္သွ်ဴးငွက္ေပ်ာခင္း ဧက ၅၀၀ ေက်ာ္ကို သစ္ေတာဦးစီးဌာနက ဖ်က္စီးခဲ့တဲ့ သတင္း၊ ကခ်င္ျပည္နယ္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေနရာကြက္ မိုးႀကီးေနလို႔ ေတာင္က်ေရေၾကာင့္ ေရႀကီးေနတဲ့ သတင္း၊ တႏိုင္းေဒသမွာ လက္လုပ္လက္စားေတြ ပယင္းတူးေဖာ္ဖို႔ ေျမဧက ၇,၀၀၀ ခန႔္ ပထမအႀကိမ္ ခ်ထားေပးမယ့္ သတင္းေတြကလည္း သတင္းဖတ္သူေတြကို စိတ္ဝင္စားေစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

လူမဆန္တဲ့ ရက္စက္တဲ့ လူသတ္မႈ

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက တြံေတးလူသတ္မႈ သတင္းပါ။ဒီသတင္းက ၾကားရသူတိုင္းကို ထိတ္လန႔္ေစပါတယ္။အထူးသျဖင့္ ရာအိမ္မႉးက ရဲစခန္းကို ေခၚသြားမယ္ဆိုၿပီး လမ္းမွာသတ္ခဲ့တဲ့ကိစၥက လန႔္စရာျဖန႔္စရာပါ။

ဇြန္ ၂၁ ရက္ညပိုင္းက အရက္ေသာက္ေနတဲ့သူ ေလးဦးကို ရာအိမ္မႉးက ယခင္ရန္ၿငိဳးနဲ႔ သတ္ခဲ့တာပါ။ထုတ္ျပန္ခ်က္မွာေတာ့ အသတ္ခံရတဲ့ သိန္းေဇာ္ဦး အပါအဝင္ ေလးဦးက ယခုသတ္ျဖတ္တဲ့သူေတြထဲက တစ္ဦးရဲ႕ ကေလးကို ဓားနဲ႔ ၿခိမ္းေျခာက္ခဲ့သလို ယခုလူသတ္မႈကို ေခါင္းေဆာင္သတ္ျဖတ္သူ ရာအိမ္မႉးကို ဓားနဲ႔လိုက္ခုတ္ၿပီး ေလးခြျဖင့္ပစ္ခတ္ခဲ့တာကေန စတာလို႔ ဆိုပါတယ္။

ဒီလို ဓားကိုင္ၿခိမ္းေျခာက္မႈေတြကို မေက်နပ္လို႔ ဓားနဲ႔လိုက္ခုတ္ခံရခဲ့တဲ့ ရာအိမ္မႉးနဲ႔ အဖြဲ႕က ဇြန္လ ၂၁ ရက္ ညမွာ သိန္းေဇာ္ဦး ရဲ႕ အိမ္ေပၚတက္ၿပီး အိမ္ျပတင္းေပါက္ေတြကို ဓားနဲ႔ခုတ္ၿပီး အရက္ထိုင္ေသာက္ေနတဲ့ သိန္းေဇာ္ဦး အပါအဝင္ ေလးဦးကို ရဲစခန္းသို႔ ပို႔မယ္ဆိုၿပီး ေခၚတာပါ။ဒီလိုေခၚေဆာင္ရာမွာ လူကိုးဦးပါတဲ့ ရာအိမ္မႉးနဲ႔ အဖြဲ႕က ရဲစခန္းပို႔မယ္ဆိုရင္ ျပန္လွည့္ရန္ရွာႏိုင္တဲ့အတြက္ လမ္းမွာ လက္စေဖ်ာက္ခဲ့တယ္လို႔ ထုတ္ေဖာ္ခ်က္ေတြအရ ဆိုပါတယ္။

အသတ္ခံရတဲ့သူေတြက ရပ္ထဲ႐ြာထဲမွာ ဆိုးသြမ္းတဲ့သူေတြ ျဖစ္တယ္ဆိုၿပီး ေဖာ္ျပခ်က္ေတြမွာေတာ့ သိန္းေဇာ္ဦး အပါအဝင္ ေလးဦးကို ႏွစ္ေယာက္တစ္တြဲစီ ႀကိဳးတုပ္ၿပီး စက္ေလွတစ္စီးနဲ႔တင္ကာ တြံေတးတူးေျမာင္းထဲ ဓားနဲ႔ဝိုင္းခုတ္အၿပီးမွာ သိန္းေဇာ္ဦး အပါအဝင္ သုံးဦးကို ပစ္ခ်ခဲ့ေၾကာင္း  က်န္တစ္ေယာက္ကို ရာအိမ္မႉးအဖြဲ႕က ေဆြမ်ိဳးေတာ္စပ္တာေၾကာင့္ ထိုးႀကိတ္ၿပီး ျပန္လႊတ္ေပးခဲ့တယ္ ဆိုပါတယ္။

