“ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဘာလိုနေသလဲ”

“ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဘာလိုနေသလဲ”

                                                                                                                   
မကြာမီက အစိုးရအနေနဲ့ နိုင်ငံစီးပွားရေးကို ပြန်တက်လာအောင်လုပ်ရာမှာ  အသေးစားနဲ့ အလတ် စားလုပ်ငန်းတွေကို အထူးအားပေးလာတာကိုတွေ့ရပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ SMEsလုပ်ငန်းတွေကို ထောက်ပံ့ဖို့အများကြီးလုပ်လာတာကိုတွေ့ရပါတယ်။ ပြည်ပချေးငွေ
 ဖြစ်တဲ့ (JICA) ၏ချေးငွေ ဂျပန်ယန်း ၃ ဘီလီယံနှင့်ညီမျှသော ငွေကျပ် ၃၆ ဘီလီယံခန့်ကိုပြည်တွင်းဘဏ်များမှ တစ်ဆင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များထံ ထုတ်ချေးပေးဖို့ လုပ်လာတာတွေကို တွေ့လာရပေမယ့် အစိုးရထင်ထားသလို လုပ်ငန်းရှင်တွေဘက်က လာချေးယူ
တာတွေက ရာခိုင်နူန်းနည်းလွန်းလှပါတယ်။ရာခိုင်နူန်းအားဖြင့် ၈၀ ကျော် လောက် ပိုနေတယ်ဆိုတဲ့ ချေးငွေထုတ်ပြန်ချက်မှာ မြန်မာလုပ်ငန်းရှင်တွေ ဘာကြောင့် ချေးငွေမယူကြသလဲ ဆိုတာ စဉ်းစားစရာပါ။

SMEs လုပ်ငန်းတွေအကြောင်းပြောမယ်ဆိုရင် ဂျပန်ကို ချန်ထားလို့မရပါဘူး။ဂျပန်မှာက SMEs လုပ် ငန်းတွေတွင်ကျယ်ပါတယ်။လုပ်ငန်းကြီးတွေက သူတို့ထုတ်တဲ့ အစိတ်အပိုင်းတစ်ခုခြင်းကို လုပ်ငန်းငယ်လေး တွေကို အပ်ကြပါတယ်။ပြီးမှ အားလုံးပေါင်းပြီး တပ်ဆင်ထုတ်လုပ်ကြတာပါ။
အဲဒီမှာ ကားတွေလိုလုပ်ငန်းတွေ ကနေနာရီလိုပစ္စည်းတွေအထိပါပါတယ်။တစ်ကယ်စဉ်းစားကြည့်ရင်
 SMEs လုပ်ငန်းတွေဟာ အလုပ်သမား အများစုကို အလုပ်ပေးနိုင်တဲ့ လုပ်ငန်းတွေပါ။

တစ်ချိန်က မြန်မာနိုင်ငံမှာလည်း ဒီလိုSMEsလုပ်ငန်းတွေတွင်ကျယ်ခဲ့ပါတယ်။စက်မှုလုပ်ငန်းတွေ မဟုတ်ပါဘူး။ စားသောက်ကုန်တွေ၊ တခြားသော အလုပ်တွေဖြစ်တဲ့ အဝတ်အထည် ထုတ်လုပ်မှုတွေ၊ဆေး လိပ်ခုံ အလုပ် တွေပါ။ အဲဒီခေတ်က ဒီအလုပ်တွေက လူတွေ တော်တော်များကို အလုပ်ပေးနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ငယ်ငယ် နွေရာသီကျောင်းပိတ်ရက်တွေဆို ဒီလိုအလုပ်တွေမှာ ဝင်လုပ်ရတဲ့အထိ အလုပ်သမား လိုအပ်ချက်က ကြီးမားပါတယ်။အဲလိုအလုပ်တွေက အဲဒီအချိန်တုန်းကသာအစိုးရက အားပေးရင် အခုဆိုအတော်လေးကိုတချို့ဟာတွေကကုန်ပစ္စည်းတစ်မျိုးအနေနဲ့ နိုင်ငံတကာမှာ ပေါက်နေလို့ တော်တော် လုပ်စားလို့ ရနေပါပြီ။ဒါပေမယ့် တစ်ပိုင်တစ်နိုင်လို့ခေါ်တဲ့ လုပ်ငန်းငယ်တွေကို အဲဒီခေတ်တုန်းကအစိုးရပိုင်းကအားမပေးတဲ့အပြင် ဒေသအာဏာပိုင်တွေကအမျိုးမျိုးငွေကြေးကောက်ခံမှုတွေရှိလို့ လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရပါတယ်။

    ဒါတွေကို ၁၉၈၀ ခုနှစ်တစ်ဝိုက်ကာလကြီးပြင်းခဲ့တဲ့သူတွေ အသိဆုံးပါ။ အဲဒီကာလမှာ အမျိုးသမီးငယ် တွေက ဘော်လီရုံမှာလုပ်ကြ၊ဇီးယိုထုပ်ကြ၊ဆေးလိပ်လိပ်ကြ၊လူငယ်တွေက တွင်ခုံတွေမှာ ဝပ်ရှော့တွေမှာ လုပ် ကြနဲ့ အသေးစားအိမ်တွင်းစက်မူလက်မှုလုပ်ငန်းတွေ ခေတ်တခေတ်
ဖြစ်ခဲ့ပါတယ်။ယခုခေတ်လုပ်ငန်းကြီး တချို့ က အဲဒီခေတ်ကာလက အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းကနေ ကြီးထွားတိုးတက်လာတဲ့ လုပ်ငန်းတွေပါ။

