【 ဆောင်းပါး 】 “ပဋိပက္ခများနှင့် မြန်မာ့စီးပွား”

【 ဆောင်းပါး 】 “ပဋိပက္ခများနှင့် မြန်မာ့စီးပွား”

အရပ်သားအစိုးရလက်ထက် တောက်လျှောက် တန့်ရပ်နေသည့် မြန်မာ့စီးပွားရေးအတွက် နောက်ဆုံးကျန်ရှိသည့် သက်တမ်း ၂ နှစ်ဖြစ်သည့် (၂၀၁၉-၂၀၂၀) အတွင်း တက်ရိပ်ပြန်ပြလာအောင် အစိုးရအနေဖြင့် မကြာမီက ကြိုးစားလုပ်ဆောင်လာခဲ့ပါတယ်။ထိုမတိုင်မီကတော့ အရပ်သားအစိုးရအနေနဲ့ သက်တမ်း ၃ နှစ်တာ ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေးဘက်ကိုသာ အားထည့်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ညီလာခံအပြီးမှာ KNU အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ခေတ္တနုတ်ထွက်မယ်လို့ ကြေညာလိုက်ချိန်မှသာ ပြည်တွင်းငြိမ်းချမ်းရေး အိမ်မက်ကနေ  လူထုထောက်ခံမှုနဲ့ တက်လာတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေ လန့်နိုးသလို ဖြစ်လာခဲ့ပါတယ်။ဒီလိုဆုတ်ယုတ်မှု အခြေအနေကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို အာဏာရပါတီ ထပ်မံရွေးကောက်ခံရမှ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင် လုပ်နိုင်မယ်ဆိုတာကို သတိထားမိပုံရခဲ့ပါတယ်။ဒါကြောင့်လည်း ငြိမ်းချမ်းရေးနှင့်အတူ ကျရိပ်ဆက်တိုက်ပြနေသည့် ပြည်တွင်းစီးပွားရေး အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်  အရပ်သားအစိုးရ အာဏာပိုင်တွေက ဂရုပြုလာခဲ့ကြာတာပါ။    

အရပ်သားအစိုးရလက်ထက် စီးပွားရေးနှင့် ပတ်သက်ပြီး ထင်ရှားသည့် လုပ်ဆောင်ချက်နှစ်ခု လုပ်ခဲ့ပြီး ဒါတွေက နိုင်ငံတကာ ဘတ်ဂျက်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်သတ်မှတ်မှုနှင့် ယခင်အစိုးရလက်ထက်ကတည်းက ကာလရှည်ကြာနေသည့် ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ထိုဥပဒေသစ်မှာ ယခင်က ကွဲပြားနေသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို တစ်ခုထဲဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ခြင်းပါဘဲ။ဒီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို အစိုးရသစ်လက်ထက်မှာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့တာပါ။

သို့သော် အစိုးရသစ်လက်ထက် ပထမဘဏ္ဍာနှစ်အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ္တရပ်ခိုင်းပြီး စနစ်တကျ ပြန်စိစစ်ခဲ့တာ၊ ယခင်အစိုးရ သက်တမ်းကုန်ခါနီး ကတိုက်ကရိုက် ချပေးခဲ့တဲ့ စီမံကိန်းတွေ လုပ်ငန်းတွေကို ရပ်ဆိုင်းခိုင်းပြီး တည်ဆဲဥပဒေတွေနဲ့အညီ ပြည်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့တာတွေကြောင့် ရည်ရွယ်ချက်ကောင်းပေမယ့် တက်စပြုနေတဲ့ မြန်မာ့စီးပွားရေး တန့်သွားခဲ့မှုက ထင်ရှားသော စီမံခန့်ခွဲမှု အမှားအဖြစ် အတော်များများက ထောက်ပြခဲ့ကြပါတယ်။

BMI Research of Fitch Group က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လာမယ့်နှစ်တွေထဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာတော့ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့က စီးပွားရေးတိုးတက်မှု အားအကောင်းဆုံးနိုင်ငံတွေ ဖြစ်လာမည် ဆိုတာကို ခန့်မှန်းခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ လာမယ့် ဆယ်နှစ်အတွင်း တစ်နှစ် ပျမ်းမျှတိုးတက်မှုနှုန်း ၇ ဒသ မ၂ ရာခိုင်နှုန်းနဲ့ တိုးတက်မယ်လို့ ဖော်ပြထားပါတယ်။

ပြည်ပရင်းနှီးမြုပ်နှံသူကို မျှော်ပြီး ရင်းနှီးမြုပ်နှံမှု လွယ်ကူစေမယ့် ဥပဒေ၊ နည်းဥပဒေတွေကို အစိုးရပိုင်းက သူ့လက်ထက်မှာ တက်သုတ်ရိုက် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပေမယ့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီပြဿနာ ဖြစ်ခဲ့တဲ့အတွက် ထင်မှတ်သလို မဖြစ်ခဲ့ပဲ FDI ဝင်ရောက်မှုက အောက်တိုဘာလအတွင်းမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်သာ ဝင်ခဲ့ပါတော့တယ်။အခုချိန်မှာ ဒီပမာဏက များပေမယ့် အဲဒီကာလမတိုင်မီ လတွေဖြစ်တဲ့  ဧပြီလကနေ စက်တင်ဘာအထိ ပြည်တွင်းကို ကန်ဒေါ်လာ လေးဘီလျံထိ FDI ဝင်ခဲ့တဲ့အတွက် ဒီပမာဏက သိသာတဲ့ ရင်းနှီးမြုပ်နှံမှု ထိုးကျတဲ့ အနေအထားပါ။

