နိုင်ငံတကာဆောင်းပါး 】 “ အမေရိကန် အာဏာရှင်စနစ်ကို ဟွာဝေး အာခံ ”

 【 နိုင်ငံတကာဆောင်းပါး 】 “ အမေရိကန် အာဏာရှင်စနစ်ကို ဟွာဝေး အာခံ ”
 

တရုတ်နိုင်ငံအပေါ်ဖိအားပေးရန် အမေရိကန်အစိုးရ၏ ဖိအားပေးရန် ပစ်မှတ်ထားခံရသော တရုတ်ဆက်သွယ်ရေးကုမ္ပဏီသည် အမေရိကန်အစိုးရကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။

 ဟွာဝေး၏ ထုတ်ကုန်များကို အမေရိကန် အစိုးရ ဌာနများ ဝယ်ယူခြင်းမှ တားမြစ်ခြင်း၏ တရားဝင်မှုကို ဟွာဝေးနည်းပညာ ကုမ္ပဏီက စိန်ခေါ်လိုက်သည့် ရဲတင်းသော လှုပ်ရှားမှုဖြစ်သည်။ သို့သော် အမေရိကန်အစိုးရသည် သေလောက်သော ထိုးနှက်ချက်များပြုလုပ်ရန် အစီအစဉ် တခုပြီး တခု ချမှတ်နေသောကြောင့် ဟွာဝေးအတွက် ပြန်လည်တိုက်ခိုက်ရန်မှအပ အခြား နည်းလမ်းမရှိတော့ပေ။  

ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကထုတ်ပြန်သောကြေညာချက်တွင် ဟွာဝေးသည် အမေရိကန်မှ ၎င်း၏ ဌာနချုပ် တည်ရှိသော တက္ကဆက်မှ တရားရုံးတွင် အမေရိကန် အစိုးရဌာနများနှင့် ကန်ထရိုက် တာများကို ဟွာဝေးပစ္စည်းများ သုံးခြင်းမှ ပိတ်ပင်သည့် အမျိုးသားရေးအကာအကွယ်ပေးရေး အခွင့်အာဏာ ဥပဒေပြဋ္ဌာန်းချက်တခုကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။  

ဟွာဝေးသည် အမေရိကန်သမ္မတက လွန်ခဲ့သော သြဂုတ်လကမှ လက်မှတ်ရေးထိုးလိုက်သည့် ပြဋ္ဌာန်းချက်သည် ၎င်းတိုပစ်မှတ်ထားပြီး မည်သည့်အခောက်အထားမျှမပြဘဲ ဒဏ်ခတ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု စိန်ခေါ်လိုက်ခြင်းဖြစ်သည်။  

ကမ္ဘာ့ 5-G ကွန်ရက်သည် ၎င်းတို့၏လက်တွင်ရှိနေစေရန်အတွက် အမေရိကန်အစိုးရသည် ဟွာဝေးကို အဆက်မပြတ် လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။  အဆိုးရွားဆုံး မှာ ဟွာဝေး၏ ဘာဏ္ဍာရေးအရာရှိချုပ် မုန်ဝန်ကျိုကို တရားစွဲခြင်းဖြစ်သည်။ အမေရိကန်တရားရေးဌာ၏ မေတ္တာရပ်ခံမှုကြောင့် မုန်ကို ကနေဒါနိုင်ငံကဖမ်းဆီးခဲ့သည်။

ထိုအမှုနှင့် ပတ်သက်ပြီး အမေရိန်သမ္မတက ဝင်ရောက်ပြောဆိုမှုရှိသောကြောင့် သူမကိုစွဲဆိုသော အမှုသည် နိုင်ငံရေးပယောဂမကင်းသည့် စွဲချက်ဖြစ်မည်ကို စိုးရိမ်ကြောင်း မုန်၏ ရှေ့နေက ကနေဒါတရားရုံးသို့ ဗုဒ္ဓဟူးနေ့ကလျှောက်ထားသည်။  

မုန်ကိုထိုသို့ကောက်ကျစ်စွာ ပစ်မှတ်ထားသည့်အပြင် အမေရိကန်သည် ၎င်း၏ မဟာမိတ်နိုင်ငံများမှ 5-G ကွန်ရက်များတွင် ဟွာဝေးကို ဖယ်ထုတ်ထားရန်လည်း ဖိအားပေးလုပ်ဆောင်နေပြီး ၎င်းတို၏ ဆက်သွယ်ရေးလုပ်ငန်းများတွင် ဟွာဝေးစက်ပစ္စည်း မသုံးရန်တောင်းဆိုနေသည်။
 
ယခုအမှုတွင် ဟွာဝေးအနိုင်ရရန်မှာ စိန်ခေါ်မှုများပြီး အချိန်ကုန်မည်ကို ပြောရန်ပင်မလိုပေ။ သို့သော် အမေရိကန်က ဟွာဝေးကို ဓါးစာခံအဖြစ်သဘောထားသဖြင့် ဟွာဝေးအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန်မှအပ အခြားရွေးစရာမရှိတော့ပေ။  

