【 နိုင်ငံတကာဆောင်းပါး 】ကိုယ်ကျိုးအတ္တကို အားပေးတဲ့သေနတ်ပိုင်ဆိုင်မှုနှင့် အကြမ်းဖက်မှု

【 နိုင်ငံတကာဆောင်းပါး 】ကိုယ်ကျိုးအတ္တကို အားပေးတဲ့သေနတ်ပိုင်ဆိုင်မှုနှင့် အကြမ်းဖက်မှု

စီးပွားရေးပညာရှင် ကာလ်းပိုလန်နီ၏ ၁၉၄၄ ခုနှစ်တွင် ထွက်ရှိခဲ့သော The Great Transformation စာ အုပ်တွင် ဖော်ပြချက်အရ “လူအများ၏ ကံကြမ္မာနှင့် သဘာဝပတ်ဝန်းကျင်အတွက် စျေးကွက်ဟာ အဓိက ကျ သော အပိုင်းတွင်ပါဝင်လာပါက ဒါဟာ အကျိုးအဆက်အဖြစ် စျေးကွက်ဟာ လူမှုအသိုင်းအဝိုင်းကို ဖျက်ဆီးစေလိမ့်မယ်” ဟု ရေးသားဖော်ပြထားပါတယ်။

အကယ်၍ စာရေးသူဟာ ယနေ့ချိန်အထိ အသက်ရှင်နေမည်ဆိုပါက သူ့ကို ပရောဖက် (အနာဂတ် ကို ဟောနိုင်သူ) အဖြစ်သတ်မှတ်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူပြောခဲ့သော စကားဟာ ယနေ့ အမေရိကန်နိုင်ငံ၏ အခြေအနေနဲ့ ကိုက်ညီနေသောကြောင့်ဖြစ်ပါတယ်။

၂၀ ရာစုနောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးဟာ စက်မှုလုပ်ငန်းအသွင် ပြုပြင်ပြောင်းလဲရေးတွင် အဓိကလည်ပတ်နေပြီး အမေရိကန်ဟာ လက်နက်အသွင်ပြောင်းလဲလာကာ စစ်ပွဲများကနေ အကျိုးအမြတ်များကို ယူလေ့ရှိပါတယ်။ ထိုစီးပွားရေးဟာ ခုတော့ သေနတ်ရောင်းဝယ်ရေးအခြေခံသော စီးပွားရေးဖြစ်လာနေပါတယ်၊ အဓိကတော့ စျေးကွက်၏ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး နိုင်ငံအတွင်းက လူမှုအသိုင်းအဝိုင်းကို ဒီသေနတ်နဲ့ပဲ ပြန်လည်ဖျက်ဆီးနေပါတယ်။

မေလ ၂၄ ရက်နေ့ တက္ကဆက်ပြည်နယ်က ကျောင်းတစ်ခုတွင်ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ကျောင်ဆရာ ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။ ထို့အပြင် ဒဏ်ရာရရှိသူလည်း ၁၇ ဦးခန့်ရှိခဲ့ပါတယ်။ ထိုပစ်ခတ်မှုကို ကျူးတဲ့သူကတော့ အသက် ၁၈ နှစ်အရွယ် ဆယ်ဗားဒိုးရာမို့စ်ပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ သေနတ်ပိုင်ဆိုင်မှုနှင့် အကြမ်းဖက်မှုတို့ဟာ အခြားနိုင်ငံများက အမေရိကန်အပေါ် စိုးရိမ်မကင်းဖြစ်နေတာ ကြာပါပြီ။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တွင် အမေရိကန်သေနတ်လော်ဘီများဟာ သေနတ်ကို အခြားအစားအစာနှင့် ဆေးဝါးများကဲ့သို့ပဲ ဝယ်ယူမှုများ ပြုလုပ်ရန် ဆော်ဩခဲ့ကြပါတယ်။ ဒီလို ဆော်ဩမှုကို တချို့ပြည်နယ်များတွင် တကယ်လိုက်နာနေကြပြီး အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနကလည်း သေနတ်ကို ပိုမိုဝယ်ယူစုဆောင်းခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း သေနတ်ဝယ်ယူမှုမြင့်တက်လာမှုဟာ အမေရိကန်နိုင်ငံသားများ၏ သေနတ်အပေါ် စိတ်စွဲလမ်းမှုကြီးမားလာကြောင်းကို သက်သေပြနေပါတယ်။ ခုလို ပြည်သူများအကြား သေနတ်ကိုင်ဆောင်လိုမှုစိတ် မြင့်မားလာမှုဟာ သေနတ်ကုမ္ပဏီများပေါ်မှာလည်း အများကြီး တာဝန်ရှိပါတယ်။