ဒီနောက်မှာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှု FDI က ဆက်တိုက်ကျခဲ့ပါတယ်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ FDI ဝင်ရောက်မှုက ကန်ဒေါ်လာ ၅ ဘီလျံခွဲကျော် ရှိခဲ့လို့ အရပ်သားအစိုးရ စတက်ကာစ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ဝင်ခဲ့တဲ့ ကန်ဒေါ်လာ ၆ ဘီလျံခွဲကျော်ထက် တစ်ဘီလျံကျော် လျော့နည်းခဲ့ပါတယ်။ဒီပမာဏက စစ်အစိုးရကို ဆက်ခံတဲ့ အရပ်သားတစ်ပိုင်း အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာရေးနှစ်ထဲမှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှု FDI ပမာဏဖြစ်တဲ့ ကန်ဒေါ်လာ ၉ ဘီလျံခွဲခန့်နဲ့ နှိုင်းယှဉ်ရင် အတော်လေးထိုးကျခဲ့တဲ့ အနေအထားပါ။

အဆိုးဆုံးကာလက နိုင်ငံတကာ ဘဏ္ဍာရေးနှစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ခဲ့တဲ့ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပါဘဲ။ဒီဘဏ္ဍာရေးနှစ်မှာ ပထမကာလဖြစ်တဲ့ ဧပြီလကနေ စက်တင်ဘာလ ၆ လတာ ကာလတို ဘတ်ဂျက်ကာလမှာ FDI က ကန်ဒေါ်လာ ၁၇၄၆ ဒသမ ၇ သန်းကျော်သာ ဝင်ခဲ့ပါတယ်။ယခုစာရေးတဲ့ အချိန်အထိ DICA က ထုတ်ပြန်တဲ့ နိုဝင်ဘာလအတွက် Yearly Approved amount of Foreign investment (By Country) စာရင်းမှာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး၏ ဒုတိယမြောက်လအထိ ပြည်ပ FDI ဝင်ရောက်မှုက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ထိသာ ရှိခဲ့သေးပါတယ်။

ယနေ့ချိန်ထိ မြန်မာနိုင်ငံထဲ လာရောက်ရင်းနှီးမြုပ်နှံ လုပ်ကိုင်တဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံ ရှိပါတယ်။ဒီထဲမှာ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ ဟောင်ကောင်တို့က အစဉ်လိုက် အများဆုံး ရင်းနှီးမြုပ်နှံထားကြတာပါ။ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြည်ပက လာရောက်ရင်းနှီးမြုပ်နှံတဲ့ ကဏ္ဍတွေကို သေချာစိစစ်ပြီး ကြည့်မယ်ဆိုရင် ၁၉၈၈-၈၉ ကနေ ယခုထိစုစုပေါင်း ပြည်ပရင်းနှီးမြုပ်နှံတဲ့ ပမာဏ အမေရိကန်ဒေါ်လာ ၇၈ ဘီလျံ (၇၈,၂၀၃ ဒသမ ၀၈၇ သန်း) ရှိခဲ့ပါတယ်။ဒီပမာဏအနက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအင်နဲ့ သတ္တုတူးဖော်မှုဆိုတဲ့ သယံဇာတထုတ်ယူရတဲ့ ကဏ္ဍ (၃) ခုမှာ ထက်ဝက်ကျော် ပမာဏဖြစ်တဲ့ ၄၅ ဘီလျံကျော်အထိ ရှိနေတာကို တွေ့ရပါတယ်။

အစိုးရသစ်လက်ထက်မှာ ဒီလို သယံဇာတ တူးဖော်ထုတ်လုပ် ရောင်းချရတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြုပ်နှံမှု မရှိခဲ့ဘဲ လျှပ်စစ်စွမ်းအင်နဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာသာ လာရောက်ရင်းနှီးမြုပ်နှံမှု များခဲ့ပါတယ်။ထူးခြားတာက အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်တဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၆ ဘီလျံအထိ အစိုးရသစ်လက်ထက်မှာ ဝင်ရောက်လာခဲ့တာပါ။

အဓိကအားဖြင့် ပြည်တွင်းငွေကြေးစီမံမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အတော်လေး အလေးထားပြီး ကျပ်ငွေတန်ဖိုးမြှင့်ဖို့ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ဗဟိုဘဏ်က ငွေကြေးဈေးကွက်ကို ဝင်ထိန်းတာတွေ ရှိခဲ့သလို ဘဏ်တွေနဲ့ ပတ်သက်တဲ့အပိုင်းမှာ မကြာမီက ဗဟိုဘဏ်ကနေ ဘဏ်များက ထုတ်ချေးငွေအပေါ် အာမခံအပေါင်ပစ္စည်း မယူရင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ အမြင့်ဆုံး တိုးမြှင့်ရယူနိုင်တယ်လို့ မကြာမီက ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ဘဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်တာပါ။ဘဏ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ မြုပ်နေတဲ့ ငွေကို ပြန်ပေါ်လာဖို့အတွက် ရည်ရွယ်တာဖြစ်နိုင်သလို နိုင်ငံတကာလို ချေးငွေကို အဓိကထားတဲ့ ဘဏ်လုပ်ငန်းစဉ်တွေဖြစ်ဖို့  ငွေလွှဲတာတစ်ခုတည်းကိုသာ အားထားနေတဲ့ ဘဏ်တွေရဲ့ ပေါ်လစီပိုင်းကိုလည်း ပြင်ဖို့ဖိအားပေးတဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။ဒါဟာ ဘဏ်တွေကို ချေးငွေအပေါ် အားထားဖို့ ဘဏ်တိုးနူန်းမြှင့်ပေးတဲ့ မက်လုံးဖြစ်သလို လုပ်ငန်းလုပ်ကိုင်ဖို့ ချေးငွေလိုသူတွေကို လိုလိုလားလား လက်ခံနိုင်ဖို့ ပြုပြင်မှုလည်း ဖြစ်ပါတယ်။

