【 ဆောင်းပါး 】 “လက်ကျန်သက်တမ်း မြန်မာ့စီးပွားရေး အခြေအနေ”

【 ဆောင်းပါး 】 “လက်ကျန်သက်တမ်း မြန်မာ့စီးပွားရေး အခြေအနေ”

မကြာမီက ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မစ်ရှင်အဖွဲ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု (GDP) အညွှန်းကိန်းတွင်၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်းကျော်သာ ရှိမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် ယခုဘဏ္ဍာနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်က ကိန်းဂဏန်းများအပေါ် အခြေတည်ကာ အကောင်းမြင်နေသည့် မြန်မာ့စီးပွားရေးမူဝါဒ ချမှတ်နေသူများအတွက် ပထမဆုံး သတိပြုမိစေမည့် ကိန်းဂဏန်းထုတ်ပြန်မှု ဖြစ်သည်။ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) တစ်နှစ်အတွင်း ဝင်ရောက်မှုသည်၂၀၁၆-၁၇ ခုနှစ်တွင် တိုးတက်မှုများ ရှိခဲ့သော်လည်း၂၀၁၇-၁၈ တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အသစ်များ ဝင်ရောက်မှု ကျဆင်းလာခဲ့သည်။၂၀၁၆-၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် FDI ခွင့်ပြုသည့် ပမာဏသည် ၂၀၁၇-၁၈ တွင် ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ကျဆင်းရခြင်းမှာ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီး တိုးတက်မှုနှုန်း လျော့နည်းခြင်းနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွးခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအပေါ် ရိုက်ခတ်ပြီး ခရီးသွားလုပ်ငန်း ကျဆင်းခြင်းက ဂျီဒီပီ တိုးတက်မှုနှုန်း လျော့နည်းစေသည့် အဓိကအချက်များအဖြစ် ထောက်ပြခဲ့ပါတယ်။သို့သော် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြန်လည်အားကောင်းလာပါက မြန်မာနိုင်ငံအတွက် ကာလလတ် စီးပွားရေး တိုးတက်မှုနှုန်းသည် အကောင်းဘက်တွင် ဆက်လက်ရှိနေပြီး ၂၀၂၀-၂၁ ခုနှစ်အတွက် ၆ ဒသမ ၆ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

လက်ရှိအခြေအနေကို ပြန်လည်ကြည့်ပါက လတ်တလောတွင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့် အထူးအခွင့်အရေး Generalized System of Preferences (GSP) ကို ရခိုင်အရေးကြောင့် ပြန်လည်ရုပ်သိမ်းရန်ရှိနေပြီး ထိုသို့ ပြန်လည်ရုပ်သိမ်းပါက အလုပ်သမားများစွာ အလုပ်ပေးနေသည့် အထည်ချုပ်လုပ်ငန်းနှင့် ရေထွက်လုပ်ငန်းမှ အလုပ်သမား ၁ဝ သိန်းကျော်ခန့် ထိခိုက်နစ်နာမည့် အခြေအနေရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်က မြန်မာနိုင်ငံသို့ အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ (EU-EBA Monitoring Mission) အဖွဲ့က မြန်မာနိုင်ငံတွင် ရခိုင် အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း အလုပ်ရှင်/အလုပ်သမားများ၏ လုပ်ငန်းခွင် အခြေအနေများ၊ ဆက်ဆံရေးများကို စိစစ်လေ့လာခဲ့သည်။
ထိုစိစစ်လေ့လာရာမှ အဖြေကို ယခုထိ မထုတ်ပြန်သေးသဖြင့် မကြာခင်က ပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ UMFCCI ရုံးတွင် ပြုလုပ်ခဲ့သည့် “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ဆွေးနွေးပွဲတွင် အီးယူ၏ အထူးအခွင့်အရေး မရုပ်သိမ်းရေးအတွက် တောင်းဆိုခဲ့သည်။

