【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အမေရိကန်နှင့် တရုတ်အကြား လှုပ်ခတ်လာတဲ့ မြန်မာအနေအထား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အမေရိကန်နှင့် တရုတ်အကြား လှုပ်ခတ်လာတဲ့ မြန်မာအနေအထား

ယခုရက်သတ္တပတ်သတင်းတွေထဲ ထိပ်ဆုံးက စိတ်ဝင်စားစရာဖြစ်ခဲ့တာကာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်စောင်ပါဘဲ။ဒီထုတ်ပြန်ချက်က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်လုပ်ငန်းတွေ၊ မြန်မာနိုင်ငံရေးထဲ  ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့ တရုတ်ရဲ့အနေအထား စတာတွေကို အမေရိကန်သံရုံး ယာယီတာဝန်ခံက ဝေဖန်ရေးသားခဲ့တဲ့ ဆောင်းပါးပုံစံ ထုတ်ပြန်ချက်တစ်စောင်ပါဘဲ။ဒီလိုတိုက်ခိုက်ဝေဖန်မှုကို တရုတ်ဘက်ကလည်း နောက်တစ်ရက်မှာ ပြန်လည်ထုတ်ပြန်ခဲ့တဲ့အတွက် ယခုရက်သတ္တပတ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး  အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန်ဝေဖန်မှုက လူပြောသူပြောများခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါဘဲ။

ဒီလို တရုတ်နဲ့ အမေရိကန် အပြန်အလှန်ဝေဖန်မှုသတင်းအပြင် မန္တလေးက ရွှေဂဲတာကျိုးပေါက်မှုမှာ ဖြစ်လာတဲ့ဂယက်တွေ၊ ရွေးကောက်ပွဲအတွက် ပါတီတွေဘက်က လှုပ်ရှားမှုမြင့်တက်လာတဲ့သတင်းတွေ၊ အာဇာနည်နေ့မှာ မန္တလေးဝန်ကြီးချုပ် ပြောစကားတွေ၊ သတင်းလာယူနေတဲ့ SB ဆိုသူတွေကို နှင်ထုတ်တဲ့သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းစောင့်ကြည့်ခဲ့ကြတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ပါဝါအခင်းအကျင်း မြန်မာကိုစစ်တလင်းဖြစ်နိုင်စေမလား

ဇူလိုင် ၁၈ ရက်က မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံကနေ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးနှင့်ပတ်သက်ကာ တရုတ်နိုင်ငံကို ဝေဖန်တိုက်ခိုက်သည့် ဆောင်းပါးတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်အခြေစိုက် တရုတ်နိုင်ငံသံရုံးကလည်း နောက်တစ်ရက်မှာ အဆိုပါဝေဖန်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ကာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား သွေးခွဲသပ်လျှိုရန် အမေရိကန်ပြည်ထောင်စုက ကြိုးစားနေကြောင်း၊ အမေရိကန်၏ ဒေသတွင်းပြုမူပုံကို စောကြောဝေဖန်ခဲ့သဖြင့် လတ်တလော ကမ္ဘာ့အရေးမှာထိပ်တိုက်တွေ့နေပြီး မြန်မာနိုင်ငံအရေးမှာ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ အပြန်အလှန်ဝေဖန်မှုက ကမ္ဘာ့သတင်းမီဒီယာတွေမှာပါ ရေးသားဖော်ပြရတဲ့အထိ သတိထားစရာဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် ယခုရက်ပိုင်း တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင်မှုတွေ အပြန်အလှန်လုပ်နေကြသည့် အမေရိကန်နှင့်တရုတ် အင်အားနိုင်ငံကြီးနှစ်နိုင်ငံ  နိုင်ငံရေး၊ စစ်ရေးအားပြိုင်မှုတွင် လူမျိုးရေး၊ ဘာသာရေး မတည်မငြိမ်ဖြစ်နေသည့် မြန်မာနိုင်ငံမှာ  စစ်တလင်းဖြစ်လာမလားဆိုသည့် စိုးရိမ်မှုများ ပြည်တွင်းမှာထွက်လာခဲ့ပါတယ်။အမေရိကန်က ၎င်းထုတ်ပြန်ချက်မှာ တောင်တရုတ်ပင်လယ်ဒေသ၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့်  မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော အခြေခံအဆောက်အအုံ စီမံကိန်းများကို နှိုင်းယှဉ်ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာပိုင်စိုးမှုကို ထိပါးခြိမ်းခြောက်ရေးအတွက် တောင်တရုတ်ပင်လယ်နှင့် ဟောင်ကောင်တို့မှာ အသုံးပြုခဲ့တဲ့နည်းလမ်းများကို မြန်မာနိုင်ငံမှာ တရုတ်ကအသုံးချနေကြောင်း၊ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ကျင့်သုံးနေတဲ့နည်းလမ်းတွေက ခေတ်သစ်နိုင်ငံရေးအချုပ်အခြာပိုင်စိုးမှု ဆုံးရှုံးသွားရတတ်သည့် နည်းလမ်းပုံစံများဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

တရုတ်သံရုံးဘက်ကထုတ်ပြန်ခဲ့တဲ့ တုံ့ပြန်ချက်မှာတော့ အမေရိကန်သံရုံး၏ ကြေညာချက်သည် ပြည်တွင်းပြဿနာများမှ ပြည်သူများကိုအာရုံပြောင်းရန်၊ နိုင်ငံရေးအမြတ်ထုတ်ရန် ကမ္ဘာပတ်ကြိုးစားနေသော အမေရိကန်အစိုးရ၏ ဟန်ဆောင်ပန်ဆောင် ကြေညာချက်တစ်ရပ်ဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အမေရိကန်ပြည်ထောင်စုကထားရှိသည့် "မစားရသည့်စပျစ်သီး ချဉ်သည်" ဆိုသော သဘောထားကိုပြသနေကြောင်း ဝေဖန်ခဲ့ပါတယ်။ထို့အပြင် နှစ်ပေါင်းများစွာအတွင်း အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့်နယ်ပယ်များတွင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့တာကို ထောက်ပြခဲ့သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာဆုံးဖြတ်ချက်ကိုအတည်ပြုရန် အမေရိကန်က ကြိမ်ဖန်များစွာတွန်းအားပေးခဲ့တာတွေကို ထောက်ပြပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တကယ်လေးစားခဲ့ဖူးလားဟု ဖော်ပြခဲ့ပါတယ်။

အမေရိကန်သံရုံး ယာယီတာဝန်ခံ၏ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူက "ဒီလို တရုတ်နဲ့ မြန်မာကြား အပြန်အလှန်ဆက်ဆံရင်းနှီးမှုကို အမေရိကန်က တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ အောင်မြင်မှာမဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။သို့သော် ဒီလိုအားပြိုင်တဲ့အပေါ်မှာ ပြည်တွင်းက နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ထင်ရှားသူတွေက ကြားညှပ်မှာကို စိုးရိမ်မှုတွေရှိကြပါတယ်။ဘက်မလိုက်ဘဲနေဖို့လည်း တိုက်တွန်းခဲ့သလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပြဿနာထဲ ကြားညှပ်မှာကိုမလိုလားကြပါဘူး။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က သဘောထားထုတ်ပြန်တာကို ယခုထိမတွေ့ခဲ့ရပေမယ့် တချို့ကတော့ ဒီလိုအားပြိုင်မှုကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ရနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ခဲ့တာရှိခဲ့ပါတယ်။သေချာတာကတော့ ရှေ့ဆက် တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုပြင်းပြင်းထန်ထန်ဖြစ်တိုင်း အရင်လို မြန်မာနဲ့မဆိုင်သလို နေလို့မရတော့တာက သေချာနေပါတယ်။