ဒါပေမယ့်  ကုန်သွယ်ရေးအပိုင်းမှာတော့ ဆန်တင်ပို့မှု ကျလာသလို အီးယူကလည်း မြန်မာနဲ့ ကမ္ဘောဒီးယားကို ဆန်တင်ပို့မှု ကင်းလွတ်ခွင့်ပေးထားတဲ့ GSP ကို ၃ နှစ် ရပ်ဆိုင်းခဲ့တာတွေ ရှိပါတယ်။အကြောင်းပြချက်ကတော့ ဥရောပက ဆန်စိုက်တဲ့ စပိန်နဲ့ အီတလီလို နိုင်ငံတွေက လယ်သမားတွေကို ကာကွယ်ပေးဖို့ပါဘဲ။မြန်မာနိုင်ငံ အီးယူ GSP စတင်ရရှိခဲ့သည့် ၂၀၁၃ နောက်ပိုင်းမှာ အထည်ချုပ်လို၊ ရေထွက်ကုန်လို ကဏ္ဍတွေမှာ စက်ရုံတွေတိုးလာပြီး အလုပ်သမား သုံးသိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်ခဲ့ပါတယ်။အခု CMP တွေ၊ ရေလုပ်ငန်းတွေ မပါဝင်သေးပေမယ့် အဖြေမထွက်သေးလို့ ဒီလိုရုပ်သိမ်းခံရတဲ့ အတွက် နယ်စပ်ကနေ ပို့နေရတဲ့ ပဲနဲ့ ဆန် ကိစ္စမှာလည်း တက်ရိပ်ပြနေတဲ့အချိန်၊ ယခင်စံချိန်ကောင်း တင်ပို့မှုကို မီလာတဲ့ အချိန်တွေမှာ ကိုယ်တာလျော့တာနဲ့ နယ်စပ်တွေကို လုံခြုံရေးအကြောင်းပြပြီး ပိတ်ဆို့မှုတွေကြောင့် ယခင်နှစ်ကထက် လျော့ကျခဲ့ပါတယ်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရဆိုရင် ၂၀၁၈ ဧပြီလကနေ ဒီဇင်ဘာလအထိ ကိုးလအတွင်း နယ်စပ်ကနေ တရုတ်နိုင်ငံကို ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၈ ဒသမ ၉ သိန်းကျော်သာ ရှိပါတယ်။ဒါဟာ ၂၀၁၇ ခုနှစ် ကာလတူ ၉ လတာ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃ ဒသမ ၂ သိန်းထက် တန်ချိန် ၄ ဒသမ ၃ သိန်းကျော် လျော့နည်းခဲ့ပါတယ်။

ဒါတင်မကပါဘူး။ခရီးသွားကဏ္ဍမှာလည်း ဆိုက်ရောက်ဗီဇာတွေ ပေးခဲ့ပေမယ့် အပိုင်းမှာလည်း ခရီးသွားဝင်ရောက်မှုက တက်မလာဘဲ ပြီးခဲ့တဲ့နှစ်ကထက် ကျလာခဲ့ပါတယ်။ဒါဟာ ရခိုင်ပြဿနာကြောင့် ပြည်ပခရီးသွားတွေက မြန်မာနိုင်ငံအစား အခြားအာရှနိုင်ငံတစ်ခုကို ရွေးချယ်လာခဲ့တဲ့ သဘောပါ။အရပ်သားအစိုးရ လက်ထက်မှာတော့ အခွန်ကောက်ခံမှုကို တိုင်းပြည်ရဲ့ အဓိကဝင်ငွေ ရရာရကြောင်းအဖြစ် အားထည့်လုပ်ဆောင်ခဲ့လို့ တစ်နှစ်ထက် တစ်နှစ်အခွန်ရရှိမှု တိုးတက်လာခဲ့ပါတယ်။ဒါပေမယ့် ကုန်သွယ်မှုမှာတော့  အိမ်နီးချင်းနိုင်ငံတွေ့ဘက်က လိုသလို ထိန်းချုပ်ထားတာနဲ့ ရင်းနှီးမြုပ်နှံမှုမှာ ချိန်ကိုက်ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် ထင်သလို ဝင်မလာတာတွေက မြန်မာ့စီးပွားရေးကို ထင်သလောက် မတက်စေတဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။

နောက်တစ်ချက်က မြန်မာ့စီးပွားရေးမှာ အဓိကချုပ်ကိုင်ထားတာက အရင် စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေနဲ့တွဲပြီး အကျိုးအမြတ်ရယူခဲ့တဲ့သူတွေပါ။လက်ရှိအာဏာရပါတီက တာဝန်ရှိသူတွေတောင် ထုတ်ပြောရလောက်တဲ့အထိ ပြည်တွင်းစီးပွားရေးမှာ သူတို့ချုပ်ကိုင်မှုပမာဏ ရာခိုင်နူန်းက အတော့်ကို များပါ တယ်။ဒီဘက်နှစ်ပိုင်းမှာ အစိုးရဘက်က သူတို့ချုပ်ကိုင်ထားတဲ့ မြန်မာစီးပွားရေးကို ပြန်တွန်းတင်ဖို့ တောက်လျှောက်ပြင်နေပေမယ့် ထင်သလောက် မဖြစ်လာပါဘူး။