    ခက်တာက မြန်မာပြည်မှာက တံဆိပ်တစ်ခုပေါက်သွားရင်၊ ကုန်ပစ္စည်းအမျိုးအမည်တစ်ခုပေါက်သွား ရင် အကုန်လုံးလိုက်တုလုပ်ကြတဲ့ အကျင့်ကြောင့် ကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကထွင်ခဲ့တဲ့သူမရှိတော့ရင်တစ်ခါတည်းနည်းပညာပါ ပျောက်ကွယ်သွားပါတယ်။ဒီလိုအဖြစ်တွေရှိတဲ့အတွက် မူပိုင်ခွင့်ဓလေ့ မထွန်းကား သလို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့ အာဏာပိုင်တွေကြောင့်လည်း မြန်မာအသေးစားစက်မူလက်မှုလုပ်ငန်းက တိုးတက်ဖို့က ဖြည့်ဆည်းရမယ့် အပိုင်းတွေ အများကြီးရှိနေခဲ့ပါတယ်။

    တစ်ကယ်တော့ အသေးစားစက်မှုလက်မှုလုပ်ငန်းက မြန်မာနိုင်ငံရဲ့ အဓိက လုပ်ငန်းကြီး ပါ။စစ်တမ်း တစ်ခုအရဆိုရင် မြန်မာပြည်လုပ်ငန်းများရဲ့ ၉၇ ရာခိုင်နူန်းလောက်ထိရှိပါတယ်။တစ်ကယ်တမ်းက SMEs မှာ အဓိက ဖြစ်နေတဲ့ ပြဿနာက ၄ ခုလောက်ရှိပါတယ်။ အဲဒါက အရင်းအနှီး
မရှိတာ (financial)၊ဈေးကွက်မရှိ တာ (Market)၊ နည်းပညာ အားနည်းတာ (Tech)၊ စီမံခန့်ခွဲမှု (Manage) တို့ ပါ။

    အသေးစားစက်မှုလုပ်ငန်းနဲ့ပက်သက်ရင် ချောင်းဆုံဘီလူးကျွန်းက စက်မှုတော်တော်နိုင်ပါတယ်။ ဟို ဘက်ကမ်း(ယိုးဒယား)နဲ့  ကူးလူးဆက်သွယ်မှုလည်း ရှိတာလည်းပါပါတယ်။တစ်ခါက သစ်သားနဲ့ ကနုတ်ထွင်း ဖော်ထားတဲ့ ဆိုင်ကယ်ကို ဖေ့စ်ဘွတ်မှာတင်တာတွေ့ရပါတယ်။
ချောင်းဆုံဘက်က လက်ရာဖြစ်ဖို့များ ပါတယ်။ ဘီလူးကျွန်းက ရွာလွတ်ဆေးတံက နာမည်ကျော်ပါဘဲ။ဒါက အောင်မြင်တဲ့ ပြည်တွင်း SMEs လုပ်ငန်း တစ်ခု ပါဘဲ။ဒီလုပ်ငန်းတွေက ကျွန်တော်တို့မမွေးခင်ကတည်းက ထွန်းကားခဲ့တာ မှန်ပေမယ့် ယခုချိန်မှာ ဒီလုပ်ငန်း တွေက ဒီထက်ပိုပြီး ထွန်းကားသင့်တဲ့ လုပ်ငန်းပါ။ဘာတွေ လိုနေသလဲ စဉ်းစားကြည့်ပါ။

    အတော်အသင့်တတ်နိုင်သူတွေ ဘန်ကောက်ကို အလည်ဖြစ်ဖြစ် သွားမယ်ဆိုရင် လေဆိပ်မှာ တွေ့နိုင် တာက OTOP ဆိုင်တွေ။OTOP ဆိုတာ ( 'One Tambon, One Product) ဆိုတဲ့ တစ်ရွာတစ်မယ်ထုတ်ကုန်နဲ့ လေဆိပ်မှာ ရောင်းချခွင့်ပြုထားတာပါ။အနည်းစပ်ဆုံးမြင်အောင်ပြောရရင် ကျိုက်ထီးရိုးပြန်လက်ဆောင် ဆိုင် တွေ လိုပါဘဲ။ဒီဆိုင်တွေက ဈေးနူန်းကဝယ်ပျော်သလို အရည်အသွေးလည်းရှိတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွား တွေ လေဆိပ်ရောက်ရင် တရုန်းရုန်းဖြစ်တဲ့နေရာတွေပါ။ဒါက အစိုးရပိုင်းက အကွတ်မြင်ပြီး လုပ်ပေးတဲ့ အတွက် ရွာတွေ အလိုက်ဝင်ငွေပုံမှန်ရှိသလို ဒီကနေ တစ်ဆင့် လုပ်ငန်းကြီးတွေ ဖြစ်လာတာတွေလည်း ရှိ တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံမှာ ဒီလိုအသေးစားလုပ်ငန်းတွေအတွက် ဈေးကွက်ရှာပေးတာမျိုးကို ဘယ်သူတွေက တာ ဝန်ယူလုပ်ပေးကြပါသလဲ။ အများစုစိတ်ထဲရှိတာ “ ကိုယ်ရမှာ ကိုယ်ဘာသာလုပ်ပေါ့  ” ဆိုတဲ့ သေးသိမ်တဲ့ စိတ် ထားတွေပါဘဲ။ဒါကြောင့်လည်း ပြည်တွင်းကို အိမ်နီးချင်းနိုင်ငံတွေက တစ်ပိုင်တစ်နိုင်ထုတ်တဲ့ လူသုံးကုန်ပစ္စည်း တွေ အတားအဆီးမဲ့ ဝင်လာရတာပေါ့။ဒီလိုပစ္စည်းတွေထဲမှ တချို့ပစ္စည်းတွေက ကိုယ်နိုင်ငံကထွက်တဲ့ ကုန် ကြမ်းကိုသုံးပြီး ကိုယ်နိုင်ငံထဲကို ကုန်ချောအဖြစ်ပြန်ဝင်လာတဲ့ ပစ္စည်းတွေလည်း များပါတယ်။ စဉ်းစားကြည့်ရင် ဘယ်လောက်ထိ စီမံခန့်ခွဲမှု ညံခဲ့သလဲ ဆိုတာ သိသာလွန်းပါတယ်။

