【 ဆောင်းပါး 】 "၂၀၂၁ နှင့် ကမ္ဘာ့စီးပွားရေးအလားအလာ ရှုမျှော်ခင်း"

【 ဆောင်းပါး 】 "၂၀၂၁ နှင့် ကမ္ဘာ့စီးပွားရေးအလားအလာ ရှုမျှော်ခင်း"

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးဟာ အတော်လေးယိမ်းယိုင်ချိနဲ့သွားခဲ့ရတယ်။ဘယ်လောက်အထိလည်း ဆိုရင် ကမ္ဘာတစ်လွှားမှာ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုးပမာဏဟာ အဆိုးဆုံးအနေအထားအထိ  ကျဆင်းသွားခဲ့တဲ့အထိပဲဖြစ်တယ်။ဒါဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ၂၀၂ဝ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး အဆိုးရွားဆုံးကျဆင်းမှုလည်းဖြစ်တယ်။ဒီအနေအထားကြောင့် အစိုးရတွေက သူတို့နိုင်ငံရဲ့စီးပွားရေး ဒီထက်ပိုပြီးယိမ်းယိုင်မသွားရအောင် ငွေကြေးပမာဏ အလုံးအရင်းဖြည့်ဆည်းပေးပြီး စီးပွားရေးယိုင်လဲသွားခြင်းမရှိအောင် ထောက်ပံ့နေကြရတယ်။

လက်ရှိကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးက ၂၀၂၁ ခုနှစ်မှာ ပြန်လည်နလန်ထူလာမလားဆိုရင်တော့ ဘယ်သူကမှ အပ်ချမတ်ချပြောနိုင်မှာမဟုတ်သေးဘူး။လတ်တလောအနေအထားအရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအနေနဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းလောက်အထိ စီးပွားရေးနဂိုအခြေအနေအတိုင်းပြန်ရောက်လာဖို့ မရေရာသေးဘူးဆိုပေမဲ့ လက်ရှိ တရုတ်နိုင်ငံရဲ့စီးပွားရေးကတော့ ဖြစ်ထွန်းတိုးတက်မှုဆီ တစ်ကျော့ပြန်ခုန်တက်လာနေတယ်လို့ ဆိုရမှာဖြစ်တယ်။

လက်ရှိ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု အနေအထားကနေ မညီမျှမှုတွေ ပိုပြီးဖြစ်ပေါ်လာခဲ့တယ်။ဆိုရရင် အမေရိကန်ပြည်ထောင်စုက အလွန်ချမ်းသာတဲ့ ကုဋေကြွယ်သူဋ္ဌေးတွေရဲ့ ဘဏ္ဍာတိုက်ထဲကို ငွေတွေတိုးပြီးရင်း တိုးလာသလောက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဆင်းရဲ သန်းတစ်ထောင်ရဲ့ ၄ ပုံ ၁ ပုံလောက်ကတော့ ကုန်းကောက်စရာမရှိတော့လောက်အောင် ဆင်းရဲတွင်းနက်လာခဲ့တယ်။ဒါတင်မကသေးဘဲ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်ထက်ဝက်ကျော်လောက်က လုပ်သားတွေနဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေ လက်လွှတ်ဆုံးရှုံးရတော့မယ့်အနေအထားကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဖိစီးနှိပ်စက်မှု ဘယ်အချိန်မှာအဆုံးသတ်မလဲဆိုတာကို ပြောလို့ရနိုင်ဦးမှာ မဟုတ်သေးသလို ဒီလိုအချိန်မျိုးမှာ နောက်ထပ်ဗီဇပြောင်းဗိုင်းရပ်စ်ဆိုတာက ထပ်မံပေါ်ပေါက်လာခဲ့ပြန်တယ်။တကယ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး အဆင်သင့်ရှိလာခဲ့ရင်တောင် ကပ်ရောဂါအဆုံးသတ်ရေးက မသေချာသေးဘူးလို့ ဆိုရလိမ့်မယ်။လက်ရှိအချိန်မှာ ချမ်းသာတဲ့နိုင်ငံတွေက သူတို့နိုင်ငံတွေအတွက် ကာကွယ်ဆေးအလုံအလောက်ရရှိအောင် အလုအယက်ကြိုးပမ်းအားထုတ်နေကြတာဖြစ်တယ်။ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကတော့ ၂၀၂၁ ခုနှစ်အကုန်တောင် လူတိုင်းအတွက် ကာကွယ်ဆေးအလုံလောက် ပေးနိုင်မလား မသေချာသေးဘူးလို့ဆိုရမယ်။