မြန်မာ့စီးပွားရေးအတွက် အစိုးရပိုင်းက ဥပဒေပိုင်းတွေ၊ လုပ်နည်းကိုင်နည်းတွေ ပိုလွယ်ကူ လုပ်ကိုင်သာအောင် ပြင်လာ၊ အခွင့်အလမ်းတွေ ဖန်တီးပေးလာလို့ ရင်းနှီးမြုပ်နှံသူတွေ အာရုံစိုက်လာရင် တိုက်တိုက်ဆိုင်ဆိုင် ပြည်တွင်းမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ တိုင်းရင်းသား ပဋိပက္ခတွေနဲ့ သွားသွားတိုးနေတတ်တာ မကြာခဏပါဘဲ။ဒါဟာ တိုက်ဆိုင်မှုလား၊ ကံကြမ္မာကြောင့်လားဆိုတာ မသိနိုင်ပါဘူး။မကြာခင်က ပြည်ပ FDI ဝင်လာမှုက တိုးလာပါတယ်။ကျောက်ဖြူအတွက် သဘောတူညီချက်တွေ ရလာတယ်။AA ကိစ္စ ဖြစ်လာပါတယ်။ဒါဟာသတိထားရတော့မယ့် ကိစ္စတစ်ခုပါဘဲ။တိုက်ဆိုင်မှုဆိုရင်လည်း သေချာတဲ့ တိုက်ဆိုင်မှုပါဘဲ။

လာမည့် ၂၀၂၀ အတွက် ဒီနှစ်နှစ်အတွင်း အရပ်သားအစိုးရအနေနဲ့ ပြည်တွင်းစီးပွားရေးကို တိုးတက်အောင်၊ ပြည်သူတွေရဲ့ နေထိုင်စားသောက်မှုကို ချောင်လည်အောင် လုပ်ဖို့က အရေးကြီးနေပါပြီ။ဒါကို မလုပ်ပြနိုင်ရင် ၂၀၂၀ မှာ အာဏာရပါတီ အခြေအနေ မကောင်းနိုင်ပါဘူး။၂၀၁၉ ခုနှစ်အတွင်းမှာ အစိုးရလုပ်ဆောင်နေတဲ့ အများပြည်သူဆိုင်ရာ လုပ်ငန်းတွေ၊ ရန်ကုန်မြို့သစ် စီမံကိန်းလို လုပ်ငန်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ တွဲထားတဲ့ စက်မှုဇုန်တွေ စသဖြင့် အားလုံးကို အားထည့်လုပ်ဖို့ လိုသလို ချိန်ကိုက်ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း ဆိုင်ရာဆိုင်ရာတွေက ထိန်းနိုင်ဖို့လည်း လိုနေပါတယ်။

ဒါဟာ မြန်မာစီးပွားရေးအတွက် အဖြေပါဘဲ။ယခု နှစ်နှစ်အတွင်း ပဋိပက္ခတွေနဲ့ တိုက်နေရတဲ့ မြန်မာ့စီးပွားရေးကို နိုင်နိုင်နင်းနင်း ဇက်ကြိုးဆွဲ မောင်းတင်နိုင်ပါ့မလားဆိုတာ…..။

စိုးသင်း
ဇန်နဝါရီ - ၁၇

( Zawgyi )

အရပ္သားအစိုးရလက္ထက္ ေတာက္ေလွ်ာက္ တန႔္ရပ္ေနသည့္ ျမန္မာ့စီးပြားေရးအတြက္ ေနာက္ဆုံးက်န္ရွိသည့္ သက္တမ္း ၂ ႏွစ္ျဖစ္သည့္ (၂၀၁၉-၂၀၂၀) အတြင္း တက္ရိပ္ျပန္ျပလာေအာင္ အစိုးရအေနျဖင့္ မၾကာမီက ႀကိဳးစားလုပ္ေဆာင္လာခဲ့ပါတယ္။ထိုမတိုင္မီကေတာ့ အရပ္သားအစိုးရအေနနဲ႔ သက္တမ္း ၃ ႏွစ္တာ ကာလမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးဘက္ကိုသာ အားထည့္လုပ္ေဆာင္ေနၿပီး ၿပီးခဲ့သည့္ ညီလာခံအၿပီးမွာ KNU အဖြဲ႕က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကေန ေခတၱႏုတ္ထြက္မယ္လို႔ ေၾကညာလိုက္ခ်ိန္မွသာ ျပည္တြင္းၿငိမ္းခ်မ္းေရး အိမ္မက္ကေန  လူထုေထာက္ခံမႈနဲ႔ တက္လာတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ လန႔္ႏိုးသလို ျဖစ္လာခဲ့ပါတယ္။ဒီလိုဆုတ္ယုတ္မႈ အေျခအေနေၾကာင့္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို အာဏာရပါတီ ထပ္မံေ႐ြးေကာက္ခံရမွ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ၿပီးဆုံးေအာင္ လုပ္ႏိုင္မယ္ဆိုတာကို သတိထားမိပုံရခဲ့ပါတယ္။ဒါေၾကာင့္လည္း ၿငိမ္းခ်မ္းေရးႏွင့္အတူ က်ရိပ္ဆက္တိုက္ျပေနသည့္ ျပည္တြင္းစီးပြားေရး အေျခအေနကို ကိုင္တြယ္ေျဖရွင္းရန္  အရပ္သားအစိုးရ အာဏာပိုင္ေတြက ဂ႐ုျပဳလာခဲ့ၾကာတာပါ။    