အသတ္ခံရသူသုံးဦး၏ အေလာင္းမ်ားကို ဇြန္လ ၂၃ ရက္ႏွင့္ ၂၄ ရက္တြင္ တြံေတးတူးေျမာင္းအတြင္းမွ ဆယ္ယူရရွိၿပီးေနာက္မွာ အေလာင္းေဖ်ာက္တဲ့ ရာအိမ္မႉး အပါအဝင္ ကိုးဦးအနက္ ႏွစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့တယ္ ဆိုပါတယ္။ဒီအျဖစ္ဟာ ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႈ နယ္ေတြမွာ ဘယ္လိုအေျခအေနရွိတယ္ ဆိုတာကို ေဖာ္ျပလိုက္တာပါ။ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ တြင္က်ယ္ေနဆဲ လက္စားေခ်စနစ္ႀကီးနဲ႔ ေျခာက္လွန႔္အႏိုင္က်င့္တဲ့ စနစ္ဆိုးႀကီး အဟုန္ေကာင္းေကာင္းနဲ႔ ရွိေနဆဲဆိုတာကို ျပလိုက္တာပါ။

ဒါ့အျပင္ ရာအိမ္မႉးဆိုတဲ့ အခြင့္အာဏာကိုသုံးၿပီး လူသတ္ဖို႔ အခြင့္အေရးရခဲ့တာကလည္း အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူေတြ သတိထားဖြယ္ပါဘဲ။

ဒီလို သုံးေလာင္းၿပိဳင္လူသတ္မႈ သတင္းနဲ႔အၿပိဳင္ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းခဲ့တဲ့ သတင္းကေတာ့ တာခ်ီလိတ္က သတၱဳတူးေဖာ္ေရး ကုမၸဏီတစ္ခုထဲကေန မူးယစ္ေဆးဝါး ထုတ္လုပ္တဲ့ စက္ေတြနဲ႔ RPG အပါအဝင္ လက္နက္ေတြ အမ်ားအျပားဖမ္းမိတဲ့ သတင္းပါဘဲ။ဒီဖမ္းဆီးရမိမႈက တာခ်ီလိတ္ နယ္စပ္ဂိတ္က ျဖတ္လာတဲ့ ဆိုင္ကယ္ကို စစ္ေဆးရာကေန မီးခိုးႂကြက္ေလွ်ာက္ မိခဲ့တဲ့ အမႈပါဘဲ။

တာခ်ီလိတ္ နယ္စပ္ဂိတ္မွာ ထိုင္းႏိုင္ငံသား အႏုခ်ိဳင္းကာတဲ ဆီကေန က်ည္မ်ိဳးစုံ ၇၀၃ ေတာင့္၊ ၉ မမ က်ည္အိမ္ႏွစ္ခုႏွင့္ ေဆးျပား႐ိုက္ရာတြင္  အသုံးျပဳသည့္ မို ၂၈ ေခ်ာင္းတို႔ကို သိမ္းဆည္းရမိရာကေန ဆက္စပ္ၿပီး မိုင္းလင္းေက်း႐ြာရွိ ညီညီႏိုင္(ခ)ပီႏိုင္ ပိုင္ဆိုင္သည့္ ႏိုင္ရတနာေ႐ႊႀတိဂံ သတၱဳတူးေဖာ္ေရးကုမၸဏီ ၿခံဝင္းနဲ႔ ေနအိမ္ကို ဝင္စစ္ခဲ့ရာကေန အထက္ပါ ျဖစ္စဥ္ကို ေဖာ္ထုတ္ႏိုင္ခဲ့တာပါ။မိတဲ့အထဲမွာ RPG အပါအဝင္ လက္နက္အမ်ားအျပား သိမ္းဆည္းရမိခဲ့ေပမယ့္ အဓိကတရားခံ ညီညီႏိုင္(ခ)ပီႏိုင္ ကိုေတာ့ မမိေသးပါဘူး။

