“ တရိပ်ရိပ်ကုန်ဈေးနူန်း”

“ တရိပ်ရိပ်ကုန်ဈေးနူန်း”

မကြာခင်က IMFက ကမ္ဘာစီးပွားရေးတိုးတက်မှုနူန်းနှင့်ပတ်သက်ပြီး ယခင်သတ်မှတ်ချက်ကို လျော့ ချသတ်မှတ်ခဲ့သည်။ထိုအခြေအနေက ကမ္ဘာစီးပွားရေးအခြေအနေလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ ကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရပြီဆိုသည့် အခြေအနေပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏စီးပွားရေး အခြေ အနေက ထိုထက်ပိုဆိုးသည်။ ရခိုင် ဘင်္ဂါလီပြဿနာစဖြစ်ပြီးကတည်းက မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏက ထိုးကျခဲ့သည်။သမ္မတဦးသိန်းစိန်လက်ထက် နောက်ဆုံးကာလဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပFDI ဝင်ရောက်မှုပမာဏက အမေရိကန်ဒေါ်လာ ၉ဘီလျံခွဲနီးပါးဝင်ရောက်ခဲ့သည်။ ထိုပမာဏက ယခင်အစိုးရ လက် ထက် အဆက်ဆက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်ကဝင်ရောက်ခဲ့သည့် FDIပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ခန့်ပြီးလျှင် ဒုတိယအများဆုံးပမာဏဖြစ်သည်။အရပ်သားအစိုးရလက်ထက်တွင်တော့ ပထမသက်တမ်းဖြစ် သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင်ဝင်ရောက်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလျံခွဲခန့်ထိဝင်ရောက်မှုက အများဆုံးဖြစ်သည်။

နောက်နှစ်များတွင်တော့ ငါးဘီလျံခွဲကျော်နှင့် ယခု မီနီဘတ်ဂျက်ကာလတွင် တစ်ဘီလျံကျော်အထိ သာ ထိုးဆင်းခဲ့သည်။ထိုပမာဏက ရခိုင်မြောက်ပိုင်းဘင်္ဂါလီပြဿနာဖြစ်ပြီး နောက်ပိုင်းတွင် ထိုးကျခဲ့သည့် FDIဝင်ရောက်မှုပမာဏပင် ဖြစ်သည်။ FDIဝင်ရောက်မှုလျောကျမှုကြောင့် မြန်မာနိုင်ငံအတွင်း တချို့လုပ် ငန်း တွေဖြစ်သည့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ထုတ်လုပ်ရေးနှင့် အခြေခံအဆောက်အဦးအပိုင်းတွင် လစ်ဟာမှု များပေါ်ပေါက်ခဲ့ပြီး ပြည်တွင်းအလုပ်လက်မဲ့ ပြဿနာကို ပိုကြီးမားလာစေခဲ့သည်။
    အလုပ်လက်မဲ့များလာလျှင် ဖြစ်လာတတ်သည့် သဘောဖြစ်သော တရားဥပေဒစိုးမိုးမှုပြဿနာကို မြန် မာနိုင်ငံတစ်ဝန်းရင်ဆိုင်လာရသည်။အရပ်သားအစိုးရတက်ကာစ အရှိန်အဟုန်ကောင်းနေသည့် ဆောက်လုပ် ရေးကို စနစ်ကျစေရန် ခေတ္တရပ်ဆိုင်းစေပြီး စစ်ဆေးရာမှ စခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းပြိုလဲမှုက ယခု ထိတိုင် ပြန်နလံမထူခဲ့သည့်အတွက် လုပ်သားအများအပြားသုံးရသည့် ဆောက်လုပ်ရေးကဏ္ဍမှ လျံထွက် လာသည့် အလုပ်လက်မဲ့ဦးရေက ယခင်ရှိပြီးသား အလုပ်လက်မဲ့ ဦးရေကို ဆတိုးစေခဲ့ကာ ဒိုမီနိုသက်ရောက် မှုအရ တခြားသောလုပ်ငန်းကဏ္ဍများတွင်ပါ အလုပ်သမားအနူတ်အသိမ်းကို ထိခိုက်စေခဲ့သည်။