    အခု အသေးစားစက်မှုလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးဖို့ အစိုးရက စီစဉ်ပါတယ်။ဒီမှာ ၂ဝ၁၅ ခုနှစ် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမှာ ပါရှိတဲ့ သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ ကုန်ထုတ် လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေး လုပ်ငန်း၊ လက်ကားရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် တခြားလုပ်ငန်းတွေကို ချေးမယ်လို့ ဆိုပါတယ်။

    SMEs လုပ်ငန်းတစ်ခုကို အများဆုံး ငွေကျပ် သန်း ၅ဝဝ ချေးပေးမည်လို့ သတ်မှတ်ထားပြီးချေးငွေ အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိဖြစ်ကာ ဘဏ်တွေ ကနေတစ်ဆင့် ချေးမယ်ဆိုပါတယ်။

တစ်ခုစဉ်းစားကြည့်ရအောင်။လုပ်ငန်းတွေထဲမှာ ငွေလိုတဲ့ လုပ်ငန်းတွေ လက်ရှိငွေရှာတဲ့ပုံစံက နီးစပ်သိကျွမ်းရာမှာ ငွေချေးငှားပြီး လုပ်ကြတာပါ။ပြီးတော့ ငွေလိုတယ်ဆို ချက်ချင်းလို တာ ဖြစ်တဲ့အတွက် အဆင့်ဆင့်တင်ရတာတွေ၊စာရွက်စာတမ်းနဲ့ ရုံးပြင်ကန္ဒားကိစ္စတွေကို မလုပ်ချင်တဲ့ သူတွေက များပါတယ်။အရင်တုန်းက ဘဏ်တွေက လုပ်ငန်းပိုင်ဆိုင်မှုကို ပြပြီး အပေါင်သဘောမျိုးနဲ့ အတိုး ၁၃ ရာခိုင်နူန်းပေးရတာပါ။

    အခုက အစိုးရကJICAရဲ့ ODCချေးငွေကနေ ထုတ်ချေးတဲ့ SMES လုပ်ငန်းတွေက ကာလလတ်ဖြစ်လို့ အတိုး နူန်းက ၉ ရာခိုင်နှုန်းဖြစ်လို့ ဘဏ်ကချေးငွေထက် ၄  ရာခိုင်နူန်းနည်းပါတယ်။ဒါပေမယ့် ချေးတဲ့သူနည်း တဲ့ အတွက် အသေးစားလုပ်ငန်းရှင်တွေ မှာ ဘာအခက်အခဲရှိနေ
သလဲ ဆိုတာ ပြန်တွက်ကြည့်ဖို့ လိုနေပါ တယ်။ အထူးသဖြင့် ချေးယူပြီး ကုန်ချောအတွက် ဈေးကွက်ကျယ်ပြန့်စွာမရှိတာနဲ့ ခေတ်အခြေအနေအရ စွန့် စားဖို့ မဝံတာတွေလားလို့ တွက် ဆစရာပါ။ပထမဆုံး ချေးငွေတင်တဲ့အခါ လုပ်ငန်းစဉ်တွေထဲ တစ်ခုတွေ့တာက လုပ်ငန်းရှင်အရည်
အချင်းထဲ စကားပြောဆိုပုံ၊ပြောဆိုနည်းဆိုတာကို ထည့်ထားတာတွေ့ရပါတယ်။ ဒါဟာစဉ်းစားကြည့်ရင် တမျိုးကြီးပါ။နောက်တစ်ခုက ချေးငွေရဲ့ တစ်ဝက်ကို လုပ်ငန်းလည်ပတ်ဖို့ သုံးခိုင်းပြီး တစ်ဝက်ကို ပုံသေရင်းနှီးငွေထဲ ထည့်ဖို့ သတ်မှတ်ထားတာတွေ့ရပါတယ်။ဒါပေမယ့် လုပ်ငန်းလိုအပ်ချက်အရ ဘဏ်ဘက် ကနေ ပြင်ဆင်သတ်မှတ်ပေးလို့ရတယ်လို့ ပါပါတယ်။

    ဥပဒေဆွဲစဉ်က ဘယ်လိုစဉ်းစားချက်တွေ ရှိသလဲဆိုတာ မသိပေမယ့် ငွေချေးတဲ့သူဘက်ကနေ စဉ်း စားမယ်ဆိုရင် ပြန်ပေးရမယ်ငွေဖြစ်တဲ့ အတွက် ချေးငွေအပေါ် စိတ်ကြိုက် စီမံခန့်ခွဲချင်ကြမှာပါ။ဆိုလိုတာက ချေးတဲ့ငွေက လုပ်ငန်းထဲ ထည့်ဖို့ ဖြစ်ရင် ဖြစ်မယ်။ဒါမှမဟုတ် လုပ်ငန်း
တိုးချဲ့ဖို့ အတွက် လည်းဖြစ် ရင်ဖြစ်ပါ မယ်။ ဒါပေမယ့် ဟိုတစ်ဝက် ဒီတစ်ဝက်ဆိုတာက ချေးမယ်သူကို တွန့်စေတဲ့ အချက်တစ်ခုလို့ လည်းထင်ပါတယ်။