ဒီလို လက္နက္ေတြ အမ်ားအျပားဖမ္းမိတာက ေဒသတြင္းလုံၿခဳံေရးအတြက္ ေၾကာက္စရာလန႔္စရာ ျဖစ္သလို ဒီလက္နက္ေတြ ဘယ္ေလာက္ထိ ျပည္တြင္းကို စီးဝင္ေနသလဲဆိုတာ တြက္ဆၾကည့္ရင္ ရင္ေလးစရာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ရွမ္းျပည္နယ္ မိုင္းဆက္ၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ခုနစ္သန္းေက်ာ္ အပါအဝင္ ဆက္စပ္မူးယစ္ေဆးဝါးေတြကို တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ဖမ္းဆီးရမိထားေသာ က်ပ္သန္းေပါင္း တစ္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြကို ရွမ္းျပည္နယ္ မိုင္းလားအဖြဲ႕က ဖ်က္ဆီးျပတဲ့ သတင္း၊ မူဆယ္မွာ  မိုးသည္းထန္စြာ  ႐ြာသြန္းလို႔ လမ္းေဘးအုတ္နံရံ ၿပိဳက်ရာမွာ လူႏွစ္ဦးေသဆုံးခဲ့တဲ့ သတင္း၊ ေအာင္ဆန္းအားကစားကြင္း ပြဲၾကည့္စင္နဲ႔ အေဆာက္အအုံေတြကို အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္ သတ္မွတ္ထားတဲ့ သတင္း၊ H1N1 တုပ္ေကြးေၾကာင့္ ေသဆုံးသူ ဆယ္ဦးထိ ရွိလာတဲ့ သတင္း၊ ဦးဝီရသူ ဦးေဆာင္ဖြင့္လွစ္ထားတဲ့ မန္းမေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း ေကာ္မတီဝင္ ခုနစ္ဦးကို တရားစြဲဆိုထားတဲ့ သတင္း စတဲ့ သတင္းေတြကလည္း ယခုတစ္ပတ္ သတင္းဖတ္သူေတြကို သတိျပဳမိေစခဲ့ပါတယ္။

မူးယစ္ရာဇာႀကီးေတြ သတင္းေပးဖို႔ ေျပာလိုက္တဲ့ သမၼတ

ယခုတစ္ပတ္ အစိုးရဆိုင္ရာ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာကို သမၼတတာဝန္ကို စတင္တာဝန္ယူကည္းက မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးကို တစိုက္မတ္မတ္လုပ္လာခဲ့တဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ဇြန္-၂၆ ရက္က ျပဳလုပ္ခဲ့တဲ့  အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားမွာ လက္ႀကီးသမားလို႔ေခၚတဲ့ ပမာဏမ်ားတဲ့ မူးယစ္ေဆးဝါး ထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းဝယ္ေဖာက္ကားမႈေတြနဲ႔ ပတ္သက္လို႔ သတင္းေပးတိုင္ၾကားၾကဖို႔ ေျပာခဲ့ပါတယ္။