တာကျိုးလို့ပေါက်တာနဲ့ ရိုက်ခတ်တဲ့ဝေဖန်မှု

ဇူလိုင် ၁၂ ရက်ကစပြီး ဧရာ၀တီမြစ်အထက်ပိုင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာသလို မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေဝင်တာတွေကြောင့် ရွှေ့ပြောင်းရတာတွေလုပ်ခဲ့ရသလို ဇူလိုင် ၁၄ ရက်မှာ မြစ်တစ်လျှောက်  ဧရာ၀တီမြစ်ရေမြင့်တက်လာလို့ စစ်ကိုင်းတိုင်း ကသာမြို့မှာလည်း ရေဘေးကြောင့် ဒေသခံတွေကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

တောက်လျှောက်ရွာခဲ့တဲ့မိုးကြောင့် အထက်မြစ်ညာဘက်မှာ မြစ်ရေတိုးမှုကြောင့် ဇူလိုင် ၁၉ ရက် ည ၉ နာရီခန့်မှာ ဧရာ၀တီမြစ်ဘေးရှိတဲ့ စစ်ကိုင်း-မန္တလေးလမ်းမှာရှိတဲ့ ရေဆိုးထုတ်မြောင်းကျိုးပေါက်လို့ ဧရာဝတီမြစ်ရေဝင်ခဲ့ပါတယ်။ဒါဟာ ဆယ်နှစ်နီးပါးအကြာ မန္တလေးကို မြစ်ရေမဝင်တာကနေ ပထမဆုံးမြစ်ရေဝင်ရောက်မှုဘဲ ဖြစ်ပါတယ်။ဒီမတိုင်ခင်က ဧရာ၀တီမြစ်ရေမြင့်တက်လို့ အမရပူရမြို့နယ်ရှိ ရှမ်းကလေးကျွန်းကျေးရွာနှင့် ဆေးဖိုးအိုးကျေးရွာထဲ ရေဝင်လို့  အလျင်အမြန်ရွှေ့ပြောင်းခဲ့ရပါတယ်။ဒီဘက်အရပ်သားအစိုးရလက်ထက်မှာ ပိုမို့ပွင့်လင်းမြင်သာလာတဲ့ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်တွေကြောင့် တာဘောင်ကျိုးပေါက်မှုကို တိုက်ရိုက်မြင်ခဲ့ရသလို စီမံကွပ်ကွဲမှုတွေကိုလည်းမြင်ရတဲ့အတွက် အများပြည်သူတွေရဲ့ ထင်မြင်ချက်တွေ၊ စိုးရိမ်မှုတွေ၊ ဒီဖြစ်ရပ်ကိုအမှီပြုပြီး ဝေဖန်မှုတွေတိုက်ခိုက်မှုတွေကိုလည်း မြင်ခဲ့ရပါတယ်။

ဖြစ်လျှင်ဖြစ်ချင်း သက်ဆိုင်ရာဒေသအာဏာပိုင်တွေ တိုင်းဒေသကြီး ဝန်ကြီးအဆင့်တွေကိုယ်တိုင် အနီးကပ်ဆင်းပြီး ကြီးကြပ်ကွက်ကဲခဲ့သလို အဆိုပါတာကျိုးပေါက်တဲ့နေရာနားက ဒေသခံ ၄၀၀၀ ခန့်ကို အလျင်အမြန်ရွှေ့ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
မန္တလေးမြို့တော်ဝန်ကိုယ်တိုင်ဆင်းပြီး ဖြစ်စဉ်အစအဆုံးကို ကြီးကြပ်ခဲ့တာတွေ့ရသလို လုပ်စရာရှိတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ရဟန်းသံဃာတွေပါ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့အတွက် နောက်တစ်ရက်မှာ တာကျိုးပေါက်တာကို ပြန်ပိတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်မှာ အရင့်အရင်အစိုးရတွေလို နှောင့်နှေးခြင်းမရှိဘဲ အစိုးရထိပ်ပိုင်းက ဒုသမ္မတအဆင့်ရှိတဲ့သူကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူကိုယ်တိုင် ဆင်းပြီးကြီးကြပ်ကွပ်ကဲခဲ့သလို ကျွမ်းကျင်သူတွေ၊ ထောက်ပံ့လှူဒါန်းသူတွေပါ ဝိုင်းဝန်းခဲ့ကြလို့ အရင့်ရင်ကဖြစ်ရပ်တွေလို ဘေးဒဏ်ခံရတဲ့သူတွေဘက်က မကျေနပ်တဲ့အသံထွက်ခဲ့တာနည်းခဲ့ပါတယ်။ထူးထူးခြားခြား ရေထဲမျောတဲ့ ကလေးငယ်တစ်ဦးရှိခဲ့ပေမယ့် ပြန်ကယ်နိုင်ခဲ့လို့ ယခုဖြစ်စဉ်မှာ အသေအပျောက်မရှိခဲ့ပါဘူး။သို့သော် ဖြစ်ပွားနေစဉ်အတွင်း လာရောက်တဲ့ ဆရာတော်တစ်ပါးနဲ့ပတ်သက်ပြီး ကာယကံရှင်တွေက ဘာမှမဖြစ်ဘဲ နားလည်မှုရှိရှိဆောင်ရွက်ကြပေမယ့် ထုံးစံအတိုင်း ဒီဖြစ်ရပ်ကို နိုင်ငံရေးအရ တစ်ဘက်နဲ့တစ်ဘက်  တိုက်ခိုက်ကြတာကလည်း စိတ်ပျက်စရာကိစ္စပါဘဲ။

ဒီလိုတာဘောင်ကျိုးခဲ့ရတဲ့ကိစ္စမှာ အဓိကတာဝန်ရှိသူဖြစ်တဲ့ ရွှေဂဲရေဆိုးထုတ်စက်ရုံစီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့်ကုမ္ပဏီကို တာဝန်ယူမှုတွေပြုလုပ်ဖို့ မန္တလေးအာဏာပိုင်တွေပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီစီမံကိန်းက ADB -AFB ရဲ့ ချေးငွေနဲ့လုပ်တာဖြစ်ပြီး လုပ်ငန်းကိုရွေးချယ်ခဲ့တာလည်း ADB က ရွေးချယ်ဖြစ်လို့  ယခင်လိုမဟုတ်ဘဲ တာဝန်ယူမူတာဝန်ခံမှုတွေ လုပ်ရမယ့်သဘောကိုတွေ့ရတာ ကောင်းမွန်တဲ့အရွေ့ပါဘဲ။ယခုသဘာ၀ဘေးဖြစ်စဉ်မှာ အတူပူးပေါင်းလုပ်ဆောင်တဲ့အတွက် အထိအခိုက်နည်းခဲ့သလို အသေအပျောက်လည်းမရှိခဲ့တာကြောင့် ဒီဖြစ်စဉ်ကိုအတုယူပြီး နောက်နောင်ဖြစ်စဉ်တွေမှာ ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်မှုက တွင်ကျယ်လာမလဲ၊ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဘာဖြစ်စဉ်ဘဲဖြစ်ဖြစ် ဘယ်လောက်ထိ နိုင်ငံရေးအသွေးအရောင်တွေနဲ့ လွှမ်းမိုးအသုံးချကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ပြတ်သားဖို့ သစ္စာရှိတဲ့သူတွေအများစုပါလာတဲ့ NLD တိုက်ပွဲဝင်ကိုယ်စားလှယ်စာရင်း

ယခုရက်သတ္တပတ်ထဲ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်ခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းက ပါတီအတွင်းသာမကပါဘူး။အများပြည်သူတွေ၊ အတိုက်အခံပါတီတွေ၊ ဆန့်ကျင်ဘက် နိုင်ငံရေးသမားတွေနဲ့ ယခင်အာဏာရအသိုင်းအဝိုင်းကပါ စောင့်ကြည့်နေတဲ့စာရင်းတစ်ခုပါ။ဒီထဲမှာ သိချင်နေကြတာက လက်ရှိဝန်ကြီးချုပ်တွေထဲက ဘယ်သူတွေပါမလဲ၊ လက်ရှိအတိုက်အခံတွေထဲမှာ ခြေစွာနေတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ကိုယ်စားလှယ်တွေရှိရာ မဲဆန္ဒနယ်မှာ အာဏာရပါတီက ဘယ်သူတွေဝင်ပြိုင်မလဲ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ လူမှုရေးလှုပ်ရှားသူတွေထဲက ဘယ်သူတွေပါလာမလဲဆိုတာကို အားလုံးကသိချင်နေကြတာပါ။   

ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီးရွေးချယ်ဖို့ ပြည်သူကိုပြောခဲ့တဲ့အတွက် ပြည်သူက လူထုခေါင်းဆောင်ရဲ့ စကားအတိုင်း ပါတီကိုကြည့်ပြီးသာ မဲဝိုင်းပေးခဲ့ကြတဲ့အတွက် သောင်ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်။ဒါပေမယ့် အာဏာရပါတီရဲ့ ၅ နှစ်တာသက်တမ်းမှာ ငယ်ရွယ်တဲ့သူ၊ ပညာတတ်တွေကို ဦးစားပေးခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုနဲ့ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်အပေါ် မကြည့်ခဲ့တဲ့အတွက် ပါတီကို အတွင်းစည်းထဲကနေပြန်တိုက်ခိုက်ခဲ့တာ၊ ရာထူးကိုအသုံးချပြီး အလွဲသုံးစား ကိုယ်ကျိုးရှာခဲ့တဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တာက ပြည်သူတွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါပေမယ့် တစ်ကိုယ်ကို အာဏာရတဲ့အချိန်လေး ၅ နှစ်တာကာလအတွင်းမှာ သိသာမြင်သာတဲ့  မြန်မာကျပ်ငွေ ခိုင်မာလာမှု၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ မြင်သာတဲ့ပြောင်းလဲမှု၊ ကိုဗစ် ၁၉ လို ကမ္ဘာနဲ့ချီပြီးဖြစ်ခဲ့တဲ့ ကျန်းမာရေးကပ်ဘေးမှာ အသေအပျောက် ၆ ဦးလောက်နဲ့ တန်နေအောင် စနစ်တကျကိုင်တွယ်မှုတွေကြောင့် အာဏာရပါတီအပေါ် စိတ်ပျက်မှုတွေက ယင်းကောင်းကွက်တွေနဲ့ ပြန်ထေသလိုဖြစ်ခဲ့ရလို့ အများပြည်သူအနေနဲ့ ရွေးကောက်ပွဲနီးကပ်လာတဲ့အခါ အာဏာရပါတီဘက်ကို စိတ်လည်မှုက ပိုအားကောင်းလာခဲ့ပါတယ်။တခြားဘက်ကလည်း ပြိုင်ဘက်ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကြားကာလမှာ ပါတီစည်းရုံးရေးနဲ့ ပြန်လည်တည်ဆောက်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးကို သေသေချာချာမလုပ်ခဲ့သလို အတိုက်အခံပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ ပြင်ပကမ္ဘာကိုမကြည့်ဘဲ ထင်ရာမြင်ရာပြောဆိုမှုတွေ၊ လွှတ်တော်အတွင်းရှိ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  လွှတ်တော်အတွင်းပြောမှုဆိုမှုတွေက ယခင်ကအတိုင်းဖြစ်နေဆဲဖြစ်လို့ အများပြည်သူမြင်ကွင်းမှာ ဒါဟာ အတိုက်အခံပါတီတွေအပေါ် ဂုဏ်တက်စေခဲ့တာမဟုတ်ဘဲ စိတ်ပျက်စရာဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အာဏာရပါတီဘက်က ကြိုးပမ်းခဲ့တာကလည်း အများပြည်သူအမြင်မှာ ၂၀၀၈ အခြေခံဥပဒေအပေါ် ဘာတွေကိုပြင်ဖို့လိုနေလဲ၊ ဘယ်အချက်တွေက ဘယ်သူတွေကိုအသာရစေလဲဆိုတာကို ကွဲကွဲပြားပြားမြင်ခဲ့ရသလို ဒီလွှတ်တော်အတွင်း အကြိတ်အနယ်ဖြစ်ခဲ့တဲ့ အများပြည်သူအမြင်မှာ လာမယ့်ရွေးကောက်ပွဲ ဘယ်ဘက်ကိုပြတ်ပြတ်သားသားရပ်ရမလဲဆိုတာကိုပါ သိစေခဲ့ပါတယ်။ဒါကြောင့်လည်း ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်မယ့် ကိုယ်စားလှယ်လောင်းစာရင်းအပေါ် အာရုံစိုက်မှုက ပိုခဲ့တာဖြစ်ပါတယ်။ယခုရွေးချယ်မှုက အောက်ခြေကနေတင်သမျှကို ရွေးလိုက်တာမဟုတ်ဘဲ ပါတီခေါင်းဆောင်နဲ့ ပါတီထိပ်ပိုင်းက အကြီးအကဲတွေကိုယ်တိုင် စိစစ်ရွေးခဲ့တဲ့အတွက် အောက်ခြေကနေဘက်လိုက်ပြီး ရွေးတယ်ဆိုတဲ့အသံနဲ့ ၂၀၁၅ တုန်းကလို ပါတီကိုသစ္စာဖောက်ပြီး ဖက်ပြိုင်တဲ့သူတွေ၊ ကိုယ်ကျိုးရှာတဲ့သူတွေမပါလာအောင် ဂရုတစိုက် သေချာရွေးချယ်စိစစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ယခုစာရင်းမှာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်း လူမှုရေးနာမည်ပျက်ရှိခဲ့သူတွေ၊ ငွေရေးကြေးရေးနဲ့ အာဏာအလွဲသုံးစားလုပ်ခဲ့သူတွေ၊ ပြည်သူကို ပြန်တရားစွဲတဲ့ ကိုယ်စားလှယ်တွေကို မပါအောင်စစ်ထုတ်ခဲ့တာကို တွေ့ရပါတယ်။တချို့နေရာတွေမှာ ငယ်ရွယ်တဲ့လူငယ်တွေပါလာသလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံရသူတွေကို ယခု ၂၀၂၀ မှာ တိုင်းဒေသကြီးတွေမှာ ပြန်ရွေးချယ်ခံကိုယ်စားလှယ်နေရာ ပြန်နေရာချခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ အခင်းအကျင်းအတွက် အာဏာရပါတီရဲ့ စီမံမှုက ပိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ဆောက်လုပ်ရေး ဒု-ဝန်ကြီးလို့ လက်ရှိတာဝန်ရှိသူတွေပါ အာဏာရပါတီဘက်က ဝင်ရောက်ရွေးချယ်ခံမှာဖြစ်တဲ့အတွက် ယခုနှစ်စုဖွဲ့မှုက ပိုအားကောင်းသလို အနိုင်ရခဲ့ရင် ဖြစ်လာတဲ့အခင်းအကျင်းနဲ့ ဆောင်ရွက်မှုက အတော်လေးပြတ်ပြတ်သားသား ဖြစ်လာနိုင်သလို လူထုအကြိုက် လာဘ်စားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား နှိမ်နှင်းလာနိုင်တဲ့ လူမှန်တွေ၊ အာဏာရှင်ခေတ်  NLD ပါတီကို ခိုင်ခိုင်မာမာတောင့်ခံ ထောက်ခံခဲ့သူတွေကို နေရာပေးမယ့်သဘောတွေ့ရတဲ့အတွက် ဒီကိုယ်စားလှယ်စာရင်းက စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါဘဲ။အထူးသဖြင့် ၂၀၁၅ ခုနှစ်ကရှောင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်တွေ မထားခဲ့တဲ့နေရာမှာ ယခ၂၀၂၀ မှာ အာဏာရပါတီဘက်က ၂ ဦးပြန်ပါလာတဲ့အတွက် ပြောင်းလဲမှုတစ်ခုကို တွေ့ရပါတယ်။