    နောက်တစ်ချက်က ပြန်ဆပ်ရတဲ့ ပုံစံပါ။ချေးငွေရပြီး သုံးလတစ်ကြိမ် အတိုးကို ပုံမှန်ပြန်ဆပ်ရမှာ ဖြစ်သလို ၃ နှစ်ချေးငွေဆိုရင်  တစ်နှစ်ဆိုင်းငံနဲ့ ကျန်တဲ့ နှစ်နှစ်အတွင်း ၄ ကြိမ်အကြေဆပ်၊၄ နှစ်ဆိုရင် တစ်နှစ်ခွဲဆိုင်းငံနဲ့ ကျန်တဲ့ နှစ်နှစ်ခွဲအတွင်း ၅ ကြိမ်အကြေဆပ် ၊ ၅ နှစ်ဆိုရင်နှစ်နှစ်
ဆိုင်းငံနဲ့ ကျန်တဲ့ သုံးနှစ်အတွင်း ၆ ကြိမ်အကြေဆပ်ဆိုတဲ့ သတ်မှတ်ချက်ကိုတွေ့ရပါတယ်။အသေးစားလုပ်ငန်းတွေက လည်ပတ်ငွေထဲဝင်နေတဲ့ ငွေကို ဒီလောက်လွယ် လွယ် ပြန်ထုတ်ဖို့ လွယ်ပါ့မလား ဆိုတာ စဉ်းစားကြည့် စရာပါ။နောက်တစ်ချက်က ငွေကို ပြန်ဆပ်ဖို့ ကာလက အရမ်းကိုစောနေတာ တိုးချဲ့တဲ့လုပ်ငန်းတွေ အခက်တွေ့စေမယ့် သဘောပါ။

    ရင်းနှီးတဲ့ တွင်ခုံလုပ်ငန်းရှင်တစ်ဦးကို ချေးငွေကိစ္စနဲ့ ပက်သက်ပြီးမေးတော့ ချေးငွေကို စိတ်ဝင်စား တာနည်းပါတယ်။ လုပ်ငန်းထဲကနေ အခြေမကိတကျမလည်သေးခင် ပြန်ထုတ်ရတာကို ခက်စေသလိုအတိုးပေးထားပြီးဆက်ယူထားလို့မရတဲ့အတွက်လုပ်ငန်းကို ပြန်ထိစေပါတယ်။ကာလလတ်ဆိုတဲ့ ၅ နှစ်က ကုန် ရောင်းကုန်ဝယ်တွေ အတွက် ၊ကုန်သည်တွေအတွက် အချိန်အများကြီး လုပ်စားလို့ ရတဲ့ကာလပါ။ ထုတ်ကုန် လုပ်ငန်း တွေမှာတော့ ၅ နှစ်ဆိုတာ ဖင်လှည့်ခေါင်းလှည့် နဲ့ ခဏလေးပါဘဲ။တစ်ကယ်လုပ်ငန်း လုပ်သူတွေက ၁၀ နှစ်လောက်ရှိတဲ့ ချေးငွေမျိုးကို ပိုလိုချင်ကြပါ
တယ်။ ဘာကြောင့်ဆို  ချေးငွေယူပြီးမှ ပြန်ဆပ်ငွေနဲ့ အတိုးကြောင့် လုပ်ငန်းအခက်တွေ့မှာကို စိုးရိမ်ကြတာကြောင့်ပါ။

    နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆို စက်မှုအခြေခံလုပ်ငန်းလေးတွေ အားကောင်းဖို့လိုသလို လိုအပ်တဲ့ ဖြေ လျော့မှုတွေ လိုပါတယ်။လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်မျိုး၊ လက်တွေ့လုပ်ကိုင်ရတာ လွယ်ကူမယ့် ပြဋ္ဌာန်း ချက် မျိုး လိုပါတယ်။ ချေးငွေတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။အသေးစားစက်မှုလုပ်ငန်းတွေ အားကောင်းလာဖို့လား၊ ထုတ်ချေးလိုက်တဲ့ငွေ မဆုံးရှုံးစေဖို့ အဓိကလား ဆိုတာ  ပြန်ကြည့်ပေးဖို့လည်း လိုနေပြီ ဖြစ်ပါတယ်။

စိုးသင်း

 

(  Zawgyi  )

 

မၾကာမီက အစိုးရအေနနဲ႔ ႏိုင္ငံစီးပြားေရးကို ျပန္တက္လာေအာင္လုပ္ရာမွာ  အေသးစားနဲ႔ အလတ္ စားလုပ္ငန္းေတြကို အထူးအားေပးလာတာကိုေတြ႕ရပါတယ္။ အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြ SMEsလုပ္ငန္းေတြကို ေထာက္ပံ့ဖို႔အမ်ားႀကီးလုပ္လာတာကိုေတြ႕ရပါတယ္။ ျပည္ပေခ်းေငြ
 ျဖစ္တဲ့ (JICA) ၏ေခ်းေငြ ဂ်ပန္ယန္း ၃ ဘီလီယံႏွင့္ညီမွ်ေသာ ေငြက်ပ္ ၃၆ ဘီလီယံခန႔္ကိုျပည္တြင္းဘဏ္မ်ားမွ တစ္ဆင့္ အေသးစားႏွင့္ အလတ္စား လုပ္ငန္းရွင္မ်ားထံ ထုတ္ေခ်းေပးဖို႔ လုပ္လာတာေတြကို ေတြ႕လာရေပမယ့္ အစိုးရထင္ထားသလို လုပ္ငန္းရွင္ေတြဘက္က လာေခ်းယူ
တာေတြက ရာခိုင္ႏူန္းနည္းလြန္းလွပါတယ္။ရာခိုင္ႏူန္းအားျဖင့္ ၈၀ ေက်ာ္ ေလာက္ ပိုေနတယ္ဆိုတဲ့ ေခ်းေငြထုတ္ျပန္ခ်က္မွာ ျမန္မာလုပ္ငန္းရွင္ေတြ ဘာေၾကာင့္ ေခ်းေငြမယူၾကသလဲ ဆိုတာ စဥ္းစားစရာပါ။