 အနည်းဆုံးအလုပ်သမားလုပ်ခလစာ သတ်မှတ်ပေးသည့် မှန်သော်လည်း ထိုပမာဏက လုပ်ငန်း ကြီးများတွင်သာ အကျိုးသက်ရောက်ပြီး လုပ်ငန်းငယ်များတွင် မသက်ရောက်ခဲ့။ နေ့စဉ် ဝင်ငွေရဖို့ အရေး ကြီးနေသည့်ကာလတွင် သင့်တင့်သည့်လခကိုရဖို့ထက် အလုပ်တစ်ခုရဖို့ အရေးကြီးသည့်အတွက် အလုပ် ရှင်၏သတ်မှတ်ချက်အောက် ကျေနပ်သဘောတူရသည့် အခြေအနေက များစွာရှိခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းမှာ မတည်ငြိမ်ဖြစ်နေတဲ့ ပြည်တွင်းစီးပွားရေးကို ထပ်မံထိုးနှက်တဲ့ ကိစ္စက ပေါ်လာခဲ့သည်။ ဒီမတိုင်ခင်က နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ၊ဘင်္ဂါလီတွေထွက်ပြေးရတဲ့ ကိစ္စတွေ ကြောင့် ICC ကနေ အရေးယူဖို့စီစဉ်နေတဲ့ သတင်းတွေကြောင့် မြန်မာစီးပွားရေးက လှုပ်လီလူပ်လဲ့အခြေ အ နေဖြစ်နေသည်။ အခြေခံလူတန်းစားတစ်ဦးရဲ့ တစ်ရက်ဝင်ငွေ ၅၀၀၀ ကနေ ၇၀၀၀ ကြားရှိနေချိန်မှာ သြဂုတ် လကုန် ဈေးနူန်းက ဆန်တပြည်ဈေးနူန်းမှာ ဧည့်မထ ၁၄၀၀ ကျပ်၊ ဆင်းသွယ် ၁၄၅၀ ကျပ်၊ ခွံနီ ၁၅၀၀ကျပ်၊ ပေါ်ဆန်း ရင့် ၂၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၂၄၀၀ ကျပ်၊ ငစိန် ၂၄၅၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၂၆၅၀ ကျပ်၊ ရွှေဘိုပေါ် ဆန်း ၂၉၅၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရှယ်) ၃၀၀၀ ကျပ် နှုန်း၊ ရှိနေပါတယ်။ဆီဈေးက တပိဿာကို စားအုန်းဆီ တစ်ပိဿာကို ၂၁၀၀ ကျပ်၊ မြေပဲဆီအနေနဲ့ မကွေးဆီ ၃၆၀၀ ကျပ်၊ မကွေးပဲဆီသန့် ၄၀၀၀ ကျပ်၊ အောင်လံဆီ ၃၅၀၀ ကျပ်၊ မြေပဲဆုံဆီ ၄၄၀၀ ကျပ်၊ ဆုံဆီ(ရှယ်) ၆၀၀၀ ကျပ်၊ မြေပဲဆီ(အရောအနှော) ၃၀၀၀ ကျပ်ဈေး၊ မြေပဲဆီ(နယ်စုံ) ၃၁၀၀ ကျပ်ရှိခဲ့သည်။

သားငါးဈေးတွင် အသားဈေးနှုန်းတွေက ဗမာကြက် တစ်ဆယ်သားကို ၁၄၀၀  ကျပ်၊ အသားတိုး ကြက် တစ်ဆယ်သားကို ၇၀၀ ကျပ် ဝက်သားက သုံးထပ်သားကို တစ်ဆယ်သား ၉၀၀ ကျပ်၊ အသားချည်း သီး သန့် အနေနဲ့ ၁၂၀၀ ကျပ် ၊ အမဲသားကတော့ တစ်ဆယ်သား ၁၃၀၀ ကျပ်၊ ဆိတ်သားက တစ်ဆယ်သား ၂၃၀၀ ကျပ်နဲ့ ငါးမြစ်ချင်း အကောင်သေး တစ်ဆယ်သား ၃၅၀ ကျပ်၊ အကောင်ကြီး ၅၀၀ ကျပ်၊ ငါးကြင်း အကောင် သေး တစ်ဆယ်သား ၆၅၀ ကျပ်၊ ငါးကြင်း အကောင်ကြီး တစ်ဆယ်သား ၇၀၀ ကျပ်၊ ငါးရံ့ တစ်ဆယ်သား ၁၂၀၀ ကျပ်၊ ငါးခူ တစ်ဆယ်သား ၁၃၀၀ ကျပ်ဈေးရှိနေခဲ့သည်။

