【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာကြီးနဲ့ ပိုမိုနက်ရှိုင်းစွာချိတ်ဆက်လာတဲ့ တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာကြီးနဲ့ ပိုမိုနက်ရှိုင်းစွာချိတ်ဆက်လာတဲ့ တရုတ်နိုင်ငံ

“ကျွန်တော်က အသက် ၅၅ နှစ်ရှိပြီ။ ဒါတောင် အတည်တကျ အလုပ်စာချုပ်တစ်ခုရရနိုင်သေး တယ်။ ဒါကဂျာမနီမှာ ရှားပါတယ်။” ဒီစကားပြောတဲ့လူက Thomas Krajnicki ပါ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလကစပြီး Yuxinou ကုမ္ပဏီရဲ့ ဂျာမနီနိုင်ငံကဂိုဒေါင်မှာအလုပ်လုပ်နေတာပါ။

သူကအနီးတစ်ဝိုက်ကလူတွေနဲ့ အမြဲပြောလေ့ရှိပါတယ်။ “အခုဘဝက တော်တော်ပြောင်းလဲလာတယ်ထင်ရတယ်။ သေးတဲ့ အသေးစားစက်မှုထုတ်ကုန်ကနေ အကြီးစက်ပစ္စည်းအထိ အကုန်ရှိတယ်။”

Yuxinou (Chong Qing) Logistic Co.Ltd ကို ၂၀၁၂ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အဓိက အားဖြင့် တရုတ်-ဥရောပရထားလမ်းတစ်လျှောက် နှစ်ဖက် “ဘူတာရုံမှ ဘူတာရုံအထိ” ရထားလမ်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်ပါတယ်။ တရုတ်-ဥရောပ ရထားလမ်းတစ်လျှောက်မှာ အကျယ်ပြောဆုံးနှင့် ရထားခရီးစဉ်အများဆုံးနေရာကတော့ ဂျာမနီနိုင်ငံ “စက်မှုလုပ်ငန်း အခြေစိုက်စခန်းဟောင်း” Ruhr ဒေသမှာရှိတဲ့ Duisburg ဆိပ်ကမ်းပါပဲ။ ကျောက်မီးသွေးကြောင့် ဆုတ်ယုတ်သွားပြီး အသွင်ကူးပြောင်းမှုကြားမှာ ရုန်းကန်နေရတဲ့ အဆိုပါမြို့က တရုတ်-ဥရောပရထား ရောက်ရှိလာမှုကြောင့် ဥရောပတိုက်ရဲ့ ကုန်စည်စီးဆင်းမှု ဗဟိုစင်တာအဖြစ် လျင်မြန်စွာတိုးတက်လာပါတယ်။

ယူရေးရှားကုန်းမြေပေါ်မှာ တရုတ်-ဥရောပရထားပြေးဆွဲတဲ့ အရေအတွက်က ဒီဆယ်နှစ်အတွင်းမှာ အလွန်အမင်းတိုးတက်လာပြီး စပြေးဆွဲခါစနှစ်ကထက် အဆ ၉၀၀ နီးပါးရှိလာပါပြီ။ လက်ရှိ မှာ နေ့စဉ်ပျမ်းမျှ ရထားတွဲပေါင်း ၄၂ တွဲက တရုတ်နိုင်ငံနှင့် ဥရောပတိုက်မြို့ပေါင်း ၁၉၀ ကျော်မှာ ဖြတ်သန်းသွားလာနေကာ ရထားလမ်းတစ်လျှောက်အတွက် အခွင့်အလမ်းအသစ်တွေ သယ်ဆောင်လာပေးပါတယ်။