ကမ္ဘာကြီးကို ကိုရိုနာဗိုင်းရပ်စ် ဖိစီးနှိပ်စက်မှုနဲ့အတူ စီးပွားရေးအကြီးအကျယ် ထိခိုက်ကျဆင်းမှုနဲ့ ရင်ဆိုင်နေကြရတယ်။ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို အလျင်အမြန်နဲ့ စောစောစီးစီး ချေမှုန်းနိုင်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကတော့ အခြားနိုင်ငံတွေနဲ့စာရင် စီးပွားရေးမှာ လက်မထောင်နေထိုင်တာကို တွေ့ကြရမှာဖြစ်တယ်။တရုတ်နိုင်ငံဆိုရင် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းအထိ ဖြစ်ထွန်းလာမယ့်ဆီကို ဦးတည်နေတယ်။ပို့ကုန်တင်ပို့မှုကို အဓိကထားတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အကျိုးရလဒ်ဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှုံမှုကြောင့် လော့ခ်ဒေါင်းချထားရတဲ့ အနောက်နိုင်ငံကြောင့်လို့ဆိုရင် မမှားဘူး။ဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချမှုနဲ့ ရင်ဆိုင်နေရတဲ့ အနောက်နိုင်ငံတွေက အိမ်ထောင်စုတွေဟာ အစားအသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်ချက်ကြီးမားနေတာဖြစ်တယ်။ဒီလိုအပ်ချက်ကို တရုတ်နိုင်ငံရဲ့ ပမာဏကြီးမားလှတဲ့ ပို့ကုန်တင်မှုကနေ စံချိန်တင်ဖြည့်ဆည်းပေးနေတာဖြစ်တယ်။

အလားတူဆိုသလိုပဲ အာရှတစ်လွှားမှာပါ တရုတ်နိုင်ငံဟာ စီးပွားရေးအရလွှမ်းမိုးထားနိုင်တာဖြစ်တယ်။တရုတ်နိုင်ငံက စီးပွားရေးနယ်ပယ် တိုးချဲ့လွှမ်းမိုးထားနိုင်တာဟာ ဥရောပနဲ့ အာဖရိကအထိ ကုန် သွယ်ရေးလမ်းကြောင်းတစ်လျှောက်က လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်ပယ်အသစ်ပေါ်ထွက်လာမှု အကျိုးဆက်ကြောင့်လည်းဖြစ်တယ်။ဒီတရုတ်နိုင်ငံရဲ့ လက်ရှိစီးပွားရေးဖြစ်ထွန်းတိုးတက်မှု အနေအထားအတိုင်းသွားမယ်ဆိုရင် လာမယ့် ၅ နှစ်အတွင်းမှာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုထံကနေ လွှဲပြောင်းရယူတော့မှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းကြတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေလို ချမ်းသာတဲ့နိုင်ငံတွေအတွက် စီးပွားရေးပြန်လည်လန်းဆန်း နိုးထလာနိုင်ဖို့ကတော့ လက်ရှိအနေအထားအရ ဝေးကွာနေဦးမှာ ဖြစ်တယ်။ဘာကြောင့်လဲဆိုရင် ကပ်ရောဂါဒုတိယလှိုင်းနဲ့ လော့ခ်ဒေါင်းအကျိုးဆက်တွေကို ဆက်လက်ရင်ဆိုင်နေရတဲ့အတွက်ဖြစ်တယ်။တကယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ လာမယ့်နှစ်မှာ ပြန်လည်နိုးထလာမယ်ဆိုရင်တောင် ကပ်ရောဂါအကျပ်အတည်းလွတ်ကင်းပါမှ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေဦးမှာဖြစ်တယ်။