ဟွာဝေးကို အမေရိကန်က ဓါးစာခံလုပ်ထားသည်ကို တကမ္ဘာလုံးကသဘောပေါက်ကြသည်။ ၎င်းတို့၏ ဟွာဝေးဆန့်ကျင်ရေးလှုပ်ရှားမှုတွင် အခြားသူများပါဝင်အောင် စည်းရုံးရာတွင်ပင် အမေရိကန်သည် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
 
ဟွာဝေးအနေဖြင့် လတ်တလောတွင် အခက်အခဲများရင်ဆိုင်ရပြီး ပြည်ပတွင် စီးပွားရေး အခွင့်အလမ်းများ ဆုံးရှုံးနိုင်သည်။ သို့သော် မည်သည့် တန်ပြန်မှုမျှမရှိဘဲ အမေရိကန် အနေဖြင့် ကမ္ဘာအဝန်း ဟွာဝေး၏ ပုံရိပ်ကို ထိခိုက်အောင်ဆက်လက် လုပ်ဆောင်နိုင်သည်ဟု ယူဆလျှင် မိမိကိုယ်မိမိလှည့်စားခြင်းသာဖြစ်လိမ့်မည်။  

အမေရိကန်နှင့် အမေရိကန်ကုမ္ပဏီများကို အောင်မြင်စေသော မူများကို ဆန့်ကျင်သည့် ထိုသို့မရိုးသားသော စီးပွားရေးလုပ်နည်းလုပ်ဟန်များသည် ဆိုးကျိုးများသာဖြစ်စေပြီး အမေရိကန်အပေါ် ယုံကြည်မှုကို ထိခိုက်စေမည်ဖြစ်သည်။  

အထူးသဖြင့် သက်သေပြပြီးဖြစ်သော အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အတိတ်လုပ်ရပ်များကြောင့် ဝါရှင်တန်သည် ကောက်ကျစ်သော အဆုံးသတ်တိုက်ပွဲကိုကြံစည်နေသည်ဟူသည့် သံသယ များဖြစ်ပေါ်စေပေသည်။ 

(  Zawgyi  )

 
တ႐ုတ္ႏိုင္ငံအေပၚဖိအားေပးရန္ အေမရိကန္အစိုးရ၏ ဖိအားေပးရန္ ပစ္မွတ္ထားခံရေသာ တ႐ုတ္ဆက္သြယ္ေရးကုမၸဏီသည္ အေမရိကန္အစိုးရကို တရားစြဲဆိုလိုက္ၿပီျဖစ္သည္။

 ဟြာေဝး၏ ထုတ္ကုန္မ်ားကို အေမရိကန္ အစိုးရ ဌာနမ်ား ဝယ္ယူျခင္းမွ တားျမစ္ျခင္း၏ တရားဝင္မႈကို ဟြာေဝးနည္းပညာ ကုမၸဏီက စိန္ေခၚလိုက္သည့္ ရဲတင္းေသာ လႈပ္ရွားမႈျဖစ္သည္။ သို႔ေသာ္ အေမရိကန္အစိုးရသည္ ေသေလာက္ေသာ ထိုးႏွက္ခ်က္မ်ားျပဳလုပ္ရန္ အစီအစဥ္ တခုၿပီး တခု ခ်မွတ္ေနေသာေၾကာင့္ ဟြာေဝးအတြက္ ျပန္လည္တိုက္ခိုက္ရန္မွအပ အျခား နည္းလမ္းမရွိေတာ့ေပ။  

ေဖေဖၚဝါရီလ ၇ ရက္ေန႔ကထုတ္ျပန္ေသာေၾကညာခ်က္တြင္ ဟြာေဝးသည္ အေမရိကန္မွ ၎၏ ဌာနခ်ဳပ္ တည္ရွိေသာ တကၠဆက္မွ တရား႐ုံးတြင္ အေမရိကန္ အစိုးရဌာနမ်ားႏွင့္ ကန္ထ႐ိုက္ တာမ်ားကို ဟြာေဝးပစၥည္းမ်ား သုံးျခင္းမွ ပိတ္ပင္သည့္ အမ်ိဳးသားေရးအကာအကြယ္ေပးေရး အခြင့္အာဏာ ဥပေဒျပ႒ာန္းခ်က္တခုကို စိန္ေခၚလိုက္ျခင္းျဖစ္သည္။  

ဟြာေဝးသည္ အေမရိကန္သမၼတက လြန္ခဲ့ေသာ ၾသဂုတ္လကမွ လက္မွတ္ေရးထိုးလိုက္သည့္ ျပ႒ာန္းခ်က္သည္ ၎တိုပစ္မွတ္ထားၿပီး မည္သည့္အေခာက္အထားမွ်မျပဘဲ ဒဏ္ခတ္ေသာေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ မညီဟု စိန္ေခၚလိုက္ျခင္းျဖစ္သည္။  