အရပ္သားအစိုးရလက္ထက္ စီးပြားေရးႏွင့္ ပတ္သက္ၿပီး ထင္ရွားသည့္ လုပ္ေဆာင္ခ်က္ႏွစ္ခု လုပ္ခဲ့ၿပီး ဒါေတြက ႏိုင္ငံတကာ ဘတ္ဂ်က္ကာလႏွင့္ ကိုက္ညီေအာင္ ျပင္ဆင္သတ္မွတ္မႈႏွင့္ ယခင္အစိုးရလက္ထက္ကတည္းက ကာလရွည္ၾကာေနသည့္ ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒသစ္ကို ျပ႒ာန္းႏိုင္ခဲ့ျခင္းတို႔ပဲ ျဖစ္ပါတယ္။ထိုဥပေဒသစ္မွာ ယခင္က ကြဲျပားေနသည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒနဲ႔ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒတို႔ကို တစ္ခုထဲျဖစ္ေအာင္ ျပန္လည္ေပါင္းစည္းႏိုင္ခဲ့ျခင္းပါဘဲ။ဒီ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဥပေဒသစ္ကို အစိုးရသစ္လက္ထက္မွာ ျပင္ဆင္ျပ႒ာန္းႏိုင္ခဲ့တာပါ။

သို႔ေသာ္ အစိုးရသစ္လက္ထက္ ပထမဘ႑ာႏွစ္အတြင္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ေခတၱရပ္ခိုင္းၿပီး စနစ္တက် ျပန္စိစစ္ခဲ့တာ၊ ယခင္အစိုးရ သက္တမ္းကုန္ခါနီး ကတိုက္က႐ိုက္ ခ်ေပးခဲ့တဲ့ စီမံကိန္းေတြ လုပ္ငန္းေတြကို ရပ္ဆိုင္းခိုင္းၿပီး တည္ဆဲဥပေဒေတြနဲ႔အညီ ျပည္စုံမႈ ရွိ/မရွိ စစ္ေဆးခဲ့တာေတြေၾကာင့္ ရည္႐ြယ္ခ်က္ေကာင္းေပမယ့္ တက္စျပဳေနတဲ့ ျမန္မာ့စီးပြားေရး တန႔္သြားခဲ့မႈက ထင္ရွားေသာ စီမံခန႔္ခြဲမႈ အမွားအျဖစ္ အေတာ္မ်ားမ်ားက ေထာက္ျပခဲ့ၾကပါတယ္။

BMI Research of Fitch Group က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာ လာမယ့္ႏွစ္ေတြထဲမွာ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြထဲမွာေတာ့ ဗီယက္နမ္နဲ႔ ျမန္မာႏိုင္ငံတို႔က စီးပြားေရးတိုးတက္မႈ အားအေကာင္းဆုံးႏိုင္ငံေတြ ျဖစ္လာမည္ ဆိုတာကို ခန႔္မွန္းခဲ့ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ လာမယ့္ ဆယ္ႏွစ္အတြင္း တစ္ႏွစ္ ပ်မ္းမွ်တိုးတက္မႈႏႈန္း ၇ ဒသ မ၂ ရာခိုင္ႏႈန္းနဲ႔ တိုးတက္မယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္ပရင္းႏွီးျမဳပ္ႏွံသူကို ေမွ်ာ္ၿပီး ရင္းႏွီးျမဳပ္ႏွံမႈ လြယ္ကူေစမယ့္ ဥပေဒ၊ နည္းဥပေဒေတြကို အစိုးရပိုင္းက သူ႔လက္ထက္မွာ တက္သုတ္႐ိုက္ ျပင္ဆင္ျပ႒ာန္းခဲ့ေပမယ့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ဘဂၤါလီျပႆနာ ျဖစ္ခဲ့တဲ့အတြက္ ထင္မွတ္သလို မျဖစ္ခဲ့ပဲ FDI ဝင္ေရာက္မႈက ေအာက္တိုဘာလအတြင္းမွာ ကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္သာ ဝင္ခဲ့ပါေတာ့တယ္။အခုခ်ိန္မွာ ဒီပမာဏက မ်ားေပမယ့္ အဲဒီကာလမတိုင္မီ လေတြျဖစ္တဲ့  ဧၿပီလကေန စက္တင္ဘာအထိ ျပည္တြင္းကို ကန္ေဒၚလာ ေလးဘီလ်ံထိ FDI ဝင္ခဲ့တဲ့အတြက္ ဒီပမာဏက သိသာတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ထိုးက်တဲ့ အေနအထားပါ။

ဒီေနာက္မွာေတာ့ ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္မႈ FDI က ဆက္တိုက္က်ခဲ့ပါတယ္။၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ FDI ဝင္ေရာက္မႈက ကန္ေဒၚလာ ၅ ဘီလ်ံခြဲေက်ာ္ ရွိခဲ့လို႔ အရပ္သားအစိုးရ စတက္ကာစ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္က ဝင္ခဲ့တဲ့ ကန္ေဒၚလာ ၆ ဘီလ်ံခြဲေက်ာ္ထက္ တစ္ဘီလ်ံေက်ာ္ ေလ်ာ့နည္းခဲ့ပါတယ္။ဒီပမာဏက စစ္အစိုးရကို ဆက္ခံတဲ့ အရပ္သားတစ္ပိုင္း အစိုးရလက္ထက္ ေနာက္ဆုံးဘ႑ာေရးႏွစ္ထဲမွာ ဝင္ေရာက္ခဲ့တဲ့ ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္မႈ FDI ပမာဏျဖစ္တဲ့ ကန္ေဒၚလာ ၉ ဘီလ်ံခြဲခန႔္နဲ႔ ႏႈိင္းယွဥ္ရင္ အေတာ္ေလးထိုးက်ခဲ့တဲ့ အေနအထားပါ။