ဒီဈေးနဲ့ ဒီအခြေအနေနှင့် ဇူလိုင်လကုန်ရှိ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိနေခဲ့ချိန်တွင် ဒေါ်လာဈေးက စတက်လာသည်။ အထူးသဖြင့် အမေရိကန်-တရုတ်ကုန် သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာတာနဲ့ အတူဒေါ်လာဈေးက နိုင်ငံတကာမှာ မြင်တက်လာခဲ့တဲ့ အတွက် ပြည်တွင်း ငွေကြေး မခိုင်မာတဲ့ မြန်မာကျပ်ငွေပါ လိုက်လူပ်လာခဲ့သည်။ သြဂုတ် ၁၃ တွင် ဗဟိုဘဏ်က ဒေါ်လာဈေးနဲ့ မြန်မာ ကျပ်ငွေရည်ညွှန်းငွေလဲနူန်းကို အံအားသင့်ဖွယ် ပယ်ဖျက်လိုက်သည်။ ဒီနောက်မှာတော့ မဂိုလမ်း လို့ ခေါ်သည့် မြန်မာနိုင်ငံရဲ့ တရားမဝင်ရွှေနဲ့ ငွေကြေးဈေးကွက်တွင်  ဈေးကစားမှုတွေ ၊ဆွဲတင်မှုတွေ၊လေပတ်ကား တွေကြောင့်  ဒေါ်လာဈေးက စံချိန်တင်အဖြစ် တစ်ဒေါ်လာကို ၁၆၂၀ အထိရောက်သွားခဲ့သည်။ ဒါဟာ မြန်မာကျပ် ငွေတန်ဘိုး ၂၅ ရာခိုင်နူန်း ကျဆင်းခဲ့တဲ့သဘောပင်ဖြစ်သည်။

ဒေါ်လာဈေးတက်လာမှုနှင့်အတူ ပြည်ပကနေ ဘုရားပန်းကအစတင်သွင်းနေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေခံ လက်လီကုန်ဈေးနူန်းမှာလည်း  ဈေးတွေခုန်တက်ခဲ့သည်။ အခြေခံမရှိမဖြစ် ဆန်ဈေးမှာ တစ်အိတ်ကို ကျပ် ၂၀၀ ထိတက်ခဲ့ပါတယ်။တစ်ပြည်ဈေးနူန်းမှာ ဇီယာ ၁၁၀၀ ကျပ်၊ ဧည့်မထ ၁၄၀၀ ကျပ်၊ ဆင်းသွယ် ၁၅၀၀ ကျပ်၊ ခွံနီ ၁၅၀၀ကျပ်၊ ပေါ်ဆန်းရင် ၂၂၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၂၄၀၀ ကျပ်၊ ငစိန် ၂၄၅၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၂၆၅၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၂၉၅၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရှယ်) ၃၀၀၀ ကျပ် နှုန်းဖြစ်လာသလို ဆီဈေးနှုန်း တွေအနေနဲ့ စားအုန်းဆီ တစ်ပိဿာကို ၂၁၀၀ ကျပ်၊ မြေပဲဆီအနေနဲ့ မကွေးဆီ ၃၆၀၀ ကျပ်၊ မကွေးပဲဆီသန့် ၄၀၀၀ ကျပ်၊ အောင်လံဆီ ၃၅၀၀ ကျပ်၊ မြေပဲဆုံဆီ ၄၄၀၀ ကျပ်နဲ့ တချို့ဈေး တွေတက်လာခဲ့သည်။
သားငါးဈေးတွေလည်းတက်လာသလို  မရှိမဖြစ်ကုန်စည်ဖြစ်လာတဲ့ ကော်ဖီမစ်၊စီး ကရက်၊အချိုရည် တွေမှာလည်း သိသိသာသာဈေးတက်ခဲ့သည်။ အထူးသဖြင့် နေ့စဉ်မိုးလင်းတာနဲ့ စားသုံးကြတဲ့ လဘက် ရည် က ၃၀၀ ကနေ ၄၀၀၊တချို့နေရာတွေမှာ ၅၀၀ ထိဖြစ်ခဲ့သလို အသုတ်၊မုန့်ဟင်းခါးစတဲ့ အစားအသောက်တွေက လည်း ၃၀၀ ကနေ ၅၀၀ ထိတိုးသွားခဲ့သည်။

ဒေါ်လာဈေးတက်မှုနဲ့အတူ စက်သုံးဆီဈေးကလည်း အတက်ချည်းပြခဲ့ရာမှာ ပြည်တွင်း သယ် ယူပို့ ဆောင်ရေး စရိတ်စခတွေက ပိုကြီးမြင့်လာခဲ့သည်။စီးပွားရေးသမားအတော်များများ ဒေါ်လာဈေး ထဲဝင်ကစား ရာမှ ဒေါ်လာဈေးက ဖြစ်သင့်သည်ထက်  ပိုလာသည့်အခါ အာဏာပိုင်တွေ ဝင်ထိန်းရသည့်အထိ ဖြစ်လာခဲ့ သည်။သို့သော် ဈေးက ဖမ်းတုန်းသာ ခဏ ကျသည်။နောက်တော့ ပြန်တက်သည်။ရွှေဈေးလည်း ထိုနည်းလည်း ကောင်း။ဒီတော့ ဒီလိုဈေးကစားမှုကနေရလာသည့် အကျိုးအမြတ်ကိုဒေါ်လာဈေးကစားသူတွေက နင့်ခနဲ့ ရရှိပြီး  အများပြည်သူကတော့ အထွေထွေဈေးကြီးမြင့်မှုဒဏ်ကို ခံလိုက်ရတော့သည်။ ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန် သော ငွေကြေးဖောင်းပွမှုအစီရင် ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုက ရှစ်လအတွင်း ၁ ဒသမ ၃၄ ရာခိုင်နှုန်းမြင့်တက် လာသည်။  