SMEs လုပ္ငန္းေတြအေၾကာင္းေျပာမယ္ဆိုရင္ ဂ်ပန္ကို ခ်န္ထားလို႔မရပါဘူး။ဂ်ပန္မွာက SMEs လုပ္ ငန္းေတြတြင္က်ယ္ပါတယ္။လုပ္ငန္းႀကီးေတြက သူတို႔ထုတ္တဲ့ အစိတ္အပိုင္းတစ္ခုျခင္းကို လုပ္ငန္းငယ္ေလး ေတြကို အပ္ၾကပါတယ္။ၿပီးမွ အားလုံးေပါင္းၿပီး တပ္ဆင္ထုတ္လုပ္ၾကတာပါ။
အဲဒီမွာ ကားေတြလိုလုပ္ငန္းေတြ ကေနနာရီလိုပစၥည္းေတြအထိပါပါတယ္။တစ္ကယ္စဥ္းစားၾကည့္ရင္
 SMEs လုပ္ငန္းေတြဟာ အလုပ္သမား အမ်ားစုကို အလုပ္ေပးႏိုင္တဲ့ လုပ္ငန္းေတြပါ။

တစ္ခ်ိန္က ျမန္မာႏိုင္ငံမွာလည္း ဒီလိုSMEsလုပ္ငန္းေတြတြင္က်ယ္ခဲ့ပါတယ္။စက္မႈလုပ္ငန္းေတြ မဟုတ္ပါဘူး။ စားေသာက္ကုန္ေတြ၊ တျခားေသာ အလုပ္ေတြျဖစ္တဲ့ အဝတ္အထည္ ထုတ္လုပ္မႈေတြ၊ေဆး လိပ္ခုံ အလုပ္ ေတြပါ။ အဲဒီေခတ္က ဒီအလုပ္ေတြက လူေတြ ေတာ္ေတာ္မ်ားကို အလုပ္ေပးႏိုင္ခဲ့တဲ့ အတြက္ ကြၽန္ေတာ္တို႔ ငယ္ငယ္ ေႏြရာသီေက်ာင္းပိတ္ရက္ေတြဆို ဒီလိုအလုပ္ေတြမွာ ဝင္လုပ္ရတဲ့အထိ အလုပ္သမား လိုအပ္ခ်က္က ႀကီးမားပါတယ္။အဲလိုအလုပ္ေတြက အဲဒီအခ်ိန္တုန္းကသာအစိုးရက အားေပးရင္ အခုဆိုအေတာ္ေလးကိုတခ်ိဳ႕ဟာေတြကကုန္ပစၥည္းတစ္မ်ိဳးအေနနဲ႔ ႏိုင္ငံတကာမွာ ေပါက္ေနလို႔ ေတာ္ေတာ္ လုပ္စားလို႔ ရေနပါၿပီ။ဒါေပမယ့္ တစ္ပိုင္တစ္ႏိုင္လို႔ေခၚတဲ့ လုပ္ငန္းငယ္ေတြကို အဲဒီေခတ္တုန္းကအစိုးရပိုင္းကအားမေပးတဲ့အျပင္ ေဒသအာဏာပိုင္ေတြကအမ်ိဳးမ်ိဳးေငြေၾကးေကာက္ခံမႈေတြရွိလို႔ လုပ္ငန္းေတြရပ္ဆိုင္းခဲ့ရပါတယ္။

    ဒါေတြကို ၁၉၈၀ ခုႏွစ္တစ္ဝိုက္ကာလႀကီးျပင္းခဲ့တဲ့သူေတြ အသိဆုံးပါ။ အဲဒီကာလမွာ အမ်ိဳးသမီးငယ္ ေတြက ေဘာ္လီ႐ုံမွာလုပ္ၾက၊ဇီးယိုထုပ္ၾက၊ေဆးလိပ္လိပ္ၾက၊လူငယ္ေတြက တြင္ခုံေတြမွာ ဝပ္ေရွာ့ေတြမွာ လုပ္ ၾကနဲ႔ အေသးစားအိမ္တြင္းစက္မူလက္မႈလုပ္ငန္းေတြ ေခတ္တေခတ္
ျဖစ္ခဲ့ပါတယ္။ယခုေခတ္လုပ္ငန္းႀကီး တခ်ိဳ႕ က အဲဒီေခတ္ကာလက အေသးစားအိမ္တြင္းစက္မႈလုပ္ငန္းကေန ႀကီးထြားတိုးတက္လာတဲ့ လုပ္ငန္းေတြပါ။

    ခက္တာက ျမန္မာျပည္မွာက တံဆိပ္တစ္ခုေပါက္သြားရင္၊ ကုန္ပစၥည္းအမ်ိဳးအမည္တစ္ခုေပါက္သြား ရင္ အကုန္လုံးလိုက္တုလုပ္ၾကတဲ့ အက်င့္ေၾကာင့္ ေကာင္းမြန္တဲ့ ကုန္ပစၥည္းေတြကထြင္ခဲ့တဲ့သူမရွိေတာ့ရင္တစ္ခါတည္းနည္းပညာပါ ေပ်ာက္ကြယ္သြားပါတယ္။ဒီလိုအျဖစ္ေတြရွိတဲ့အတြက္ မူပိုင္ခြင့္ဓေလ့ မထြန္းကား သလို ကာကြယ္ေပးဖို႔ ပ်က္ကြက္တဲ့ အာဏာပိုင္ေတြေၾကာင့္လည္း ျမန္မာအေသးစားစက္မူလက္မႈလုပ္ငန္းက တိုးတက္ဖို႔က ျဖည့္ဆည္းရမယ့္ အပိုင္းေတြ အမ်ားႀကီးရွိေနခဲ့ပါတယ္။