အဆိုးဆုံးကာလက ႏိုင္ငံတကာ ဘ႑ာေရးႏွစ္နဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ခဲ့တဲ့ ယခု ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ပါဘဲ။ဒီဘ႑ာေရးႏွစ္မွာ ပထမကာလျဖစ္တဲ့ ဧၿပီလကေန စက္တင္ဘာလ ၆ လတာ ကာလတို ဘတ္ဂ်က္ကာလမွာ FDI က ကန္ေဒၚလာ ၁၇၄၆ ဒသမ ၇ သန္းေက်ာ္သာ ဝင္ခဲ့ပါတယ္။ယခုစာေရးတဲ့ အခ်ိန္အထိ DICA က ထုတ္ျပန္တဲ့ ႏိုဝင္ဘာလအတြက္ Yearly Approved amount of Foreign investment (By Country) စာရင္းမွာ ၂၀၁၈ - ၂၀၁၉ ဘ႑ာေရး၏ ဒုတိယေျမာက္လအထိ ျပည္ပ FDI ဝင္ေရာက္မႈက အေမရိကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ထိသာ ရွိခဲ့ေသးပါတယ္။

ယေန႔ခ်ိန္ထိ ျမန္မာႏိုင္ငံထဲ လာေရာက္ရင္းႏွီးျမဳပ္ႏွံ လုပ္ကိုင္တဲ့ ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံ ရွိပါတယ္။ဒီထဲမွာ တ႐ုတ္၊ စင္ကာပူ၊ ထိုင္းနဲ႔ ေဟာင္ေကာင္တို႔က အစဥ္လိုက္ အမ်ားဆုံး ရင္းႏွီးျမဳပ္ႏွံထားၾကတာပါ။ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာန (DICA) က ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ျပည္ပက လာေရာက္ရင္းႏွီးျမဳပ္ႏွံတဲ့ က႑ေတြကို ေသခ်ာစိစစ္ၿပီး ၾကည့္မယ္ဆိုရင္ ၁၉၈၈-၈၉ ကေန ယခုထိစုစုေပါင္း ျပည္ပရင္းႏွီးျမဳပ္ႏွံတဲ့ ပမာဏ အေမရိကန္ေဒၚလာ ၇၈ ဘီလ်ံ (၇၈,၂၀၃ ဒသမ ၀၈၇ သန္း) ရွိခဲ့ပါတယ္။ဒီပမာဏအနက္ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္အထိ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕၊ လွ်ပ္စစ္စြမ္းအင္နဲ႔ သတၱဳတူးေဖာ္မႈဆိုတဲ့ သယံဇာတထုတ္ယူရတဲ့ က႑ (၃) ခုမွာ ထက္ဝက္ေက်ာ္ ပမာဏျဖစ္တဲ့ ၄၅ ဘီလ်ံေက်ာ္အထိ ရွိေနတာကို ေတြ႕ရပါတယ္။

အစိုးရသစ္လက္ထက္မွာ ဒီလို သယံဇာတ တူးေဖာ္ထုတ္လုပ္ ေရာင္းခ်ရတဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ က႑မွာ ျပည္ပကေန လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ မရွိခဲ့ဘဲ လွ်ပ္စစ္စြမ္းအင္နဲ႔ ဆက္သြယ္ေရး က႑ေတြမွာသာ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ မ်ားခဲ့ပါတယ္။ထူးျခားတာက အလုပ္အကိုင္မ်ားစြာ ဖန္တီးေပးႏိုင္တဲ့ ကုန္ထုတ္လုပ္မႈ က႑မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ၂၆ ဘီလ်ံအထိ အစိုးရသစ္လက္ထက္မွာ ဝင္ေရာက္လာခဲ့တာပါ။

အဓိကအားျဖင့္ ျပည္တြင္းေငြေၾကးစီမံမႈနဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာ အေတာ္ေလး အေလးထားၿပီး က်ပ္ေငြတန္ဖိုးျမႇင့္ဖို႔ လုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။ဗဟိုဘဏ္က ေငြေၾကးေဈးကြက္ကို ဝင္ထိန္းတာေတြ ရွိခဲ့သလို ဘဏ္ေတြနဲ႔ ပတ္သက္တဲ့အပိုင္းမွာ မၾကာမီက ဗဟိုဘဏ္ကေန ဘဏ္မ်ားက ထုတ္ေခ်းေငြအေပၚ အာမခံအေပါင္ပစၥည္း မယူရင္ အတိုးႏႈန္း ၁၆ ရာခိုင္ႏႈန္းအထိ အျမင့္ဆုံး တိုးျမႇင့္ရယူႏိုင္တယ္လို႔ မၾကာမီက ထုတ္ျပန္ခဲ့ပါတယ္။ဒါဟာ ဘဏ္နဲ႔ပတ္သက္ၿပီး ျပင္ဆင္တာပါ။ဘဏ္ေတြအေနနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြဆီမွာ ျမဳပ္ေနတဲ့ ေငြကို ျပန္ေပၚလာဖို႔အတြက္ ရည္႐ြယ္တာျဖစ္ႏိုင္သလို ႏိုင္ငံတကာလို ေခ်းေငြကို အဓိကထားတဲ့ ဘဏ္လုပ္ငန္းစဥ္ေတြျဖစ္ဖို႔  ေငြလႊဲတာတစ္ခုတည္းကိုသာ အားထားေနတဲ့ ဘဏ္ေတြရဲ႕ ေပၚလစီပိုင္းကိုလည္း ျပင္ဖို႔ဖိအားေပးတဲ့ အေနအထားလည္း ျဖစ္ႏိုင္ပါတယ္။ဒါဟာ ဘဏ္ေတြကို ေခ်းေငြအေပၚ အားထားဖို႔ ဘဏ္တိုးႏူန္းျမႇင့္ေပးတဲ့ မက္လုံးျဖစ္သလို လုပ္ငန္းလုပ္ကိုင္ဖို႔ ေခ်းေငြလိုသူေတြကို လိုလိုလားလား လက္ခံႏိုင္ဖို႔ ျပဳျပင္မႈလည္း ျဖစ္ပါတယ္။