ကပ်ရောဂါကြောင့် အမှန်တကယ် အရှုံးနဲ့ရင်ဆိုင်နေကြရတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေပဲဖြစ်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အနေအထားကိုကြည့်ရင် ကပ်ရောဂါကာကွယ်ဆေး အလုံအလောက်ရနိုင်လောက်အောင် မစွမ်းသာဘူးလို့ ဆိုရမှာဖြစ်တယ်။ဒါ့အပြင် ဖွံဖြိုးဆဲနိုင်ငံ တော်တော်များများဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ လူနာတွေကိုကုသဖို့ ကောင်းမွန်တဲ့ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုစနစ် ကင်းမဲ့နေတယ်လို့ ဆိုရမှာဖြစ်တယ်။နောက်တစ်ချက်က စီးပွားရေးကျဆင်းနေမှုကို အခိုင်အမာထောက်ကန်ပေးနိုင်လောက်အောင် ငွေကြေးထောက်ကူဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘူး။ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကြွေးထူကြွေးပူမိနေတဲ့ နိုင်ငံတွေဖြစ်ပြီး သူတို့ရဲ့ကြွေးမြီလျော့ပါးသက်သာရေးအတွက် ချမ်းသာတဲ့နိုင်ငံတွေတွေထံကနေ အရင်လိုကူညီပံ့ပိုးမှုမျိုး မရနိုင်တော့တဲ့အတွက်ကြောင့်လည်းဖြစ်တယ်။

ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကလည်း နေရာတိုင်းမှာဖြစ်ပေါ်နေတာဖြစ် တယ်။စီးပွားရေးကျဆင်းမှုကြောင့် ဒေဝါလီခံရတဲ့ကုမ္ပဏီတွေနဲ့ အရှုံးကိုရင်ဆိုင်ပြီးတောင့်ခံနေရတဲ့ ကုမ္ပဏီတွေ အများကြီးရှိနေတာဖြစ်တယ်။တချို့ကုမ္ပဏီတွေကတော့ စီးပွားရေးလုပ်ငန်း ဆက်လက်လည်ပတ်နိုင်သေးတယ်ဆိုပေမဲ့ ဝန်ထမ်းတွေကို အရင်လို လစာအပြည့်မပေးနိုင်တော့ဘဲ လစာတစ်ဝက်သာပေးနိုင်တယ်။ဒီအတွက် ပုံမှန်ဝင်ငွေမရှိတော့တဲ့အတွက် လုပ်သားဝန်ထမ်းတွေဟာ ခြိုးခြံချွေတာပြီး ရုန်းကန်နေရတယ်။အရင်ကလစာကောင်းတဲ့ ဝန်ထမ်းတွေတောင် အရင်လို အပိုငွေစုဆောင်းနိုင်ခြင်းမရှိတော့ဘဲ ခြိုးခြံချွေတာနေကြရတယ်။

ဒါပေမဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပိုမိုလုပ်ငန်းကိုင်ငန်းကောင်းလာတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက Amazon, Netflix နဲ့ Zoom တို့လို ကုမ္ပဏီတွေကတော့ ဝင်ငွေတိုးပွားပြီးရင်းတိုးပွားနေတာဟာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအကြားမှာ ဖြစ်တည်နေတဲ့ မမျှတမှုပဲဖြစ်တယ်။ဥပမာအားဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ အစိုးရတွေက ငွေကြေးပမာဏကြီးမားစွာထောက်ပံ့ပြီး အလုပ်သမားတွေ အလုပ်တည်မြဲရေးကို ထောက်ကန်ပေးဖို့ ကြိုးပမ်းနိုင်ပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေကတော့ လအကန့်အသတ်တစ်ခုလောက်သာ ထောက်ပံ့ပေးနိုင်တာဖြစ်တယ်။