အကယ်၍ အီးယူဘက်က အထူးအခွင့်အရေးကို ပြန်လည်ရုတ်သိမ်းလာခဲ့လျှင် ဘာတွေဖြစ်လာနိုင်သနည်း။
ထိုအဖြေက ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်က အခြေအနေကို ပြန်ကြည့်လျှင် သိနိုင်သည်။၁၉၉၆ ခုနှစ်တွင် ပိတ်ဆို့မှု စတင်သဖြင့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်း အတော်များများပိတ်ကာ မြန်မာနိုင်ငံမှ ထွက်သွားကြသည်။ထို့နောက် ၁၉၉၇ တွင် အာရှငွေကြေး ပြိုလဲမှုဖြစ်ပေါ်သည်။ထို့နောက် အထွေထွေစီးပွားရေး ကြပ်တည်းမှုက ၁၃ နှစ်ကျော် ကြာခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှ ပြန်ငြိမ်လာခဲ့သည်။အလုပ်လက်မဲ့ ဦးရေက ထိုကာလတွင် အတော်လေးများကာ စာရိတ္တပျက်စီးသည့် လူငယ်တွေနှင့် လောင်းကစား၊ မူးယစ်ဆေးဝါး လုပ်ငန်းများက အတော်လေး တွင်ကျယ်ခဲ့သည်။လာဘ်စားမှုနှင့် ခြစားမှုကတော့ ပြောမကုန်အောင်ပင်။

ယခု ပြည်တွင်း အလုပ်လက်မဲ့နှုန်းကို တိကျစွာ မသိသော်လည်း အရပ်သားအစိုးရတက်ကာစ ၂၀၁၆ ခုနှစ်ကတည်းက စခဲ့သည့် ကုမ္ပဏီကြီးများ၏ လုပ်ငန်းလျှော့ချ လုပ်ကိုင်မှုဒဏ်က ယခုသိသာနေပြီ ဖြစ်သည်။အထူးသဖြင့် အရှိန်ရနေသည့် ဆောက်လုပ်ရေးဏ္ဍတွင် အစိုးရသစ်တက်ကာစ  ဥပဒေနှင့်ညီရန် စစ်ဆေးခြင်းအတွက် ခေတ္တရပ်ဆိုင်းခိုင်းရာကနေ စခဲ့သည့် အကြပ်အတည်းက ဆောက်လုပ်ရေးကဏ္ဍကို ဇက်သတ်လိုက်သလိုဖြစ်ကာ အမျိုးသားအလုပ်သမားများစွာ အလုပ်အကိုင်ပေးနိုင်သည့် အလုပ်ကို ဖြိုလှဲချသလို ဖြစ်ခဲ့ရသည်။ထိုအကျိုးဆက်က အလုပ်လက်မဲ့ဦးရေ တိုးတက်လာကာ တခြားအကျိုးသက်ရောက်မှုအဖြစ် ရာဇဝတ်မှုနှင့် လူမှုရေးပြဿနာများကိုပါ တိုးပွားလာစေခြင်းပင် ဖြစ်သည်။

တစ်နှစ်နှင့်တစ်နှစ် မတူညီသည့် အလုပ်လက်မဲ့နှုန်း တက်လာမှုကို သေချာသည့် နှိုင်းယှဉ်မှုအဖြစ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်သည့် ပြည်တွင်းအလုပ်အကိုင် ရရှိမှုကို ကြည့်လျှင် ၂၀၁၇နှစ် က တစ်လလျှင် ဦးရေနှစ်သောင်းခန့် ရှိရာမှ ယခုနှစ်တွင် တစ်လ တစ်သောင်းခွဲမှ နှစ်သောင်းအထိသာ ရှိလာသည်ကို တွေ့ရမည် ဖြစ်သည်။သို့ဖြစ်ရာ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက လာမည့်နှစ်တွင် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများ အခြေအနေမှာ ဆိုးရွားနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