အချိန်က လွန်ခဲ့တဲ့လေးနှစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကို ပြန်သွားလိုက်ကြရအောင်။ ကိုယ်ကျိုး စီးပွားကာကွယ်တဲ့ ကုန်သွယ်ရေးမူဝါဒအစီအမံတွေ စတင်ပေါ်လိုက် ပျောက်လိုက်ဖြစ်နေစဉ်မှာ တရုတ်နိုင်ငံကပြတ်သားစွာ တံခါးဖွင့်ပြီး ကမ္ဘာ့ကုန်ပစ္စည်းတွေ တရုတ်ဈေးကွက်ကိုဝင်ရောက်နိုင်ဖို့ ကြီးမားတဲ့ ပလက်ဖောင်း တည်ဆောက်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးအကြီးမားဆုံး Aroma care နဲ့ Essential oil လုပ်ငန်းများထဲက တစ်ခုဖြစ်တဲ့ dōTERRA တရုတ်နိုင်ငံ အမှုဆောင်အရာရှိချုပ် Owen Messick က ယနေ့တိုင် ထိုစဉ်ကအဖြစ်အပျက်တွေကိုအမှတ်ရနေဆဲပါ။

အဲဒီတုန်းက သူက စမ်းကြည့်တဲ့သဘောအနေနဲ့ ပထမအကြိမ် ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲမှာ ၉ စတုရန်းမီတာရှိတဲ့ ပြခန်းလေးကို လျှောက်ထားလိုက်တာပါ။ မထင်ထားတာက ဒီလိုစမ်းတာလေးကနေ ကုမ္ပဏီအတွက် ကြီးမားတဲ့အကျိုးစီးပွားသယ်ဆောင်လာပေးတာပါပဲ။

Owen Messick က “အဲတုန်းက ကျွန်တော်တို့က ကုမ္ပဏီသေးသေးလေးပါပဲ။ ဒါပေမဲ့ တရုတ်နိုင်ငံက ကျွန်တော်တို့ဒီမှာတိုးတက်လာဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ပေးလိုက်တယ်။ တရုတ်နိုင်ငံမှာ ကြီးမားတဲ့ဈေးကွက်ရှိပါတယ်” ဟုဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကနှစ်စဉ်ထုတ်ပြန်တဲ့ “လုပ်ငန်းလုပ်ကိုင်မှုပတ်ဝန်းကျင် အစီရင်ခံစာ” ကို ပြန်စဉ်းစားကြည့်ပါက တရုတ်နိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်တဲ့ပတ်ဝန်းကျင်က တစ်ကမ္ဘာလုံးမှာ ၂၀၁၅ ခုနှစ် က အဆင့် ၉၀ ကနေ ၂၀၂၀ ပြည့်နှစ်မှာ အဆင့် ၃၁ အထိရောက်ရှိလာတာကြောင့် ၅၉ ဆင့်တိုးတက်လာပါတယ်။ ကမ္ဘာ့ဘဏ်က ဒါကသမိုင်းမှာ မရှိခဲ့ဖူးတဲ့ အောင်မြင်မှုဟုဆိုပါတယ်။

ယနေ့တရုတ်နိုင်ငံက ယခင်ကမရှိခဲ့ဖူးတဲ့အခြေအနေနဲ့ ကမ္ဘာကြီးနဲ့ ပေါင်းစပ်နေပါတယ်။ ကုန်ပစ္စည်း ကုန်သွယ်မှုပမာဏက ယခင်ဆယ်နှစ်ကထက် ၁၄.၇ ထရီလီယံ တိုးတက်လာပြီး နိုင်ငံတကာ ဈေးကွက်မှာ ပါဝင်တဲ့ပမာဏက ၁၃.၅% အထိတိုးတက်လာပါတယ်။ တစ်ကမ္ဘာလုံး Supply Chain နှင့် ပိုမိုနက်ရှိုင်း စွာပေါင်းစပ်နေပြီး ပျမ်းမျှတစ်မိနစ်လျှင် တရုတ်ယွမ် ၇၃.၄၉ သန်းရှိတဲ့ကုန်ပစ္စည်း တွေက တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးမှာ တင်ပို့တင်သွင်းလျက်ရှိပါတယ်။ ယနေ့တရုတ်နိုင်ငံက “ကမ္ဘာ့ စက်ရုံ” တင်မကဘဲ နိုင်ငံ အသီးသီးနှစ်သက်ခြင်းခံရတဲ့ “ကမ္ဘာ့ဈေးကွက်” လည်းဖြစ်နေပါတယ်။