စစ်တမ်းများအရ  ဇန်နဝါရီက လက်ကားဈေးကွက် တစ်အိတ်လျှင်  ကျပ် ၂၁,၀၀၀ ခန့်ရှိ ခဲ့သော ဧည့် မထ ဆန်အမျိုးအစား ၅ မှတ်ဆန်သည် စက်တင်ဘာ တွင် တစ်အိတ်လျှင် ကျပ်၂၄,၅၀၀၊ ၂၅ မှတ်အ မျိုးအစား ဆန်တစ်အိတ်ဈေးနှုန်းက ကျပ် ၁၉,၀၀၀ မှ ၂၂,၅၀၀သို့ မြင့်တက်လာပြီး တစ်အိတ်ကျပ် ၄၆,၀၀၀ ဈေးဖွင့်ခဲ့ သော ရွှေဘိုပေါ်ဆန်းသည် စက်တင်ဘာ တွင် ၆၂,၀၀၀ ကျပ်၊ ဧရာဝတီပေါ် ဆန်း သည် တစ်အိတ် လျှင်  ကျပ် ၃၃,၀၀၀ မှ  ၅၂,၀၀၀ သို့ ဈေးမြင့် တက်လာသည်။
ဈေးတွေက အတက်တွေချည်းဘဲ ဖြစ်သည်။ ဒေါ်လာဈေးကိုနူန်းရှင်မျောထားသဖြင့် ဝိသမလောဘ သားများသည့် ပြည်တွင်းစီးပွားရေးသမားများကြောင့် တည်ငြိမ်သည့် ငွေကြေး ဈေးကွက်ဖြစ်လာရန် မျှော် လင့်မှုက အလှမ်းဝေးနေဦးမည်ဖြစ်သည်။သိုသော် လုပ်ခလစာက တည်ငြိမ်နေသည်။အထွေထွေ တက် နေသည့် ကုန်ဈေးနူန်းထဲ စာရင်းဇယားတွေအရ မြန်မာစီးပွားရေးအခြေအနေက တက်နေဆဲ့။

ပြည်ပ FDIလည်း ထိုးကျ၊အလုပ်လက်မဲ့ကလည်း တရိပ်ရိပ်တိုး၊အခွန်အခကလည်း တရိပ်ရိပ်တိုး၊ စားသောက်ကုန်ဈေးနူန်းကလည်း တရိပ်ရိပ်တိုးနေသည့်အခါ မြန်မာစီးပွားရေးအခြေအနေက စာရင်းဇယား တွေနဲ့ ပြောင်းပြန်  မြေပြင်မှာ တော်တော်လေးလုပ်ကိုင်ရခက်ခဲသည့်အနေအထားရှိနေသည်ကို စီမံသူတို့ သတိထားဖို့ သင့်လေပြီ။

 စိုးသင်း 

 

(  Zawgyi  )

 
မၾကာခင္က IMFက ကမာၻစီးပြားေရးတိုးတက္မႈႏူန္းႏွင့္ပတ္သက္ၿပီး ယခင္သတ္မွတ္ခ်က္ကို ေလ်ာ့ ခ်သတ္မွတ္ခဲ့သည္။ထိုအေျခအေနက ကမာၻစီးပြားေရးအေျခအေနလည္း အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး စစ္ပြဲ ေၾကာင့္ အခက္အခဲႏွင့္ ရင္ဆိုင္ေနရၿပီဆိုသည့္ အေျခအေနပင္ျဖစ္သည္။ ျမန္မာႏိုင္ငံ၏စီးပြားေရး အေျခ အေနက ထိုထက္ပိုဆိုးသည္။ ရခိုင္ ဘဂၤါလီျပႆနာစျဖစ္ၿပီးကတည္းက ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ ပမာဏက ထိုးက်ခဲ့သည္။သမၼတဦးသိန္းစိန္လက္ထက္ ေနာက္ဆုံးကာလျဖစ္သည့္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္တြင္ ျပည္ပFDI ဝင္ေရာက္မႈပမာဏက အေမရိကန္ေဒၚလာ ၉ဘီလ်ံခြဲနီးပါးဝင္ေရာက္ခဲ့သည္။ ထိုပမာဏက ယခင္အစိုးရ လက္ ထက္ အဆက္ဆက္ ၂၀၁၀-၂၀၁၁ ဘ႑ာႏွစ္ကဝင္ေရာက္ခဲ့သည့္ FDIပမာဏ အေမရိကန္ေဒၚလာ ၂၀ ဘီလ်ံ ခန႔္ၿပီးလွ်င္ ဒုတိယအမ်ားဆုံးပမာဏျဖစ္သည္။အရပ္သားအစိုးရလက္ထက္တြင္ေတာ့ ပထမသက္တမ္းျဖစ္ သည့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ တြင္ဝင္ေရာက္သည့္ အေမရိကန္ေဒၚလာ ၆ ဘီလ်ံခြဲခန႔္ထိဝင္ေရာက္မႈက အမ်ားဆုံးျဖစ္သည္။