ကပ်ရောဂါ ဖိစီးနှိပ်စက်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာလည်း အခြားနိုင်ငံတွေနည်းတူ စီးပွားရေးထိခိုက်ခံစားနေရတာဖြစ်တယ်။မြန်မာ့စီးပွားရေးဟာ လက်ရှိအခြေအနေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားမယ့် အနေအထားမှာရှိနေတယ်။ဒါပေမဲ့ ကပ်ရောဂါက ဒီထက်ရှည်ကြာနေဦးမယ်ဆိုရင်တော့ နိုင်ငံစီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းမှုအရ ၂၀၂၁ ခုနှစ်လယ်လောက်မှာ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက် အသေးစားလုပ်ငန်းကုမ္ပဏီတွေကို ထောက်ပံ့ဖို့နဲ့ ဆင်းရဲတဲ့အိမ်ထောင်စုတွေအကျိုးခံစားခွင့်ရရှိစေမယ့် ကိုဗစ်-၁၉ စီးပွားရေးသက်သာလျော့ပါးရေးအစီအစဉ်လို အစီအစဉ်တွေကနေ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ထိပ်တန်းအရာရှိ မာရီယန်ရှာမန်ရဲ့ အဆိုကို ကိုးကားရင်း ၂၀၂၁ ခုနှစ်အတွင်း ရှုမြင်ကြရမယ့် ကမ္ဘာ့စီးပွားရေးအလားအလာနဲ့ပတ်သက်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

မြင့်နောင်မိုး
ဇန်နဝါရီ - ၉

( Zawgyi )

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔စီးပြားေရးဟာ အေတာ္ေလးယိမ္းယိုင္ခ်ိနဲ႔သြားခဲ့ရတယ္။ဘယ္ေလာက္အထိလည္း ဆိုရင္ ကမာၻတစ္လႊားမွာ ႏိုင္ငံတိုင္းႏိုင္ငံတိုင္းရဲ႕ စုစုေပါင္းကုန္ထုတ္လုပ္မႈတန္ဖိုးပမာဏဟာ အဆိုးဆုံးအေနအထားအထိ  က်ဆင္းသြားခဲ့တဲ့အထိပဲျဖစ္တယ္။ဒါဟာ ဒုတိယကမာၻစစ္ႀကီး ၿပီးကတည္းက ၂၀၂ဝ ခုႏွစ္အတြင္း ကမာၻ႔စီးပြားေရး အဆိုး႐ြားဆုံးက်ဆင္းမႈလည္းျဖစ္တယ္။ဒီအေနအထားေၾကာင့္ အစိုးရေတြက သူတို႔ႏိုင္ငံရဲ႕စီးပြားေရး ဒီထက္ပိုၿပီးယိမ္းယိုင္မသြားရေအာင္ ေငြေၾကးပမာဏ အလုံးအရင္းျဖည့္ဆည္းေပးၿပီး စီးပြားေရးယိုင္လဲသြားျခင္းမရွိေအာင္ ေထာက္ပံ့ေနၾကရတယ္။

လက္ရွိက်ဆင္းေနတဲ့ ကမာၻ႔စီးပြားေရးက ၂၀၂၁ ခုႏွစ္မွာ ျပန္လည္နလန္ထူလာမလားဆိုရင္ေတာ့ ဘယ္သူကမွ အပ္ခ်မတ္ခ်ေျပာႏိုင္မွာမဟုတ္ေသးဘူး။လတ္တေလာအေနအထားအရ ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံေတြအေနနဲ႔ ၂၀၂၂ ခုႏွစ္ အေစာပိုင္းေလာက္အထိ စီးပြားေရးနဂိုအေျခအေနအတိုင္းျပန္ေရာက္လာဖို႔ မေရရာေသးဘူးဆိုေပမဲ့ လက္ရွိ တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရးကေတာ့ ျဖစ္ထြန္းတိုးတက္မႈဆီ တစ္ေက်ာ့ျပန္ခုန္တက္လာေနတယ္လို႔ ဆိုရမွာျဖစ္တယ္။