ထိုအလုပ်လက်မဲ့နှုန်းသာမက ငွေကြေးဖောင်းပွမှုဘက်ကို ပြန်ကြည့်လျှင်လည်း ဗဟိုစာရင်းအင်းအဖွဲ့က ယခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင်၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ နှစ်စပိုင်းတွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာတွင်၆ ဒသမ ၃၄ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့သလို ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့်  မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာတွင်လည်း ကျပ်ငွေ တန်ဖိုးမှာ ၂၀၁၈ ခုနှစ် ခြောက်လတာ ကာလအတွင်း ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုအခြေအနေတွေက လာမည့် လက်ကျန်သက်တမ်း ၂ နှစ်အတွက် အရပ်သားအစိုးရ၏ စီးပွားရေးကဏ္ဍ ကိုင်တွယ်သူတို့ ဖြေရှင်းရမည့် ပြဿနာများပင် ဖြစ်သည်။NLD ပါတီအတွက်လည်း နောင်လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အောင်မှတ်ရအောင် ဖြေရမည့် ဘာသာရပ်ပင် ဖြစ်သည်။အထူးသဖြင့် ငြိမ်းချမ်းရေးနွံထဲ နစ်ဝင်သွားသည့် အစိုးရအားကို စီးပွားရေးနွံထဲ နစ်ဝင်နေသည့် တိုင်းပြည်ကို ဆွဲထုတ်ရန်သုံးဖို့ သင့်၊ မသင့် စဉ်းစားရတော့မည့် အခြေအနေဖြစ်သည်။အစိုးရသက်တမ်းတစ်ခုက ရွေးကောက်ပွဲ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ၅ နှစ် သက်တမ်းသာ ရှိသဖြင့် ထို ၅ နှစ် သက်တမ်းအတွင်း စီးပွားရေးကို ငြိမ်အောင်ထိန်းဖို့ လိုသလို တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ယခင်အစိုးလက်ထက်ကထက် ပို၍စိုးမိုးနိုင်အောင် လုပ်ဆောင်ပြနိုင်မှ နောက်ထပ် သက်တမ်းတစ်ခုကို မျှော်မှန်းနိုင်မည်ဖြစ်ရာ လက်ရှိတွင် အစိုးရဘက်က စီးပွားရေးဘက်ကို ပြန်လည်အားစိုက်မည့် အရိပ်အယောင်ကို တွေ့နေရသည်။

ထို့အတွက် အနောက်ဘက်မှ မလာသည့် ရင်းနှီးမြုပ်နှံမှုကို မမျှော်တော့ဘဲ အရှေ့ဘက်မှလာသည့် ရင်းနှီးမြုပ်နှံမှုကို လက်တွေ့ကျကျ ကြိုဆိုနေသည်ကို တွေ့ရသည်။ရခိုင်မြောက်ပိုင်း ပြဿနာကြောင့် ၂၀၁၅ နှင့် ၂၀၁၇ အကြားတွင် မြန်မာ၏ နိုင်ငံခြားက အတည်ပြုပြီးသား ရင်းနှီးမြှုပ်နှံမှုများ အားလုံး ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ရာ တရုတ်ဘက်က ကမ်လှမ်းလာသည့်  OBOR ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာ-တရုတ် စြင်္ကန်လမ်းနှင့် ပတ်သက်သည့် ကမ်းလှမ်းချက်က စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ထိုအရာက လက်တွေ့ဖြေရှင်းရမည့် အလုပ်လက်မဲ့ ပြဿနာနှင့် လေးလံထိုင်းမှိုင်းသည့် အဆင့်ထက် ကျော်လွန်ကာ ရပ်တန်နေသည့် ပြည်တွင်းစီးပွားရေးကို နိုးထစေမည့် လုပ်ဆောင်ချက်လည်း ဖြစ်လာနိုင်သည်။

မကြာမီကာလအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် ငါးဦးတို့ ပါဝင်သည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

ထိုမတိုင်ခင် စက်တင်ဘာ ၉ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရန်ကုန်နှင့် ကျောက်ဖြူသို့ ဖြာထွက်သည့် စြင်္ကန်နှစ်ခုကို အဓိကဒေသအဖြစ် သတ်မှတ်ထားကာ မြန်မာ- တရုတ် စီးပွားရေးစြင်္ကန် အကောင်အထည်ဖော်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကိုယ်စား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် ဥက္ကဋ္ဌ မစ္စတာဟယ်လီဖုန်း တို့က ဘေဂျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်နှင့် လုပ်ကိုင်နေသည့် သီလဝါတွင်လည်း ဆိပ်ခံတံတား ဖွင့်လှစ်နိုင်သည့်အထိ တိုးတက်နေသလို ဂျပန်ဘက်က ရင်းနှီးမြုပ်နှံမှု တိုးလာနေသည်ကို တွေ့ရသလို ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မည့် နိုင်ငံများကို သဘောမတူကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီ ရိုမာရူယာမ က ISP Myanmar က ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်များကလည်း ရှိခဲ့သည်။

အကောင်းဘက်ကကြည့်လျှင် မြန်မာ-တရုတ် စီးပွားရေး စြင်္ကန်လမ်းကြောင့် စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ၊ နိုင်ငံအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်မှုနှင့်အတူ တွဲပါလာမည့် အလုပ်အကိုင် အခွင့်အလမ်း ရှိသဖြင့် မြင့်တက်လာသည့် အလုပ်လက်မဲ့ အရေးကိုလည်း ဖြေရှင်းနိုင်မည့် အနေအထားရှိသည်။ဒါတွေက ဒီဘက်က အကောင်းမြင် မျှော်လင့်ထားမှုတွေ ဖြစ်သည်။သို့သော် တရုတ်ဘက်က လုပ်သားတွေ အလုံးအရင်းနှင့် ဝင်လာမည့် ပြဿနာကလည်း ရှိနေသေးသည်။