သမၼတ ဦးဝင္းျမင့္ က မူးယစ္ေဆးဝါးအႏၲရာယ္ကို မတိုက္ဖ်က္ႏိုင္ဘူးဆိုရင္ ေနာင္လာမယ့္ ဆယ္စုႏွစ္အတြင္းမွာ ျမန္မာႏိုင္ငံရဲ႕ အေနအထားဟာ မေတြးဝံ့စရာ အေျခအေနကို ဆိုက္ေရာက္လာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။သမၼတက မူးယစ္ေဆးဝါးအႏၲရာယ္ဟာ ကြၽန္ေတာ္တို႔ တိုင္းျပည္အနာဂတ္အတြက္ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈအႏၲရာယ္ ျဖစ္သည့္အတြက္ မူးယစ္သတင္း၊ ေရာင္းဝယ္ေဖာက္ကားမႈ သတင္းေတြသာမက ထုတ္လုပ္သူေတြ၊ မူးယစ္ရာဇာႀကီးေတြရဲ႕ သတင္းေတြကို တိတိက်က် တိုင္ၾကားေပးၾကပါ၊ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးမွာ တာဝန္ေရွာင္လႊဲသူေတြ၊ အဂတိလိုက္စားသူေတြ ရွိခဲ့ရင္ အေရးယူမွာျဖစ္သည့္အတြက္ အမ်ိဳးသားေရး တာဝန္အျဖစ္ အခ်က္အလက္ေတြ ေပးပို႔ၾကပါ။
တိုင္းေဒသႀကီး ျပည္နယ္ အစိုးရမ်ားနဲ႔ အုပ္ခ်ဳပ္ေရးဌာန အဆင့္ဆင့္အေနနဲ႔ မူးယစ္ေဆးဝါးကိစၥ၊ ႁခြင္းခ်က္လုံးဝမထားရဆိုတဲ့ မူဝါဒကို အေလးထား လိုက္နာေဆာင္႐ြက္ေပးၾကပါ၊ မူးယစ္ကင္းစင္တဲ့ လူ႔အဖြဲ႕အစည္း ျဖစ္ေပၚလာေစေရးအတြက္ ျပည္သူ႔က်န္းမာေရး အျမင္နဲ႔ မွ်တမႈရွိေအာင္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ မီဒီယာနဲ႔အ ရပ္ဖက္လူမႈအဖြဲ႕အစည္းေတြက အေလးအနက္ ေဆာင္႐ြက္ေပးၾကပါလို႔ု တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ေတြအရဆိုရင္ ျမန္မာႏိုင္ငံအေနနဲ႔ ၂၀၁၇ ခုႏွစ္မွာ ဘိန္းစိုက္ပ်ိဳးမႈ ဟက္တာ (၄၁၀၀၀)၊ ဘိန္းထုတ္လုပ္မႈ (၅၅၀) မက္ထရစ္တန္ ထြက္ခဲ့ရာကေန ၂၀၁၈ ခုႏွစ္မွာ (၃၇၃၀၀) ဟက္တာ စိုက္ပ်ိဳးၿပီး ဘိန္းထုတ္လုပ္မႈ (၅၂၀) မက္ထရစ္တန္သာ ထြက္ရွိခဲ့ပါတယ္။ဒါ့အျပင္ ၂၀၁၈ ခုႏွစ္အတြင္းမွာ မူးယစ္ေဆးဝါ အမႈေပါင္း ၁၃၀၃၇ မႈ၊ တန္ဖိုး ေငြက်ပ္ သန္းေပါင္း ၄၄၂,၆၄၅ ခန႔္ ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ၿပီး၊ က်ပ္ ၁,၉၂၂ သန္းေက်ာ္ ဘ႑ာေငြအျဖစ္ သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘိန္းထုတ္လုပ္စိုက္ပ်ိဳးမႈနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္အတြင္း ေျမျပင္စာရင္းမွာ UNODC နဲ႔ KIO ၾကား စာရင္းကြဲလြဲမႈေတြ ရွိတယ္ဆိုေပမယ့္  အရပ္သားအစိုးရလက္ထက္ မူးယစ္ေဆးဝါး ႏွိမ္ႏွင္းေရးကို အေသအခ်ာ ဂ႐ုစိုက္လာတာကို ေတြ႕ရပါတယ္။ဒါေပမယ့္ သမၼတကိုယ္တိုင္ ထိပ္ပိုင္းမူးယစ္ရာဇာေတြ သတင္းကို တိတိက်က် သတင္းေပး တိုင္ၾကားခိုင္းတဲ့အတြက္ မၾကာခင္မွာ ဟန္ေဆာင္မ်က္ႏွာဖုံးေတြ ျဖဳတ္ခ်ခံရလို႔ ဘယ္သူေတြက မူးယစ္ရာဇာႀကီးေတြလဲဆိုတာ သိရဖို႔ ရွိေနပါတယ္။

မူးယစ္ေဆးဝါးနဲ႔ ရႈပ္ေထြးေနတဲ့ ျမန္မာျပည္တြင္း လက္နက္ကိုင္ ပဋိပကၡကလည္း ဆက္စပ္ေနတဲ့အတြက္ ဂ်ာေအးသူ႔အေမ႐ိုက္ ဆိုသလို ျဖစ္ေနပါတယ္။ယခုရက္သတၱပတ္ထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ  တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာဆြန္ေကာ္ရွန္း နဲ႔ ေတြ႕ဆုံၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ရခိုင္ျပည္နယ္အေရးတို႔ကို ေဆြးေႏြးခဲ့ပါတယ္။မၾကာခင္က ၿပီးစီးခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္၍ အာဆီယံ၏ ကူညီပံ့ပိုးမႈမ်ားကို ေက်းဇူးတင္တယ္ ေျပာခဲ့ပါတယ္။အဲဒီအစည္းအေဝးမွာဘဲ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္  ပရာယြတ္ ခ်န္အိုခ်ာ၊ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို တို႔နဲ႔ သီးျခားစီေဆြးေႏြးခဲ့တာေတြလည္း ရွိပါတယ္။အာဆီယံညီလာခံ တက္ေရာက္စဥ္ ကာလအတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ရခိုင္ျပည္နယ္ရဲ႕ လုံၿခဳံေရးအေျခအေနေတြ ပိုမိုတိုးတက္ေအာင္ ေဆာက္႐ြက္ၿပီး ႐ိုဟင္ဂ်ာျပႆနာကို အာဆီယံနဲ႔ ဆက္လက္ပူးေပါင္းေျဖရွင္းမယ္ ကတိျပဳခဲ့တာေတြလည္း ရွိပါတယ္။