လက္ရွိ ကမာၻ႔စီးပြားေရး ဆုတ္ယုတ္က်ဆင္းမႈ အေနအထားကေန မညီမွ်မႈေတြ ပိုၿပီးျဖစ္ေပၚလာခဲ့တယ္။ဆိုရရင္ အေမရိကန္ျပည္ေထာင္စုက အလြန္ခ်မ္းသာတဲ့ ကုေဋႂကြယ္သူေ႒းေတြရဲ႕ ဘ႑ာတိုက္ထဲကို ေငြေတြတိုးၿပီးရင္း တိုးလာသေလာက္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက လူဆင္းရဲ သန္းတစ္ေထာင္ရဲ႕ ၄ ပုံ ၁ ပုံေလာက္ကေတာ့ ကုန္းေကာက္စရာမရွိေတာ့ေလာက္ေအာင္ ဆင္းရဲတြင္းနက္လာခဲ့တယ္။ဒါတင္မကေသးဘဲ ကမာၻလုံးဆိုင္ရာ လုပ္ငန္းခြင္ထက္ဝက္ေက်ာ္ေလာက္က လုပ္သားေတြနဲ႔ အသက္ေမြးဝမ္းေက်ာင္းဘဝေတြ လက္လႊတ္ဆုံးရႈံးရေတာ့မယ့္အေနအထားကို ေရာက္ရွိေနတယ္လို႔ ဆိုပါတယ္။

ကမာၻ႔ကပ္ေရာဂါ ဖိစီးႏွိပ္စက္မႈ ဘယ္အခ်ိန္မွာအဆုံးသတ္မလဲဆိုတာကို ေျပာလို႔ရႏိုင္ဦးမွာ မဟုတ္ေသးသလို ဒီလိုအခ်ိန္မ်ိဳးမွာ ေနာက္ထပ္ဗီဇေျပာင္းဗိုင္းရပ္စ္ဆိုတာက ထပ္မံေပၚေပါက္လာခဲ့ျပန္တယ္။တကယ္လို႔ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေဆး အဆင္သင့္ရွိလာခဲ့ရင္ေတာင္ ကပ္ေရာဂါအဆုံးသတ္ေရးက မေသခ်ာေသးဘူးလို႔ ဆိုရလိမ့္မယ္။လက္ရွိအခ်ိန္မွာ ခ်မ္းသာတဲ့ႏိုင္ငံေတြက သူတို႔ႏိုင္ငံေတြအတြက္ ကာကြယ္ေဆးအလုံအေလာက္ရရွိေအာင္ အလုအယက္ႀကိဳးပမ္းအားထုတ္ေနၾကတာျဖစ္တယ္။ဒါေပမဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအတြက္ကေတာ့ ၂၀၂၁ ခုႏွစ္အကုန္ေတာင္ လူတိုင္းအတြက္ ကာကြယ္ေဆးအလုံေလာက္ ေပးႏိုင္မလား မေသခ်ာေသးဘူးလို႔ဆိုရမယ္။