ေနာက္ႏွစ္မ်ားတြင္ေတာ့ ငါးဘီလ်ံခြဲေက်ာ္ႏွင့္ ယခု မီနီဘတ္ဂ်က္ကာလတြင္ တစ္ဘီလ်ံေက်ာ္အထိ သာ ထိုးဆင္းခဲ့သည္။ထိုပမာဏက ရခိုင္ေျမာက္ပိုင္းဘဂၤါလီျပႆနာျဖစ္ၿပီး ေနာက္ပိုင္းတြင္ ထိုးက်ခဲ့သည့္ FDIဝင္ေရာက္မႈပမာဏပင္ ျဖစ္သည္။ FDIဝင္ေရာက္မႈေလ်ာက်မႈေၾကာင့္ ျမန္မာႏိုင္ငံအတြင္း တခ်ိဳ႕လုပ္ ငန္း ေတြျဖစ္သည့္ စိုက္ပ်ိဳးေရး၊ ေဆာက္လုပ္ေရး၊ထုတ္လုပ္ေရးႏွင့္ အေျခခံအေဆာက္အဦးအပိုင္းတြင္ လစ္ဟာမႈ မ်ားေပၚေပါက္ခဲ့ၿပီး ျပည္တြင္းအလုပ္လက္မဲ့ ျပႆနာကို ပိုႀကီးမားလာေစခဲ့သည္။
    အလုပ္လက္မဲ့မ်ားလာလွ်င္ ျဖစ္လာတတ္သည့္ သေဘာျဖစ္ေသာ တရားဥေပဒစိုးမိုးမႈျပႆနာကို ျမန္ မာႏိုင္ငံတစ္ဝန္းရင္ဆိုင္လာရသည္။အရပ္သားအစိုးရတက္ကာစ အရွိန္အဟုန္ေကာင္းေနသည့္ ေဆာက္လုပ္ ေရးကို စနစ္က်ေစရန္ ေခတၱရပ္ဆိုင္းေစၿပီး စစ္ေဆးရာမွ စခဲ့သည့္ ေဆာက္လုပ္ေရးလုပ္ငန္းၿပိဳလဲမႈက ယခု ထိတိုင္ ျပန္နလံမထူခဲ့သည့္အတြက္ လုပ္သားအမ်ားအျပားသုံးရသည့္ ေဆာက္လုပ္ေရးက႑မွ လ်ံထြက္ လာသည့္ အလုပ္လက္မဲ့ဦးေရက ယခင္ရွိၿပီးသား အလုပ္လက္မဲ့ ဦးေရကို ဆတိုးေစခဲ့ကာ ဒိုမီႏိုသက္ေရာက္ မႈအရ တျခားေသာလုပ္ငန္းက႑မ်ားတြင္ပါ အလုပ္သမားအႏူတ္အသိမ္းကို ထိခိုက္ေစခဲ့သည္။