ဒါေပမယ့္  ကုန္သြယ္ေရးအပိုင္းမွာေတာ့ ဆန္တင္ပို႔မႈ က်လာသလို အီးယူကလည္း ျမန္မာနဲ႔ ကေမာၻဒီးယားကို ဆန္တင္ပို႔မႈ ကင္းလြတ္ခြင့္ေပးထားတဲ့ GSP ကို ၃ ႏွစ္ ရပ္ဆိုင္းခဲ့တာေတြ ရွိပါတယ္။အေၾကာင္းျပခ်က္ကေတာ့ ဥေရာပက ဆန္စိုက္တဲ့ စပိန္နဲ႔ အီတလီလို ႏိုင္ငံေတြက လယ္သမားေတြကို ကာကြယ္ေပးဖို႔ပါဘဲ။ျမန္မာႏိုင္ငံ အီးယူ GSP စတင္ရရွိခဲ့သည့္ ၂၀၁၃ ေနာက္ပိုင္းမွာ အထည္ခ်ဳပ္လို၊ ေရထြက္ကုန္လို က႑ေတြမွာ စက္႐ုံေတြတိုးလာၿပီး အလုပ္သမား သုံးသိန္းေက်ာ္ကို အလုပ္အကိုင္ အခြင့္အလမ္း ေပးႏိုင္ခဲ့ပါတယ္။အခု CMP ေတြ၊ ေရလုပ္ငန္းေတြ မပါဝင္ေသးေပမယ့္ အေျဖမထြက္ေသးလို႔ ဒီလို႐ုပ္သိမ္းခံရတဲ့ အတြက္ နယ္စပ္ကေန ပို႔ေနရတဲ့ ပဲနဲ႔ ဆန္ ကိစၥမွာလည္း တက္ရိပ္ျပေနတဲ့အခ်ိန္၊ ယခင္စံခ်ိန္ေကာင္း တင္ပို႔မႈကို မီလာတဲ့ အခ်ိန္ေတြမွာ ကိုယ္တာေလ်ာ့တာနဲ႔ နယ္စပ္ေတြကို လုံၿခဳံေရးအေၾကာင္းျပၿပီး ပိတ္ဆို႔မႈေတြေၾကာင့္ ယခင္ႏွစ္ကထက္ ေလ်ာ့က်ခဲ့ပါတယ္။ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္တဲ့ စာရင္းအခ်က္အလက္ေတြအရဆိုရင္ ၂၀၁၈ ဧၿပီလကေန ဒီဇင္ဘာလအထိ ကိုးလအတြင္း နယ္စပ္ကေန တ႐ုတ္ႏိုင္ငံကို ဆန္ႏွင့္ ဆန္ကြဲ တင္ပို႔မႈ တန္ခ်ိန္ ၈ ဒသမ ၉ သိန္းေက်ာ္သာ ရွိပါတယ္။ဒါဟာ ၂၀၁၇ ခုႏွစ္ ကာလတူ ၉ လတာ တင္ပို႔ခဲ့တဲ့ တန္ခ်ိန္ ၁၃ ဒသမ ၂ သိန္းထက္ တန္ခ်ိန္ ၄ ဒသမ ၃ သိန္းေက်ာ္ ေလ်ာ့နည္းခဲ့ပါတယ္။

ဒါတင္မကပါဘူး။ခရီးသြားက႑မွာလည္း ဆိုက္ေရာက္ဗီဇာေတြ ေပးခဲ့ေပမယ့္ အပိုင္းမွာလည္း ခရီးသြားဝင္ေရာက္မႈက တက္မလာဘဲ ၿပီးခဲ့တဲ့ႏွစ္ကထက္ က်လာခဲ့ပါတယ္။ဒါဟာ ရခိုင္ျပႆနာေၾကာင့္ ျပည္ပခရီးသြားေတြက ျမန္မာႏိုင္ငံအစား အျခားအာရွႏိုင္ငံတစ္ခုကို ေ႐ြးခ်ယ္လာခဲ့တဲ့ သေဘာပါ။အရပ္သားအစိုးရ လက္ထက္မွာေတာ့ အခြန္ေကာက္ခံမႈကို တိုင္းျပည္ရဲ႕ အဓိကဝင္ေငြ ရရာရေၾကာင္းအျဖစ္ အားထည့္လုပ္ေဆာင္ခဲ့လို႔ တစ္ႏွစ္ထက္ တစ္ႏွစ္အခြန္ရရွိမႈ တိုးတက္လာခဲ့ပါတယ္။ဒါေပမယ့္ ကုန္သြယ္မႈမွာေတာ့  အိမ္နီးခ်င္းႏိုင္ငံေတြ႕ဘက္က လိုသလို ထိန္းခ်ဳပ္ထားတာနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈမွာ ခ်ိန္ကိုက္ျဖစ္လာတဲ့ ပဋိပကၡေတြေၾကာင့္ ထင္သလို ဝင္မလာတာေတြက ျမန္မာ့စီးပြားေရးကို ထင္သေလာက္ မတက္ေစတဲ့ အေၾကာင္းရင္းေတြ ျဖစ္လာပါတယ္။