အမျိုးဘာသာဆိုသူတွေ ထောက်ပြတိုက်ခိုက်စရာဆိုလို အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်နှစ်ဦးသာရှိတဲ့ ယခုရွေးချယ်မှုအတွက် နောက်ရက်တွေမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ဒါပေမယ့် ဝေဖန်မှုတွေကို ဂရုစိုက်တုန်လှုပ်လေ့မရှိဘဲ လုပ်စရာရှိတာကို သေသေသပ်သပ်နဲ့လုပ်တတ်တဲ့ ပါတီခေါင်းဆောင်ရှိနေတဲ့ အာဏာရပါတီအနေနဲ့ ယခု ၂၀၂၀ ရွေးကောက်ပွဲဟာ ရင်ခုန်စရာပါ။ယှဉ်ဘက်ပါတီက ကောင်းကောင်းမရှိတာကလည်း အာဏာရပါတီအတွက် တစ်အားဖြစ်စေတာမို့  လာမယ့်နေ့ရက်တွေ အထူးသဖြင့် မဲဆွယ်ခွင့်ပေးတဲ့အခါ ယခုလတ်တလော အတိုက်အခံတွေဘက်က လှုပ်ရှားနေတဲ့ NO Vote လှုပ်ရှားမှုတွေ၊ ပြီးခဲ့တဲ့သောကြာကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ  သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အရေးယူမယ်လို့ သတိပေးခဲ့တဲ့အထိဖြစ်ခဲ့ရတဲ့ နိုင်ငံရေးအကျိုးအမြတ်ရဖို့ ငွေပုံပေးကာ ရွေးကောက်ပွဲအတွက်ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ အန္တရာယ်ကြီးတဲ့ သတင်းမှားဖြန်တဲ့လုပ်ရပ်တွေက အသာရမလား၊ ပြည်သူတွေက အပြောင်းအလဲအတွက် အာဏာရပါတီကို ဆက်အခွင့်အရေးပေးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် ထူးထူးခြားခြား စိတ်ဝင်စားစရာသတင်းအချို့လည်း ယခုရက်သတ္တပတ်ထဲမှာရှိခဲ့ပါတယ်။ဒီသတင်းတွေက မြင်းမူမှာ လူငယ်တစ်ဦး အရက်မူးပြီး ဖုန်းတာဝါတိုင်ပေါ်တက်ပြီး ပြန်မဆင်းတတ်တော့လို့ မီးသတ်က တက်ကူညီခဲ့ရတဲ့သတင်း၊ မြ၀တီမှာ Quaratine ဝင်နေသူ ၂၀၀ ကျော် အစာအဆိပ်သင့်ခဲ့တဲ့သတင်း၊ ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့တဲ့ (၇၂) ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲမှာ ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့တဲ့သတင်း၊ ငွေပေးချေကတ်စနစ် (YPS) ကို  YBS ခရီးသည်တင်မော်တော်ယာဉ်အချို့မှာ ဇူလိုင် ၂၁ ရက်မှာ စသုံးခဲ့တဲ့သတင်း၊ ပဲခူးတိုင်း နတ်တလင်းက အပေါင်ဆိုင်မှာ ဖုန်းလာပေါင်တဲ့သူက ဆိုင်ရှင်ကို ဓားဖြင့်လည်ပင်းလှီးကာ ထိုးသတ်ခဲ့တဲ့သတင်း၊ ကပ်ရောဂါကြောင့်ရပ်နားထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို သတ်မှတ်ချက်နဲ့အညီ ဇူလိုင် ၂၁ ရက်က ပြန်ဖွင့်ခွင့်ပေးခဲ့တဲ့သတင်း၊ ဇူလိုင် ၂၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်ခဲ့တဲ့သတင်း၊ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဥရောပသမဂ္ဂက ယူရို ၃၇.၆၂၅ သန်း ပေးအပ်ခဲ့တဲ့သတင်း စတဲ့သတင်းတွေလဲ စိတ်ဝင်စားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၂၄

( Zawgyi )

ယခုရက္သတၱပတ္သတင္းေတြထဲ ထိပ္ဆုံးက စိတ္ဝင္စားစရာျဖစ္ခဲ့တာကာ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးကေန ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္ပါဘဲ။ဒီထုတ္ျပန္ခ်က္က ျမန္မာႏိုင္ငံမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံေနတဲ့ တ႐ုတ္လုပ္ငန္းေတြ၊ ျမန္မာႏိုင္ငံေရးထဲ  ထဲထဲဝင္ဝင္ပါဝင္ပတ္သက္ေနတဲ့ တ႐ုတ္ရဲ႕အေနအထား စတာေတြကို အေမရိကန္သံ႐ုံး ယာယီတာဝန္ခံက ေဝဖန္ေရးသားခဲ့တဲ့ ေဆာင္းပါးပုံစံ ထုတ္ျပန္ခ်က္တစ္ေစာင္ပါဘဲ။ဒီလိုတိုက္ခိုက္ေဝဖန္မႈကို တ႐ုတ္ဘက္ကလည္း ေနာက္တစ္ရက္မွာ ျပန္လည္ထုတ္ျပန္ခဲ့တဲ့အတြက္ ယခုရက္သတၱပတ္မွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး  အေမရိကန္နဲ႔ တ႐ုတ္တို႔ အျပန္အလွန္ေဝဖန္မႈက လူေျပာသူေျပာမ်ားခဲ့တဲ့ ျဖစ္ရပ္တစ္ခုပါဘဲ။

ဒီလို တ႐ုတ္နဲ႔ အေမရိကန္ အျပန္အလွန္ေဝဖန္မႈသတင္းအျပင္ မႏၲေလးက ေ႐ႊဂဲတာက်ိဳးေပါက္မႈမွာ ျဖစ္လာတဲ့ဂယက္ေတြ၊ ေ႐ြးေကာက္ပြဲအတြက္ ပါတီေတြဘက္က လႈပ္ရွားမႈျမင့္တက္လာတဲ့သတင္းေတြ၊ အာဇာနည္ေန႔မွာ မႏၲေလးဝန္ႀကီးခ်ဳပ္ ေျပာစကားေတြ၊ သတင္းလာယူေနတဲ့ SB ဆိုသူေတြကို ႏွင္ထုတ္တဲ့သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းေစာင့္ၾကည့္ခဲ့ၾကတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ကမာၻ႔ပါဝါအခင္းအက်င္း ျမန္မာကိုစစ္တလင္းျဖစ္ႏိုင္ေစမလား

ဇူလိုင္ ၁၈ ရက္က ျမန္မာႏိုင္ငံရွိ အေမရိကန္သံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံကေန ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ စီးပြားေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအေရးႏွင့္ပတ္သက္ကာ တ႐ုတ္ႏိုင္ငံကို ေဝဖန္တိုက္ခိုက္သည့္ ေဆာင္းပါးတစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။ရန္ကုန္အေျခစိုက္ တ႐ုတ္ႏိုင္ငံသံ႐ုံးကလည္း ေနာက္တစ္ရက္မွာ အဆိုပါေဝဖန္တိုက္ခိုက္မႈကို ျပန္လည္တုံ႔ျပန္ကာ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားႏွင့္ တ႐ုတ္ႏိုင္ငံတို႔အၾကား ေသြးခြဲသပ္လွ်ိဳရန္ အေမရိကန္ျပည္ေထာင္စုက ႀကိဳးစားေနေၾကာင္း၊ အေမရိကန္၏ ေဒသတြင္းျပဳမူပုံကို ေစာေၾကာေဝဖန္ခဲ့သျဖင့္ လတ္တေလာ ကမာၻ႔အေရးမွာထိပ္တိုက္ေတြ႕ေနၿပီး ျမန္မာႏိုင္ငံအေရးမွာ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံရဲ႕ အျပန္အလွန္ေဝဖန္မႈက ကမာၻ႔သတင္းမီဒီယာေတြမွာပါ ေရးသားေဖာ္ျပရတဲ့အထိ သတိထားစရာျဖစ္လာခဲ့ပါတယ္။