 အနည္းဆုံးအလုပ္သမားလုပ္ခလစာ သတ္မွတ္ေပးသည့္ မွန္ေသာ္လည္း ထိုပမာဏက လုပ္ငန္း ႀကီးမ်ားတြင္သာ အက်ိဳးသက္ေရာက္ၿပီး လုပ္ငန္းငယ္မ်ားတြင္ မသက္ေရာက္ခဲ့။ ေန႔စဥ္ ဝင္ေငြရဖို႔ အေရး ႀကီးေနသည့္ကာလတြင္ သင့္တင့္သည့္လခကိုရဖို႔ထက္ အလုပ္တစ္ခုရဖို႔ အေရးႀကီးသည့္အတြက္ အလုပ္ ရွင္၏သတ္မွတ္ခ်က္ေအာက္ ေက်နပ္သေဘာတူရသည့္ အေျခအေနက မ်ားစြာရွိခဲ့သည္။ ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းမွာ မတည္ၿငိမ္ျဖစ္ေနတဲ့ ျပည္တြင္းစီးပြားေရးကို ထပ္မံထိုးႏွက္တဲ့ ကိစၥက ေပၚလာခဲ့သည္။ ဒီမတိုင္ခင္က ႏိုင္ငံတကာက စီးပြားေရးပိတ္ဆို႔မႈေတြ ၊ဘဂၤါလီေတြထြက္ေျပးရတဲ့ ကိစၥေတြ ေၾကာင့္ ICC ကေန အေရးယူဖို႔စီစဥ္ေနတဲ့ သတင္းေတြေၾကာင့္ ျမန္မာစီးပြားေရးက လႈပ္လီလူပ္လဲ့အေျခ အ ေနျဖစ္ေနသည္။ အေျခခံလူတန္းစားတစ္ဦးရဲ႕ တစ္ရက္ဝင္ေငြ ၅၀၀၀ ကေန ၇၀၀၀ ၾကားရွိေနခ်ိန္မွာ ၾသဂုတ္ လကုန္ ေဈးႏူန္းက ဆန္တျပည္ေဈးႏူန္းမွာ ဧည့္မထ ၁၄၀၀ က်ပ္၊ ဆင္းသြယ္ ၁၄၅၀ က်ပ္၊ ခြံနီ ၁၅၀၀က်ပ္၊ ေပၚဆန္း ရင့္ ၂၀၀၀ က်ပ္၊ ဧရာဝတီ ေပၚဆန္း ၂၄၀၀ က်ပ္၊ ငစိန္ ၂၄၅၀ က်ပ္၊ ဖ်ာပုံေပၚဆန္း ၂၆၅၀ က်ပ္၊ ေ႐ႊဘိုေပၚ ဆန္း ၂၉၅၀ က်ပ္၊ ေ႐ႊဘိုေပၚဆန္း (ရွယ္) ၃၀၀၀ က်ပ္ ႏႈန္း၊ ရွိေနပါတယ္။ဆီေဈးက တပိႆာကို စားအုန္းဆီ တစ္ပိႆာကို ၂၁၀၀ က်ပ္၊ ေျမပဲဆီအေနနဲ႔ မေကြးဆီ ၃၆၀၀ က်ပ္၊ မေကြးပဲဆီသန႔္ ၄၀၀၀ က်ပ္၊ ေအာင္လံဆီ ၃၅၀၀ က်ပ္၊ ေျမပဲဆုံဆီ ၄၄၀၀ က်ပ္၊ ဆုံဆီ(ရွယ္) ၆၀၀၀ က်ပ္၊ ေျမပဲဆီ(အေရာအေႏွာ) ၃၀၀၀ က်ပ္ေဈး၊ ေျမပဲဆီ(နယ္စုံ) ၃၁၀၀ က်ပ္ရွိခဲ့သည္။

သားငါးေဈးတြင္ အသားေဈးႏႈန္းေတြက ဗမာၾကက္ တစ္ဆယ္သားကို ၁၄၀၀  က်ပ္၊ အသားတိုး ၾကက္ တစ္ဆယ္သားကို ၇၀၀ က်ပ္ ဝက္သားက သုံးထပ္သားကို တစ္ဆယ္သား ၉၀၀ က်ပ္၊ အသားခ်ည္း သီး သန႔္ အေနနဲ႔ ၁၂၀၀ က်ပ္ ၊ အမဲသားကေတာ့ တစ္ဆယ္သား ၁၃၀၀ က်ပ္၊ ဆိတ္သားက တစ္ဆယ္သား ၂၃၀၀ က်ပ္နဲ႔ ငါးျမစ္ခ်င္း အေကာင္ေသး တစ္ဆယ္သား ၃၅၀ က်ပ္၊ အေကာင္ႀကီး ၅၀၀ က်ပ္၊ ငါးၾကင္း အေကာင္ ေသး တစ္ဆယ္သား ၆၅၀ က်ပ္၊ ငါးၾကင္း အေကာင္ႀကီး တစ္ဆယ္သား ၇၀၀ က်ပ္၊ ငါးရံ႕ တစ္ဆယ္သား ၁၂၀၀ က်ပ္၊ ငါးခူ တစ္ဆယ္သား ၁၃၀၀ က်ပ္ေဈးရွိေနခဲ့သည္။