    တစ္ကယ္ေတာ့ အေသးစားစက္မႈလက္မႈလုပ္ငန္းက ျမန္မာႏိုင္ငံရဲ႕ အဓိက လုပ္ငန္းႀကီး ပါ။စစ္တမ္း တစ္ခုအရဆိုရင္ ျမန္မာျပည္လုပ္ငန္းမ်ားရဲ႕ ၉၇ ရာခိုင္ႏူန္းေလာက္ထိရွိပါတယ္။တစ္ကယ္တမ္းက SMEs မွာ အဓိက ျဖစ္ေနတဲ့ ျပႆနာက ၄ ခုေလာက္ရွိပါတယ္။ အဲဒါက အရင္းအႏွီး
မရွိတာ (financial)၊ေဈးကြက္မရွိ တာ (Market)၊ နည္းပညာ အားနည္းတာ (Tech)၊ စီမံခန႔္ခြဲမႈ (Manage) တို႔ ပါ။

    အေသးစားစက္မႈလုပ္ငန္းနဲ႔ပက္သက္ရင္ ေခ်ာင္းဆုံဘီလူးကြၽန္းက စက္မႈေတာ္ေတာ္ႏိုင္ပါတယ္။ ဟို ဘက္ကမ္း(ယိုးဒယား)နဲ႔  ကူးလူးဆက္သြယ္မႈလည္း ရွိတာလည္းပါပါတယ္။တစ္ခါက သစ္သားနဲ႔ ကႏုတ္ထြင္း ေဖာ္ထားတဲ့ ဆိုင္ကယ္ကို ေဖ့စ္ဘြတ္မွာတင္တာေတြ႕ရပါတယ္။
ေခ်ာင္းဆုံဘက္က လက္ရာျဖစ္ဖို႔မ်ား ပါတယ္။ ဘီလူးကြၽန္းက ႐ြာလြတ္ေဆးတံက နာမည္ေက်ာ္ပါဘဲ။ဒါက ေအာင္ျမင္တဲ့ ျပည္တြင္း SMEs လုပ္ငန္း တစ္ခု ပါဘဲ။ဒီလုပ္ငန္းေတြက ကြၽန္ေတာ္တို႔မေမြးခင္ကတည္းက ထြန္းကားခဲ့တာ မွန္ေပမယ့္ ယခုခ်ိန္မွာ ဒီလုပ္ငန္း ေတြက ဒီထက္ပိုၿပီး ထြန္းကားသင့္တဲ့ လုပ္ငန္းပါ။ဘာေတြ လိုေနသလဲ စဥ္းစားၾကည့္ပါ။

    အေတာ္အသင့္တတ္ႏိုင္သူေတြ ဘန္ေကာက္ကို အလည္ျဖစ္ျဖစ္ သြားမယ္ဆိုရင္ ေလဆိပ္မွာ ေတြ႕ႏိုင္ တာက OTOP ဆိုင္ေတြ။OTOP ဆိုတာ ( 'One Tambon, One Product) ဆိုတဲ့ တစ္႐ြာတစ္မယ္ထုတ္ကုန္နဲ႔ ေလဆိပ္မွာ ေရာင္းခ်ခြင့္ျပဳထားတာပါ။အနည္းစပ္ဆုံးျမင္ေအာင္ေျပာရရင္ က်ိဳက္ထီး႐ိုးျပန္လက္ေဆာင္ ဆိုင္ ေတြ လိုပါဘဲ။ဒီဆိုင္ေတြက ေဈးႏူန္းကဝယ္ေပ်ာ္သလို အရည္အေသြးလည္းရွိတဲ့ အတြက္ ကမာၻလွည့္ခရီးသြား ေတြ ေလဆိပ္ေရာက္ရင္ တ႐ုန္း႐ုန္းျဖစ္တဲ့ေနရာေတြပါ။ဒါက အစိုးရပိုင္းက အကြတ္ျမင္ၿပီး လုပ္ေပးတဲ့ အတြက္ ႐ြာေတြ အလိုက္ဝင္ေငြပုံမွန္ရွိသလို ဒီကေန တစ္ဆင့္ လုပ္ငန္းႀကီးေတြ ျဖစ္လာတာေတြလည္း ရွိ တယ္လို႔ သိရပါတယ္။

    ျမန္မာႏိုင္ငံမွာ ဒီလိုအေသးစားလုပ္ငန္းေတြအတြက္ ေဈးကြက္ရွာေပးတာမ်ိဳးကို ဘယ္သူေတြက တာ ဝန္ယူလုပ္ေပးၾကပါသလဲ။ အမ်ားစုစိတ္ထဲရွိတာ “ ကိုယ္ရမွာ ကိုယ္ဘာသာလုပ္ေပါ့  ” ဆိုတဲ့ ေသးသိမ္တဲ့ စိတ္ ထားေတြပါဘဲ။ဒါေၾကာင့္လည္း ျပည္တြင္းကို အိမ္နီးခ်င္းႏိုင္ငံေတြက တစ္ပိုင္တစ္ႏိုင္ထုတ္တဲ့ လူသုံးကုန္ပစၥည္း ေတြ အတားအဆီးမဲ့ ဝင္လာရတာေပါ့။ဒီလိုပစၥည္းေတြထဲမွ တခ်ိဳ႕ပစၥည္းေတြက ကိုယ္ႏိုင္ငံကထြက္တဲ့ ကုန္ ၾကမ္းကိုသုံးၿပီး ကိုယ္ႏိုင္ငံထဲကို ကုန္ေခ်ာအျဖစ္ျပန္ဝင္လာတဲ့ ပစၥည္းေတြလည္း မ်ားပါတယ္။ စဥ္းစားၾကည့္ရင္ ဘယ္ေလာက္ထိ စီမံခန႔္ခြဲမႈ ညံခဲ့သလဲ ဆိုတာ သိသာလြန္းပါတယ္။