အထူးသျဖင့္ ယခုရက္ပိုင္း ေတာင္တ႐ုတ္ပင္လယ္အတြင္း စစ္ေရးေလ့က်င္မႈေတြ အျပန္အလွန္လုပ္ေနၾကသည့္ အေမရိကန္ႏွင့္တ႐ုတ္ အင္အားႏိုင္ငံႀကီးႏွစ္ႏိုင္ငံ  ႏိုင္ငံေရး၊ စစ္ေရးအားၿပိဳင္မႈတြင္ လူမ်ိဳးေရး၊ ဘာသာေရး မတည္မၿငိမ္ျဖစ္ေနသည့္ ျမန္မာႏိုင္ငံမွာ  စစ္တလင္းျဖစ္လာမလားဆိုသည့္ စိုးရိမ္မႈမ်ား ျပည္တြင္းမွာထြက္လာခဲ့ပါတယ္။အေမရိကန္က ၎ထုတ္ျပန္ခ်က္မွာ ေတာင္တ႐ုတ္ပင္လယ္ေဒသ၊ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔ႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္  ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံက အေကာင္အထည္ေဖာ္ေနေသာ အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကို ႏႈိင္းယွဥ္ေဝဖန္ခဲ့ၿပီး ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာပိုင္စိုးမႈကို ထိပါးၿခိမ္းေျခာက္ေရးအတြက္ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ေဟာင္ေကာင္တို႔မွာ အသုံးျပဳခဲ့တဲ့နည္းလမ္းမ်ားကို ျမန္မာႏိုင္ငံမွာ တ႐ုတ္ကအသုံးခ်ေနေၾကာင္း၊ ျမန္မာႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံက က်င့္သုံးေနတဲ့နည္းလမ္းေတြက ေခတ္သစ္ႏိုင္ငံေရးအခ်ဳပ္အျခာပိုင္စိုးမႈ ဆုံးရႈံးသြားရတတ္သည့္ နည္းလမ္းပုံစံမ်ားျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

တ႐ုတ္သံ႐ုံးဘက္ကထုတ္ျပန္ခဲ့တဲ့ တုံ႔ျပန္ခ်က္မွာေတာ့ အေမရိကန္သံ႐ုံး၏ ေၾကညာခ်က္သည္ ျပည္တြင္းျပႆနာမ်ားမွ ျပည္သူမ်ားကိုအာ႐ုံေျပာင္းရန္၊ ႏိုင္ငံေရးအျမတ္ထုတ္ရန္ ကမာၻပတ္ႀကိဳးစားေနေသာ အေမရိကန္အစိုးရ၏ ဟန္ေဆာင္ပန္ေဆာင္ ေၾကညာခ်က္တစ္ရပ္ျဖစ္ၿပီး တ႐ုတ္-ျမန္မာ ဆက္ဆံေရးအေပၚ အေမရိကန္ျပည္ေထာင္စုကထားရွိသည့္ "မစားရသည့္စပ်စ္သီး ခ်ဥ္သည္" ဆိုေသာ သေဘာထားကိုျပသေနေၾကာင္း ေဝဖန္ခဲ့ပါတယ္။ထို႔အျပင္ ႏွစ္ေပါင္းမ်ားစြာအတြင္း အေမရိကန္က ႏိုင္ငံေရး၊ စီးပြားေရး၊ စစ္ေရး စသည့္နယ္ပယ္မ်ားတြင္ ျမန္မာႏိုင္ငံကို အေရးယူပိတ္ဆို႔မႈမ်ား လုပ္ေဆာင္ခဲ့တာကို ေထာက္ျပခဲ့သလို ကုလသမဂၢလုံၿခဳံေရးေကာင္စီမွ ျမန္မာႏိုင္ငံႏွင့္ သက္ဆိုင္ရာဆုံးျဖတ္ခ်က္ကိုအတည္ျပဳရန္ အေမရိကန္က ႀကိမ္ဖန္မ်ားစြာတြန္းအားေပးခဲ့တာေတြကို ေထာက္ျပၿပီး ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို တကယ္ေလးစားခဲ့ဖူးလားဟု ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္သံ႐ုံး ယာယီတာဝန္ခံ၏ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဌာနရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာေရးဆိုခြင့္ရွိသူက "ဒီလို တ႐ုတ္နဲ႔ ျမန္မာၾကား အျပန္အလွန္ဆက္ဆံရင္းႏွီးမႈကို အေမရိကန္က တမင္ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္တာဟာ ေအာင္ျမင္မွာမဟုတ္ပါဘူး" လို႔ ေျပာခဲ့ပါတယ္။သို႔ေသာ္ ဒီလိုအားၿပိဳင္တဲ့အေပၚမွာ ျပည္တြင္းက ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြနဲ႔ ထင္ရွားသူေတြက ၾကားညႇပ္မွာကို စိုးရိမ္မႈေတြရွိၾကပါတယ္။ဘက္မလိုက္ဘဲေနဖို႔လည္း တိုက္တြန္းခဲ့သလို ကမာၻ႔အင္အားႀကီးႏိုင္ငံေတြျပႆနာထဲ ၾကားညႇပ္မွာကိုမလိုလားၾကပါဘူး။ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရဘက္က သေဘာထားထုတ္ျပန္တာကို ယခုထိမေတြ႕ခဲ့ရေပမယ့္ တခ်ိဳ႕ကေတာ့ ဒီလိုအားၿပိဳင္မႈကို ပါးပါးနပ္နပ္ကိုင္တြယ္ႏိုင္ရင္ ျမန္မာႏိုင္ငံအတြက္ အက်ိဳးအျမတ္ရႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ထြက္ခဲ့တာရွိခဲ့ပါတယ္။ေသခ်ာတာကေတာ့ ေရွ႕ဆက္ တ႐ုတ္နဲ႔ အေမရိကန္ၾကား တင္းမာမႈျပင္းျပင္းထန္ထန္ျဖစ္တိုင္း အရင္လို ျမန္မာနဲ႔မဆိုင္သလို ေနလို႔မရေတာ့တာက ေသခ်ာေနပါတယ္။

တာက်ိဳးလို႔ေပါက္တာနဲ႔ ႐ိုက္ခတ္တဲ့ေဝဖန္မႈ

ဇူလိုင္ ၁၂ ရက္ကစၿပီး ဧရာ၀တီျမစ္အထက္ပိုင္းမွာ မိုးသည္းထန္စြာ အဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ဧရာ၀တီျမစ္ေရျမင့္တက္လာသလို ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ေျမနိမ့္ပိုင္းရပ္ကြက္အခ်ိဳ႕ကို ေရဝင္တာေတြေၾကာင့္ ေ႐ႊ႕ေျပာင္းရတာေတြလုပ္ခဲ့ရသလို ဇူလိုင္ ၁၄ ရက္မွာ ျမစ္တစ္ေလွ်ာက္  ဧရာ၀တီျမစ္ေရျမင့္တက္လာလို႔ စစ္ကိုင္းတိုင္း ကသာၿမိဳ႕မွာလည္း ေရေဘးေၾကာင့္ ေဒသခံေတြကို ေရေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းျခင္းလုပ္ငန္း ေဆာင္႐ြက္ေပးခဲ့ရေၾကာင္း သိရသည္။