ကမာၻႀကီးကို ကို႐ိုနာဗိုင္းရပ္စ္ ဖိစီးႏွိပ္စက္မႈနဲ႔အတူ စီးပြားေရးအႀကီးအက်ယ္ ထိခိုက္က်ဆင္းမႈနဲ႔ ရင္ဆိုင္ေနၾကရတယ္။ဒါေပမဲ့ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံမႈကို အလ်င္အျမန္နဲ႔ ေစာေစာစီးစီး ေခ်မႈန္းႏိုင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ကေတာ့ အျခားႏိုင္ငံေတြနဲ႔စာရင္ စီးပြားေရးမွာ လက္မေထာင္ေနထိုင္တာကို ေတြ႕ၾကရမွာျဖစ္တယ္။တ႐ုတ္ႏိုင္ငံဆိုရင္ ၂၀၂၁ ခုႏွစ္အတြင္း စီးပြားေရးတိုးတက္မႈ ၈ ရာခိုင္ႏႈန္းအထိ ျဖစ္ထြန္းလာမယ့္ဆီကို ဦးတည္ေနတယ္။ပို႔ကုန္တင္ပို႔မႈကို အဓိကထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈ အက်ိဳးရလဒ္ဟာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏႈံမႈေၾကာင့္ ေလာ့ခ္ေဒါင္းခ်ထားရတဲ့ အေနာက္ႏိုင္ငံေၾကာင့္လို႔ဆိုရင္ မမွားဘူး။ဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္းခ်မႈနဲ႔ ရင္ဆိုင္ေနရတဲ့ အေနာက္ႏိုင္ငံေတြက အိမ္ေထာင္စုေတြဟာ အစားအေသာက္ကုန္နဲ႔ ေဆးဝါးပစၥည္းေတြ လိုအပ္ခ်က္ႀကီးမားေနတာျဖစ္တယ္။ဒီလိုအပ္ခ်က္ကို တ႐ုတ္ႏိုင္ငံရဲ႕ ပမာဏႀကီးမားလွတဲ့ ပို႔ကုန္တင္မႈကေန စံခ်ိန္တင္ျဖည့္ဆည္းေပးေနတာျဖစ္တယ္။

အလားတူဆိုသလိုပဲ အာရွတစ္လႊားမွာပါ တ႐ုတ္ႏိုင္ငံဟာ စီးပြားေရးအရလႊမ္းမိုးထားႏိုင္တာျဖစ္တယ္။တ႐ုတ္ႏိုင္ငံက စီးပြားေရးနယ္ပယ္ တိုးခ်ဲ႕လႊမ္းမိုးထားႏိုင္တာဟာ ဥေရာပနဲ႔ အာဖရိကအထိ ကုန္ သြယ္ေရးလမ္းေၾကာင္းတစ္ေလွ်ာက္က လြတ္လပ္တဲ့ ကုန္သြယ္မႈနယ္ပယ္အသစ္ေပၚထြက္လာမႈ အက်ိဳးဆက္ေၾကာင့္လည္းျဖစ္တယ္။ဒီတ႐ုတ္ႏိုင္ငံရဲ႕ လက္ရွိစီးပြားေရးျဖစ္ထြန္းတိုးတက္မႈ အေနအထားအတိုင္းသြားမယ္ဆိုရင္ လာမယ့္ ၅ ႏွစ္အတြင္းမွာ ကမာၻ႔အႀကီးမားဆုံး စီးပြားေရးႏိုင္ငံအျဖစ္ အေမရိကန္ျပည္ေထာင္စုထံကေန လႊဲေျပာင္းရယူေတာ့မွာျဖစ္တယ္လို႔ စီးပြားေရးပညာရွင္ေတြက ခန္႔မွန္းၾကတယ္။

အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္နဲ႔ ဥေရာပႏိုင္ငံေတြလို ခ်မ္းသာတဲ့ႏိုင္ငံေတြအတြက္ စီးပြားေရးျပန္လည္လန္းဆန္း ႏိုးထလာႏိုင္ဖို႔ကေတာ့ လက္ရွိအေနအထားအရ ေဝးကြာေနဦးမွာ ျဖစ္တယ္။ဘာေၾကာင့္လဲဆိုရင္ ကပ္ေရာဂါဒုတိယလႈိင္းနဲ႔ ေလာ့ခ္ေဒါင္းအက်ိဳးဆက္ေတြကို ဆက္လက္ရင္ဆိုင္ေနရတဲ့အတြက္ျဖစ္တယ္။တကယ္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးဟာ လာမယ့္ႏွစ္မွာ ျပန္လည္ႏိုးထလာမယ္ဆိုရင္ေတာင္ ကပ္ေရာဂါအက်ပ္အတည္းလြတ္ကင္းပါမွ ၂၀၂၂ ခုႏွစ္မွာ စီးပြားေရးတိုးတက္မႈႏႈန္း ၅ ရာခိုင္ႏႈန္းေအာက္မွာပဲ ရွိေနဦးမွာျဖစ္တယ္။