    အခု အေသးစားစက္မႈလုပ္ငန္းရွင္ေတြကို ေခ်းေငြထုတ္ေပးဖို႔ အစိုးရက စီစဥ္ပါတယ္။ဒီမွာ ၂ဝ၁၅ ခုႏွစ္ SMEs လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဥပေဒမွာ ပါရွိတဲ့ သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီတဲ့ ကုန္ထုတ္ လုပ္မႈလုပ္ငန္း၊ လုပ္သားအေျချပဳလုပ္ငန္း၊ လက္လီေရာင္းဝယ္ေရး လုပ္ငန္း၊ လက္ကားေရာင္းဝယ္ေရး လုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္းႏွင့္ တျခားလုပ္ငန္းေတြကို ေခ်းမယ္လို႔ ဆိုပါတယ္။

    SMEs လုပ္ငန္းတစ္ခုကို အမ်ားဆုံး ေငြက်ပ္ သန္း ၅ဝဝ ေခ်းေပးမည္လို႔ သတ္မွတ္ထားၿပီးေခ်းေငြ အတိုးႏႈန္းကို တစ္ႏွစ္လွ်င္ ၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ ေခ်းေငြသက္တမ္းမွာ သုံးႏွစ္မွ ငါးႏွစ္အထိျဖစ္ကာ ဘဏ္ေတြ ကေနတစ္ဆင့္ ေခ်းမယ္ဆိုပါတယ္။

တစ္ခုစဥ္းစားၾကည့္ရေအာင္။လုပ္ငန္းေတြထဲမွာ ေငြလိုတဲ့ လုပ္ငန္းေတြ လက္ရွိေငြရွာတဲ့ပုံစံက နီးစပ္သိကြၽမ္းရာမွာ ေငြေခ်းငွားၿပီး လုပ္ၾကတာပါ။ၿပီးေတာ့ ေငြလိုတယ္ဆို ခ်က္ခ်င္းလို တာ ျဖစ္တဲ့အတြက္ အဆင့္ဆင့္တင္ရတာေတြ၊စာ႐ြက္စာတမ္းနဲ႔ ႐ုံးျပင္ကႏၵားကိစၥေတြကို မလုပ္ခ်င္တဲ့ သူေတြက မ်ားပါတယ္။အရင္တုန္းက ဘဏ္ေတြက လုပ္ငန္းပိုင္ဆိုင္မႈကို ျပၿပီး အေပါင္သေဘာမ်ိဳးနဲ႔ အတိုး ၁၃ ရာခိုင္ႏူန္းေပးရတာပါ။

    အခုက အစိုးရကJICAရဲ႕ ODCေခ်းေငြကေန ထုတ္ေခ်းတဲ့ SMES လုပ္ငန္းေတြက ကာလလတ္ျဖစ္လို႔ အတိုး ႏူန္းက ၉ ရာခိုင္ႏႈန္းျဖစ္လို႔ ဘဏ္ကေခ်းေငြထက္ ၄  ရာခိုင္ႏူန္းနည္းပါတယ္။ဒါေပမယ့္ ေခ်းတဲ့သူနည္း တဲ့ အတြက္ အေသးစားလုပ္ငန္းရွင္ေတြ မွာ ဘာအခက္အခဲရွိေန
သလဲ ဆိုတာ ျပန္တြက္ၾကည့္ဖို႔ လိုေနပါ တယ္။ အထူးသျဖင့္ ေခ်းယူၿပီး ကုန္ေခ်ာအတြက္ ေဈးကြက္က်ယ္ျပန႔္စြာမရွိတာနဲ႔ ေခတ္အေျခအေနအရ စြန႔္ စားဖို႔ မဝံတာေတြလားလို႔ တြက္ ဆစရာပါ။ပထမဆုံး ေခ်းေငြတင္တဲ့အခါ လုပ္ငန္းစဥ္ေတြထဲ တစ္ခုေတြ႕တာက လုပ္ငန္းရွင္အရည္
အခ်င္းထဲ စကားေျပာဆိုပုံ၊ေျပာဆိုနည္းဆိုတာကို ထည့္ထားတာေတြ႕ရပါတယ္။ ဒါဟာစဥ္းစားၾကည့္ရင္ တမ်ိဳးႀကီးပါ။ေနာက္တစ္ခုက ေခ်းေငြရဲ႕ တစ္ဝက္ကို လုပ္ငန္းလည္ပတ္ဖို႔ သုံးခိုင္းၿပီး တစ္ဝက္ကို ပုံေသရင္းႏွီးေငြထဲ ထည့္ဖို႔ သတ္မွတ္ထားတာေတြ႕ရပါတယ္။ဒါေပမယ့္ လုပ္ငန္းလိုအပ္ခ်က္အရ ဘဏ္ဘက္ ကေန ျပင္ဆင္သတ္မွတ္ေပးလို႔ရတယ္လို႔ ပါပါတယ္။