လာမည့် လက်ကျန်သက်တမ်း နှစ်နှစ်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပြင် ပြည်တွင်းတွင် တရားဥပဒေစိုးမိုးမှုရှိရေးနှင့် ရခိုင်မြောက်ပိုင်း ပြဿနာက ပြေလည်ဖို့ကလည်း အရေးကြီးသည်။စီးပွားရေးသမားများအတွက် လုပ်ခွင့်သာဖို့အတွက် မျှတသော ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားမှုတွေ အသက်ဝင်လာစေရေးက အရေးကြီးသည်။

ဒီအတွက် မြန်မာစကားပုံ တစ်ခုရှိသည်။“သူခိုးပြေးမှ ထိုးကွင်းထ” ဆိုလား၊ “ခတ်ကွင်းပြင်နေတာနဲ့ ရွာသစ်ကြီး ရောက်တော့မယ်” ဆိုလား မြန်မာ့စီးပွားရေးက ဖြစ်နေသည်။ပြင်ရင်း ပြင်ဆင်ရင်း စမ်းရင်း စမ်းသပ်ရင်းဖြင့် ကုန်ခဲ့သည့် သက်တမ်း ၃ နှစ်အတွင်း ဘာမှ ျလာက်လောက်လားလား မဖြစ်ခဲ့သည့် မြန်မာ့စီးပွားရေး လက်ကျန် နှစ်နှစ်အတွင်း ဘာတွေများ ဖြစ်လာစရာ ရှိမလဲဟု …… တွေးရင်းသာ စိတ်မောမိပါသည်။

စိုးသင်း
ဒီဇင်ဘာ - ၁၉
( Zawgyi )
မၾကာမီက ကမာၻ႔ဘဏ္ႏွင့္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) မစ္ရွင္အဖြဲ႕က ထုတ္ျပန္ခဲ့သည့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးမႈ (GDP) အၫႊန္းကိန္းတြင္၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ၆ ရာခိုင္ႏႈန္းေက်ာ္သာ ရွိမည္ဟု ခန႔္မွန္းထားၿပီး အထူးသျဖင့္ ယခုဘ႑ာႏွစ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္း ေႏွးေကြးလာႏိုင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ထိုထုတ္ျပန္ခ်က္က ကိန္းဂဏန္းမ်ားအေပၚ အေျခတည္ကာ အေကာင္းျမင္ေနသည့္ ျမန္မာ့စီးပြားေရးမူဝါဒ ခ်မွတ္ေနသူမ်ားအတြက္ ပထမဆုံး သတိျပဳမိေစမည့္ ကိန္းဂဏန္းထုတ္ျပန္မႈ ျဖစ္သည္။ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ (FDI) တစ္ႏွစ္အတြင္း ဝင္ေရာက္မႈသည္၂၀၁၆-၁၇ ခုႏွစ္တြင္ တိုးတက္မႈမ်ား ရွိခဲ့ေသာ္လည္း၂၀၁၇-၁၈ တြင္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ အသစ္မ်ား ဝင္ေရာက္မႈ က်ဆင္းလာခဲ့သည္။၂၀၁၆-၁၇ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ FDI ခြင့္ျပဳသည့္ ပမာဏသည္ ၂၀၁၇-၁၈ တြင္ ၁၄ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ကမာၻ႔အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ထိုသို႔က်ဆင္းရျခင္းမွာ ကုန္ထုတ္လုပ္မႈ၊ ေဆာက္လုပ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး က႑အသီးသီး တိုးတက္မႈႏႈန္း ေလ်ာ့နည္းျခင္းႏွင့္ ကမာၻ႔စီးပြားေရး တိုးတက္မႈ ေႏွးကြးျခင္း၊ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ ႐ိုက္ခတ္ၿပီး ခရီးသြားလုပ္ငန္း က်ဆင္းျခင္းက ဂ်ီဒီပီ တိုးတက္မႈႏႈန္း ေလ်ာ့နည္းေစသည့္ အဓိကအခ်က္မ်ားအျဖစ္ ေထာက္ျပခဲ့ပါတယ္။သို႔ေသာ္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား ျပန္လည္အားေကာင္းလာပါက ျမန္မာႏိုင္ငံအတြက္ ကာလလတ္ စီးပြားေရး တိုးတက္မႈႏႈန္းသည္ အေကာင္းဘက္တြင္ ဆက္လက္ရွိေနၿပီး ၂၀၂၀-၂၁ ခုႏွစ္အတြက္ ၆ ဒသမ ၆ရာခိုင္ႏႈန္း ရွိမည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္းထားသည္။