တျခားတစ္ဖက္မွာေတာ့ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ ဟာစီနာ က  ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ရခိုင္ျပည္နယ္ အျမန္ဆုံးျပန္မပို႔ႏိုင္ရင္ သူတို႔ႏိုင္ငံရဲ႕ တည္ၿငိမ္မႈနဲ႔ လုံၿခဳံမႈကို ထိခိုက္လာႏိုင္တဲ့အတြက္ စိုးရိမ္ေၾကာင္း ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္မွာ ေျပာခဲ့တာရွိပါတယ္။

လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္ ေဒသတခ်ိဳ႕မွာ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲျဖစ္ပြားမႈေတြ ရွိေနသလို အရပ္သား ထိခိုက္ေသဆုံးမႈေတြလည္း ရွိေနပါတယ္။လက္နက္ကိုင္ပဋိပကၡေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္ရွစ္ခုမွာ မိုဘိုင္းဖုန္း အင္တာနက္ အသုံးျပဳခြင့္ ယာယီျဖတ္ေတာက္ထားသလို ရခိုင္ျပည္နယ္ လႊတ္ေတာ္ကေတာ့ ျပန္အသုံးျပဳခြင့္ေပးဖို႔ တိုက္တြန္းေၾကာင္း အေရးႀကီးအဆိုကို အတည္ျပဳထားပါတယ္။

မူးယစ္ေဆးဝါး၊ ရခိုင္လက္နက္ကိုင္နဲ႔ ဘဂၤါလီျပႆနာ စတဲ့ သုံးပြင့္ဆိုင္အေရးကို အစိုးရ ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ ရန္ကုန္မွ ေဟာင္ေကာင္သို႔ မူးယစ္ေဆးဝါး ပို႔ေဆာင္တဲ့ နီေပါႏိုင္ငံသားတစ္ဦး အပါအဝင္ ေျခာက္ဦးကို  ဖမ္းဆီးရမိတဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံမွာ မႈိအဆိပ္သင့္တဲ့ ေ႐ႊ႕ေျပာင္း ျမန္မာအလုပ္သမား ခုနစ္ဦးမွာ ေလးဦးေသဆုံးၿပီး က်န္သုံးဦး မႏၲေလးေဆး႐ုံမွာ ဆက္လက္ကုသေပးေနတဲ့ သတင္း၊ သတင္းအမွားမ်ားကို လူမႈကြန္ရက္တြင္ မေဖာ္ျပရန္  ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က တိုက္တြန္းတဲ့ သတင္း၊ ထိုင္းေက်ာင္းသူတစ္ဦး အသတ္ခံရမႈနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာေရလုပ္သား ႏွစ္ဦးရဲ႕ အယူခံကို ထိုင္းတရား႐ုံးက အႏိုင္ေပးခဲ့တဲ့ သတင္း၊ က်ိဳင္းတုံရဲစခန္း စိတ္ႂကြေဆးျပားမ်ား ေပ်ာက္ဆုံးမႈႏွင့္ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို မူးယစ္ေဆးဝါး ဥပေဒနဲ႔ တရားစြဲဆိုခဲ့တဲ့ သတင္း၊ ဇနီးေမာင္ႏွံႏွစ္ဦးကို မႏၲေလးၿမိဳ႕မွာ ေန႔ခင္းဘက္ ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္တဲ့ အမ်ိဳးသားကို ေသဒဏ္ခ်မွတ္ခဲ့တဲ့ သတင္းေတြနဲ႔အတူ သတိထားမိဖြယ္ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၂၈