ယခုလို အမေရိကန်နိုင်ငံအတွင်းသေနတ်ပိုင်ဆိုင်မှုမြင့်မာလာရသည့်အကြောင်းအရင်းနှစ်ခုကတော့ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေကလည်း သေနတ်ကိုင်ဆောင်မှုကို တားမြစ်ခြင်းမပြုလုပ်ရဟု ဖော်ပြထားပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ စျေးကွက်ခြေခံသေနတ်ရောင်းဝယ်မှုဖြစ်ပါတယ်။ စျေးကွက်အတွင်း သေနတ်ဝယ်ယူမှုမြင့်တက်လာမှုဟာ သေနတ်ထုတ်လုပ်သော ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းဖြစ်ပြီး ဝယ်ယူမှုများလေလေ စျေးကွက်အတွင်း သေနတ်ဝင်ရောက်မှုကာလလည်း မြင့်တက်လာလေလေဖြစ်သောကြောင့် စျေးကွက်၏ တောင်းဆိုမှုအတိုင်း ရောင်းချရသောအခါ ခုလို သေနတ်ပိုင်ဆိုင်မှု မြင့်တက်လာခြင်း ဖြစ်ပါတယ်။

တချို့ကတော့ သေနတ်အခြေပြု အကြမ်းဖက်မှုဟာ ဟောလိဝုဒ်ကြောင့်လည်းဖြစ်ကြောင်း ဆိုကြ ပါတယ်။

အမေရိကန်နိုင်ငံတွင် သေနတ်ထိန်းချုပ်မှုတွက် ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရန် အထက်လွတ်တော် တွင် ထောက်ခံမဲ ၆၀ မဲရရှိရန် လိုပါတယ်။ အထက်လွတ်တော်ဟာ ဒီမိုကရိတ်အမတ် ၅၀ နှင့် ရီပါပလီကန်အမတ် ၅၀ ဖြင့် လက်ရှိတွင် သွားနေပါတယ်။ သို့သော်လည်း သေနတ်ထိန်းချုပ်မှုအတွက် ပြောင်းလဲမှု ပြုလုပ်ရန် ဒီမိုကရက်တစ်အများစုဟာ ဆန္ဒရှိပြီး ကျန် ရီပါပလီကန် အမတ်များကတော့ အများအားဖြင့် သေနတ်ကိုင်ဆောင်မှု ကို ထောက်ခံကြပါတယ်။ သို့သော်လည်း နောက်ဆုံး တွေ့ရှိချက်အရ ရီပါပလီကန် အမတ် ၁၀ ဟာ သေနတ်ထိန်း ချုပ်မှုပြုလုပ်ရန် လိုလားကြကြောင်း ဆိုပါတယ်။

အမေရိကန်နိုင်ငံ၏ စျေးကွက် အထူးသဖြင့် သေနတ်စျေးကွက်ကလည်း အကျိုးအဆက်ကို အခြေခံသော စျေးကွက်မဟုတ်ပဲ ကိုယ်ကျိုးစီးပွားကိုသာ အခြေခံသော စျေးကွက်ဖြစ်သောကြောင့် ဖြစ်လာမယ့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုများ မရှိပါဘူး။

အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုကို  လျှော့ချလိုပါက သေနတ်စီးပွားရေးလုပ်ကိုင်သူများ အနေနဲ့ ကိုယ့်ကျိုးစီးပွားကိုသာ အားပေးခြင်းမရှိပဲ လူ့ပတ်ဝန်းကျင်ကိုလည်း ထောက်ထားထည့်သွင်းစဉ်းစားကာ ကိုယ်ကျင့်တရားယိုယွင်းစေမည့် ဆုံးဖြတ်ချက်များကို မပြုလုပ်ရန် စဉ်းစားတွေးတောတက်ဖို့ လိုပါတယ်။

Ref: scroll.in: us-gun-ownership-violence-are-the-result-of-an-economy-aimed-at-maximising-self-interest

Naing