လက္ရွိအေျခအေနကို ျပန္လည္ၾကည့္ပါက လတ္တေလာတြင္ ဥေရာပသမဂၢ (EU) က ျမန္မာႏိုင္ငံကို ေပးအပ္ထားသည့္ ကုန္သြယ္ခြန္ ကင္းလြတ္ခြင့္ အထူးအခြင့္အေရး Generalized System of Preferences (GSP) ကို ရခိုင္အေရးေၾကာင့္ ျပန္လည္႐ုပ္သိမ္းရန္ရွိေနၿပီး ထိုသို႔ ျပန္လည္႐ုပ္သိမ္းပါက အလုပ္သမားမ်ားစြာ အလုပ္ေပးေနသည့္ အထည္ခ်ဳပ္လုပ္ငန္းႏွင့္ ေရထြက္လုပ္ငန္းမွ အလုပ္သမား ၁ဝ သိန္းေက်ာ္ခန႔္ ထိခိုက္နစ္နာမည့္ အေျခအေနရွိေနသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ေနာက္ဆုံးပတ္က ျမန္မာႏိုင္ငံသို႔ အီးယူ ကုန္သြယ္မႈအခြင့္အေရး စိစစ္ေလ့လာေရးအဖြဲ႕ (EU-EBA Monitoring Mission) အဖြဲ႕က ျမန္မာႏိုင္ငံတြင္ ရခိုင္ အပါအဝင္ အျခားေဒသမ်ားတြင္ ျဖစ္ပြားခဲ့ေသာ လူ႔အခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ႏိုင္ငံအတြင္း အလုပ္ရွင္/အလုပ္သမားမ်ား၏ လုပ္ငန္းခြင္ အေျခအေနမ်ား၊ ဆက္ဆံေရးမ်ားကို စိစစ္ေလ့လာခဲ့သည္။
ထိုစိစစ္ေလ့လာရာမွ အေျဖကို ယခုထိ မထုတ္ျပန္ေသးသျဖင့္ မၾကာခင္က ျပဳလုပ္ခဲ့သည့္ ဒီဇင္ဘာ ၁၇ ရက္က ရန္ကုန္ၿမိဳ႕ UMFCCI ႐ုံးတြင္ ျပဳလုပ္ခဲ့သည့္ “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ေဆြးေႏြးပြဲတြင္ အီးယူ၏ အထူးအခြင့္အေရး မ႐ုပ္သိမ္းေရးအတြက္ ေတာင္းဆိုခဲ့သည္။

အကယ္၍ အီးယူဘက္က အထူးအခြင့္အေရးကို ျပန္လည္႐ုတ္သိမ္းလာခဲ့လွ်င္ ဘာေတြျဖစ္လာႏိုင္သနည္း။
ထိုအေျဖက ၿပီးခဲ့သည့္ ၁၉၉၆ ခုႏွစ္က အေျခအေနကို ျပန္ၾကည့္လွ်င္ သိႏိုင္သည္။၁၉၉၆ ခုႏွစ္တြင္ ပိတ္ဆို႔မႈ စတင္သျဖင့္ ျမန္မာႏိုင္ငံမွ အထည္ခ်ဳပ္လုပ္ငန္း အေတာ္မ်ားမ်ားပိတ္ကာ ျမန္မာႏိုင္ငံမွ ထြက္သြားၾကသည္။ထို႔ေနာက္ ၁၉၉၇ တြင္ အာရွေငြေၾကး ၿပိဳလဲမႈျဖစ္ေပၚသည္။ထို႔ေနာက္ အေထြေထြစီးပြားေရး ၾကပ္တည္းမႈက ၁၃ ႏွစ္ေက်ာ္ ၾကာခဲ့ၿပီး ၂၀၁၀ ေနာက္ပိုင္းမွ ျပန္ၿငိမ္လာခဲ့သည္။အလုပ္လက္မဲ့ ဦးေရက ထိုကာလတြင္ အေတာ္ေလးမ်ားကာ စာရိတၱပ်က္စီးသည့္ လူငယ္ေတြႏွင့္ ေလာင္းကစား၊ မူးယစ္ေဆးဝါး လုပ္ငန္းမ်ားက အေတာ္ေလး တြင္က်ယ္ခဲ့သည္။လာဘ္စားမႈႏွင့္ ျခစားမႈကေတာ့ ေျပာမကုန္ေအာင္ပင္။