ကပ္ေရာဂါေၾကာင့္ အမွန္တကယ္ အရႈံးနဲ႔ရင္ဆိုင္ေနၾကရတာကေတာ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြပဲျဖစ္ပါတယ္။ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ အေနအထားကိုၾကည့္ရင္ ကပ္ေရာဂါကာကြယ္ေဆး အလုံအေလာက္ရႏိုင္ေလာက္ေအာင္ မစြမ္းသာဘူးလို႔ ဆိုရမွာျဖစ္တယ္။ဒါ့အျပင္ ဖြံၿဖိဳးဆဲႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားဟာ ဗိုင္းရပ္စ္ကူးစက္ခံေနရတဲ့ လူနာေတြကိုကုသဖို႔ ေကာင္းမြန္တဲ့ အမ်ားျပည္သူက်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ကင္းမဲ့ေနတယ္လို႔ ဆိုရမွာျဖစ္တယ္။ေနာက္တစ္ခ်က္က စီးပြားေရးက်ဆင္းေနမႈကို အခိုင္အမာေထာက္ကန္ေပးႏိုင္ေလာက္ေအာင္ ေငြေၾကးေထာက္ကူျဖည့္ဆည္းေပးႏိုင္ျခင္းမရွိဘူး။ဒါ့အျပင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဟာ ေႂကြးထူေႂကြးပူမိေနတဲ့ ႏိုင္ငံေတြျဖစ္ၿပီး သူတို႔ရဲ႕ေႂကြးၿမီေလ်ာ့ပါးသက္သာေရးအတြက္ ခ်မ္းသာတဲ့ႏိုင္ငံေတြေတြထံကေန အရင္လိုကူညီပံ့ပိုးမႈမ်ိဳး မရႏိုင္ေတာ့တဲ့အတြက္ေၾကာင့္လည္းျဖစ္တယ္။

ကပ္ေရာဂါေၾကာင့္ျဖစ္ေပၚလာတဲ့ အက်ပ္အတည္းေတြကလည္း ေနရာတိုင္းမွာျဖစ္ေပၚေနတာျဖစ္ တယ္။စီးပြားေရးက်ဆင္းမႈေၾကာင့္ ေဒဝါလီခံရတဲ့ကုမၸဏီေတြနဲ႔ အရႈံးကိုရင္ဆိုင္ၿပီးေတာင့္ခံေနရတဲ့ ကုမၸဏီေတြ အမ်ားႀကီးရွိေနတာျဖစ္တယ္။တခ်ိဳ႕ကုမၸဏီေတြကေတာ့ စီးပြားေရးလုပ္ငန္း ဆက္လက္လည္ပတ္ႏိုင္ေသးတယ္ဆိုေပမဲ့ ဝန္ထမ္းေတြကို အရင္လို လစာအျပည့္မေပးႏိုင္ေတာ့ဘဲ လစာတစ္ဝက္သာေပးႏိုင္တယ္။ဒီအတြက္ ပုံမွန္ဝင္ေငြမရွိေတာ့တဲ့အတြက္ လုပ္သားဝန္ထမ္းေတြဟာ ၿခိဳးၿခံေခြၽတာၿပီး ႐ုန္းကန္ေနရတယ္။အရင္ကလစာေကာင္းတဲ့ ဝန္ထမ္းေတြေတာင္ အရင္လို အပိုေငြစုေဆာင္းႏိုင္ျခင္းမရွိေတာ့ဘဲ ၿခိဳးၿခံေခြၽတာေနၾကရတယ္။

ဒါေပမဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ပိုမိုလုပ္ငန္းကိုင္ငန္းေကာင္းလာတဲ့ ကုမၸဏီေတြလည္းရွိတယ္။အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုက Amazon, Netflix နဲ႔ Zoom တို႔လို ကုမၸဏီေတြကေတာ့ ဝင္ေငြတိုးပြားၿပီးရင္းတိုးပြားေနတာဟာ ခ်မ္းသာတဲ့ႏိုင္ငံေတြနဲ႔ ဆင္းရဲတဲ့ႏိုင္ငံေတြအၾကားမွာ ျဖစ္တည္ေနတဲ့ မမွ်တမႈပဲျဖစ္တယ္။ဥပမာအားျဖင့္ ခ်မ္းသာတဲ့ႏိုင္ငံေတြမွာ အစိုးရေတြက ေငြေၾကးပမာဏႀကီးမားစြာေထာက္ပံ့ၿပီး အလုပ္သမားေတြ အလုပ္တည္ၿမဲေရးကို ေထာက္ကန္ေပးဖို႔ ႀကိဳးပမ္းႏိုင္ေပမဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြကေတာ့ လအကန္႔အသတ္တစ္ခုေလာက္သာ ေထာက္ပံ့ေပးႏိုင္တာျဖစ္တယ္။

ကပ္ေရာဂါ ဖိစီးႏွိပ္စက္မႈကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံဟာလည္း အျခားႏိုင္ငံေတြနည္းတူ စီးပြားေရးထိခိုက္ခံစားေနရတာျဖစ္တယ္။ျမန္မာ့စီးပြားေရးဟာ လက္ရွိအေျခအေနအရ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္က စီးပြားေရးတိုးတက္မႈႏႈန္း ၆ ဒသမ ၈ ရာခိုင္ႏႈန္းေအာက္ကို က်ဆင္းသြားမယ့္ အေနအထားမွာရွိေနတယ္။ဒါေပမဲ့ ကပ္ေရာဂါက ဒီထက္ရွည္ၾကာေနဦးမယ္ဆိုရင္ေတာ့ ႏိုင္ငံစီးပြားေရးတိုးတက္မႈႏႈန္းဟာ ၂ ဒသမ ၅ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားမယ္လို႔ ဆိုပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ ခန္႔မွန္းမႈအရ ၂၀၂၁ ခုႏွစ္လယ္ေလာက္မွာ ျမန္မာ့စီးပြားေရး ျပန္လည္ဦးေမာ့လာဖို႔အတြက္ အေသးစားလုပ္ငန္းကုမၸဏီေတြကို ေထာက္ပံ့ဖို႔နဲ႔ ဆင္းရဲတဲ့အိမ္ေထာင္စုေတြအက်ိဳးခံစားခြင့္ရရွိေစမယ့္ ကိုဗစ္-၁၉ စီးပြားေရးသက္သာေလ်ာ့ပါးေရးအစီအစဥ္လို အစီအစဥ္ေတြကေန အေရးတႀကီးေဆာင္႐ြက္ဖို႔ လိုအပ္မွာျဖစ္တဲ့အေၾကာင္း ကမာၻ႔ဘဏ္ထိပ္တန္းအရာရွိ မာရီယန္ရွာမန္ရဲ႕ အဆိုကို ကိုးကားရင္း ၂၀၂၁ ခုႏွစ္အတြင္း ရႈျမင္ၾကရမယ့္ ကမာၻ႔စီးပြားေရးအလားအလာနဲ႔ပတ္သက္လို႔ သုံးသပ္တင္ျပလိုက္ရပါတယ္။

ျမင့္ေနာင္မိုး
ဇန္နဝါရီ - ၉