ေနာက္တစ္ခ်က္က ျမန္မာ့စီးပြားေရးမွာ အဓိကခ်ဳပ္ကိုင္ထားတာက အရင္ စစ္အစိုးရလက္ထက္မွာ အာဏာပိုင္ေတြနဲ႔တြဲၿပီး အက်ိဳးအျမတ္ရယူခဲ့တဲ့သူေတြပါ။လက္ရွိအာဏာရပါတီက တာဝန္ရွိသူေတြေတာင္ ထုတ္ေျပာရေလာက္တဲ့အထိ ျပည္တြင္းစီးပြားေရးမွာ သူတို႔ခ်ဳပ္ကိုင္မႈပမာဏ ရာခိုင္ႏူန္းက အေတာ့္ကို မ်ားပါ တယ္။ဒီဘက္ႏွစ္ပိုင္းမွာ အစိုးရဘက္က သူတို႔ခ်ဳပ္ကိုင္ထားတဲ့ ျမန္မာစီးပြားေရးကို ျပန္တြန္းတင္ဖို႔ ေတာက္ေလွ်ာက္ျပင္ေနေပမယ့္ ထင္သေလာက္ မျဖစ္လာပါဘူး။

ျမန္မာ့စီးပြားေရးအတြက္ အစိုးရပိုင္းက ဥပေဒပိုင္းေတြ၊ လုပ္နည္းကိုင္နည္းေတြ ပိုလြယ္ကူ လုပ္ကိုင္သာေအာင္ ျပင္လာ၊ အခြင့္အလမ္းေတြ ဖန္တီးေပးလာလို႔ ရင္းႏွီးျမဳပ္ႏွံသူေတြ အာ႐ုံစိုက္လာရင္ တိုက္တိုက္ဆိုင္ဆိုင္ ျပည္တြင္းမွာ ႏိုင္ငံေရး၊ လူမႈေရးနဲ႔ တိုင္းရင္းသား ပဋိပကၡေတြနဲ႔ သြားသြားတိုးေနတတ္တာ မၾကာခဏပါဘဲ။ဒါဟာ တိုက္ဆိုင္မႈလား၊ ကံၾကမၼာေၾကာင့္လားဆိုတာ မသိႏိုင္ပါဘူး။မၾကာခင္က ျပည္ပ FDI ဝင္လာမႈက တိုးလာပါတယ္။ေက်ာက္ျဖဴအတြက္ သေဘာတူညီခ်က္ေတြ ရလာတယ္။AA ကိစၥ ျဖစ္လာပါတယ္။ဒါဟာသတိထားရေတာ့မယ့္ ကိစၥတစ္ခုပါဘဲ။တိုက္ဆိုင္မႈဆိုရင္လည္း ေသခ်ာတဲ့ တိုက္ဆိုင္မႈပါဘဲ။

လာမည့္ ၂၀၂၀ အတြက္ ဒီႏွစ္ႏွစ္အတြင္း အရပ္သားအစိုးရအေနနဲ႔ ျပည္တြင္းစီးပြားေရးကို တိုးတက္ေအာင္၊ ျပည္သူေတြရဲ႕ ေနထိုင္စားေသာက္မႈကို ေခ်ာင္လည္ေအာင္ လုပ္ဖို႔က အေရးႀကီးေနပါၿပီ။ဒါကို မလုပ္ျပႏိုင္ရင္ ၂၀၂၀ မွာ အာဏာရပါတီ အေျခအေန မေကာင္းႏိုင္ပါဘူး။၂၀၁၉ ခုႏွစ္အတြင္းမွာ အစိုးရလုပ္ေဆာင္ေနတဲ့ အမ်ားျပည္သူဆိုင္ရာ လုပ္ငန္းေတြ၊ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းလို လုပ္ငန္းေတြ၊ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ တြဲထားတဲ့ စက္မႈဇုန္ေတြ စသျဖင့္ အားလုံးကို အားထည့္လုပ္ဖို႔ လိုသလို ခ်ိန္ကိုက္ျဖစ္လာတဲ့ ျပႆနာေတြကိုလည္း ဆိုင္ရာဆိုင္ရာေတြက ထိန္းႏိုင္ဖို႔လည္း လိုေနပါတယ္။

ဒါဟာ ျမန္မာစီးပြားေရးအတြက္ အေျဖပါဘဲ။ယခု ႏွစ္ႏွစ္အတြင္း ပဋိပကၡေတြနဲ႔ တိုက္ေနရတဲ့ ျမန္မာ့စီးပြားေရးကို ႏိုင္ႏိုင္နင္းနင္း ဇက္ႀကိဳးဆြဲ ေမာင္းတင္ႏိုင္ပါ့မလားဆိုတာ…..။

စိုးသင္း
ဇန္နဝါရီ - ၁၇