ယခု ျပည္တြင္း အလုပ္လက္မဲ့ႏႈန္းကို တိက်စြာ မသိေသာ္လည္း အရပ္သားအစိုးရတက္ကာစ ၂၀၁၆ ခုႏွစ္ကတည္းက စခဲ့သည့္ ကုမၸဏီႀကီးမ်ား၏ လုပ္ငန္းေလွ်ာ့ခ် လုပ္ကိုင္မႈဒဏ္က ယခုသိသာေနၿပီ ျဖစ္သည္။အထူးသျဖင့္ အရွိန္ရေနသည့္ ေဆာက္လုပ္ေရး႑တြင္ အစိုးရသစ္တက္ကာစ  ဥပေဒႏွင့္ညီရန္ စစ္ေဆးျခင္းအတြက္ ေခတၱရပ္ဆိုင္းခိုင္းရာကေန စခဲ့သည့္ အၾကပ္အတည္းက ေဆာက္လုပ္ေရးက႑ကို ဇက္သတ္လိုက္သလိုျဖစ္ကာ အမ်ိဳးသားအလုပ္သမားမ်ားစြာ အလုပ္အကိုင္ေပးႏိုင္သည့္ အလုပ္ကို ၿဖိဳလွဲခ်သလို ျဖစ္ခဲ့ရသည္။ထိုအက်ိဳးဆက္က အလုပ္လက္မဲ့ဦးေရ တိုးတက္လာကာ တျခားအက်ိဳးသက္ေရာက္မႈအျဖစ္ ရာဇဝတ္မႈႏွင့္ လူမႈေရးျပႆနာမ်ားကိုပါ တိုးပြားလာေစျခင္းပင္ ျဖစ္သည္။

တစ္ႏွစ္ႏွင့္တစ္ႏွစ္ မတူညီသည့္ အလုပ္လက္မဲ့ႏႈန္း တက္လာမႈကို ေသခ်ာသည့္ ႏႈိင္းယွဥ္မႈအျဖစ္ အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနက ထုတ္ျပန္သည့္ ျပည္တြင္းအလုပ္အကိုင္ ရရွိမႈကို ၾကည့္လွ်င္ ၂၀၁၇ႏွစ္ က တစ္လလွ်င္ ဦးေရႏွစ္ေသာင္းခန႔္ ရွိရာမွ ယခုႏွစ္တြင္ တစ္လ တစ္ေသာင္းခြဲမွ ႏွစ္ေသာင္းအထိသာ ရွိလာသည္ကို ေတြ႕ရမည္ ျဖစ္သည္။သို႔ျဖစ္ရာ ျပည္တြင္း အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီမ်ားက လာမည့္ႏွစ္တြင္ ျပည္တြင္း အလုပ္အကိုင္ရွာေဖြေရး လုပ္ငန္းမ်ား အေျခအေနမွာ ဆိုး႐ြားႏိုင္ေၾကာင္း ခန႔္မွန္းမႈမ်ား ရွိေနသည္။

ထိုအလုပ္လက္မဲ့ႏႈန္းသာမက ေငြေၾကးေဖာင္းပြမႈဘက္ကို ျပန္ၾကည့္လွ်င္လည္း ဗဟိုစာရင္းအင္းအဖြဲ႕က ယခုႏွစ္အတြက္ ထုတ္ျပန္သည့္ အစီရင္ခံစာတြင္၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈမွာ ႏွစ္စပိုင္းတြင္ ၄ ဒသမ ၁၆ ရာခိုင္ႏႈန္း ရွိၿပီး ေအာက္တိုဘာတြင္၆ ဒသမ ၃၄ ရာခိုင္ႏႈန္းသို႔ ျမင့္တက္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သလို ကမာၻ႔ဘဏ္က ထုတ္ျပန္သည့္  ျမန္မာ့စီးပြားေရး ေလ့လာမႈ အစီရင္ခံစာတြင္လည္း က်ပ္ေငြ တန္ဖိုးမွာ ၂၀၁၈ ခုႏွစ္ ေျခာက္လတာ ကာလအတြင္း ၁၈ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