    ဥပေဒဆြဲစဥ္က ဘယ္လိုစဥ္းစားခ်က္ေတြ ရွိသလဲဆိုတာ မသိေပမယ့္ ေငြေခ်းတဲ့သူဘက္ကေန စဥ္း စားမယ္ဆိုရင္ ျပန္ေပးရမယ္ေငြျဖစ္တဲ့ အတြက္ ေခ်းေငြအေပၚ စိတ္ႀကိဳက္ စီမံခန႔္ခြဲခ်င္ၾကမွာပါ။ဆိုလိုတာက ေခ်းတဲ့ေငြက လုပ္ငန္းထဲ ထည့္ဖို႔ ျဖစ္ရင္ ျဖစ္မယ္။ဒါမွမဟုတ္ လုပ္ငန္း
တိုးခ်ဲ႕ဖို႔ အတြက္ လည္းျဖစ္ ရင္ျဖစ္ပါ မယ္။ ဒါေပမယ့္ ဟိုတစ္ဝက္ ဒီတစ္ဝက္ဆိုတာက ေခ်းမယ္သူကို တြန႔္ေစတဲ့ အခ်က္တစ္ခုလို႔ လည္းထင္ပါတယ္။

    ေနာက္တစ္ခ်က္က ျပန္ဆပ္ရတဲ့ ပုံစံပါ။ေခ်းေငြရၿပီး သုံးလတစ္ႀကိမ္ အတိုးကို ပုံမွန္ျပန္ဆပ္ရမွာ ျဖစ္သလို ၃ ႏွစ္ေခ်းေငြဆိုရင္  တစ္ႏွစ္ဆိုင္းငံနဲ႔ က်န္တဲ့ ႏွစ္ႏွစ္အတြင္း ၄ ႀကိမ္အေၾကဆပ္၊၄ ႏွစ္ဆိုရင္ တစ္ႏွစ္ခြဲဆိုင္းငံနဲ႔ က်န္တဲ့ ႏွစ္ႏွစ္ခြဲအတြင္း ၅ ႀကိမ္အေၾကဆပ္ ၊ ၅ ႏွစ္ဆိုရင္ႏွစ္ႏွစ္
ဆိုင္းငံနဲ႔ က်န္တဲ့ သုံးႏွစ္အတြင္း ၆ ႀကိမ္အေၾကဆပ္ဆိုတဲ့ သတ္မွတ္ခ်က္ကိုေတြ႕ရပါတယ္။အေသးစားလုပ္ငန္းေတြက လည္ပတ္ေငြထဲဝင္ေနတဲ့ ေငြကို ဒီေလာက္လြယ္ လြယ္ ျပန္ထုတ္ဖို႔ လြယ္ပါ့မလား ဆိုတာ စဥ္းစားၾကည့္ စရာပါ။ေနာက္တစ္ခ်က္က ေငြကို ျပန္ဆပ္ဖို႔ ကာလက အရမ္းကိုေစာေနတာ တိုးခ်ဲ႕တဲ့လုပ္ငန္းေတြ အခက္ေတြ႕ေစမယ့္ သေဘာပါ။

    ရင္းႏွီးတဲ့ တြင္ခုံလုပ္ငန္းရွင္တစ္ဦးကို ေခ်းေငြကိစၥနဲ႔ ပက္သက္ၿပီးေမးေတာ့ ေခ်းေငြကို စိတ္ဝင္စား တာနည္းပါတယ္။ လုပ္ငန္းထဲကေန အေျခမကိတက်မလည္ေသးခင္ ျပန္ထုတ္ရတာကို ခက္ေစသလိုအတိုးေပးထားၿပီးဆက္ယူထားလို႔မရတဲ့အတြက္လုပ္ငန္းကို ျပန္ထိေစပါတယ္။ကာလလတ္ဆိုတဲ့ ၅ ႏွစ္က ကုန္ ေရာင္းကုန္ဝယ္ေတြ အတြက္ ၊ကုန္သည္ေတြအတြက္ အခ်ိန္အမ်ားႀကီး လုပ္စားလို႔ ရတဲ့ကာလပါ။ ထုတ္ကုန္ လုပ္ငန္း ေတြမွာေတာ့ ၅ ႏွစ္ဆိုတာ ဖင္လွည့္ေခါင္းလွည့္ နဲ႔ ခဏေလးပါဘဲ။တစ္ကယ္လုပ္ငန္း လုပ္သူေတြက ၁၀ ႏွစ္ေလာက္ရွိတဲ့ ေခ်းေငြမ်ိဳးကို ပိုလိုခ်င္ၾကပါ
တယ္။ ဘာေၾကာင့္ဆို  ေခ်းေငြယူၿပီးမွ ျပန္ဆပ္ေငြနဲ႔ အတိုးေၾကာင့္ လုပ္ငန္းအခက္ေတြ႕မွာကို စိုးရိမ္ၾကတာေၾကာင့္ပါ။

    ႏိုင္ငံတစ္ႏိုင္ငံ တိုးတက္ဖို႔ဆို စက္မႈအေျခခံလုပ္ငန္းေလးေတြ အားေကာင္းဖို႔လိုသလို လိုအပ္တဲ့ ေျဖ ေလ်ာ့မႈေတြ လိုပါတယ္။လက္ေတြ႕က်တဲ့ လုပ္ငန္းစဥ္မ်ိဳး၊ လက္ေတြ႕လုပ္ကိုင္ရတာ လြယ္ကူမယ့္ ျပ႒ာန္း ခ်က္ မ်ိဳး လိုပါတယ္။ ေခ်းေငြေတြရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ။အေသးစားစက္မႈလုပ္ငန္းေတြ အားေကာင္းလာဖို႔လား၊ ထုတ္ေခ်းလိုက္တဲ့ေငြ မဆုံးရႈံးေစဖို႔ အဓိကလား ဆိုတာ  ျပန္ၾကည့္ေပးဖို႔လည္း လိုေနၿပီ ျဖစ္ပါတယ္။

စိုးသင္း