ဒီေဈးနဲ႔ ဒီအေျခအေနႏွင့္ ဇူလိုင္လကုန္ရွိ ျမန္မာႏိုင္ငံ၏ ေငြေၾကး ေဖာင္းပြမႈ ၅ ဒသမ ၅ ရာခိုင္ႏႈန္း ရွိေနခဲ့ခ်ိန္တြင္ ေဒၚလာေဈးက စတက္လာသည္။ အထူးသျဖင့္ အေမရိကန္-တ႐ုတ္ကုန္ သြယ္ေရးစစ္ပြဲ အရွိန္ျမင့္လာတာနဲ႔ အတူေဒၚလာေဈးက ႏိုင္ငံတကာမွာ ျမင္တက္လာခဲ့တဲ့ အတြက္ ျပည္တြင္း ေငြေၾကး မခိုင္မာတဲ့ ျမန္မာက်ပ္ေငြပါ လိုက္လူပ္လာခဲ့သည္။ ၾသဂုတ္ ၁၃ တြင္ ဗဟိုဘဏ္က ေဒၚလာေဈးနဲ႔ ျမန္မာ က်ပ္ေငြရည္ၫႊန္းေငြလဲႏူန္းကို အံအားသင့္ဖြယ္ ပယ္ဖ်က္လိုက္သည္။ ဒီေနာက္မွာေတာ့ မဂိုလမ္း လို႔ ေခၚသည့္ ျမန္မာႏိုင္ငံရဲ႕ တရားမဝင္ေ႐ႊနဲ႔ ေငြေၾကးေဈးကြက္တြင္  ေဈးကစားမႈေတြ ၊ဆြဲတင္မႈေတြ၊ေလပတ္ကား ေတြေၾကာင့္  ေဒၚလာေဈးက စံခ်ိန္တင္အျဖစ္ တစ္ေဒၚလာကို ၁၆၂၀ အထိေရာက္သြားခဲ့သည္။ ဒါဟာ ျမန္မာက်ပ္ ေငြတန္ဘိုး ၂၅ ရာခိုင္ႏူန္း က်ဆင္းခဲ့တဲ့သေဘာပင္ျဖစ္သည္။

ေဒၚလာေဈးတက္လာမႈႏွင့္အတူ ျပည္ပကေန ဘုရားပန္းကအစတင္သြင္းေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခခံ လက္လီကုန္ေဈးႏူန္းမွာလည္း  ေဈးေတြခုန္တက္ခဲ့သည္။ အေျခခံမရွိမျဖစ္ ဆန္ေဈးမွာ တစ္အိတ္ကို က်ပ္ ၂၀၀ ထိတက္ခဲ့ပါတယ္။တစ္ျပည္ေဈးႏူန္းမွာ ဇီယာ ၁၁၀၀ က်ပ္၊ ဧည့္မထ ၁၄၀၀ က်ပ္၊ ဆင္းသြယ္ ၁၅၀၀ က်ပ္၊ ခြံနီ ၁၅၀၀က်ပ္၊ ေပၚဆန္းရင္ ၂၂၀၀ က်ပ္၊ ဧရာဝတီ ေပၚဆန္း ၂၄၀၀ က်ပ္၊ ငစိန္ ၂၄၅၀ က်ပ္၊ ဖ်ာပုံေပၚဆန္း ၂၆၅၀ က်ပ္၊ ေ႐ႊဘိုေပၚဆန္း ၂၉၅၀ က်ပ္၊ ေ႐ႊဘိုေပၚဆန္း (ရွယ္) ၃၀၀၀ က်ပ္ ႏႈန္းျဖစ္လာသလို ဆီေဈးႏႈန္း ေတြအေနနဲ႔ စားအုန္းဆီ တစ္ပိႆာကို ၂၁၀၀ က်ပ္၊ ေျမပဲဆီအေနနဲ႔ မေကြးဆီ ၃၆၀၀ က်ပ္၊ မေကြးပဲဆီသန႔္ ၄၀၀၀ က်ပ္၊ ေအာင္လံဆီ ၃၅၀၀ က်ပ္၊ ေျမပဲဆုံဆီ ၄၄၀၀ က်ပ္နဲ႔ တခ်ိဳ႕ေဈး ေတြတက္လာခဲ့သည္။
သားငါးေဈးေတြလည္းတက္လာသလို  မရွိမျဖစ္ကုန္စည္ျဖစ္လာတဲ့ ေကာ္ဖီမစ္၊စီး ကရက္၊အခ်ိဳရည္ ေတြမွာလည္း သိသိသာသာေဈးတက္ခဲ့သည္။ အထူးသျဖင့္ ေန႔စဥ္မိုးလင္းတာနဲ႔ စားသုံးၾကတဲ့ လဘက္ ရည္ က ၃၀၀ ကေန ၄၀၀၊တခ်ိဳ႕ေနရာေတြမွာ ၅၀၀ ထိျဖစ္ခဲ့သလို အသုတ္၊မုန႔္ဟင္းခါးစတဲ့ အစားအေသာက္ေတြက လည္း ၃၀၀ ကေန ၅၀၀ ထိတိုးသြားခဲ့သည္။