ထိုအေျခအေနေတြက လာမည့္ လက္က်န္သက္တမ္း ၂ ႏွစ္အတြက္ အရပ္သားအစိုးရ၏ စီးပြားေရးက႑ ကိုင္တြယ္သူတို႔ ေျဖရွင္းရမည့္ ျပႆနာမ်ားပင္ ျဖစ္သည္။NLD ပါတီအတြက္လည္း ေနာင္လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ေအာင္မွတ္ရေအာင္ ေျဖရမည့္ ဘာသာရပ္ပင္ ျဖစ္သည္။အထူးသျဖင့္ ၿငိမ္းခ်မ္းေရးႏြံထဲ နစ္ဝင္သြားသည့္ အစိုးရအားကို စီးပြားေရးႏြံထဲ နစ္ဝင္ေနသည့္ တိုင္းျပည္ကို ဆြဲထုတ္ရန္သုံးဖို႔ သင့္၊ မသင့္ စဥ္းစားရေတာ့မည့္ အေျခအေနျဖစ္သည္။အစိုးရသက္တမ္းတစ္ခုက ေ႐ြးေကာက္ပြဲ တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္ၾကား ၅ ႏွစ္ သက္တမ္းသာ ရွိသျဖင့္ ထို ၅ ႏွစ္ သက္တမ္းအတြင္း စီးပြားေရးကို ၿငိမ္ေအာင္ထိန္းဖို႔ လိုသလို တရားဥပေဒစိုးမိုးေရးႏွင့္ ပတ္သက္ၿပီး ယခင္အစိုးလက္ထက္ကထက္ ပို၍စိုးမိုးႏိုင္ေအာင္ လုပ္ေဆာင္ျပႏိုင္မွ ေနာက္ထပ္ သက္တမ္းတစ္ခုကို ေမွ်ာ္မွန္းႏိုင္မည္ျဖစ္ရာ လက္ရွိတြင္ အစိုးရဘက္က စီးပြားေရးဘက္ကို ျပန္လည္အားစိုက္မည့္ အရိပ္အေယာင္ကို ေတြ႕ေနရသည္။

ထို႔အတြက္ အေနာက္ဘက္မွ မလာသည့္ ရင္းႏွီးျမဳပ္ႏွံမႈကို မေမွ်ာ္ေတာ့ဘဲ အေရွ႕ဘက္မွလာသည့္ ရင္းႏွီးျမဳပ္ႏွံမႈကို လက္ေတြ႕က်က် ႀကိဳဆိုေနသည္ကို ေတြ႕ရသည္။ရခိုင္ေျမာက္ပိုင္း ျပႆနာေၾကာင့္ ၂၀၁၅ ႏွင့္ ၂၀၁၇ အၾကားတြင္ ျမန္မာ၏ ႏိုင္ငံျခားက အတည္ျပဳၿပီးသား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အားလုံး ၄၀ ရာခိုင္ႏႈန္းခန႔္ က်ဆင္းခဲ့ရာ တ႐ုတ္ဘက္က ကမ္လွမ္းလာသည့္  OBOR ၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ျမန္မာ-တ႐ုတ္ ျစကၤန္လမ္းႏွင့္ ပတ္သက္သည့္ ကမ္းလွမ္းခ်က္က စိတ္ဝင္စားစရာ ျဖစ္လာခဲ့သည္။ထိုအရာက လက္ေတြ႕ေျဖရွင္းရမည့္ အလုပ္လက္မဲ့ ျပႆနာႏွင့္ ေလးလံထိုင္းမႈိင္းသည့္ အဆင့္ထက္ ေက်ာ္လြန္ကာ ရပ္တန္ေနသည့္ ျပည္တြင္းစီးပြားေရးကို ႏိုးထေစမည့္ လုပ္ေဆာင္ခ်က္လည္း ျဖစ္လာႏိုင္သည္။

မၾကာမီကာလအတြင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဥကၠ႒အျဖစ္ တာဝန္ယူကာ ျပည္ေထာင္စုဝန္ႀကီး ၁၈ ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ငါးဦးတို႔ ပါဝင္သည့္ ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခု (OBOR) ႏွင့္ စပ္လ်ဥ္းသည့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး ဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းခဲ့သည္။