ေတာက္ေလွ်ာက္႐ြာခဲ့တဲ့မိုးေၾကာင့္ အထက္ျမစ္ညာဘက္မွာ ျမစ္ေရတိုးမႈေၾကာင့္ ဇူလိုင္ ၁၉ ရက္ ည ၉ နာရီခန္႔မွာ ဧရာ၀တီျမစ္ေဘးရွိတဲ့ စစ္ကိုင္း-မႏၲေလးလမ္းမွာရွိတဲ့ ေရဆိုးထုတ္ေျမာင္းက်ိဳးေပါက္လို႔ ဧရာဝတီျမစ္ေရဝင္ခဲ့ပါတယ္။ဒါဟာ ဆယ္ႏွစ္နီးပါးအၾကာ မႏၲေလးကို ျမစ္ေရမဝင္တာကေန ပထမဆုံးျမစ္ေရဝင္ေရာက္မႈဘဲ ျဖစ္ပါတယ္။ဒီမတိုင္ခင္က ဧရာ၀တီျမစ္ေရျမင့္တက္လို႔ အမရပူရၿမိဳ႕နယ္ရွိ ရွမ္းကေလးကြၽန္းေက်း႐ြာႏွင့္ ေဆးဖိုးအိုးေက်း႐ြာထဲ ေရဝင္လို႔  အလ်င္အျမန္ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ဒီဘက္အရပ္သားအစိုးရလက္ထက္မွာ ပိုမို႔ပြင့္လင္းျမင္သာလာတဲ့ ဆက္သြယ္ေရးနဲ႔ လူမႈကြန္ရက္ေတြေၾကာင့္ တာေဘာင္က်ိဳးေပါက္မႈကို တိုက္႐ိုက္ျမင္ခဲ့ရသလို စီမံကြပ္ကြဲမႈေတြကိုလည္းျမင္ရတဲ့အတြက္ အမ်ားျပည္သူေတြရဲ႕ ထင္ျမင္ခ်က္ေတြ၊ စိုးရိမ္မႈေတြ၊ ဒီျဖစ္ရပ္ကိုအမွီျပဳၿပီး ေဝဖန္မႈေတြတိုက္ခိုက္မႈေတြကိုလည္း ျမင္ခဲ့ရပါတယ္။

ျဖစ္လွ်င္ျဖစ္ခ်င္း သက္ဆိုင္ရာေဒသအာဏာပိုင္ေတြ တိုင္းေဒသႀကီး ဝန္ႀကီးအဆင့္ေတြကိုယ္တိုင္ အနီးကပ္ဆင္းၿပီး ႀကီးၾကပ္ကြက္ကဲခဲ့သလို အဆိုပါတာက်ိဳးေပါက္တဲ့ေနရာနားက ေဒသခံ ၄၀၀၀ ခန႔္ကို အလ်င္အျမန္ေ႐ႊ႕ေပးခဲ့တာကိုလည္း ေတြ႕ရပါတယ္။
မႏၲေလးၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ဆင္းၿပီး ျဖစ္စဥ္အစအဆုံးကို ႀကီးၾကပ္ခဲ့တာေတြ႕ရသလို လုပ္စရာရွိတာေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာေတြ ေဒသဆိုင္ရာအဖြဲ႕အစည္းေတြ ရဟန္းသံဃာေတြပါ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကတဲ့အတြက္ ေနာက္တစ္ရက္မွာ တာက်ိဳးေပါက္တာကို ျပန္ပိတ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီျဖစ္စဥ္မွာ အရင့္အရင္အစိုးရေတြလို ေႏွာင့္ေႏွးျခင္းမရွိဘဲ အစိုးရထိပ္ပိုင္းက ဒုသမၼတအဆင့္ရွိတဲ့သူကိုယ္တိုင္ ျပည္ေထာင္စုဝန္ႀကီးအဆင့္ရွိသူကိုယ္တိုင္ ဆင္းၿပီးႀကီးၾကပ္ကြပ္ကဲခဲ့သလို ကြၽမ္းက်င္သူေတြ၊ ေထာက္ပံ့လႉဒါန္းသူေတြပါ ဝိုင္းဝန္းခဲ့ၾကလို႔ အရင့္ရင္ကျဖစ္ရပ္ေတြလို ေဘးဒဏ္ခံရတဲ့သူေတြဘက္က မေက်နပ္တဲ့အသံထြက္ခဲ့တာနည္းခဲ့ပါတယ္။ထူးထူးျခားျခား ေရထဲေမ်ာတဲ့ ကေလးငယ္တစ္ဦးရွိခဲ့ေပမယ့္ ျပန္ကယ္ႏိုင္ခဲ့လို႔ ယခုျဖစ္စဥ္မွာ အေသအေပ်ာက္မရွိခဲ့ပါဘူး။သို႔ေသာ္ ျဖစ္ပြားေနစဥ္အတြင္း လာေရာက္တဲ့ ဆရာေတာ္တစ္ပါးနဲ႔ပတ္သက္ၿပီး ကာယကံရွင္ေတြက ဘာမွမျဖစ္ဘဲ နားလည္မႈရွိရွိေဆာင္႐ြက္ၾကေပမယ့္ ထုံးစံအတိုင္း ဒီျဖစ္ရပ္ကို ႏိုင္ငံေရးအရ တစ္ဘက္နဲ႔တစ္ဘက္  တိုက္ခိုက္ၾကတာကလည္း စိတ္ပ်က္စရာကိစၥပါဘဲ။

ဒီလိုတာေဘာင္က်ိဳးခဲ့ရတဲ့ကိစၥမွာ အဓိကတာဝန္ရွိသူျဖစ္တဲ့ ေ႐ႊဂဲေရဆိုးထုတ္စက္႐ုံစီမံကိန္းကို တာဝန္ယူတည္ေဆာက္ေနသည့္ကုမၸဏီကို တာဝန္ယူမႈေတြျပဳလုပ္ဖို႔ မႏၲေလးအာဏာပိုင္ေတြေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီစီမံကိန္းက ADB -AFB ရဲ႕ ေခ်းေငြနဲ႔လုပ္တာျဖစ္ၿပီး လုပ္ငန္းကိုေ႐ြးခ်ယ္ခဲ့တာလည္း ADB က ေ႐ြးခ်ယ္ျဖစ္လို႔  ယခင္လိုမဟုတ္ဘဲ တာဝန္ယူမူတာဝန္ခံမႈေတြ လုပ္ရမယ့္သေဘာကိုေတြ႕ရတာ ေကာင္းမြန္တဲ့အေ႐ြ႕ပါဘဲ။ယခုသဘာ၀ေဘးျဖစ္စဥ္မွာ အတူပူးေပါင္းလုပ္ေဆာင္တဲ့အတြက္ အထိအခိုက္နည္းခဲ့သလို အေသအေပ်ာက္လည္းမရွိခဲ့တာေၾကာင့္ ဒီျဖစ္စဥ္ကိုအတုယူၿပီး ေနာက္ေနာင္ျဖစ္စဥ္ေတြမွာ ဘယ္ေလာက္ထိပူးေပါင္းေဆာင္႐ြက္မႈက တြင္က်ယ္လာမလဲ၊ ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် ဘာျဖစ္စဥ္ဘဲျဖစ္ျဖစ္ ဘယ္ေလာက္ထိ ႏိုင္ငံေရးအေသြးအေရာင္ေတြနဲ႔ လႊမ္းမိုးအသုံးခ်ၾကမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ျပတ္သားဖို႔ သစၥာရွိတဲ့သူေတြအမ်ားစုပါလာတဲ့ NLD တိုက္ပြဲဝင္ကိုယ္စားလွယ္စာရင္း

ယခုရက္သတၱပတ္ထဲ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကေန လာမယ့္ ႏိုဝင္ဘာမွာက်င္းပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ပါတီကိုယ္စားျပဳၿပီး ဝင္ေရာက္ေ႐ြးခ်ယ္ခံၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္စာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။

ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းက ပါတီအတြင္းသာမကပါဘူး။အမ်ားျပည္သူေတြ၊ အတိုက္အခံပါတီေတြ၊ ဆန္႔က်င္ဘက္ ႏိုင္ငံေရးသမားေတြနဲ႔ ယခင္အာဏာရအသိုင္းအဝိုင္းကပါ ေစာင့္ၾကည့္ေနတဲ့စာရင္းတစ္ခုပါ။ဒီထဲမွာ သိခ်င္ေနၾကတာက လက္ရွိဝန္ႀကီးခ်ဳပ္ေတြထဲက ဘယ္သူေတြပါမလဲ၊ လက္ရွိအတိုက္အခံေတြထဲမွာ ေျခစြာေနတဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က ကိုယ္စားလွယ္ေတြရွိရာ မဲဆႏၵနယ္မွာ အာဏာရပါတီက ဘယ္သူေတြဝင္ၿပိဳင္မလဲ၊ လႊတ္ေတာ္ျပင္ပ ႏိုင္ငံေရးနဲ႔ လူမႈေရးလႈပ္ရွားသူေတြထဲက ဘယ္သူေတြပါလာမလဲဆိုတာကို အားလုံးကသိခ်င္ေနၾကတာပါ။   

ယခင္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ပါတီေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ က လူကိုမၾကည့္ဘဲ ပါတီကိုၾကည့္ၿပီးေ႐ြးခ်ယ္ဖို႔ ျပည္သူကိုေျပာခဲ့တဲ့အတြက္ ျပည္သူက လူထုေခါင္းေဆာင္ရဲ႕ စကားအတိုင္း ပါတီကိုၾကည့္ၿပီးသာ မဲဝိုင္းေပးခဲ့ၾကတဲ့အတြက္ ေသာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ အာဏာရပါတီရဲ႕ ၅ ႏွစ္တာသက္တမ္းမွာ ငယ္႐ြယ္တဲ့သူ၊ ပညာတတ္ေတြကို ဦးစားေပးခဲ့ၿပီး ဒီမိုကေရစီလႈပ္ရွားမႈနဲ႔ ႏိုင္ငံေရးခံယူခ်က္၊ ရပ္တည္ခ်က္အေပၚ မၾကည့္ခဲ့တဲ့အတြက္ ပါတီကို အတြင္းစည္းထဲကေနျပန္တိုက္ခိုက္ခဲ့တာ၊ ရာထူးကိုအသုံးခ်ၿပီး အလြဲသုံးစား ကိုယ္က်ိဳးရွာခဲ့တဲ့ ျဖစ္ရပ္ေတြျဖစ္ခဲ့တာက ျပည္သူေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။

ဒါေပမယ့္ တစ္ကိုယ္ကို အာဏာရတဲ့အခ်ိန္ေလး ၅ ႏွစ္တာကာလအတြင္းမွာ သိသာျမင္သာတဲ့  ျမန္မာက်ပ္ေငြ ခိုင္မာလာမႈ၊ ပို႔ေဆာင္ဆက္သြယ္ေရးက႑မွာ ျမင္သာတဲ့ေျပာင္းလဲမႈ၊ ကိုဗစ္ ၁၉ လို ကမာၻနဲ႔ခ်ီၿပီးျဖစ္ခဲ့တဲ့ က်န္းမာေရးကပ္ေဘးမွာ အေသအေပ်ာက္ ၆ ဦးေလာက္နဲ႔ တန္ေနေအာင္ စနစ္တက်ကိုင္တြယ္မႈေတြေၾကာင့္ အာဏာရပါတီအေပၚ စိတ္ပ်က္မႈေတြက ယင္းေကာင္းကြက္ေတြနဲ႔ ျပန္ေထသလိုျဖစ္ခဲ့ရလို႔ အမ်ားျပည္သူအေနနဲ႔ ေ႐ြးေကာက္ပြဲနီးကပ္လာတဲ့အခါ အာဏာရပါတီဘက္ကို စိတ္လည္မႈက ပိုအားေကာင္းလာခဲ့ပါတယ္။တျခားဘက္ကလည္း ၿပိဳင္ဘက္ပါတီေတြအေနနဲ႔ ေ႐ြးေကာက္ပြဲၾကားကာလမွာ ပါတီစည္း႐ုံးေရးနဲ႔ ျပန္လည္တည္ေဆာက္ေရး၊ ယုံၾကည္မႈတည္ေဆာက္ေရးကို ေသေသခ်ာခ်ာမလုပ္ခဲ့သလို အတိုက္အခံပါတီ ထိပ္ပိုင္းေခါင္းေဆာင္တခ်ိဳ႕ရဲ႕ ျပင္ပကမာၻကိုမၾကည့္ဘဲ ထင္ရာျမင္ရာေျပာဆိုမႈေတြ၊ လႊတ္ေတာ္အတြင္းရွိ ပါတီကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕  လႊတ္ေတာ္အတြင္းေျပာမႈဆိုမႈေတြက ယခင္ကအတိုင္းျဖစ္ေနဆဲျဖစ္လို႔ အမ်ားျပည္သူျမင္ကြင္းမွာ ဒါဟာ အတိုက္အခံပါတီေတြအေပၚ ဂုဏ္တက္ေစခဲ့တာမဟုတ္ဘဲ စိတ္ပ်က္စရာျဖစ္ေစခဲ့ပါတယ္။

ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ အာဏာရပါတီဘက္က ႀကိဳးပမ္းခဲ့တာကလည္း အမ်ားျပည္သူအျမင္မွာ ၂၀၀၈ အေျခခံဥပေဒအေပၚ ဘာေတြကိုျပင္ဖို႔လိုေနလဲ၊ ဘယ္အခ်က္ေတြက ဘယ္သူေတြကိုအသာရေစလဲဆိုတာကို ကြဲကြဲျပားျပားျမင္ခဲ့ရသလို ဒီလႊတ္ေတာ္အတြင္း အႀကိတ္အနယ္ျဖစ္ခဲ့တဲ့ အမ်ားျပည္သူအျမင္မွာ လာမယ့္ေ႐ြးေကာက္ပြဲ ဘယ္ဘက္ကိုျပတ္ျပတ္သားသားရပ္ရမလဲဆိုတာကိုပါ သိေစခဲ့ပါတယ္။ဒါေၾကာင့္လည္း ဇူလိုင္ ၂၃ ရက္မွာ ထုတ္ျပန္မယ့္ ကိုယ္စားလွယ္ေလာင္းစာရင္းအေပၚ အာ႐ုံစိုက္မႈက ပိုခဲ့တာျဖစ္ပါတယ္။ယခုေ႐ြးခ်ယ္မႈက ေအာက္ေျခကေနတင္သမွ်ကို ေ႐ြးလိုက္တာမဟုတ္ဘဲ ပါတီေခါင္းေဆာင္နဲ႔ ပါတီထိပ္ပိုင္းက အႀကီးအကဲေတြကိုယ္တိုင္ စိစစ္ေ႐ြးခဲ့တဲ့အတြက္ ေအာက္ေျခကေနဘက္လိုက္ၿပီး ေ႐ြးတယ္ဆိုတဲ့အသံနဲ႔ ၂၀၁၅ တုန္းကလို ပါတီကိုသစၥာေဖာက္ၿပီး ဖက္ၿပိဳင္တဲ့သူေတြ၊ ကိုယ္က်ိဳးရွာတဲ့သူေတြမပါလာေအာင္ ဂ႐ုတစိုက္ ေသခ်ာေ႐ြးခ်ယ္စိစစ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အထူးသျဖင့္ ယခုစာရင္းမွာ ၿပီးခဲ့တဲ့ ၄ ႏွစ္တာကာလအတြင္း လူမႈေရးနာမည္ပ်က္ရွိခဲ့သူေတြ၊ ေငြေရးေၾကးေရးနဲ႔ အာဏာအလြဲသုံးစားလုပ္ခဲ့သူေတြ၊ ျပည္သူကို ျပန္တရားစြဲတဲ့ ကိုယ္စားလွယ္ေတြကို မပါေအာင္စစ္ထုတ္ခဲ့တာကို ေတြ႕ရပါတယ္။တခ်ိဳ႕ေနရာေတြမွာ ငယ္႐ြယ္တဲ့လူငယ္ေတြပါလာသလို ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ ေ႐ြးေကာက္ခံရသူေတြကို ယခု ၂၀၂၀ မွာ တိုင္းေဒသႀကီးေတြမွာ ျပန္ေ႐ြးခ်ယ္ခံကိုယ္စားလွယ္ေနရာ ျပန္ေနရာခ်ခဲ့တဲ့အတြက္ လာမယ့္ ၂၀၂၀ အခင္းအက်င္းအတြက္ အာဏာရပါတီရဲ႕ စီမံမႈက ပိုစိတ္ဝင္စားစရာေကာင္းလာခဲ့ပါတယ္။ေဆာက္လုပ္ေရး ဒု-ဝန္ႀကီးလို႔ လက္ရွိတာဝန္ရွိသူေတြပါ အာဏာရပါတီဘက္က ဝင္ေရာက္ေ႐ြးခ်ယ္ခံမွာျဖစ္တဲ့အတြက္ ယခုႏွစ္စုဖြဲ႕မႈက ပိုအားေကာင္းသလို အႏိုင္ရခဲ့ရင္ ျဖစ္လာတဲ့အခင္းအက်င္းနဲ႔ ေဆာင္႐ြက္မႈက အေတာ္ေလးျပတ္ျပတ္သားသား ျဖစ္လာႏိုင္သလို လူထုအႀကိဳက္ လာဘ္စားမႈတိုက္ဖ်က္ေရးကို ျပတ္ျပတ္သားသား ႏွိမ္ႏွင္းလာႏိုင္တဲ့ လူမွန္ေတြ၊ အာဏာရွင္ေခတ္  NLD ပါတီကို ခိုင္ခိုင္မာမာေတာင့္ခံ ေထာက္ခံခဲ့သူေတြကို ေနရာေပးမယ့္သေဘာေတြ႕ရတဲ့အတြက္ ဒီကိုယ္စားလွယ္စာရင္းက စိတ္ဝင္စားစရာေကာင္းေနတာ အမွန္ပါဘဲ။အထူးသျဖင့္ ၂၀၁၅ ခုႏွစ္ကေရွာင္ခဲ့တဲ့ အစၥလာမ္ဘာသာဝင္ကိုယ္စားလွယ္ေတြ မထားခဲ့တဲ့ေနရာမွာ ယခ၂၀၂၀ မွာ အာဏာရပါတီဘက္က ၂ ဦးျပန္ပါလာတဲ့အတြက္ ေျပာင္းလဲမႈတစ္ခုကို ေတြ႕ရပါတယ္။

အမ်ိဳးဘာသာဆိုသူေတြ ေထာက္ျပတိုက္ခိုက္စရာဆိုလို အစၥလာမ္ဘာသာဝင္ ကိုယ္စားလွယ္ႏွစ္ဦးသာရွိတဲ့ ယခုေ႐ြးခ်ယ္မႈအတြက္ ေနာက္ရက္ေတြမွာ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ဒါေပမယ့္ ေဝဖန္မႈေတြကို ဂ႐ုစိုက္တုန္လႈပ္ေလ့မရွိဘဲ လုပ္စရာရွိတာကို ေသေသသပ္သပ္နဲ႔လုပ္တတ္တဲ့ ပါတီေခါင္းေဆာင္ရွိေနတဲ့ အာဏာရပါတီအေနနဲ႔ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ရင္ခုန္စရာပါ။ယွဥ္ဘက္ပါတီက ေကာင္းေကာင္းမရွိတာကလည္း အာဏာရပါတီအတြက္ တစ္အားျဖစ္ေစတာမို႔  လာမယ့္ေန႔ရက္ေတြ အထူးသျဖင့္ မဲဆြယ္ခြင့္ေပးတဲ့အခါ ယခုလတ္တေလာ အတိုက္အခံေတြဘက္က လႈပ္ရွားေနတဲ့ NO Vote လႈပ္ရွားမႈေတြ၊ ၿပီးခဲ့တဲ့ေသာၾကာကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ  သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က အေရးယူမယ္လို႔ သတိေပးခဲ့တဲ့အထိျဖစ္ခဲ့ရတဲ့ ႏိုင္ငံေရးအက်ိဳးအျမတ္ရဖို႔ ေငြပုံေပးကာ ေ႐ြးေကာက္ပြဲအတြက္ျဖစ္ေစ၊ ဘာသာေရးအရျဖစ္ေစ၊ လူမ်ိဳးေရးအရျဖစ္ေစ အႏၲရာယ္ႀကီးတဲ့ သတင္းမွားျဖန္တဲ့လုပ္ရပ္ေတြက အသာရမလား၊ ျပည္သူေတြက အေျပာင္းအလဲအတြက္ အာဏာရပါတီကို ဆက္အခြင့္အေရးေပးမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ထူးထူးျခားျခား စိတ္ဝင္စားစရာသတင္းအခ်ိဳ႕လည္း ယခုရက္သတၱပတ္ထဲမွာရွိခဲ့ပါတယ္။ဒီသတင္းေတြက ျမင္းမူမွာ လူငယ္တစ္ဦး အရက္မူးၿပီး ဖုန္းတာဝါတိုင္ေပၚတက္ၿပီး ျပန္မဆင္းတတ္ေတာ့လို႔ မီးသတ္က တက္ကူညီခဲ့ရတဲ့သတင္း၊ ျမ၀တီမွာ Quaratine ဝင္ေနသူ ၂၀၀ ေက်ာ္ အစာအဆိပ္သင့္ခဲ့တဲ့သတင္း၊ ဇူလိုင္ ၂၀ ရက္က က်င္းပခဲ့တဲ့ (၇၂) ႀကိမ္ေျမာက္၊ တိပိဋကဓရ တိပိဋကေကာဝိဒ ခ်ီးက်ဴးပူေဇာ္ပြဲႏွင့္ ေအာင္လက္မွတ္ဆက္ကပ္လႉဒါန္းပြဲမွာ ၁၅ ပါးေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ သာသနာ့အာဇာနည္ အရွင္ျမတ္တစ္ပါး ထပ္မံေပၚထြန္းခဲ့တဲ့သတင္း၊ ေငြေပးေခ်ကတ္စနစ္ (YPS) ကို  YBS ခရီးသည္တင္ေမာ္ေတာ္ယာဥ္အခ်ိဳ႕မွာ ဇူလိုင္ ၂၁ ရက္မွာ စသုံးခဲ့တဲ့သတင္း၊ ပဲခူးတိုင္း နတ္တလင္းက အေပါင္ဆိုင္မွာ ဖုန္းလာေပါင္တဲ့သူက ဆိုင္ရွင္ကို ဓားျဖင့္လည္ပင္းလွီးကာ ထိုးသတ္ခဲ့တဲ့သတင္း၊ ကပ္ေရာဂါေၾကာင့္ရပ္နားထားတဲ့ အေျခခံပညာအထက္တန္းေက်ာင္းေတြကို သတ္မွတ္ခ်က္နဲ႔အညီ ဇူလိုင္ ၂၁ ရက္က ျပန္ဖြင့္ခြင့္ေပးခဲ့တဲ့သတင္း၊ ဇူလိုင္ ၂၂ ရက္က က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ေျပာင္းလဲခန႔္အပ္ခဲ့တဲ့သတင္း၊ ျမန္မာ့ပညာေရး ျပဳျပင္ေျပာင္းလဲမႈအတြက္ ဥေရာပသမဂၢက ယူ႐ို ၃၇.၆၂၅ သန္း ေပးအပ္ခဲ့တဲ့သတင္း စတဲ့သတင္းေတြလဲ စိတ္ဝင္စားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၂၄