ေဒၚလာေဈးတက္မႈနဲ႔အတူ စက္သုံးဆီေဈးကလည္း အတက္ခ်ည္းျပခဲ့ရာမွာ ျပည္တြင္း သယ္ ယူပို႔ ေဆာင္ေရး စရိတ္စခေတြက ပိုႀကီးျမင့္လာခဲ့သည္။စီးပြားေရးသမားအေတာ္မ်ားမ်ား ေဒၚလာေဈး ထဲဝင္ကစား ရာမွ ေဒၚလာေဈးက ျဖစ္သင့္သည္ထက္  ပိုလာသည့္အခါ အာဏာပိုင္ေတြ ဝင္ထိန္းရသည့္အထိ ျဖစ္လာခဲ့ သည္။သို႔ေသာ္ ေဈးက ဖမ္းတုန္းသာ ခဏ က်သည္။ေနာက္ေတာ့ ျပန္တက္သည္။ေ႐ႊေဈးလည္း ထိုနည္းလည္း ေကာင္း။ဒီေတာ့ ဒီလိုေဈးကစားမႈကေနရလာသည့္ အက်ိဳးအျမတ္ကိုေဒၚလာေဈးကစားသူေတြက နင့္ခနဲ႔ ရရွိၿပီး  အမ်ားျပည္သူကေတာ့ အေထြေထြေဈးႀကီးျမင့္မႈဒဏ္ကို ခံလိုက္ရေတာ့သည္။ ဗဟို စာရင္းအင္းအဖြဲ႕က ထုတ္ျပန္ ေသာ ေငြေၾကးေဖာင္းပြမႈအစီရင္ ခံစာတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကး ေဖာင္းပြမႈက ရွစ္လအတြင္း ၁ ဒသမ ၃၄ ရာခိုင္ႏႈန္းျမင့္တက္ လာသည္။  

စစ္တမ္းမ်ားအရ  ဇန္နဝါရီက လက္ကားေဈးကြက္ တစ္အိတ္လွ်င္  က်ပ္ ၂၁,၀၀၀ ခန႔္ရွိ ခဲ့ေသာ ဧည့္ မထ ဆန္အမ်ိဳးအစား ၅ မွတ္ဆန္သည္ စက္တင္ဘာ တြင္ တစ္အိတ္လွ်င္ က်ပ္၂၄,၅၀၀၊ ၂၅ မွတ္အ မ်ိဳးအစား ဆန္တစ္အိတ္ေဈးႏႈန္းက က်ပ္ ၁၉,၀၀၀ မွ ၂၂,၅၀၀သို႔ ျမင့္တက္လာၿပီး တစ္အိတ္က်ပ္ ၄၆,၀၀၀ ေဈးဖြင့္ခဲ့ ေသာ ေ႐ႊဘိုေပၚဆန္းသည္ စက္တင္ဘာ တြင္ ၆၂,၀၀၀ က်ပ္၊ ဧရာဝတီေပၚ ဆန္း သည္ တစ္အိတ္ လွ်င္  က်ပ္ ၃၃,၀၀၀ မွ  ၅၂,၀၀၀ သို႔ ေဈးျမင့္ တက္လာသည္။
ေဈးေတြက အတက္ေတြခ်ည္းဘဲ ျဖစ္သည္။ ေဒၚလာေဈးကိုႏူန္းရွင္ေမ်ာထားသျဖင့္ ဝိသမေလာဘ သားမ်ားသည့္ ျပည္တြင္းစီးပြားေရးသမားမ်ားေၾကာင့္ တည္ၿငိမ္သည့္ ေငြေၾကး ေဈးကြက္ျဖစ္လာရန္ ေမွ်ာ္ လင့္မႈက အလွမ္းေဝးေနဦးမည္ျဖစ္သည္။သိုေသာ္ လုပ္ခလစာက တည္ၿငိမ္ေနသည္။အေထြေထြ တက္ ေနသည့္ ကုန္ေဈးႏူန္းထဲ စာရင္းဇယားေတြအရ ျမန္မာစီးပြားေရးအေျခအေနက တက္ေနဆဲ့။

ျပည္ပ FDIလည္း ထိုးက်၊အလုပ္လက္မဲ့ကလည္း တရိပ္ရိပ္တိုး၊အခြန္အခကလည္း တရိပ္ရိပ္တိုး၊ စားေသာက္ကုန္ေဈးႏူန္းကလည္း တရိပ္ရိပ္တိုးေနသည့္အခါ ျမန္မာစီးပြားေရးအေျခအေနက စာရင္းဇယား ေတြနဲ႔ ေျပာင္းျပန္  ေျမျပင္မွာ ေတာ္ေတာ္ေလးလုပ္ကိုင္ရခက္ခဲသည့္အေနအထားရွိေနသည္ကို စီမံသူတို႔ သတိထားဖို႔ သင့္ေလၿပီ။

 စိုးသင္း