ထိုမတိုင္ခင္ စက္တင္ဘာ ၉ ရက္က တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွ ရန္ကုန္ႏွင့္ ေက်ာက္ျဖဴသို႔ ျဖာထြက္သည့္ ျစကၤန္ႏွစ္ခုကို အဓိကေဒသအျဖစ္ သတ္မွတ္ထားကာ ျမန္မာ- တ႐ုတ္ စီးပြားေရးျစကၤန္ အေကာင္အထည္ေဖာ္ရန္ စီမံကိန္းႏွင့္ ဘ႑ာေရး ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္း ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အစိုးရကိုယ္စား အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ေျပာင္းလဲမႈ ေကာ္မရွင္ ဥကၠ႒ မစၥတာဟယ္လီဖုန္း တို႔က ေဘဂ်င္းၿမိဳ႕၌ လက္မွတ္ေရးထိုးခဲ့သည္။

ဂ်ပန္ႏွင့္ လုပ္ကိုင္ေနသည့္ သီလဝါတြင္လည္း ဆိပ္ခံတံတား ဖြင့္လွစ္ႏိုင္သည့္အထိ တိုးတက္ေနသလို ဂ်ပန္ဘက္က ရင္းႏွီးျမဳပ္ႏွံမႈ တိုးလာေနသည္ကို ေတြ႕ရသလို ရခိုင္ျပည္နယ္အေရးေၾကာင့္ ျမန္မာႏိုင္ငံအေပၚ စီးပြားေရးပိတ္ဆို႔မည့္ ႏိုင္ငံမ်ားကို သေဘာမတူေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး အီခ်ီ ႐ိုမာ႐ူယာမ က ISP Myanmar က ျပဳလုပ္သည့္ ျမန္မာ့ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လမ္းမွန္ေလွ်ာက္ဆဲလား၊ လမ္းေခ်ာ္လြဲၿပီလား ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္မ်ားကလည္း ရွိခဲ့သည္။

အေကာင္းဘက္ကၾကည့္လွ်င္ ျမန္မာ-တ႐ုတ္ စီးပြားေရး ျစကၤန္လမ္းေၾကာင့္ စီးပြားေရးဇုန္ႏွင့္ စက္မႈဇုန္မ်ား၊ ႏိုင္ငံအတြက္ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္မႈႏွင့္အတူ တြဲပါလာမည့္ အလုပ္အကိုင္ အခြင့္အလမ္း ရွိသျဖင့္ ျမင့္တက္လာသည့္ အလုပ္လက္မဲ့ အေရးကိုလည္း ေျဖရွင္းႏိုင္မည့္ အေနအထားရွိသည္။ဒါေတြက ဒီဘက္က အေကာင္းျမင္ ေမွ်ာ္လင့္ထားမႈေတြ ျဖစ္သည္။သို႔ေသာ္ တ႐ုတ္ဘက္က လုပ္သားေတြ အလုံးအရင္းႏွင့္ ဝင္လာမည့္ ျပႆနာကလည္း ရွိေနေသးသည္။

လာမည့္ လက္က်န္သက္တမ္း ႏွစ္ႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈအျပင္ ျပည္တြင္းတြင္ တရားဥပေဒစိုးမိုးမႈရွိေရးႏွင့္ ရခိုင္ေျမာက္ပိုင္း ျပႆနာက ေျပလည္ဖို႔ကလည္း အေရးႀကီးသည္။စီးပြားေရးသမားမ်ားအတြက္ လုပ္ခြင့္သာဖို႔အတြက္ မွ်တေသာ ဥပေဒႏွင့္ နည္းဥပေဒမ်ား ျပ႒ာန္းထားမႈေတြ အသက္ဝင္လာေစေရးက အေရးႀကီးသည္။

ဒီအတြက္ ျမန္မာစကားပုံ တစ္ခုရွိသည္။“သူခိုးေျပးမွ ထိုးကြင္းထ” ဆိုလား၊ “ခတ္ကြင္းျပင္ေနတာနဲ႔ ႐ြာသစ္ႀကီး ေရာက္ေတာ့မယ္” ဆိုလား ျမန္မာ့စီးပြားေရးက ျဖစ္ေနသည္။ျပင္ရင္း ျပင္ဆင္ရင္း စမ္းရင္း စမ္းသပ္ရင္းျဖင့္ ကုန္ခဲ့သည့္ သက္တမ္း ၃ ႏွစ္အတြင္း ဘာမွ ်လာက္ေလာက္လားလား မျဖစ္ခဲ့သည့္ ျမန္မာ့စီးပြားေရး လက္က်န္ ႏွစ္ႏွစ္အတြင္း ဘာေတြမ်ား ျဖစ္လာစရာ ရွိမလဲဟု …… ေတြးရင္းသာ စိတ္ေမာမိပါသည္။

စိုးသင္း
ဒီဇင္ဘာ - ၁၉