ကမာၻ႔ 5-G ကြန္ရက္သည္ ၎တို႔၏လက္တြင္ရွိေနေစရန္အတြက္ အေမရိကန္အစိုးရသည္ ဟြာေဝးကို အဆက္မျပတ္ လိုက္လံတိုက္ခိုက္ေနျခင္းျဖစ္သည္။  အဆိုး႐ြားဆုံး မွာ ဟြာေဝး၏ ဘာ႑ာေရးအရာရွိခ်ဳပ္ မုန္ဝန္က်ိဳကို တရားစြဲျခင္းျဖစ္သည္။ အေမရိကန္တရားေရးဌာ၏ ေမတၱာရပ္ခံမႈေၾကာင့္ မုန္ကို ကေနဒါႏိုင္ငံကဖမ္းဆီးခဲ့သည္။

ထိုအမႈႏွင့္ ပတ္သက္ၿပီး အေမရိန္သမၼတက ဝင္ေရာက္ေျပာဆိုမႈရွိေသာေၾကာင့္ သူမကိုစြဲဆိုေသာ အမႈသည္ ႏိုင္ငံေရးပေယာဂမကင္းသည့္ စြဲခ်က္ျဖစ္မည္ကို စိုးရိမ္ေၾကာင္း မုန္၏ ေရွ႕ေနက ကေနဒါတရား႐ုံးသို႔ ဗုဒၶဟူးေန႔ကေလွ်ာက္ထားသည္။  

မုန္ကိုထိုသို႔ေကာက္က်စ္စြာ ပစ္မွတ္ထားသည့္အျပင္ အေမရိကန္သည္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားမွ 5-G ကြန္ရက္မ်ားတြင္ ဟြာေဝးကို ဖယ္ထုတ္ထားရန္လည္း ဖိအားေပးလုပ္ေဆာင္ေနၿပီး ၎တို၏ ဆက္သြယ္ေရးလုပ္ငန္းမ်ားတြင္ ဟြာေဝးစက္ပစၥည္း မသုံးရန္ေတာင္းဆိုေနသည္။
 
ယခုအမႈတြင္ ဟြာေဝးအႏိုင္ရရန္မွာ စိန္ေခၚမႈမ်ားၿပီး အခ်ိန္ကုန္မည္ကို ေျပာရန္ပင္မလိုေပ။ သို႔ေသာ္ အေမရိကန္က ဟြာေဝးကို ဓါးစာခံအျဖစ္သေဘာထားသျဖင့္ ဟြာေဝးအေနျဖင့္ မိမိကိုယ္ကို ကာကြယ္ရန္မွအပ အျခားေ႐ြးစရာမရွိေတာ့ေပ။  

ဟြာေဝးကို အေမရိကန္က ဓါးစာခံလုပ္ထားသည္ကို တကမာၻလုံးကသေဘာေပါက္ၾကသည္။ ၎တို႔၏ ဟြာေဝးဆန႔္က်င္ေရးလႈပ္ရွားမႈတြင္ အျခားသူမ်ားပါဝင္ေအာင္ စည္း႐ုံးရာတြင္ပင္ အေမရိကန္သည္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရၿပီျဖစ္သည္။
 
ဟြာေဝးအေနျဖင့္ လတ္တေလာတြင္ အခက္အခဲမ်ားရင္ဆိုင္ရၿပီး ျပည္ပတြင္ စီးပြားေရး အခြင့္အလမ္းမ်ား ဆုံးရႈံးႏိုင္သည္။ သို႔ေသာ္ မည္သည့္ တန္ျပန္မႈမွ်မရွိဘဲ အေမရိကန္ အေနျဖင့္ ကမာၻအဝန္း ဟြာေဝး၏ ပုံရိပ္ကို ထိခိုက္ေအာင္ဆက္လက္ လုပ္ေဆာင္ႏိုင္သည္ဟု ယူဆလွ်င္ မိမိကိုယ္မိမိလွည့္စားျခင္းသာျဖစ္လိမ့္မည္။  

အေမရိကန္ႏွင့္ အေမရိကန္ကုမၸဏီမ်ားကို ေအာင္ျမင္ေစေသာ မူမ်ားကို ဆန႔္က်င္သည့္ ထိုသို႔မ႐ိုးသားေသာ စီးပြားေရးလုပ္နည္းလုပ္ဟန္မ်ားသည္ ဆိုးက်ိဳးမ်ားသာျဖစ္ေစၿပီး အေမရိကန္အေပၚ ယုံၾကည္မႈကို ထိခိုက္ေစမည္ျဖစ္သည္။  

အထူးသျဖင့္ သက္ေသျပၿပီးျဖစ္ေသာ အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီ၏ အတိတ္လုပ္ရပ္မ်ားေၾကာင့္ ဝါရွင္တန္သည္ ေကာက္က်စ္ေသာ အဆုံးသတ္တိုက္ပြဲကိုႀကံစည္ေနသည္ဟူသည့္ သံသယ မ်ားျဖစ္ေပၚေစေပသည္။